Chapter - 12

16.3K 2.4K 303
                                    

{Zawgyi}

အင်မတန်ဆူညံတဲ့နေရာကနေ အင်မတန်တိတ်ဆိတ်တဲ့နေရာကို ထွက်လာကြတော့ အတော်လေးကွဲပြားသွားတာဖြစ်လို့ သူတို့ကားပေါ်မှာထိုင်လိုက်တာတောင်မှ နားတွေအူနေတုန်းဖြစ်တယ်။

လီယွိကို အိမ်ပြန်ပို့ပေးတဲ့လမ်းမှာ အရင်ဆုံးမိနစ်ပိုင်းလောက် တစ်ယောက်မှစကားမပြောဖြစ်ကြဘူး။

နောက်ဆုံးတော့ ကျန်းဆွေ့ယင်းမနေနိုင်တော့ဘဲ တိုးတိုးလေးပြောလိုက်တယ် “ရှောင်လီဇီ”

“အင်” လီယွိက ပြတင်းပေါက်အပြင်ကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်တယ်။ ထိုရှုထောင့်ကနေဆိုရင် ကျန်းဆွေ့ယင်းက သူ့ရဲ့နှင်းလိုဖြူဖွေးနေတဲ့လည်တိုင်လေးရယ်၊ ပြီးပြည့်စုံနဲ့ မေးရိုးလေးနဲ့ ညှပ်ရိုးလေးကိုတောင်မှ အနည်းငယ်မြင်နေရသေးတယ်။

ကျန်းဆွေ့ယင်းနှစ်ခါလောက်ထပ်ကြည့်ပြီး သူ့ပါးစပ်နဲ့ လျှာတောင်မှ ခြောက်ကပ်လာသလိုခံစားရတယ်။ သူတံတွေးမြိုချပြီး မေးလိုက်တယ်။ “မင်းစိတ်တိုနေလား?”

“ကျွန်တော်လား?” လီယွိအသာလေးပြုံးလိုက်တယ် “မတိုပါဘူး ကျွန်တော်က ဘာလို့စိတ်တိုရမှာလဲ?”

“ကိုယ်သာဒီနေ့မင်းကို မခေါ်လာဘူးဆိုရင် အခုလိုမျိုးပြုမူခံရမှာမဟုတ်ဘူး… ပြီးတော့ အဲ့ဖက်တီး…”

“ကိစ္စမရှိဘူး…” လီယွိပြောဖို့အတွက် ခဏလောက်တုန့်ဆိုင်းနေပြီးတော့မှ မေးလာတယ် “အဲ့လူက ဘာလို့ကျွန်တော်ဆီကို လာရတာလဲ?”

ကျန်းဆွေ့ယင်း ကိုးရို့ကားယားပြောလိုက်တယ် “အဲ့လူက သေချာပေါက်အဆင့်မြင့်မြင့်ထဲကပဲဖြစ်လိမ့်မယ် ပြီးတော့ မင်းလိုငယ်ငယ်လေးကိုတွေ့တော့ သူထင်လိုက်တာ မင်းက…”

လီယွိသူ့ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ကျန်းဆွေ့ယင်းမျက်နှာပေါ် သူ့အကြည့်တွေကျရောက်လာတယ် “ကျွန်တော့်ကို ဘာလို့ထင်တာလဲ?”

သူကြည့်တာခံလိုက်ရတော့ ကျန်းဆွေ့ယင်းအနည်းငယ်အပြစ်ရှိသလိုခံစားရပြီး ထုံးစံအတိုင်း တိုက်ရိုက်ကြီးမပြောရဲဘူး။ အဲ့အစားရယ်မောလိုက်ပြီး “ဘာမှမဟုတ်ပါဘူး၊ အဓိကက မင်းကအရမ်းကြည့်ကောင်းတာကိုကွ… ပုံမှန်barတစ်ခုကို သွားရင်တောင် မိန်းကလေးငယ်ငယ်လေးတွေအားလုံး သေချာပေါက်မင်းဆီကိုပဲ လာကြမှာဟုတ်တယ်မှတ်လား? ဒီနေ့အဲ့လူက ဒီတိုင်းအရိုင်းအစိုင်းတစ်ယောက်ဆိုတော့ စိတ်ထဲထားမနေပါနဲ့… မင်းကို ခွေးတစ်ကောင်လာကပ်သလောက်ပဲ သဘောထားလိုက်”

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now