Chapter - 117

22.6K 3.1K 751
                                    


{Zawgyi}

•ကိစ္စကို ပြန်အဖတ်ဆယ်ခြင်း•

လီယွိ ခါးသက်စွာ ပြုံးလိုက်တယ် "ကျန်းကော ကော ကျွန်တော့်ကို လာတွေ့လို့ ဝမ်းသာပါတယ် ဒါပေမယ့် ကျွန်တော်... ကျွန်တော်ပြန်လှည့်နိုင်မယ်လို့ ထင်လား?"

ကျန်းဆွေ့ယင်း အံကိုကြိတ်ပြီး ပြောလိုက်တယ် "မင်းက ငါ့ကို လာမေးနေတယ်? မင်း ဘာလုပ်နေလဲဆိုတာရော မင်းသိရဲ့လား? မင်းမိဘတွေ မင်းအစ်ကိုတွေကို တွေးခဲ့ရဲ့လား? မင်းဦးနှောက်က ဘယ်လိုတောင် ဖရိုဖရဲဖြစ်နေရတာလဲ?"

လီယွိက မှုန်ကုတ်နေပြီး မျက်လုံးတွေထဲမှာ ဝမ်းနည်းမှုတွေရှိနေတယ်။ "တကယ်လို့ သူတို့တွေ ကျွန်တော့်နားမှာမဟုတ်ဘူးဆိုရင် သူတို့ရှက်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်" လီယွိ ခေါင်းငုံ့ကာ တုန်ရီနေတယ် "ကျန်းကော တစ်ခါတစ်လေဆို ကျွန်တော် ကောကို အရမ်းမုန်းတယ်၊ ကျွန်တော် ကောကို မတွေ့ခင်တုန်းက ကျွန်တော့်မှာ လိုအပ်နေတယ်ဆိုတာ ဘာမှမရှိခဲ့ဘူး၊ အခုတော့ ကျွန်တော်က အားလုံးရဲ့စွန့်ပစ်တာကို ခံနေရသလိုပဲ၊ ကောကတောင်မှ..." လီယွိဆို့နင့်စွာ ပြောလိုက်တယ် "ကော ဝမ်းနည်းစေမယ့်ကိစ္စတွေအများကြီး ကျွန်တော်လုပ်ခဲ့တာမို့လို့ ဒါက ကျွန်တော်နဲ့ ထိုက်တန်ပါတယ်၊ ဒါပေမယ့် ကောက ကျွန်တော့်ကို နောင်တရဖို့ အခွင့်အရေးလေးတောင် မပေးခဲ့ဘူး... ကောက ရက်စက်လွန်းအားကြီးတယ်၊ တစ်ခါတစ်လေ ကောကို တကယ်မုန်းတယ် ပြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် ပိုမုန်းတယ်..."

လီယွိက သူ့ရင်ခွင်ထဲ ခေါင်းဝှက်ကာ ပုခုံးတွေ တသိမ့်သိမ့်တုန်နေခဲ့တယ်။

သူ့နှလုံးသားကိုပါ ဆွဲထုတ်သွားသလိုမျိုး ကျန်းဆွေ့ယင်း ခံစားလိုက်ရတယ်။ လီယွိက သနားညှာတာမှုနဲ့ မထိုက်တန်တာ အရှင်းသားဖြစ်ပေမယ့် ဝမ်းနည်းနေတဲ့ပုံကို သူတောင့်မခံထားနိုင်ဘူး။

သို့ပေမယ့် သူက သနားဖို့ထိုက်တန်လား မတန်ဘူးလားဆိုတာ စိတ်ပင်ပန်းခဲ့ရတဲ့လူတစ်ယောက်သာ သိတယ်။

ဒီလူသာ အခုချိန် ထောင်ထဲသွားရမယ်ဆို သူ့ရဲ့ငယ်ရွယ်မှုနဲ့ တောက်ပတဲ့ဘ၀က အမှောင်ထုထဲမှာ အဆုံးသတ်သွားကာ နောက်ဆက်တွဲတွေကို သူတောင့်ခံထားနိုင်မှာမဟုတ်ဘူးလို့ ကျန်းဆွေ့ယင်းတွေးမိတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now