Chapter - 79

18.7K 2.8K 339
                                    

{Zawgyi}

•ဟန်ဆောင်ခြင်းက ငါ့ကို သတ်နေတယ်!•

ရက်ပိုင်းလောက်နေရင် နှစ်သစ်ကူးပိတ်ရက် ရောက်တော့မှာဖြစ်တဲ့အတွက် ဘုတ်အဖွဲ့ဒါရိုက်တာတွေက နှစ်သစ်ကူးရက်မတိုင်ခင် နှစ်ရက်အလိုကို အချိန်ဇယားဆွဲလိုက်ကြတယ်။ ဒါက နှစ်ဟောင်းကိုစွန့်ပြီး နှစ်သစ်ကို ကြိုဆိုရမယ့် အချိန်ကောင်းတစ်ခုဖြစ်တယ်။ လတ်တလော ကုမ္ပဏီက အရမ်းအလုပ်ရှုပ်နေပြီး နေရာတိုင်း ပြေးလွှားနေကြသူတွေချည်းပဲ။ လက်ရှိ သူ့ရဲ့လှုပ်ရှားတက်ကြွနေတဲ့ ကုမ္ပဏီကို မြင်ရတာ ကျန်းဆွေ့ယင်းအတွက်တော့ အကြီးမားဆုံးစိတ်သက်သာရာရမှုဖြစ်တယ်။

တစ်ဖက်က ဇီဝထုတ်ကုန်ကုမ္ပဏီကို ဆက်သွယ်ဖို့ သူ့လူတွေလွှတ်ထားတယ်။ ခုတလော မကြာခဏဆိုသလို သတင်းကောင်းတွေ ကြားနေရတယ်။ ပြောကြတာတော့ ထိုလူနှစ်ယောက်က တကယ်ကို ကမ်းမမြင်လမ်းမမြင်ဖြစ်နေတယ်တဲ့။ အခြေအနေမဟန်တော့တာကို သူတို့မြင်တဲ့အခါ အချိုကိုအနည်းငယ် မြည်းစမ်းဖူးတာကြောင့် ချက်ချင်းလှေပြန်လှည့်ချင်လာကြတယ်။

ကျန်းဆွေ့ယင်းက သူနဲ့ကောင်းကောင်းရင်းနှီးတဲ့ ရှေ့နေသူငယ်ချင်းတွေကို ဆက်သွယ်ပြီး လာမယ့်နှစ်မှာ ဇီဝထုတ်ကုန်အမည်ခံ ကျန်းဆွေ့လင်နဲ့ လီယွိတို့ရဲ့ကုမ္ပဏီကို တရားစွဲဖို့ စိတ်ကူးထားတယ်။ အဲ့လိုသာဆို သူတို့တွေ တစ်နှစ်လုံး အေးအေးချမ်းချမ်း နေနိုင်တော့မှာမဟုတ်ဘူး။

ပေကျင်းက တရားစွဲဆိုမှုကို ကျန်းဆွေ့ယင်းက အတွေ့အကြုံရှိရုံတင်မက အဆက်အသွယ်တွေလည်း အများကြီးရှိတယ်။ သူတို့ကို သေချာပေါက် သွေးထွက်လွန်အောင် လုပ်ပေးမယ်။ ထိုယုန်နှစ်ကောင်ကို လတ်စသတ်ပြီးရင် ဇီဝထုတ်ကုန်ကုမ္ပဏီကစုံတွဲနဲ့ စာရင်းရှင်းမယ်။ နောက်ကနေ လျှိုထွက်ဖို့ စဉ်းတောင် မစဉ်းစားနဲ့။

နှစ်သစ်ကူးရက်ပြီးရင် စစ်တပ်ကနေ အိမ်ပြန်လာမယ့် သူငယ်ချင်းတစ်ယောက်ရှိတယ်။ အဲ့ကျရင် သူ လူနည်းနည်းငှားပြီး ကျန်းဆွေ့လင်နဲ့ လီယွိတို့ကို လမ်းကျဉ်းလေးထဲမှာ ထုထောင်းခိုင်းမယ်။ သူတို့ရဲ့ နံရိုးတွေကိုပါ ချိုးခိုင်းမှာ။ ထိုလူတွေက သေချာပေါက် စိတ်ချရတဲ့အတွက် ထိုကောင်စုတ်တွေကို အသက်ရှုရခက်အောင် လုပ်နိုင်လိမ့်မယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now