Chapter - 3

24.3K 3.4K 199
                                    

{Zawgyi}

ထိုနှစ်ယောက်ကိုကျောင်းပို့ပြီးတာနဲ့ ကျန်းဆွေ့ယင်း ကုမ္ပဏီကိုပြန်လာလိုက်တယ်။

လီယွိကိုနာရီပေါင်းအနည်းငယ်လောက်တွေ့လိုက်ရတာက စိတ်လှုပ်ရှားစရာကောင်းတဲ့ကမ္ဘာသစ်တစ်ခုကိုတွေ့လိုက်ရသလို ခံစားရတယ်ဆိုပေမယ့်လည်း ဘယ်လိုနေနေသူက အလုပ်အကိုင်အတည်တကျနဲ့လူတစ်ယောက်ဖြစ်တယ်။ အဲ့တော့ လီယွိကိုခဏဘေးဖယ်ပြီး အချိန်တစ်ခုလောက်သူ့အလုပ်မှာပဲ အာရုံစိုက်ထားလိုက်တယ်။

အလုပ်ရှုပ်တဲ့နေ့တစ်နေ့အပြီးမှာ ညအချိန်ကိုပြန်လည်ရောက်ရှိလာတယ်။ ညစာစားဖို့ ပီပီကိုခေါ်ထုတ်ပြီး ညကျတော့ နှစ်လိုဖွယ်ကောင်းပြီးနူးညံ့တဲ့ကောင်လေးကို သူ့အောက်မှာဖိကာ သူ့ရဲ့ဆန္ဒတွေကို ဟိုတယ်မှာဖွင့်ထုတ်တော့တယ်။

သို့သော်လည်း ကာမကိစ္စတွေလုပ်ဆောင်ပြီးတာတောင် သူဘယ်လိုမှစိတ်မပေါ့ပါးသွားဘူး။ သူ့ကိုယ်ကပင်ပန်နေပေမယ့် စိတ်ကတော့ မကျေနပ်နိုင်ဘူး။ သူ့ရဲ့အောက်မှာ ကျေနပ်အားရမှုတွေနဲ့ အော်ညည်းနေတဲ့သူက အမူအယာအပြောင်းအလဲမရှိအပြစ်ကင်းတဲ့လူငယ်လေးဖြစ်စေချင်ခဲ့တယ်။

ကျန်းသခင်လေးက သားရဲကြီးတစ်ကောင်ဆိုပေမယ့် အကြင်နာတရားမဲ့တဲ့သူတော့မဟုတ်ဘူး။ အခုချက်ချင်းလီယုကို အသားယူဖို့စိတ်ကူးမရှိသေးဘူး။

ကောလိပ်ဝင်ခွင့်ဖြေဖို့ကနှစ်လတောင်မကျန်တော့ဘူးဆိုတာ သူကောင်းကောင်းသိတယ်။ နောက်ရှေ့ရေးအတွက် ကောင်လေးကအားသွန်ခွန်စိုက်ကြိုးစားနေတယ်ဆိုတော့ သူ့ကိုနှောင့်နှေးအောင်မလုပ်နိုင်ဘူး။ လောင်လီရဲ့မိသားစုမှာ အရည်အချင်းရှိတဲ့လူတွေ အတော်များများလေးရှိပြီး သားသမီးတိုင်းက ထူးချွန်ကြကာ လီယုကလည်း ထူးထူးခြားခြားတစ်ယောက်ဖြစ်တယ်။

အဲ့သလိုချစ်စရာကောင်းတဲ့အသွင်အပြင်လေးရဲ့ အားကောင်းချက်က ကျန်းသခင်လေးရဲ့ဦးနှောက်ကိုတောင် သိသိသာသာသက်ရောက်မှုရှိတယ်။ သူအနည်းငယ်တုန့်ဆိုင်းနေမိတယ်... လောင်လီရဲ့မိသားစုထဲက တစ်ယောက်ယောက်ကို သွားမထိတာကောင်းမယ်ထင်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Tahanan ng mga kuwento. Tumuklas ngayon