Chapter - 17

13.8K 2.4K 616
                                    


{Zawgyi}

ချင်းဟွမ်တောက်က ပရောဂျက်ကို ကိုင်တွယ်ကတာက ချောချောမွေ့မွေ့ပြီးသွားခဲ့တယ်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လူတစ်ယောက်သူ့ကို ဖုန်းခေါ်လာတဲ့အချိန်မှာ သူအတော်လေးသိစိတ်လက်ပေါ့ပါးသွားတယ်။

အလုပ်လုပ်ရတာစိတ်ပေါ့သွားပြီဆိုတာနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းကို စတွေးတော့တယ်။

လီယွိကလည်း ခွင့်နှစ်ရက်တောင်ယူသွားတာဆိုတော့ လီယွိတစ်ယောက် ကျန်းဆွေ့ယင်းကိုတွေ့ရတာ ကသိကအောက်ဖြစ်သွားပုံရတယ်။ တကယ်ချစ်စရာလေး။ ဒါကိုတွေးမိရုံနဲ့တင် ကျန်းဆွေ့ယင်း အတော်ကြီးနေလို့ကောင်းလာတယ်။ ပြီးတော့ တွေးကြည့်ရုံနဲ့တောင် ရီချင်မိတယ်။

လီယွိကို သူဘယ်လောက်တောင်မှချစ်နေရပါတယ်ဆိုတာကို မပြောရဲသေးပေမယ့် အနည်းဆုံးတော့ သူတိုးတက်လာပြီ။ လီယွိကသာသူ့ကို စိတ်လှုပ်ရှားအောင် အလုပ်နိုင်ဆုံး သတိတရဖြစ်နေအောင် အလုပ်နိုင်ဆုံးလူသားဖြစ်တယ်။

ယောကျာ်းတစ်ယောက်ရဲ့အချစ်ရေးမှာ စိတ်ဆန္ဒကအစိတ်အပိုင်းကြီးတစ်ခုအနေနဲ့ပါဝင်ပြီး ရနိုင်ဖို့ခဲယဉ်းလေလေ ရင်ထဲမှာ ပိုပြီး တန်ဖိုးထားလေလေဖြစ်တယ်။ အခုလီယွိအကြောင်းတွေးနေရင်းနဲ့တောင် သူ့ကိုသိမ်းပိုက်ချင်စိတ်တွေပေါ်လာပြီ။

ထိုအခိုက်မှာပဲ ဒီအကြောင်းတွေးနေရင်း လီယွိကို သူ့ရှေ့ရောက်စေချင်လာတယ်။

ကျန်းဆွေ့ယင်းဖုန်းကိုထုတ်ပြီး လီယွိကို မနေနိုင်မထိုင်နိုင်စာပို့လိုက်တယ် "ရှောင်လီဇီ ဘာလို့အလုပ်မလာတာလဲ?"

အကြာကြီးစောင့်နေတာတောင် ပြန်စာရောက်မလာတော့ ကျန်းဆွေ့ယင်းနောက်တစ်စောင်ထပ်ပို့လိုက်တယ် "မနက်ဖြန်အလုပ်ကိုလာခဲ့ ရှောင်လင်ဇီလည်း လာလိမ့်မယ်"

ဒီစာကြောင်းကလည်း ပင်လယ်ကြီးထဲကျသွားသလိုပဲ စာမလာသတင်းမကြားရဖြစ်နေတယ်။ ကျန်းဆွေ့ယင်း နည်းနည်းတော့ စိတ်ပျက်သွားရတယ်။ အတော်ကြာ တွန့်ဆုတ်ဆုတ်လုပ်နေပေမယ့် ဖုန်းတော့လှမ်းမဆက်ရဲသေးဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now