Chapter - 20

19.3K 2.6K 579
                                    


[Kay : သကြားလုံးလေး ငုံပြီး ဖတ်ရန်]

{Zawgyi}

လီယွိသာ ခံစားလို့ကောင်းရင် သူလက်ခံမယ်ဆိုတာ ကျန်းဆွေ့ယင်းသိတယ်။ တကယ်လို့ ဒါကိုမနှစ်မြို့ဘူးဆိုရင် သူလည်းဆက်ပြီးလုပ်နေလို့မဖြစ်ဘူး။

ပထမအချက်က ဒါကိုနောက်တစ်ခါထပ်လုပ်တာက အန္တရာယ်များမှာကို စိုးရိမ်တယ်။ နောက်တစ်ချက်က အခုအာရုံတက်ချိန်ရောက်ခါနီးနေပြီ။ ကျန်းဆွေ့လင်သာနိုးလာပြီး သူတို့တွေကို ဒီလိုလူမြင်မကောင်းတဲ့ပုံကိုတွေ့သွားရင် ရှင်းပြဖို့ နည်းနည်းခက်သွားနိုင်တယ်။

အဲ့တာကြောင့် လူဆိုးကြီးကျန်းဆွေ့ယင်းက ရှက်ရွံ့ပြီး ဒေါသပုန်ထနေတဲ့လီယွိကို လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုပြီး စိတ်ကျေနပ်သွားတဲ့နောက်မှာ ခပ်မြန်မြန်ထွက်ပြေးခဲ့တော့တယ်။

သူအိမ်ပြန်ရောက်တဲ့အခါ အလုပ်ကိုသွားဖို့ စိတ်ကူးမရှိတာကြောင့် အိပ်ရာပေါ်တက်အိပ်လိုက်တော့တယ်။ သူ့စိတ်ကူးတွေထဲမှာတော့ သူနိုးလာတဲ့အခါ နောက်ထပ်လှုပ်ရှားရမှာကို တွေးနေတယ်။

ကျန်းဆွေ့ယင်းဆိုတဲ့သူက ကလေးတစ်ယောက်လိုပဲ။ မလုပ်ခင် ဘာဖြစ်မယ်ဆိုတာကို စိတ်မပူဘဲ နောက်တော့မှ သူမှားမှန်းသိတဲ့လူမျိုးဖြစ်တယ်။ သူပြဿနာဖြစ်လာရင် ချက်ချင်းပူဆွေးသောကရောက်လိုက်မယ်။ လီယွိကသူ့ကို ရိုက်နှက်လာမှာဖြစ်ဖြစ် ကျိန်းမောင်းပြောဆိုလာမှာဖြစ်ဖြစ် ဘယ်လိုနေနေ သူစိတ်လျော့ပြီး စားလိုက်သောက်လိုက်နဲ့နေအုံးမယ်။ [T/N : ပြောချင်တာက နောင်ခါလာနောင်ဈေးလိုမျိုးပေါ့]

ကျန်းသခင်လေးက ငယ်ငယ်လေးကနေ အရွယ်ရောက်လာသည်အထိ ထိန်းမနိုင်သိမ်းမနိုင်အောင်ကို ထကြွလာခဲ့တာဖြစ်တယ်။ သူမှာအဓိပ္ပါယ်မရှိတဲ့ လက်စွဲဆောင်ပုဒ်တစ်ခုလည်းရှိသေးတယ် 'ဘယ်လိုနေနေ ငါ့ကိုသတ်မှာမဟုတ်ဘူး'တဲ့။

ကျန်းဆွေ့ယင်း နေ့ခင်းနှစ်နာရီလောက်ထိ အိပ်ပစ်လိုက်တယ်။ သူနိုးလာတော့မှ ဖုန်းကိုစက်ဖွင့်လိုက်တယ်။ miss callတွေ၊ စာပို့ထားတာတွေ အတန်းလိုက်ကြီးကျလာတယ်။ အများစုက ရှောင်လင်ဇီနဲ့ ရှောင်လျန်တို့ဆီက ဖြစ်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now