Chapter - 51

16.5K 2.7K 351
                                    


{Zawgyi}

•အချစ်ရောဂါ လူနာများ•

မနက်အစောပိုင်းနေရောင်ခြည်အလင်းတန်းတွေက အဆောက်အအုံထဲတိုးဝင်လာချိန်မှာ လီယွိက အရင်ဆုံးနိုးလာခဲ့ပြီး ကျန်းဆွေ့ယင်းကတော့ စောင်ထဲခေါင်းတိုးကာ ဟောက်သံတိုးတိုးနဲ့ အိပ်ပျော်နေဆဲဖြစ်တယ်။

အိပ်ရာနိုးနိုးချင်း နာကျင်မှုကြောင့် မသက်မသာဖြစ်ရတာက ပြောမပြနိုင်လောက်အောင်ပဲ။ ခေါင်းအနောက်ဘက်က ပူထူနေပြီး မျက်လုံးတွေကလည်း မာကျောတဲ့အင်္ဂတေကြမ်းခင်းကြီးပေါ်မှာ တစ်ညလုံးခေါင်းအုံးပြီး အိပ်ခဲ့ရတာကြောင့် ယောင်ကိုင်းကာ ဖွင့်မရလောက်အောင်ပဲ။ တစ်ကိုယ်လုံးမှာရှိတဲ့ အရိုးတွေကလည်း တစ်စစီအခွဲခံရသလို နာကျင်နေကာ စောင်ကသာ အောက်ခံလိုမျိုးနည်းနည်းခံမပေးထားဘူးဆိုရင် အခုချိန်မှာ ဘယ်လောက်တောင် မအီမသာဖြစ်နေမလဲဆိုတာကို ပြောမပြတတ်လောက်အောင်ပဲ။

အနည်းဆုံးတော့ တစ်ညလုံး အအေးမမိတော့ဘူးပေါ့။

သူ့ရဲ့ထုံထိုင်းနေတဲ့လက်မောင်းကို လီယွိပြန်ရုတ်‌ပြီး ခန္ဓာကိုယ်က တဖြည်းဖြည်းပြန်သက်သာလာသလို ခံစားရတယ်။ ခုနတုန်းကဆို သူ့လက်မောင်းပေါ် မီးဖိုကြီးတစ်ခု တင်ထားသလိုမျိုး ပူလောင်ချက်က သာမန်ကိုမဟုတ်ဘူး။

လီယွိ မိန်းမောနေပြီး စောင်ကို တစ်ချက်ကြည့်လိုက်တယ်။ ကျန်းဆွေ့ယင်းမျက်နှာက သာမန်နဲ့မတူစွာနီရဲနေပြီး အိပ်ရတာ အတော်လေးမသက်မသာဖြစ်နေပုံရတယ်။ အသက်ရှုတိုင်းမှာလည်း ခက်ခက်ခဲခဲကြိုးစားနေရတဲ့ပုံဖြစ်နေတယ်။

လီယွိ သူ့လည်ပင်းကို ထိကြည့်လိုက်ချိန်မှာ မရည်ရွယ်ဘဲ လက်တောင်တုန်သွားတယ်။

ကျန်းဆွေ့ယင်း ဖျားနေပြီး အရမ်းလည်း ပူနေတယ်။

သူတောင့်တောင့်ကြီးထထိုင်ကာ စစချင်းမှာ ခေါင်းထဲလေပွေတစ်ချက် တိုက်ခတ်သွားသလိုခံစားရပြီး ခဏလောက်ကြာတဲ့အထိ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နည်းနည်းအိပ်ချင်ပြေသွားအောင်ကြိုးစားနေပေမယ့် ခန္ဓာကိုယ်ကိုတော့ အားပြန်ပြည့်အောင်လုပ်ဖို့ ခက်ခဲနေတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now