Chapter - 89

25.3K 2.9K 789
                                    

{Zawgyi}

•အိမ်မက်ဆိုးဆန်သော လက်တွေ့ ၂•

ကျန်းဆွေ့ယင်းနိုးလာချိန်မှာ သူ့မျက်နှာကိုတောင် နေထိုးနေပြီဖြစ်တယ်။ ဆောင်းရာသီရဲ့နေရောင်ခြည်က လူတွေအတွက် အလွန်တရာနွေးထွေးမှုကို ခံစားရစေတယ်။

သူ့အောက်မှာရှိတဲ့အိပ်ရာခင်းက လဲပြီးသားဖြစ်နေပြီ။ သူ့တစ်ကိုယ်လုံး အဝတ်မကပ်ဘူးဆိုပေမယ့် စေးကပ်ကပ်ဖြစ်နေတာမျိုးမရှိဘူး။ သူ့ကို သန့်ရှင်းရေးလုပ်ပေးထားမှန်း သိသာတယ်။ ကျန်းဆွေ့လင်က သူအဆင်မပြေဖြစ်တာ အနည်းဆုံးဖြစ်အောင်လို့ အရင်လိုမျိုး ဂရုတစိုက်ရှိဆဲဖြစ်တယ်။

ပြောစရာမလိုအောင် ကျန်းဆွေ့ယင်း နိုးနိုးချင်းပထမဆုံးတွေးမိတာက အဲ့ကောင်ကို သတ်ဖို့ဖြစ်တယ်။ မနေ့ညတုန်းက ဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်တိုင်းကို ပြတ်ပြတ်သားသားမှတ်မိနေရမယ့်အစား မေ့သွားနိုင်လောက်တဲ့အထိ အများကြီးမသောက်ခဲ့တာကိုတော့ နောင်တရတယ်။

ကျန်းဆွေ့လင်က သူ့နိုးလာမှာကို စောင့်နေသလိုမျိုး သပ်သပ်ရပ်ရပ်ဝတ်စားကာ သူ့အိပ်ရာဘေးမှာ ထိုင်နေတယ်။ သူ့မျက်လုံးတွေပွင့်လာတာကိုမြင်တော့ မျက်နှာကို အသာလာကိုင်တယ် "ကော ဗိုက်ဆာနေပြီလား?"

ကျန်းဆွေ့ယင်း သူ့ကို အေးစက်စွာကြည့်လိုက်တယ် "မင်းငါ့ကို ဘယ်အချိန်ထိ ကြိုးချည်ထားအုံးမှာလဲ?" သူ့ပါးစပ်ဖွင့်လိုက်တဲ့အခါ မနေ့ညက ကျန်းဆွေ့လင်ကို မရပ်မနားဆဲဆိုပြီး သူ့ကို ကျန်းဆွေ့လင် ကျူးကျော်လာမှာကို တားနေခဲ့ရတဲ့အတွက် သူ့အသံက တိမ်ဝင်နေတယ်။

အဆုံးမှာတော့ နှစ်ယောက်စလုံး ခြေကုန်လက်ပန်းကျခဲ့ကြတယ်။

ကျန်းဆွေ့လင်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မျက်လွှာချပြီး "ကျွန်တော်မသိဘူး... ကောနဲ့ တစ်စက္ကန့်လောက်ဖြစ်ဖြစ် အတူတူနေနိုင်ဖို့ မျှော်လင့်မိတယ်"

ကျန်းဆွေ့ယင်း မျက်နှာလွှဲပြီးတော့ မျက်လုံးတွေကိုသာ ပိတ်ထားလိုက်တယ်။

သူပြောသင့်တာတွေ၊ ဆဲသင့်တာတွေ မနေ့ညက အားလုံးလုပ်ခဲ့ပြီးပြီဖြစ်တာကြောင့် အခုချိန်မှာ သူ့နှလုံးသားက နုံးချိနေတာမျိုးသာရှိတော့တယ်။ ဘာအကြောင်းမှလည်း မတွေးချင်တော့ဘူး။ သူဘာကိုပဲတွေးတွေး သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကန့်သတ်ချက်ကို လာစိန်ခေါ်နေသလိုဖြစ်နေပြီး သူမခံစားနိုင်ဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Tempat cerita menjadi hidup. Temukan sekarang