Chapter - 10

17.2K 2.6K 294
                                    

{Zawgyi}

အိမ်ကိုပြန်တဲ့လမ်းမှာ သူ့နေရာကို သန့်ရှင်းရေးလုပ်ပြီး ညနေစာပြင်ထားဖို့ ကျန်းဆွေ့ယင်း တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်တယ်။ သူတို့လေးယောက်အိမ်ထဲဝင်လိုက်တာနဲ့ သူစိမ်းတစ်ယောက်မှမရှိဘဲ ပူပူနွေးနွေးမွှေးကြိုင်နေတဲ့ အစားအသောက်အနံ့တွေသာ လေနဲ့အတူလွင့်ပျံလာတယ်။

ကျန်းဆွေ့ယင်း စိတ်ကောင်းဝင်နေချိန်တိုင်း သူ့အဖေနဲ့တူတဲ့အရာတစ်ခုရှိတယ်။ သူကိုယ်တိုင်က ဝိုင်ချိုချိုတွေမကြိုက်တတ်ပေမယ့် ဝိုင်ကောင်းတစ်ပုလင်းလောက် ဖွင့်ရတာကို နှစ်သက်တယ်။ လီယွိနဲ့ပထမဆုံးအကြိမ်စတွေ့တုန်းကလိုပေါ့။ ဒါပေမယ့် ဒီတစ်ခေါက်မှာ မသောက်နိုင်တဲ့အငယ်လေးနှစ်ယောက်အပြင် အာဏာပိုင်လောက,က လီရွှမ်းလည်း ပါလာတာကြောင့် အနည်းဆုံးတော့ ကျောက်ကပ်အတွက်ကောင်းတဲ့ ထိပ်တန်းဝိုင်တစ်ခုတော့လုပ်သင့်တယ်။

သူဝိုင်ကို ထုတ်လာချိန်မှာ လီရွှမ်းက ပြုံးပြပြီး လက်ကိုထပ်ကာထပ်ကာ ရမ်းပြတာကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ(လီရွှမ်း)က သူ့နာမည်ကိုတောင် ရင်းနှီးကျွမ်းဝင်သလို သုံးနှုန်းပြီးခေါ်လိုက်သေးတယ် “ဆွေ့ယင်း အဆင်ပြေပါတယ်ကွာ… ကိုယ် ဒီနေ့ခင်းကျရင် ဘဏ္ဍာရေးကိစ္စကို ကိုင်စရာရှိသေးတယ်… အရမ်းအရေးကြီးလို့ ကိုယ်တကယ်သောက်လို့မရဘူး”

ကျန်းဆွေ့ယင်း မသိမသာလေးစိတ်ပျက်သွားတယ် “တစ်ခွက်လောက်ပဲလေ… ယောကျာ်းလေး လေးယောက်တစ်ဝိုင်းတည်းထိုင်စားနေပြီး မသောက်ရဘူးဆိုတော့ ဘယ်လိုလုပ်သင့်တော်မှာလဲ? ပြောပါဦး”

လီရွှမ်းကလည်း ယဉ်ကျေးစွာပြတ်ပြတ်သားသားငြင်းတယ် “ကိုယ်တို့နောက်တစ်ခေါက်ကျမှ အားရပါးရသောက်ကြတာပေါ့.. ဒီနေ့က တကယ်မရလို့ပါ၊ ကိုယ်ဒီနေ့ခင်း အရေးကြီးကိစ္စလုပ်စရာရှိလို့ပါ”

အဲ့လိုပြောလာတာကြောင့် ကျန်းဆွေ့ယင်းလည်း ရွေးခြယ်စရာမရှိတော့ဘဲ ဝိုင်ပုလင်းကို အရက်စင်ပေါ်ပြန်တင်ပြီး အတူထိုင်စားကြဖို့ ပြောလိုက်တယ်။

ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေထားကြတဲ့ ကျောင်သားနှစ်ယောက်က သူတို့ဆရာတွေထပ်တလဲလဲသတိပေးခဲ့တဲ့ ‘စာမေးပွဲပြီးတာနဲ့ အဖြေကိုကြည့်မနေနဲ့တော့’ဆိုတဲ့ စကားကို မှတ်မိတယ်။ သို့သော်လည်း စကားနည်းနည်းပြောပြီးနောက် သူတို့မနေနိုင်ဘဲ အပေါ်မှာရည်ညွှန်းထားတဲ့အကြောင်းကိုသာ ပိုပြီးပြောမိနေကြတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now