Chapter - 53 🚑

27.6K 2.6K 160
                                    

{Zawgyi}

•ဒီခံစားချက်ကို မရပ်တန့်နိုင်ဘူး•

ဒီလိုမျိုးရှားရှားပါးပါး ပွတ်သီးပွတ်သပ်လုပ်နေရချိန်လေးမှာ ကျန်းဆွေ့လင်ကရောက်လာပြီး နှောင့်ယှက်လိုက်တဲ့အတွက် သခင်လေးကျန်းအရမ်းကို စိတ်ပျက်ခဲ့ရတယ်။

နောက်နှစ်ရက်လောက်အထိ လီယွိနဲ့အချိန်ကောင်လေးရနိုင်မယ့် အခွင့်အရေးတွေကို ရှာကြည့်ခဲ့တယ်။ ရလဒ်ကတော့ ရှောင်လင်ဇီက ဆေးရုံကို နေ့တိုင်းလာပြီး သူ့ကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးနေတဲ့အတွက် လီယွိကို ထိလို့တောင် မရခဲ့ဘူး။

တိုင်ဖွန်းအပြီးမှာ ရာသီဥတုကလည်း တဖြည်းဖြည်းပြန်သာယာလာတယ်။

ခန့်မှန်းထားတဲ့ ပြန်ရမယ့်ရက်မှာ သူတို့သုံးယောက် ဆေးရုံကနေ လေဆိပ်ကိုတန်းသွားလိုက်ပြီး ပေကျင်းကို ချောချောမွေ့မွေ့ပြန်လာခဲ့တယ်။

လေယာဉ်ပေါ်က ဆင်းပြီးနောက် လီယွိနဲ့ ကျန်းဆွေ့လင်က ကျောင်းကိုတန်းသွားကြတယ်။ ကျန်းဆွေ့ယင်းကတော့ မနက်ဖြန်အတွက် အလုပ်သွားနိုင်အောင်လို့ အိမ်ပြန်ပြီးပြင်ဆင်ရတယ်။

ကျန်းဆွေ့ယင်း အိမ်မှာနေပြီး လီယွိနဲ့အကြောင်းကို စမြုံ့ပြန်နေမိတယ်။ လီယွိကို စာတိုလေးတွေပို့ပြီး ယီးတီးယားတားလုပ်မိမှာတောင် စိုးရိမ်မိတယ်။

လီယွိရဲ့စိတ်နေသဘောထားက သူ့အပေါ် အများကြီးပိုကောင်းလာပြီဆိုတာကို သူရှင်းရှင်းလင်းလင်းကြီးခံစားမိတယ်။ ခုချိန်မှာ ဘယ်လောက်ပျင်းစရာကောင်းတဲ့စာတိုပဲ ပြန်ရောက်လာပါစေအုံးတော့ အဲ့တာက အရင်တုန်းက မရစဖူးဖြစ်တဲ့ အလှလေးကို အန္တရာယ်ကြားက ကယ်တင်ပေးလိုက်နိုင်တဲ့သူ့ရဲ့ သူရဲကောင်းဆန်မှုက အကျိုးအမြတ်တွေပပဲဖြစ်တယ်။ လီယွိရဲ့နှလုံးသားသာ သူ့ဆီကျရောက်လာမယ်ဆိုရင် အဲ့တာမျိုးကို ဘယ်နှစ်ကြိမ်ပဲပြန်လုပ်ရလုပ်ရ သူနောင်တရနေမှာမဟုတ်ဘူး။

တစ်နှစ်ကျော်လောက် ရှုပ်ထွေးပြီး မရေမတွက်နိုင်အောင် ခလုတ်ကသင်းတွေရှိကာ ဘာမဟုတ်တာလေးကို ငြင်းခုန်နေခဲ့ပြီးနောက်ဆုံးမှာတော့ သူပေးဆပ်ခဲ့ရတာတွေအတွက် လီယွိအပေါ် သူ့ရဲ့မျှော်လင့်ချက်လေး တွေ့မြင်လိုက်ရသလို ကျန်းဆွေ့ယင်းခံစားရတယ်။ အဲ့ညမတိုင်ခင်ကတောင် သူနဲ့လီယွိရဲ့ အဆုံးသတ်ကိုရောက်လာပြီလို့ ခံစားမိနေသေးတယ်။ လက်လျှော့လိုက်ဖို့တောင် စိတ်ကူးပြီးပြီဖြစ်တယ်။ သို့ပေမယ့် နာရီပိုင်းလောက်အကြာမှာ အလှည့်အပြောင်းဖြစ်သွားပြီး တိုင်ဖွန်းမုန်တိုင်းက သူတို့တွေကို နောက်တစ်ကြိမ်အတူထပ်ရှိစေကာ အရင်ကထက်စာရင် ပိုပြီးတော့တောင် နွေးထွေးပြီး သက်သောင့်သက်သာဖြစ်စေသေးတယ်။ လက်မှိုင်ချလိုက်ချိန်မှာမှ ဒီလိုမျိုး အောင်မြင်ခြင်းရောင်ခြည်က စိတ်အစွဲရှိတဲ့ဘယ်သူ့ကိုမဆို အံ့အားတကြီးဖြစ်စေပြီး ပိုပြီးတော့တောင် တန်ဖိုးထားလာစေတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now