Chapter - 126

25.6K 2.9K 1K
                                    


{Zawgyi}

•နားပူနားဆာလုပ်သော ချစ်သူ (Part III)•

တစ်ည ကျန်းဆွေ့ယင်း အိမ်ပြန်ရောက်နေပြီဖြစ်ပေမယ့် လီယွိက ပြန်မလာသေးဘူး။

သူ နည်းနည်းစိတ်တိုသွားကာ လီယွိ ဘယ်တွေသွားပြီး ဘာတွေလုပ်နေလဲဆိုတာ မေးချင်ခဲ့ပေမယ့် လင်ယောကျာ်းတစ်ယောက်နဲ့ တူချင်တာကြောင့် ဖုန်းမခေါ်ခဲ့ဘူး။

သူ့ဖာသာပဲ ကျန်နေတာလေးတွေ စားသောက်လိုက်ရတဲ့အတွက် ဗိုက်ကနည်းနည်း မအီမသာဖြစ်ကာ ပိုပြီးတောင် ရင်ခံသွားတယ်။ စားသောက်ပြီးတော့ ဧည့်ခန်းထဲမှာပဲ သောင်တင်နေမိတယ်။ လီယွိ ဘယ်အချိန်ပြန်လာမလဲဆိုတာ ကြည့်ရအုံးမယ်လေ။

အဆုံးမှာတော့ ဆယ့်နှစ်ထိုးခါနီးလို့ ကျန်းဆွေ့ယင်း ဧည့်ခန်းထဲမှာပဲ အိပ်ပျော်တော့မလိုဖြစ်သွားချိန်မှ ရုတ်တရက်ဆိုသလို တံခါးကနေ သော့ဖွင့်သံကို ကြားလိုက်ရတယ်။

ကျန်းဆွေ့ယင်း ဆိုဖာကနေ ထရပ်ကာ ဝင်လာတဲ့လီယွိကို မေးလိုက်တယ် "မင်း ဘယ်တွေရောက်နေတာလဲ?"

လီယွိက သော့ကိုချ၊ ဖိနပ်တွေချွတ်ပြီး ခေါင်းတောင် မော့မလာဘူး။ "ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သီချင်းဆိုတဲ့လှုပ်ရှားမှုတစ်ခု စီစဉ်ထားတာလေ၊ ဒီနေ့ ပြီးသွားပြီဆိုတော့ လူတိုင်းနဲ့သွားပြီး အောင်ပွဲခံလာတာ"

"ငါပြောချင်တာ ဒီသုံးရက်အတွင်း မင်းတို့ရဲ့ကျောင်းစုတ်ကြီးက ဘာတွေလုပ်နေတာလဲ? ဒီနေ့တွေရော နောက်တစ်နေ့တွေရော မင်းတို့ကောင်တွေ စာမလုပ်ကြဘူး၊ တနေကုန် ဒီလိုပရမ်းပတာလှုပ်ရှားမှုတွေနဲ့ပဲ မင်းတို့ရဲ့အချိန်တွေကို ဖြုန်းပစ်နေတယ်... တစ်ယောက်မှ မင်းတို့ကို အရေးမစိုက်ကြဘူးမှတ်လား?"

လီယွိ သူ့ကိုအံ့အားတကြီးကြည့်လာတယ် "ဒါက အလယ်တန်းကျောင်း မဟုတ်တော့ဘူးလေ၊ ကိုယ်တို့ အတန်းအပြင်မှာ လုပ်တာတွေကို ဆရာတွေက ဘယ်လိုလုပ်ပြီး လိုက်ဂရုစိုက်နေမှာလဲ? နောက်ပြီး ကျောင်းသားသမဂ္ဂကလုပ်တာတွေက အတော်လေးအဓိပ္ပါယ်ရှိတယ်"

ကျန်းဆွေ့ယင်းနှဖူးပေါ်မှာတော့ သွေးကြောပြာတွေ ထောင်ထလာပြီ "ချီးကိုပဲ အဓိပ္ပါယ်ရှိနေလိုက်... မင်း ပိုက်ဆံရလို့လား?"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Wo Geschichten leben. Entdecke jetzt