Chapter - 28

16.6K 2.7K 478
                                    

{Zawgyi}

•ရှောင်လီဇီ မင်းဟာ မာနေတယ်•

ပေဟိုင်းမှာနေရတဲ့ နောက်ရက်တွေမှာ ကျန်းဆွေ့ယင်း လီယွိကို ထပ်မတွေ့ရတော့ဘူး။

သူ့မျက်နှာအယောင်ကျသွားပြီးနောက် သူ့လုပ်ရိုးလုပ်စဉ်တွေကို ပြန်စလုပ်ကာ ပေကျင်းကို ပိတ်ရက်မကုန်ခင်နှစ်ရက်မှာ ပြန်လာလိုက်တယ်။

စုပုံနေတဲ့အလုပ်တွေကြားမှာ နစ်မြုပ်နေပြီး သူ့ကိုခဏတော့ အလုပ်များသွားစေတယ်။ အလုပ်တွေက သူ့ရဲ့အာရုံကို အောင်အောင်မြင်မြင်နဲ့ ရှုပ်ထွေးအောင် လုပ်နိုင်ခဲ့တာကြောင့် သူ့မှာ လီယွိအကြောင်းတွေဖို့ရော သူ့အပေါ်မုန်းနေတာတွေကိုရော တွေးနိုင်ဖို့အတွက်တောင် နေ့ညမအားမလပ်တဲ့အထိ ရှုပ်နေခဲ့တယ်။

ဒါပေမယ့် အဲ့ဒီ့နေ့ကစလို့ ကျန်းဆွေ့ယင်းဘ၀မှာ ပိုက်ဆံရနေတာရယ် ပျော်ရွှင်မှုတွေရှိတာရယ်အပြင် နောက်ထပ်ရည်မှန်းချက်တစ်ခုထပ်တိုးလာတယ်၊ အဲ့တာကတော့ လီယွိကို ညစ်ညမ်းစကားလုံးတွေနဲ့ အနိုင်ကျင့်တာ...

လီယွိကို သူမိပြီဆိုတာနဲ့ ထိုကောင်လေးသုံးရက်လောက် အိပ်ရာကို မထိချင်အောင်လုပ်တော့တယ်။ သူရဲ့ထိုပန်းတိုင်ကို မရောက်မချင်း လုံးဝလက်မလျော့ဘူး။

ကံဆိုးချင်တော့ အဲ့ကတည်းက ဒီလိုအခွင့်အရေးကို ရှာနိုင်ဖို့ အတော်လေးခက်ခဲလာတယ်။

လီယွိကလည်း သူ့ရှေ့မှာမပေါ်လာမိအောင်နေတယ်။ သူဘယ်အလုပ်လုပ်ရမယ်ဆိုတာကို ဘယ်လောက်ပဲပြောနေပါစေ အလုပ်ကိုမလာသလောက်ရှိပြီး သူ့ကိုပေါ်တင် ရှောင်ဖယ်နေတာသာဖြစ်တယ်။

နေ့ရက်တွေက ပိုမိုအေးလာပြီး ထိုခရီးကပြန်လာတာ တစ်လကျော်လောက်တောင် ရှိနေပြီ။ တစ်ရက် ကျန်းဆွေ့ယင်း ဘာကြောင့်မှန်းမသိ သူ့ကိုမေ့ပစ်သင့်တာတောင်မှ လီယွိကိုတွေ့ချင်လာတယ်။

အဲ့တာကြောင့် လီယွိကျောင်းကို သွားကာ တက္ကသိုလ်ကျောင်းဝင်းကြီးထဲမှာ လှည့်ပတ်မောင်းနေရင်း လမ်းပျောက်တော့တယ်။

ကားနဲ့ဘယ်နေရာတွေတောင် မောင်းလိုက်မိမှန်းမသိတော့ဘူး။ ကြည့်ရတာ တောအုပ်အတွင်းပိုင်းထိ ရောက်လာတဲ့ပုံပေါ်တယ်။ လမ်းပေါ်မှာရှိတဲ့လူတွေက ရုတ်တရက်ကြီးအရမ်းကျဲသွားပေမယ့် ရံဖန်ရံခါ လမ်းဘေးနားမှာထိုင်ပြီး တစ်တီတူးနေကြတဲ့ စုံတွဲလေးတွေကိုတော့ တွေ့မိသေးတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now