Chapter - 102

20.6K 2.9K 554
                                    

[ Kay : ဒီအပိုင်းမှာ ကြိုပြီးပြောချင်တာကလေ တချို့နေရာတွေကို မရှင်းဘူးဖြစ်နေလို့ ဖတ်ရတာ ထောက်နေတာမျိုး ရှိလောက်မယ်ထင်ပါတယ်။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်နော်။ တကယ်လို့ အကြီးကြီးလွဲနေတယ်ဆိုရင်လည်း ပြောပြပေးပါလို့ ]

{Zawgyi}

•အဆုံးမရှိ တစ်ခုသော အခွင့်အရေး•

ခုတလော သခင်လေးကျန်း အတော်စိတ်မချမ်းမသာဖြစ်နေရတယ်။

လီဝမ်ရွှမ်က အမြဲတမ်းပြုံးချိုနေတတ်သူဖြစ်ပေမယ့် စကားပြောလို့မလွယ်ကူလှဘူး။ သူ့ဆုံးဖြတ်ချက်အပေါ် သူ့ရဲ့မကျေမနပ်ချက်ကို ဘယ်လောက်ပဲ ဆိုးဝါးအောင် ပြသနေပါစေ အစည်းအဝေးစားပွဲတစ်ခုတည်းမှာ လီယွိနဲ့ ထိုင်ရမှာကို မရှောင်လွှဲနိုင်ခဲ့ဘူး။

ယနေ့က နေသာတဲ့နေ့တစ်နေ့ဖြစ်တယ်။ ပေကျင်းက စီးပွားရေးသမားတွေက လက်တွေကိုခါပြီး အကျီစကို ဆွဲတင်ကာ ဗယ်လင်တိုင်းနေ့မှာ ကံကောင်းချင်ကြတယ်။ ဒီလိုနေ့မျိုးရောက်လာတိုင်း ကျန်းဆွေ့ယင်းက လူအများစုလိုမျိုး အပြင်ထွက်ရတာကို မုန်းတယ်။ လမ်းပိတ်ပြီး မီးပွိုင့်မိတာနဲ့တင် နှစ်နာရီလောက် ကြာမှာဖြစ်တယ်။

ဒီလိုမျိုး ဆိုးရွားတဲ့နေ့ကြီးမှာမှ လီဝမ်ရှုက သူ့ကို ရုံးခန်းအတူကြည့်ဖို့ ပြောလာတယ်။

အရင်က သူ့ရဲ့ကိုးကားချက်ကနေ လီဝမ်ရွှမ်က သုံးခုရွေးထားတာရှိတယ်။ ဒီတစ်ခေါက်မှာ သူတို့တွေ တစ်ခုချင်းစီ ကြည့်ဖို့ စီစဉ်ထားတယ်။ သူတို့နှစ်ယောက်စလုံးက ရှီကျိမန်နဲ့ နီးတဲ့အတွက် တစ်နေ့တည်းနဲ့ အပြီးကြည့်နိုင်တယ်။ သူတို့တွေ နေရာမှာတင် စရန်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြတယ်။ နောက်တစ်နေ့မှာပဲ အရေးကြီးတဲ့အရာတွေ စလုပ်ပြီး စီမံကိန်းစနိုင်လောက်မယ်။ [ T/N : ရှီကျိမန်က အချက်အချာကျတဲ့ ဘူတာရုံတစ်ခုဖြစ်လောက်မယ် ]

ခုတလော ကျန်းဆွေ့ယင်းလည်း သူ့အလုပ်နဲ့သူ ရှုပ်နေတယ်။ ဖေဖော်ဝါရီ၁၄ရက်နေ့မှာ ဒီလိုပွဲမျိုးရှိတယ်ဆိုတာကိုတောင် မေ့နေခဲ့တယ်။ လမ်းခရီးမှာ သွားရခက်နေမှပဲ နောင်တရဖို့ နောက်ကျသွားပြီဖြစ်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now