Chapter - 54

18.3K 2.4K 180
                                    

{Zawgyi}

•အိပ်ရာထဲမှာကုန်ဆုံးခဲ့တဲ့ နေ့ရက်များအပြီး မုန်တိုင်းကျရောက်•

နှစ်ဝက်ကျော်လောက် ခွဲခဲ့ရတာဖြစ်လို့ သူတို့မှာ ဖြေလျော့ဖို့လိုတဲ့ မရေမတွက်နိုင်တဲ့ဆန္ဓတွေရှိနေခဲ့တယ်။ ဒီလူနှစ်ယောက်က မမောမပန်းနိုင်တဲ့ သားရဲကောင်ကြီးတွေလိုပဲ အမှောင်ထုထဲမှာ စိတ်အားထက်သန်မှုတွေ ရူးသွပ်မှုတွေနဲ့ ထွေးပတ်လို့နေတယ်။

အချိန်အကြာကြီး အနားယူပြီးနောက် ထရပ်ကာ ရေချိုးလိုက်ကြတယ်။ ကျန်းဆွေ့ယင်းက လီယွိတင်ပါးကို ကန်ပြီး အခင်းတွေကို သန့်ရှင်းရေးလုပ်ကာ စားစရာသွားချက်ဖို့ တိုက်တွန်းလိုက်တယ်။

ဒီလိုကိစ္စအသေးအမွှားလေးကို သခင်လေးကျန်းက ဘယ်တုန်းကမှ သူ့လက်နဲ့သူလုပ်ခဲ့တာမဟုတ်ဘူး။ ဆိုဖာပေါ်မှာ လဲလျောင်းရင်း ပါးစပ်ထဲ စပျစ်သီးတွေပစ်ထည့်ကာ လီယွိဟိုဟိုဒီဒီအလုပ်များနေတာကို လိုက်ကြည့်နေတယ်။

လီယွိက ရိုးရိုးရှင်းရှင်း ဟင်းနှစ်ခွက်နဲ့ စွပ်ပြုတ်တစ်ခုလုပ်ကာ နှစ်ယောက်သား ပူပူနွေးနွေးစားသောက်လိုက်ကြတယ်။ စားပြီးနောက်မှာ အချင်းချင်းမှီတွယ်ကာ TVဘေးနားမှာ ဂိမ်းတွေဆော့ကြတယ်။ မုန့်ထုတ်တွေနဲ့ ဘီယာဘူးခွံတွေက ကြမ်းပြင်ပေါ်မှာ ပျံ့ကျဲလို့နေတယ်။

အခုမှသာ သူတို့တွေက စုံတွဲနဲ့ပိုတူသွားတာဖြစ်ပြီး အရင်တုန်းကလိုမျိုး အချိန်အများစုကို အိပ်ရာပေါ်မှာပဲ ကုန်ဆုံးတာထက် အချင်းချင်းအချိန်ပေးကာ ပျော်ပျော်ရွှင်ရွှင်နေနေဖြစ်ကြတယ်။

လီယွိက ညမအိပ်ဘဲ ညဆယ်နာရီကျော်လောက်မှသာ ကျောင်းကိုပြန်သွားတယ်။ အစကကျန်းဆွေ့ယင်း ပြန်မလွှတ်ပေမယ့် လီယွိက ကျောင်းကပိတ်တော့မှာဖြစ်တဲ့အတွက် မနက်ဖြန် လုပ်စရာတချို့ရှိကြောင်း ပြောလာတယ်။ မနက်ဖြန်နေ့ခင်းပိုင်းမှာ ကုမ္ပဏီကိုလာမယ်ပြောတဲ့အတွက် ကျန်းဆွေ့ယင်းလည်း အင်တင်တင်နဲ့ လွှတ်ပေးလိုက်ရတယ်။

သူလည်းရုံးကိုမလာဖြစ်တာ တစ်ပတ်ကျော်လောက်ရှိပြီဖြစ်တဲ့အတွက် ကုမ္ပဏီမှာ လုပ်စရာတွေစုပုံနေပြီ။ ကျန်းဆွေ့ယင်း ထိုင်ခုံပေါ်ထိုင်လိုက်ပြီဆိုတာနဲ့ မနက်တည်းက မွန်းတည့်ချိန်လောက်ထိကို ထိုင်ရာမထ ဆက်တိုက်အလုပ်ချည်းပဲ ဖိလုပ်နေရတော့တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Waar verhalen tot leven komen. Ontdek het nu