Chapter - 110

18.7K 2.7K 176
                                    

{Zawgyi}

•ခြိမ်းခြောက်မှုများ ၁•

ထိုနေ့က သူ့ရဲ့လက်အောက်ငယ်သားနှစ်ယောက်နဲ့ ရုံးခန်းထဲမှာ စီမံကိန်းအကြောင်း ဆွေးနွေးနေတုန်း လီဝမ်ရွှမ်က မဖိတ်ခေါ်ပါဘဲ ရောက်ချလာတယ်။

ခုတလော သူ့ရဲ့ငွေကြေးထောက်ပံ့မှု နှောင့်နှေးနေတာကို ကျန်းဆွေ့ယင်း တွေးမိတော့ ဒီလူလာတာဟာ ကောင်းသောစကားနဲ့လာခြင်း မဟုတ်မှန်း သိလိုက်ရတယ်။ သူ့ဝန်ထမ်းတွေကို အလျင်စလို ညွှန်ကြားချက်တွေပေးပြီး နှင်လွှတ်လိုက်တယ်။ အသစ်စက်စက်ခန့်ထားတဲ့ အတွင်းရေးမှုးချောချောလှလှလေးကိုလည်း လီဝမ်ရွှမ်အတွက် လက်ဖက်ရည်တစ်ခွက်‌ ဖျော်ပေးဖို့ တောင်းဆိုလိုက်တယ်။

လီဝမ်ရွှမ်က အတွင်းရေးမှုးလေးကို အပြုံးတစ်ပွင့်နဲ့ ကြည့်လိုက်ပြီးနောက် သူ့ကိုကြည့်လာတယ်။

ကျန်းဆွေ့ယင်းကလည်း ပြုံးပြလိုက်ပြီး အတွင်းရေးမှုး တံခါးနားရောက်တဲ့အထိ စောင့်ပြီးမှ ပြောလိုက်တယ် "အားဝမ် မင်းဘာပြောချင်လဲဆိုတာ ငါသိတယ်၊ ငါ့ကို အချိန်နှစ်လပေး... စီမံကိန်းရန်ပုံငွေတွေကို စုပေးမယ်လို့ ကတိပေးတယ်"

သူတို့နှစ်ယောက်က သူငယ်ချင်းတွေဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမယ့် ဘော်ဒါတွေကြားမှာ ငွေကြေးအရှုပ်အရှင်းကင်းတယ်။ ဒီလောက်များပြားတဲ့ငွေပမာဏဖြစ်နေတာကြောင့် သူတို့တွေ ပေါ့ပေါ့တန်တန်မလုပ်ရဲဘူး။ နောက်ပြီး စာချုပ်စာတမ်းနဲ့ အခိုင်အမာ လက်မှတ်ထိုးထားပြီးခါမှ အခုချိန်ဆို ပေးရမယ့်သတ်မှတ်ရက်ထက် ကျော်နေပြီဖြစ်တယ်။ ဒီကိစ္စကြောင့် သူ့မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။

လီဝမ်ရွှမ် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး "ဆွေ့ယင်း ငါမင်းကို သိလာတာနှစ်တွေလည်း မနည်းတော့ဘူး၊ မင်းရဲ့လက်နဲ့ လုပ်နိုင်စွမ်းကို ငါယုံတယ်၊ မင်းက နှစ်လလို့ ပြောနေမှတော့ ငါမင်းကို အပိုဆာဒါးတွေ မပြောတော့ဘူး... နှစ်လဆိုလည်း နှစ်လပေါ့၊ ဒီနေ့ ပိုက်ဆံအကြောင်းပြောဖို့ ဒီလာခဲ့တာမဟုတ်ဘူး၊ အဓိက,က မင်းကို သတိပေးစရာရှိလို့"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now