Chapter - 72

19.1K 2.8K 808
                                    


{Zawgyi}

•ကိုက်သွားတဲ့ ဝံပုလွေပေါက်!•

ထိုအသံကြောင့် ကျန်းဆွေ့ယင်း လန့်ဖြန့်သွားတယ်။ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူ့ကိုအရှင်လတ်လတ်စားတော့မလိုမျိုး သေချာစိုက်ကြည့်နေတဲ့ လီယွိကို မြင်လိုက်ရတယ်။

လီယွိက အံကိုကြိတ်ကာ ပြောလိုက်တယ် "ခုလေးတင် ဘယ်သူ့ကိုခေါ်လိုက်တာလဲ?"

ကျန်းဆွေ့ယင်းဦးနှောက်က ထုံထိုင်းသွားတယ်။ သူ အချိန်တော်တော်ကြာတာတောင်မှ မတုံ့ပြန်နိုင်ခဲ့ဘူး။ ခုက ဘာတွေဖြစ်သွားတာလဲ? လီယွိက ဘာလို့ ဒီရောက်နေတာလဲ? သူကရော ခုလေးတင် ဘယ်သူ့ကိုခေါ်လိုက်လို့လဲ? သူ ဘယ်သူ့ကို ခေါ်လိုက်မိတာလဲ?

သူနောက်ကိုသာ လှည့်ကြည့်ပြီး စိတ်မဆိုးအားသေးဘူး။ သူ ခပ်အုပ်အုပ်လေသံနဲ့ "မင်းက ဘာလုပ်နေတာလဲ? ဘာလို့ ဒီရောက်နေတာလဲ?" ထို့နောက်မှာတော့ သူကိုယ်တိုင်ပဲ တံခါးသော့ကို ပေးထားခဲ့ဖူးတာကို ချက်ချင်းသတိရသွားတယ် ငါလိ့..

ပြီးတော့ အခြေအနေကို ကြည့်ရတာ လီယွိကလည်း ဒီအိပ်ရာထဲကနေ ခုလေးတင်မှ နိုးလာတဲ့ပုံပဲ။ လီယွိက ဘာကြောင့် သူ့အိပ်ရာပေါ် ရောက်နေရတာလဲ? မနေ့ညက အရမ်းသောက်မိပြီး ဘာတွေဖြစ်ကုန်တာလဲ? သူကိုယ်တိုင်ပဲ လီယွိကို ဒီခေါ်လိုက်မိတာလား?

သူ ပြန်မှတ်မိနိုင်အောင် ကြိုးစားနေမိတယ်။ လီယွိကတော့ ဒေါသထွက်လွန်းလို့ ခေါင်းမှာ အငွေ့ထွက်နေပြီ။

လီယွိအတွက် 'ရှောင်ကျူ'ဆိုတဲ့နာမည်က လူတစ်ယောက်ကို ရည်ညွှန်းရုံတင်မဟုတ်ဘူး ကျန်းဆွေ့ယင်းရဲ့ရွံစရာကောင်းတဲ့အတိတ်လည်း ဖြစ်နေသေးတယ်။ သူ လုံးဝမထင်ထားမိတာက သူနဲ့ ကျန်းဆွေ့ယင်း တစ်ပတ်ကျော်လောက်ပဲ ဝေးနေခဲ့ရတာကို ဒီလူက အထီးကျန်မှာ မလိုလားဘဲ အဲ့ဒီ့ 'ရှောင်ကျူ'ကို သွားရှာပြန်အုံးမယ်ဆိုတာကိုပဲ!

ဒါက ထိုလူ့နှလုံးသားထဲမှာ သူကဘယ်လောက်ပဲရှိတယ်ဆိုတာ သက်သေပြစရာမလိုလောက်အောင်ကို ရှင်းနေပြီဖြစ်တယ်။ ကြည့်ရတာ ကျန်းဆွေ့ယင်း သူ့ကို လိမ်ညာခဲ့တာမဟုတ်ဘူးပဲ။ သူတကယ်ပဲ အသစ်အဆန်းကို လိုချင်ခဲ့တာ။ သူဆိုတဲ့ လီယွိသာမရှိဘူးဆိုရင် ကျန်းဆွေ့ယင်းက ကျောက်စိမ်းပေါင်း ရာထောင်ချီသွားရှာနိုင်တယ်။ သူ့ဘေးနားမှာ လီယွိရှိရှိ မရှိရှိဆိုတာ အရေးကိုမပါဘူး။ ဒါကြောင့်သာ သူတို့နှစ်ယောက် ယာယီဝေးကွာနေချိန်မှာ နောက်လှည့်ပြီး တခြားသူတွေကို တုန့်ဆိုင်းခြင်းမရှိ ရှာခဲ့တာပေါ့။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now