Chapter - 50

17.3K 2.8K 183
                                    

{Zawgyi}

•ပြင်းထန်တဲ့မုန်တိုင်းကြားမှ ငြိမ်သက်သောနှလုံးသားနှစ်ခု•

ကျန်းဆွေ့ယင်း ဒူးတွေပျော့ခွေလာပြီး ရုတ်တရက် သူ့ရှေ့ဒူးထောက်ချကာ မျက်နှာကိုလှမ်းကိုင်လိုက်တယ်။

ကိုယ်ပူနေတုန်းဖြစ်တာကြောင့် သူသက်ပြင်းကို လေးတွဲ့စွာချမိတယ်။

“လီယွိ…”

“ခင်ဗျားလာတယ်?” လီယွိက တိုးဖျော့ဖျော့ပြောလာတယ်။

ကျန်းဆွေ့ယင်း ‘အင်း’လို့သာ အသံပြုပြီး သူ့မျက်နှာပေါ်က ရွံ့ရေတွေကို သပ်ချလိုက်တယ် “စကားပြောနိုင်သေးတုန်းပဲ၊ မသေဘူးပေါ့”

လီယွိသူ့ကိုမော့ကြည့်ကာ တီးတိုးရေရွတ်နေတယ် “ခင်ဗျားတကယ် ရောက်လာတာပဲ…”

ဒီတစ်ယောက်တော့ ခေါင်းထိသွားတာဖြစ်မယ်လို့ ကျန်းဆွေ့ယင်း ထင်မိတာကြောင့် သူ့ဖုန်းမီးကို အမြန်ဖွင့်ကာ အိတ်ထဲက အရေးပေါ်အိတ်ကိုထုတ်လိုက်တယ်။

ခဏလောက် ဟိုနှိုက်ဒီနှိုက်လုပ်ပြီး အရေးပေါ်အိတ်လေးဖွင့်ပြီးချိန်မှာ အထဲက ဓာတ်မီးသေးသေးလေးကို ရှာတွေ့သွားတာကြောင့် အဲ့တာလေးကို ဖွင့်လိုက်တယ်။ မီးအလင်းတန်းက သေးပေမယ့် အရမ်းကိုလင်းလင်းထင်းထင်းဖြစ်သွားတယ်။

အမှောင်ထဲမှာရှိနေကြတဲ့ ယောကျာ်းသားနှစ်ယောက်အဖို့ သက်သောင့်သက်သာနဲ့ စိတ်အေးသွားရတယ်။

ကျန်းဆွေ့ယင်း ဓာတ်မီးကို သူ့လက်ထဲကိုင်ထားရင်း “လီယွိ မင်းမော့ကြည့်၊ ငါမင်းခေါင်းကို ကြည့်ပေးမယ်.. ဘယ်နားထိသွားတာလဲ?”

လီယွိက ဓာတ်မီးအသေးလေးကို ဖြေးဖြေးချင်းမြှောက်ပြလိုက်ပေမယ့် ကျန်းဆွေ့ယင်းပေါ် အလင်းရောင်ကျသွားချိန်မှာ သူရပ်တန့်သွားတယ်။

သူ ကျန်းဆွေ့ယင်းကိုသိလာခဲ့တာ ဆယ်နှစ်ကျော်လောက်ရှိပြီဖြစ်ကာ ဒီအမျိုးသားကို ဒီလောက်ထိဖိုသီဖတ်သီဖြစ်နေတာ ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ဘူး။

တချိန်လုံး မျက်လုံးကျိန်းလောက်အောင် ဝင်းလက်တောက်ပြောင်၊ တက်ကြွပျော်ရွှင်ပြီး ဆံပင်ဆိုလည်း သေသပ်နေကာ ဘောင်းဘီဆို ခေါက်ချိုးရာလေးတောင်မရှိဘူး။ သူ့အဝတ်အစားတွေ လိုက်ဖက်မှုမရှိဘူးလို့ ထင်ရင်လည်း အပြင်ကိုမထွက်ဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now