Chapter - 55

15.5K 2.5K 561
                                    

{Zawgyi}

•သဝန်ကြောင်နေတဲ့အရူး•

စီးပွားရေးလောကထဲမှာ ဒီလိုဆုံးရှုံးမှုမျိုးကို ကျန်းဆွေ့ယင်းအကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြုံခဲ့ဖူးတယ်။ ခဏလောက် ဒေါသထွက်ပြီးနောက်မှာ သူ့စိတ်သူပြန်ထိန်းလိုက်တယ်။

လီယွိရဲ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် လီယွိကို ပိတ်ရက်ညနေခင်းမှာ ညစာအတူစားဖို့ ဖိတ်လိုက်တယ်။

ဒီနေ့ညစာစားပွဲအတွက် ကျန်းဆွေ့ယင်းတချို့တလေပြင်ဆင်ထားခဲ့တယ်။ အရမ်းကိုစိတ်ဝင်စားစရာကောင်းတဲ့ အနောက်တိုင်းစားသောက်ဆိုင်ကို ရွေးထားလိုက်တယ်။ သီးသန့်အခန်းငယ်လေးတွေနဲ့ မှိန်ပျပျမီးရောင်က ရောက်တာတဲ့စုံတွဲတွေအတွက် အတော်လေးသင့်တော်လှတယ်။

အိမ်ရဲ့သော့ပိုတစ်ချောင်းကို ရှာပြီး အနီရောင်ဖဲကြိုးလေးနဲ့ချည်ကာ လီယွိကို ထပ်ပေးဖို့လုပ်ထားတယ်။ တကယ်တော့ လီယွိကို သူနဲ့လာနေချင်လားဆိုပြီး မေးချင်တာဖြစ်ပေမယ့် ဒီလိုတွန်းအားပေးတာကြီးက ရုတ်တရက်ဆန်လွန်းတယ်။ ပထမဆုံးသူတွေးမိသွားတာက လီယွိက ခုမှကျောင်းတက်နေတုန်းကလေးပဲရှိသေးတယ်။ ဒီလိုတောင်းဆိုတာက သူနဲ့မသင့်တော်လှဘူး။ နောက်တစ်ခုက သူလည်းတစ်စုံတစ်ယောက်နဲ့ နေရတော့မယ်လို့ တွေးလိုက်တာနဲ့ နည်းနည်းတော့စိတ်ဖိစီးမိတာကြောင့်ဖြစ်တယ်။ တစ်ယောက်တည်းအချိန်အကြာကြီးနေလာခဲ့တာဖြစ်လို့ တစ်စုံတစ်ယောက်နဲ့ ဘယ်လိုအတူနေရမှန်းမသိတော့ဘူး။ လီယွိက တစ်ပတ်ကို သုံးကြိမ်ဒါမှမဟုတ် ငါးကြိမ်လောက် သူ့ကိုအဖော်ပြုပြီး လာနေပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။

သူ့ကိုသူ သေချာပြင်ဆင်ပြီး ချိန်းထားတဲ့နေရာကို ကြော့ကြော့မော့မော့လေးထွက်လာခဲ့တယ်။

ညစာက အရမ်းကိုသဘောခွေ့စရာကောင်းလှတယ်။ အစားအသောက်ရော အနေအထားလေးကပါ အနေတော်ပဲ။ ယောကျာ်းကြီးနှစ်ယောက်က ဒီလိုနေရာမှာအကြာကြီးထိုင်နေရတာ လီယွိအတွက် အဆင်မပြေလှပေမယ့် ကျန်းဆွေ့ယင်းလိုလူမျိုးကတော့ အကြောင်းပြချက်ကောင်းကောင်းရှိရင် ကိုယ်တုံးလုံးနဲ့ အရှက်မရှိ လမ်းပေါ်မှာ ပြေးလွှားနိုင်သူဖြစ်တယ်။ တခြားသူတွေ ဘယ်လိုမြင်မလဲဆိုတာကို လိုက်ကြည့်နေဖို့ ပျင်းလွန်းလှတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now