Chapter - 66

17.2K 2.8K 329
                                    

{Zawgyi}

•အလိမ်ပေါ်ပြီးနောက် အခြေအနေပိုမိုရှုပ်ထွေးလာ•

ကားမောင်းနေစဉ်အတွင်းမှာ ကျန်းဆွေ့ယင်းလက်တွေ တုန်ရီနေတယ်။

သုံးစားမရတဲ့ဦးနှောက်နဲ့ အရူးပိုင်ရှင်းယွီက ကိစ္စတစ်ခုခုဖြစ်ပြီဆိုရင် သူ့အမေရင်ခွင်ထဲ တိုးဝင်ရုံလောက်သာလုပ်တတ်ပြီး လိမ်ညာဖို့လောက်အထိ ဉာဏ်မပြေးဘူး။ ပြီးတော့ ဒီလိုမျိုး ငိုချင်းချနေအုံးမယ်ဆိုရင်လည်း သူ့ကို လိမ်ညာရမှာ ပိုပြီးတောင် ‌ကြောက်ခဲ့သင့်တယ်။

သို့ပေမယ့် သူပြောပြခဲ့တာတွေကို ပြန်တွေးမိရင် ကျန်းဆွေ့ယင်း နောက်ကျောတစ်လျှောက် အေးစိမ့်သွားတယ်။

ကျန်းဆွေ့လင် သူတို့အိမ်ကို ပထမဆုံးအကြိမ်ရောက်လာတုန်းက ဂုတ်ထောက်ဆံပင်ကေလေးနဲ့ သူ့အမေနောက်မှာ ရှက်ဝဲဝဲလေးနေနေပုံက ကလေးမလေးတစ်ယောက်အတိုင်းပဲ။ ကလေးဘ၀ကနေ အရွယ်ရောက်တဲ့အထိ သူ့အပေါ် ကျန်းဆွေ့ယင်းရဲ့အမြင်က အားနည်းတယ်၊ ကြိတ်မှိတ်ခံတယ် ပြီးတော့ သူဘာပဲပြောပြော ဘာပဲလုပ်လုပ် သူ့ကိုလည်းလုံးဝအတိုက်အခံမလုပ်ရဲဘူး။

ကျန်းဆွေ့လင်က သူ့နောက်ကွယ်မှာ ဒီလိုကိစ္စတွေ လုပ်ဖို့သတ္တိရှိနေတယ်ဆိုတော့ ဒီကောင့်မျက်လုံးတွေ ကန်းသွားပြီလားဆိုတာ သိချင်မိတယ်။

ကျန်းဆွေ့ယင်း အံကိုကြိတ်ကာ အိမ်တစ်လျှောက် မောင်းလာခဲ့တယ်။ ပိုင်ရှင်းယွီသူ့ကိုပြောပြခဲ့တာနဲ့ပက်သက်ပြီး ကျန်းဆွေ့လင် ဘယ်လိုရှင်းပြမလဲဆိုတာ ကြည့်ချင်သေးတယ်။

သူအိမ်ရောက်တဲ့အချိန်မှာ နေ့ခင်းသုံးနာရီကျော်ပဲရှိသေးတယ်။

ကျန်းဆွေ့လင်ကလည်း ကျောင်းကနေ ပြန်ရောက်လာကာစဖြစ်လို့ အဝတ်အစားတွေတောင် မလဲရသေးဘူး။

ပုံမှန်ဆို ကျန်းဆွေ့ယင်းက ညစာစားဖို့လောက်သာ အိမ်ပြန်လာတတ်ပြီး အကြာကြီးလည်း မနေဘူး။ ဒါကြောင့် ကျန်းဆွေ့လင် သူ့ကို တအံ့တဩကြည့်နေမိတယ်။ သူ့မျက်နှာက သုန်မှုန်နေတာကို မြင်တော့ အနည်းငယ်မသက်မသာခံစားလာရတယ်။

ကျောင်ယန်တောင်မှ ကျန်းဆွေ့ယင်းမျက်နှာထားက မဟုတ်တာကို မြင်တွေ့နေရတယ်။ သူမက သူ့ကိုစိတ်လှုပ်ရှားစွာကြည့်ပြီး သူမသားကို ကြည့်လိုက်တယ်။ ကျန်းတုံယွမ်က အိမ်ပြန်မရောက်လာသေးတာကြောင့် သူမမှာ အားကိုးစရာတစ်ယောက်မှမရှိဘူး။ ကျန်းဆွေ့ယင်းနဲ့မျက်နှာချင်းဆိုင်ရချိန်မှာ ပိုတောင်ကြောက်မိသေးတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now