Chapter - 58

15.4K 2.4K 104
                                    


{Zawgyi}

•ချစ်သူအပါအဝင် လူတိုင်းကို သံသယဝင်•

ဒီကိစ္စကို အလောတကြီးလုပ်လို့မရဘူးဆိုတာ ကျန်းဆွေ့ယင်းသိတယ်။ လူတွေကို သတိပေးလိုက်သလိုမဖြစ်သွားအောင် တိုးတိုးတိတ်တိတ်နဲ့ ဖြေးဖြေးချင်းစီ စုံစမ်းရမယ်။

သူတကယ်စိတ်အနှောင့်အယှက်ဖြစ်ရရတယ်။ ဘယ်လိုမျိုးလှည့်ကွက်တွေနဲ့ပဲ ဖုံးကွယ်ထားပါစေ ကျန်းဆွေ့ယင်း လိုက်ပြီးကစားပေးနိုင်တယ်။ ဒါ့အပြင် ဇီဝထုတ်ကုန်ကလူနှစ်ယောက်ကိုပါ သေချာပေါက် သူ့ဒေါသကို မြည်းစမ်းကြည့်ခိုင်းမှာဖြစ်တယ်။

အရင်ဆုံး ဒါရိုက်တာကျောင်ကို ဆက်သွယ်ပြီး စာရွက်စာတမ်းကို ဖိအားပေးနိုင်မယ့် အကြောင်းပြချက်ရှာခိုင်းကာ ခဏလောက် နှောင့်နှေးအောင်လုပ်ခိုင်းထားပြီး ထိုအကြောင်းကိုလည်း ဘယ်သူ့ကိုမှမပြောဖို့ တောင်းဆိုထားလိုက်တယ်။

ဒါရိုက်တာကျောင်က စစချင်းမှာ တော်တော်လေးတွန့်ဆုတ်နေခဲ့တယ်။ ဒါကိုကြားတဲ့အချိန်မှာ ဘာဖြစ်မှန်းမသိသေးပေမယ့် အတွင်းရေးကိစ္စတစ်ခုခုတော့ဖြစ်နေပြီဆိုတာသိတယ်။ လူတွေရဲ့လုပ်ပိုင်ခွင့်နဲ့ဆက်နွယ်နေပြီး အဲ့တာက သူ့အပေါ်သက်ရောက်မှုဖြစ်လာမလားဆိုတာကို ဖြစ်တယ်။ သူနဲ့ ကျန်းဆွေ့ယင်းရဲ့ဆက်ဆံရေးက အဆင်မပြေတာမျိုးမဟုတ်ပေမယ့် ကျန်းဆွေ့ယင်းအတွက်ကြောင့်နဲ့ စွန့်စားတာမျိုးလုပ်ပေးစရာ ဘာအကြောင်းမှလည်း မရှိဘူး။

ဒါပေမယ့် ကျန်းဆွေ့ယင်းဘက်က အာမခံချက်အထပ်ထပ်ပေးနေတာကြောင့် အကြောင်းပြချက်တစ်ခုရှာပြီး နှစ်ပတ်လောက် ဆိုင်းငံ့ထားဖို့ သဘောတူလိုက်တယ်။

နှစ်ပတ်ဆိုတာက ဒီကိစ္စကိုမွှေနှောက်ဖို့ ကျန်းဆွေ့ယင်းအတွက်လုံလောက်တယ်။

အရင်ဆုံး ထိန်းချုပ်ရေးအဖွဲ့အသစ်ရဲ့နောက်ခံကို ရှာဖွေဖို့ တစ်စုံတစ်ယောက်ကို ခိုင်းထားပြီးနောက် လီရွှမ်းကိုကျော်ကာ ပေဟိုင်းအစိုးရနဲ့ဆက်သွယ်ဖို့ အသိအကျွမ်းတွေဆီ ဖုန်းခေါ်ဆိုမှုအနည်းငယ်လုပ်လိုက်ရတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Место, где живут истории. Откройте их для себя