Chapter - 2

31.2K 3.8K 279
                                    

{Zawgyi}

မီးဖိုချောင်တွင်းမှာ ကျန်းဆွေ့လင်ရဲ့ခြေတွေလက်တွေက အတော်လေးဖျတ်လတ်နေတယ်။ မိနစ်လေးဆယ်ဝန်းကျင်လောက်ကြာတော့ ဟင်းအမယ်သုံးမျိုးနဲ့ စွပ်ပြုတ်တစ်ခွက်ချက်ပြုတ်ပြီးသွားပြီဖြစ်ပြီး အကုန်လုံးကိုထမင်းစားပွဲပေါ်တင်လိုက်တယ်။

ကျန်းဆွေ့လင်နဲ့ထိုင်ရတော့မှ လီယှိရဲ့အမူအရာကပိုပြီးသက်သောင့်သက်သာဖြစ်လာတယ်။

ကျန်းဆွေ့ယင်း ယမကာစင်ကနေ alcoholပမာဏပါဝင်နှုန်းနည်းတဲ့ သစ်သီးဝိုင်တစ်ပုလင်းထုတ်လာခဲ့တယ်။ အပေါ်ကတံဆိပ်မှာနိုင်ငံခြားဘာသာစကားတစ်မျိုးနဲ့ ရေးထားပြီး ဘယ်သူကလာဘ်ထိုးပြီးလာပေးထားလဲမသိ သူ့မိသားစုပုံမှန်သောက်နေကျပုံမဟုတ်ဘူး။ ကျန်းဆွေ့ယင်းအဖေက ဝိုင်ဖြူသောက်တတ်တဲ့ တရုတ်ပြည်အရှေ့မြောက်ပိုင်းကဖြစ်ပြီး ဒီလိုအထူးတဆန်းကြီးချိုလှတဲ့ဝိုင်ကိုသောက်ဖို့လိုတယ်ဆိုပြီး ဘယ်ကဘယ်လိုသိလာတာလဲ? ခံတွင်းရှင်းသွားအောင် ဒီဝိုင်သောက်တာတော့ ပိုကောင်းတယ်။

အခုက လေထုကိုပိုပြီးသက်သောင့်သက်သာဖြစ်လာစေဖို့အတွက် လူငယ်လေးနှစ်ယောက်ကို တစ်ခွက်တစ်လေသောက်ခိုင်းဖို့ အချိန်ကောင်းပဲဖြစ်တယ်။

ကျန်းဆွေ့ယင်းဝိုင်သုံးခွက်ငှဲ့လိုက်ပြီး "လာလေ အဖွင့်တစ်ခွက်လောက်သောက်ကြစို့"

သူတို့မိသားစုကပုံမှန်ဆိုညစာစားချိန်မှာ နည်းနည်းလောက်သောက်နေကျဖြစ်တာကြောင့် (အခုကနေ့ခင်းကြောင်တောင်ကြီးဖြစ်နေပေမယ့်) ကျန်းဆွေ့လင်ငြင်းဆန်တာမျိုး မလုပ်ခဲ့ဘူး။

တစ်ဖက်ကလီယှိကတော့ ခွက်ကိုတစ်ချက်ဝေ့ကြည့်ပြီး အားလျော့စွာပြောလိုက်တယ် "ကျန်းကော ကျွန်တော်မသောက်တော့ဘူး"

ယောကျာ်းလေးတစ်ယောက်က အရက်မသောက်ဖို့ငြင်းတယ်ဆိုတာ ဖြစ်နိုင်ခြေအနည်းငယ်တော့ရှိတယ်၊ သူမူးသွားရင် တစ်ခုခုဖြစ်နိုင်တာ ဒါမှမဟုတ် အိမ်ရှင်ကိုအမှားမလုပ်မိအောင်ကြောင့်... အဆုံးစွန်ထိဖြစ်ပွားသွားနိုင်ခြေကတော့ နည်းပါတယ်။

အဲ့လိုတုန့်ပြန်မှုကြောင့် ကျန်းဆွေ့ယင်းအတော်လေး မပျော်မရွှင်ဖြစ်သွားတယ်။ 'မင်းက ဆေးလိပ်ရော အရက်ရောမသောက်ဘူးပေါ့ ဟမ်?... ဒီခေတ်အထက်တန်းကျောင်းသားတွေတောင် အဲ့လောက်ဟိတ်ဟန်မများဘူး'

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Où les histoires vivent. Découvrez maintenant