Chapter - 97

20.6K 3K 422
                                    

{Zawgyi}

•ဘဲလေးတစ်ယောက် မဟုတ်တော့ဘူး•

နှစ်သစ်ကူးအပြီးမှာ အလုပ်များပြီးလူစည်ကားတဲ့ ပေကျင်းမြို့တော်က ပြန်လည်ပတ်နေပြီး ရှောင်ကျူလည်း အလုပ်ပြန်စရတော့တယ်။

ကျန်းဆွေ့ယင်းလည်း အားနေတာကြောင့် ကောင်လေးကို ကျောင်းလိုက်ပို့ပေးချိန်မှာ ဒီကောင်လေးက ဒီလိုနည်းပညာကျောင်းမှာ ဆံပင်ညှပ်တာကို သင်ပေးနေမှန်း သိလိုက်ရပြီး ကြည့်ကောင်းတဲ့မိန်းကလေး၊ ယောကျာ်းလေး အတော်များတယ်။ ပုံမှန်ဆို ဆယ့်ခြောက် ဆယ့်ခုနစ်အရွယ်ဆိုတာ သူ့အကြိုက် အချိုပွဲလေးတွေဖြစ်ပေမယ့် အခု စိတ်မဝင်စားတော့ဘူး။ ဒီလိုတက်ကြွနေတဲ့ကလေးတွေကို ကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် အသက်အရွယ်ကွာဟမှုကို ခံစားလိုက်ရတယ်။

ကားပေါ်ကမဆင်းခင် ကျန်းဆွေ့ယင်းက ရယ်မောပြီး ပြောလိုက်တယ် "ဒီကျောင်းမှာ မင်းကတော့ တော်တော်လေးနာမည်ကြီးနေမှာပဲ"

ရှောင်ကျူက ရှက်ပြုံးလေးသာပြုံးပြီး ဘာမှပြန်မပြောဘူး။

သူတံခါးဖွင့်ပြီး ကားထဲက ထွက်လိုက်တယ်ဆိုရင်ပဲ ကောင်မလေးတစ်ယောက်က သူ့ဆီအသည်းအသန်ပြေးလာပြီး စိတ်လှုပ်ရှားစွာ အော်လိုက်တယ် "မင်မင်"

ရှောင်ကျူ အလန့်တကြား တံခါးကို ပိတ်ချလိုက်တယ်။

ကောင်မငယ်လေးရဲ့မျက်နှာနီနီလေးက ဆောင်းရာသီမှာပွင့်တဲ့ ဇီးပန်းလေးလိုပဲ။

ရှောင်ကျူရှက်ရွံ့စွာ ပြောလိုက်တယ် "ကျောင်းမှာ ငါ့ကို ဆရာလို့ခေါ်"

ကျန်းဆွေ့ယင်းက ပြတင်းပေါက်မှန်ကို နှိမ့်ပြီး သူတို့ကိုကြည့်လိုက်တယ်။

ကလေးမလေးက ကလေးဆန်ဆန်လုပ်ရမှာကို ရှက်မနေဘူး။ သူက ကျန်းဆွေ့ယင်းကို လှမ်းကြည့်ကာ အော်တော့တယ် "မင်မင့်ရဲ့သူငယ်ချင်းက အရမ်းကြည့်ကောင်းတာပဲ၊ စတားတစ်ယောက်ကျနေတာပဲနော်"

ရှောင်ကျူက အသံကိုဖိပြီးပြောလိုက်တယ် "ဆရာလို့ခေါ်"

ကလေးမရဲ့နှုတ်ခမ်းတွေက တွန့်သွားကာ "ဆရာ..."၊ အမှန်တိုင်းပြောရရင် စက္ကန့်ပိုင်းလောက်သာကြာပြီး ချက်ချင်းဆိုသလို အားတက်သရောဖြစ်လာပြန်တယ် "Mr.မင်မင်ကျန်ခဲ့တာကို အန်တီယွမ်က ယူသွားခိုင်းနေလို့... ဒီနေ့ယူလာဖို့တော့ မေ့သွားတယ်၊ မနက်ဖြန် ကျောင်းလာမှာလားဟင်? မနက်ဖြန် ပေးမယ်လေ ဒါမှမဟုတ် အိမ်ကို လာပေးရမလား?"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now