Chapter - 131 [Special Chapter] 🚑

23.2K 2.1K 253
                                    


{Zawgyi}

•ရှက်တတ်သောခင်ပွန်းသည်အတွက် ချိုမြိန်တဲ့ Valentine's Day•

ဒီနှစ်ရဲ့ Valentine's Dayက အချိန်ကောင်းလေးမှာ ရောက်လာတာဖြစ်တယ်။ ဆောင်းတွင်းပိတ်ရက်ပြီးဆုံးလို့ ပထမဆုံးအပိတ် ကျောင်းသားတွေ ကျောင်းပြန်တက်ရတဲ့အချိန်ဖြစ်နေတယ်။ တရုတ်ဘဲလေးတွေကလည်း မိုင်ပေါင်းထောင်ချီတဲ့ဆီကနေ ချစ်လှစွာသောကျောင်းဝင်းကြီးဆီ ပြန်လာကြပြီး မိဘတွေ ထိန်းချုပ်မှုအောက်က ရုန်းထွက်ကာ ကိုယ်ပိုင် Valentine's Dayကို ကျင်းပဖို့ ကြံရွယ်နေကြတယ်။

ကျန်းဆွေ့ယင်းက လီယွိရဲ့များပြားလွန်းတဲ့ လုပ်ဆောင်ချက်တွေကို မကျေနပ်ကြောင်း ထပ်တလဲလဲပြသနေတာကြောင့် လီယွိက ရှေ့လျှောက် ကျောင်းသားသမဂ္ဂနဲ့ပက်သက်လို့ ဘယ်လိုလှုပ်ရှားမှုတွေမှာမှ မပါဝင်တော့ဘူးဆိုပြီး ကတိပြုလာတယ်။ Valentine's Dayအတွက် ပြင်ဆင်ပေးတာက နောက်ဆုံးတစ်ခုသာဖြစ်တယ်။

ကျန်းဆွေ့ယင်းကတော့ ဒါကိုကြားတဲ့အခါ မပျော်မရွှင်ဖြစ်သွားရတယ်။ Valentine's Day ဆိုတာက သူတို့နှစ်ယောက်တည်း ကျင်းပရမယ့်အရာမျိုးဖြစ်တယ်။ အပူပိုင်းကျွန်းဆွယ်တစ်ခုလောက်ကို ခရီးထွက်မယ်လို့ စီစဉ်ခဲ့တာဖြစ်တယ်။ သူ ရက်အနည်းငယ်လောက် မူးရူးပြီးဖြစ်နေခဲ့တယ်။ ရလဒ်ကတော့ ဝန်ထမ်းပေါင်းများစွာရှိတဲ့ အလုပ်ရှင်တစ်ယောက်က အနားယူဖို့ အချိန်ကိုဖြစ်ညှစ်ထုတ်နိုင်ပြီး လီယွိလို လတ်လျားလတ်လျားဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်ကတော့ စကားပြောဖို့တောင် အချိန်မရှိခဲ့ဘူး။

တစ်ဖက်လူက အိမ်မှာနေရင်းတောင် အလုပ်ရှုပ်နေတဲ့အတွက် အချိန်မရှိဖြစ်နေတယ်။

လီယွိလည်း ဘာမှမတတ်နိုင်ဖြစ်နေတယ်။ လူတွေအများကြီးက သူ့ကိုကူညီပေးဖို့ တောင်းဆိုလာတာကို သူ မငြင်းလိုက်နိုင်ဘူး။ သူ အင်းလို့ပြောဖို့ ဖိအားပေးခံနေရတယ်။ သူ ကျန်းဆွေ့ယင်းဆီ သွားပြောလိုက်တယ် "ဆွေ့ယင်း မင်းရတယ်ဆို ကိုယ်နဲ့ လာjoinလို့ရတယ်လေ... ကိုယ်တို့ ခဏလောက်နေပြီးတာနဲ့ စောစောပြန်လို့ရတယ်"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now