Chapter - 33 🚑

29.5K 3K 815
                                    

{Zawgyi}

•ရေချိုးခန်းထဲမှာ ဖြစ်ပျက်ခဲ့သည့်အရာများ•

လီယွိလေ့ကျင့်ရေးဆင်းနေရတဲ့ ကလပ်ကို ကျန်းဆွေ့ယင်းရောက်လာခဲ့တယ်။ ညအချိန်ကိုးနာရီတောင် ကျော်နေပြီဖြစ်တယ်။ လူတော်တော်များများပြန်သွားပြီဖြစ်ကာ လီယွိနဲ့ နောက်တစ်ယောက်သာ ကျန်ရစ်ခဲ့တယ်။

နှစ်ယောက်သား စကားပြောနေကြပြီး သူ့ကိုသတိမထားမိဘူး။ ကျန်းဆွေ့ယင်းက တံခါးဝနားမှာ မတ်တပ်ရပ်ကာ ချွေးတွေစိုရွှဲနေတဲ့ လီယွိခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်နေတယ်။

လီယွိက မီးခိုးရင့်ရောင်စွပ်ကျယ်နဲ့ အပြာရောင်ဘောင်းဘီတိုကို ဝတ်ထားတယ်။ ဆံပင်တွေကလည်း စိုနေတာကြောင့် အချောင်းလိုက်တွေဖြစ်ပြီး သူ့မျက်နှာပေါ် ကပ်နေတယ်။ လက်ဝှေ့ထိုးတဲ့လက်အိတ်ကို ခြေထောက်နားပစ်ချထားပြီး စကားပြောနေတုန်း လက်ချောင်းတွေကို လှုပ်လှုပ်ရှားရှားလုပ်နေတယ်။

သူ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကလည်း စိုနေပြီ။ သူ့ခန္ဓာကိုယ်က ကျန်းဆွေ့ယင်းပုံဖော်ထားသလိုမျိုး လက်ဝှေ့သမားတစ်ယောက်လောက်တော့ မတောင့်တင်းနေဘူး။ သူ့ရဲ့ရှည်သွယ်တဲ့ကိုယ်နေဟန်ထားကြောင့် သူ့ရဲ့ကြွက်သားတွေက အရမ်းကိုပြေပြစ်လှပတယ်၊ သူ့မှာရင်ဘတ်ကြွက်သားအပြည့်ရှိတယ်ဆိုပေမယ့် တရားလွန်ကြီးဖြစ်နေဘူး ပြီးတော့ ခါးအနေအထားလေးကလည်း အတော်ပဲ။ သန်မာတဲ့ခြေတံရှည်ကြီးတွေဆို ပိုပြီးတော့တောင် ဆွဲဆောင်မှုရှိသေးတတယ်။ အဝတ်အစားဝတ်ထားထား မဝတ်ထားထား ဒီခန္ဓာကိုယ်အချိုးအစားက မော်ဒယ်တစ်ယောက်လိုပဲ။

ကျန်းဆွေ့ယင်းကြည့်နေရင်း မက်မွန်သီးအခိုင်လိုက်ပုံလေးတွေက စိတ်ထဲမှာပေါ်လာပြီး ရုတ်တရက် သူ့ရဲ့ခန္ဓာကိုယ်က သိပ်မဟန်တော့တာကို ခံစားမိသွားတယ်။

လီယွိက သေချာပေါက် အလှပဂေးပဲ... အဲ့လိုပုံစံမျိုးနဲ့ မကြီးပြင်းလာခဲ့ရင် သူ့ကိုဘယ်လိုလုပ်ပြီး ဒီလောက်စွဲလန်းမိမှာလဲ? ကျိန်စာတစ်ခုလိုပဲ။

သူမိနစ်ဝက်လောက်ရပ်ပြီးချိန်မှာ သူ့ဘေးနားမှာသန့်ရှင်းရေးလုပ်နေတဲ့သူက သတိပြုမိသွားပြီး သူ့ကိုမေးလာတယ်။ "ဘာလုပ်နေတာလဲ?"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now