Chapter - 82

19K 2.8K 711
                                    


{Zawgyi}

•ထိုနေရာမှာ အမြဲရှိနေပေးသောသူ!•

ကျန်းဆွေ့ယင်း သူ့ကားဆီပြန်လာပြီး ကားတံခါးပိတ်ပြီးနောက်မှာ အသက်တောင်မရှုနိုင်တော့ဘူး။

ကားထိုင်ခုံကို ကျောမှီကာ ပင့်သက်ရှိုက်ရင်း သူ့ကိုယ်သူတည်ငြိမ်အောင် အားထုတ်နေရတယ်။ အခုအခိုက်အတန့်မှာဖြစ်နေတဲ့ ပြင်းထန်တဲ့စိတ်ပျက်မှုနဲ့ ဒေါသက အတိတ်ကဖြစ်ရပ်တွေထက် ကျော်လွန်နေတယ်။ သူမြင်မြင်သမျှကိုသာ ဖျက်ဆီးပစ်ချင်နေမိတယ်။

သူဆိုတဲ့ ကျန်းဆွေ့ယင်းက ဘ၀မှာ ဘယ်အရာကိုမှ မကြောက်ရွံ့ခဲ့ဖူးပေမယ့် အခုချိန်မှာတော့ ဘယ်လိုရှေ့ဆက်ရမှန်း မသိတော့ဘူး။ လူတိုင်းက သူ့ကိုလှည့်ပတ်နေတာကြောင့် ရှေ့မှာရှိတဲ့လမ်းက ရှည်လျားလွန်းတယ်။ ဒီလောက်အထီးကျန်မှုမျိုးကို ဘယ်တုန်းကမှ မခံစားဖူးဘူး။

ဟိုတယ်ကနေ ပြန်မောင်းလာချိန်မှာ သူ့စိတ်ထဲကနေ ပဲ့တင်ထပ်ကာထွက်ပေါ်နေတဲ့ မျိုးစုံသောဆူညံသံတွေကြောင့် ခေါင်းနှစ်ခြမ်းကွဲထွက်တော့မလို ကိုက်ခဲနေတယ်။ ဒီနေ့ရဲ့ အထီးကျန်ပြီး အကူအကယ်မဲ့နေတဲ့အနေအထားမှာ အံကိုကြိတ်ရင်း စိတ်ထိန်းထားတာကလွဲရင် သူဘာကိုမှ မတွေးနိုင်ဘူး။ ကျန်းဆွေ့ယင်း ဘယ်လောက်ပဲလိုချင်နေပါစေ သူ့ကိုရခွင့်မပြုဘူး။ ကျန်းဆွေ့လင်နဲ့လီယွိဆိုတဲ့ အရူးနှစ်‌ကောင်ကို သူ့ဘ၀ကြီးထဲကနေ သိက္ခာကျအရှက်ရပြီး ထွက်သွားခိုင်းမယ်။

အရင်ဆုံး သူ့ရဲ့ချေးငွေစီမံကိန်းမှာ တာဝန်ကျတဲ့ ဘဏ်Xက မန်နေဂျာကို ဖုန်းခေါ်ပြီး သူ့ကို ငွေဘယ်လောက် ဒါမှမဟုတ် အချိန်ဘယ်လောက် ပေးနိုင်မလဲဆိုတာ မေးခဲ့တယ်။

ဆွေးနွေးပြီးနောက်မှာ Mr.ယန်းကို ချက်ချင်းထပ်သွားတွေ့ကာ အလားအလာရှိတာတွေကို ဆက်လက်စီစစ်ပြီး တရားရေးရာမှာ ဘယ်လိုတိုက်ခိုက်မလဲဆိုတာ တွေးကြတယ်။

အခုတော့ တရားစွဲဖို့ကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်နေပုံရပြီး ကျန်းဆွေ့ယင်း စိတ်ပြောင်းလိုက်တယ်။ တကယ်တော့ ဒီတစ်ကြိမ်မှာ Mr.ယန်းကို မျက်နှာလွှဲခဲပစ်လုပ်လိုက်လို့မရဘူး။ သူက မလူးသာမလွန့်သာတဲ့လူဖြစ်နေတာကြောင့် တစ်ချိန်တည်းမှာ ရန်သူတွေအများကြီးရှိနေလို့ မဖြစ်ဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Tahanan ng mga kuwento. Tumuklas ngayon