Chapter - 22

15K 2.4K 529
                                    

{Zawgyi}

လီယွိရေချိုးခန်းထဲမှာ နာရီဝက်လောက်ကြာသွားတယ်။

ဒီနာရီဝက်က နှစ်ယောက်လုံးအတွက် အတော်လေးရှည်ကြာတဲ့အချိန်ဖြစ်တယ်။

လီယွိစိတ်ထဲမှာ ဒေါသထွက်နေတုန်းပဲဆိုပေမယ့် သူ့နေရာကိုသူသိတယ်။ ကျန်းဆွေ့ယင်းကို ရန်စမိမှာမကြောက်တဲ့အပြင် သူ့ကိုတောင်ဆူလို့ရိုက်လို့ရတယ်လို့ ခံစားမိပြီး အချိန်ကြာကြာထိန်းထားခဲ့ရတဲ့ဒေါသကို ဖွင့်ထုတ်ချခဲ့ရတယ်။ တကယ့်ကိုနေလို့ကောင်းတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဒီလိုအခြေအနေရှိတာကို ကျန်းဆွေ့လင်သိသွားရင် ဘယ်လိုရှင်းပြရမလဲဆိုတာတော့ စိတ်ပူမိတယ်။

ကျန်းဆွေ့ယင်းသူ့အပေါ်ထားနေတဲ့စိတ်ကို ဆွေ့လင်သိသွားလို့မဖြစ်ဘူး။ မဟုတ်ရင် ဆွေ့လင်သူ့ကိုစိမ်းကားသွားလိမ့်မယ်။

ကျန်းဆွေ့ယင်းသယ်လာတဲ့ မြောက်မြားစွာသော တစ်ဖက်သတ်ဆန်တဲ့အရှုပ်ထုတ်တွေ ပြဿနာတွေက သူ့ကိုစိတ်တိုပြီးဒေါသထွက်စေတယ်။

တဖက်မှာ ကျန်းဆွေ့ယင်းက အနည်းငယ်စိတ်သက်သာရာရစွာ အဝတ်တွေကိုဖြေးဖြေးချင်းလဲပြီးနောက် စီးကရက်ကိုနှုတ်ခမ်းမှာ ခဲထားပြီး တုပ်တုပ်မလှုပ်ဘူး။

ဒီနေ့လီယွိအပေါ်နည်းနည်းလွန်သွားတဲ့သူ့ရဲ့လုပ်ရပ်ကို နောင်တရသလိုရှိလာတယ်။ ဒါပေမယ့် လီယွိကအရင်စတယ်ဆိုတာတော့ အသိသာကြီး။ သူကလည်း သူ့ဒေါသသူမထိန်းခဲ့ဘူး။

ဒါပေမယ့်ဘယ်လိုနေနေ အဲ့တာလီယွိစလုပ်တာ...

ကျန်းဆွေ့ယင်း သူ့ဆံပင်သူ အတင်းဆွဲနေမိတယ်။ ဖြစ်သွားတဲ့အရာတွေကိုတွေးကြည့်နေရင်း လီယွိက သူ့ကိုမျက်စိမကျတဲ့အပြင် ဒီလောက်အင်အားကြီးတဲ့သူ့ကိုတောင် နှိမ်သလိုကြည့်တာက မုန်းစရာအကောင်းဆုံးပဲလို့ ခံစားရတယ်။ သူ့မျက်လုံးက ခွေးချေးတွေနဲ့ ပိတ်နေလို့ဖြစ်မယ် မေနိုး...

ယောကျာ်း မိန်းမဆိုတာက တကယ်အဲ့လောက်အရေးကြီးလို့လား? ဘ၀ကြီးက ဒီလောက်တိုတာ။

သူအခုအရင်တုန်းက သူ့အတွေးတွေကိုတောင် နည်းနည်းသံသယဝင်မိလာတယ်။ ဒီလောကကြီးမှာ ဘယ်လိုမှ ကွေးလို့မရတဲ့လီယွိလိုမျိုး အဖြောင့်ကောင်တွေ တကယ်ကြီးရှိနေတာဖြစ်နိုင်လောက်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now