Chapter - 125 🚑

32.1K 3K 771
                                    

{Zawgyi}

•နားပူနားဆာလုပ်သော ချစ်သူ (Part II)•

လီယွိက ခေါင်းကို ငုံ့ထားပြီး ဘာမှမပြောဘဲ နေနေတယ်။

ကျန်းဆွေ့ယင်းက သူ့မေးကို ဆွဲကာ ပြောလိုက်တယ် "မင်းရဲ့ကောကို မျက်နှာလေးပြစမ်းပါအုံး၊ မငိုဘူးမှတ်လား ဟမ်?" ကျန်းဆွေ့ယင်းက စကားနှစ်ခွန်းလောက်နဲ့ သူ့ကိုစနောက်ကာ လေထုကို ပြေလျော့သွားအောင်လုပ်ဖို့ ကြိုးစားလိုက်တယ်။ ရလဒ်ကတော့ လီယွိ မျက်နှာသေနဲ့ မော့လာတယ်။ သူ့မျက်လုံးတွေထဲမှာ ခဲရောင်မြူခိုးလွှာတစ်ထပ် ရှိနေသလိုပဲ။

ကျန်းဆွေ့ယင်း နှလုံးသားထဲမှာ သက်မရှိုက်လိုက်ပြီး "အဆင်ပြေလား?"

လီယွိ သူ့ကိုကြည့်ကာ ပြောလိုက်တယ် "ကော ကိုယ့်ကို စပြီးစိတ်အနှောင့်အယှက်ဖြစ်နေပြီလား?"

"ဘယ်ကသာ ငါက နောက်လိုက်တာလေ၊ ငါ မူးနေတာ မဟုတ်ဘူးလား? မင်းကို ဘာလို့ စိတ်ရှုပ်ရမှာလဲ? မင်း အရမ်းနောက်ကျနေလို့ ငါက ခြောက်လိုက်တာ"

လီယွိအမူအယာက ဝမ်းနည်းနေပုံပေါ်ပြီး သူ့ရဲ့ဝမ်းနည်းပက်လက်လေသံလေးကို မဖုံးကွယ်ထားနိုင်ဘူး "ဒါကြောင့် ကောက စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုတာ သိတယ် ဒါပေမယ့် ကောက ကိုယ့်ကို ထားသွားမှာ ကြောက်လို့လေ၊ ကောက အဲ့လိုမျိုးလုပ်နေကျမို့လို့လေ၊ ကောနားမှာ အမြဲတမ်းလူတွေရှိနေတာ... ကော မှန်တယ်၊ ကောကို ကိုယ် ဂရုမစိုက်နိုင်ဘူး၊ ကြည့်ရတာ ဒီလက်စွပ်က ကောစိတ်ထဲမှာရှိနေတာတွေအပေါ် ဘာမှအရာမရောက်တဲ့ပုံပဲ၊ ပြန်သွားပြီး ပျော်ပါးလိုက်ပါ... ကိုယ် မနှောင့်ယှက်တော့ဘူး" ပြောပြီးနောက် သူ ထွက်သွားဖို့လုပ်လိုက်တယ်။

ဒီတစ်ကြိမ် ကျန်းဆွေ့ယင်းက သူ့ကိုလွှတ်ပေးမှာတဲ့လား? ဒါက သူ့ခံစားချက်တွေကို အရမ်းနာကျင်စေတာကြောင့် လီယွိကို ခပ်တင်းတင်းဆွဲထားလိုက်တယ် "စိတ်မဆိုးပါနဲ့၊ ငါ brainချောင်သွားလို့ မင်းကို စိတ်တိုအောင် လုပ်ချင်သွားတာ... တခြား ဘာအဓိပ္ပါယ်မှမရှိဘူးလေ၊ စကားပြောရအောင်နော်၊ နောက်ပြီးတော့ အဲ့လူတွေကိုလည်း မထိခဲ့ဘူး၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်သောက်တာပဲ ရှိတာ... ငါက ကိုယ့်ကိုယ်ကို အမြဲဂရုတစိုက်ထားတာလေ နည်းနည်းတောင် လန့်သွားသေးတာ၊ မင်းလည်း ငါ့ရဲ့အရင်စရိုက်ကို သိရဲ့သားနဲ့... ငါတို့ချည်းပဲသက်သက် အချိန်ယူရအောင်လေ ဝမ်းမနည်းနဲ့တော့ နော်"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now