Chapter - 95

21.1K 3K 344
                                    


{Zawgyi}

•အမြှောင်မယားအား အိမ်ပေါ်က နှင်ထုတ်•

ကျန်းဆွေ့ယင်း ချင်းဟွမ်တောက်မှာ ရှိနေစဉ်အတွင်း အဖိုးဆီကို နှစ်သစ်ကူးဆုတောင်းပေးဖို့ ဆွေမျိုးတွေတောက်လျှောက် လာနေကြတယ်။ သို့ပေမယ့် သူ့အဖေရဲ့မိသားစုက တစ်ယောက်မှ မလာကြဘူး။ သူတို့ဘာလို့မလာတာလဲဆိုပြီး အဖိုးကို မေးကြည့်လိုက်တယ်။ အဖိုးက သူ့ကိုစိုက်ကြည့်ကာ အော်တော့တယ် "သူတို့ကများ လာရဲအုံးမယ်? ငါက သူတို့ကို မောင်းမထုတ်တော့ဘူးပေါ့?"

အဖိုးက သူ့အဖေကို တစ်အိမ်လုံးပတ်ပြီး လိုက်ရိုက်နေမှာကို ကျန်းဆွေ့ယင်း စိတ်ကူးကြည့်မိသွားကာ ရယ်မိတော့တယ်။ တချိန်တည်းမှာပဲ မနေသာစွာ သက်ပြင်းချမိပြန်တယ်။

အဖိုးနဲ့သူ့အဖေကြားက ဆက်ဆံရေးကို သူသိနေတာကြောင့် ဘယ်တော့မှ ပြန်ပြင်ဆင်လို့မရတော့မှာကို သူစိုးရိမ်မိတယ်။ သူတို့အတွက် တစ်ခန်းတည်းအတူထိုင်ပြီး စကားလုံးအနည်းငယ်လောက် ပြောဖို့တောင် မလွယ်ကူလှဘူး။ နောက်ပြီး သူနဲ့ ကျန်းဆွေ့လင်ကြားမှာလည်း သရုပ်ပျက်တဲ့အဖြစ်အပျက်တစ်ခု ရှိခဲ့သေးတယ်။ အဖိုးက သူ့ရဲ့သားကို ဘယ်တော့မှ ခွင့်မလွှတ်ပေးနိုင်သလို ကျန်းဆွေ့ယင်းကလည်း သူ့အဖေကို ထပ်မတွေ့ချင်တော့ဘူး။

သူခေါင်းကို ယမ်းလိုက်ပြီး အစေခံတစ်ယောက်က သူ့အဝတ်အစားတွေကို ခရီးဆောင်အိတ်ထဲထည့်ပေးနေတာကို ကြည့်နေမိတယ်။

"ဒီနေ့ပြန်မှာလား?" အဖိုးက မေးလိုက်တယ်။

"ဟုတ်တယ်၊ သူလည်း တပ်ထဲကို ပြန်သွားရအုံးမှာ၊ သူ ပေကျင်းက ထွက်ရမှာလေ" ကျန်းဆွေ့ယင်းက ပိုင်ရှင်းယွီရှိတဲ့ဘက်ကို မေးငေါ့ပြလိုက်တယ်။

ပိုင်ရှင်းယွီက သက်ပြင်းချကာ "ကျွန်တော်ကတော့ ငှက်တောင် ချီးမပါချင်တဲ့ နေရာကို ပြန်သွားရတော့မယ်" စိတ်မပါလက်မပါနဲ့ ပြောလိုက်တယ်ဆိုပေမယ့် ကျန်းဆွေ့ယင်းက စိတ်ရှုပ်သွားပုံမရဘဲ သူ့မျက်နှာပေါ်က အပြုံးကိုတောင် မဖုံးကွယ်ထားနိုင်ဘူး။

ကျန်းဆွေ့ယင်းက အရွှန်းဖောက်ပြီးပြောလိုက်တယ် "မင်းအဲ့ကို တကယ်ကြီးသွားချင်နေတယ်လို့ ငါတော့ထင်တာပဲ၊ ဘယ်လိုဖြစ်ရတာလဲ? ကန်တင်းမှာရှိတဲ့အန်တီကြီးတွေအားလုံးက သိပ်များလှနေလို့လား?"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now