Chapter - 11

15.4K 2.6K 171
                                    

{Zawgyi}

ရက်အနည်းငယ်လောက် အိမ်မှာနားလိုက်တော့ ကျန်းဆွေ့ယင်းရဲ့ ကုမ္ပဏီမှာလုပ်စရာပရောဂျက်တွေအများကြီး စုပုံလာတယ်။

သူရုံးပြန်စတက်တော့ စာရွက်စာတမ်းတွေကြားမှာ ရက်တွေဆက်တိုက် ခေါင်းစိုက်ပြီးလုပ်လိုက်ရတယ်။ အဲ့တာတောင်မှ လီရွှမ်းကိုအပြင်မှာ ထမင်းဖိတ်ကျွေးဖို့ကို မှတ်မိနေသေးတယ်။

ထင်တဲ့အတိုင်း လီရွှမ်းက အရမ်းအလုပ်များတဲ့လူတစ်ယောက်။ ကျန်းဆွေ့ယင်းနှစ်ရက်လုံးလုံး မေးတာတောင်မှ သူ့မှာအားတယ်ဆိုပြီးမရှိဘူး။

အလွန်အကျွံစိတ်အားထက်သန်နေသလိုမျိုးပုံမပေါက်စေချင်တာကြောင့် ကျန်းဆွေ့ယင်းဆက်မခေါ်တော့ဘဲ အခွင့်သာတော့မှ နောက်ထပ်အခွင့်ကောင်းတစ်ခုရှာဖို့ တွေးလိုက်တယ်။

အစတုန်းက လီရွှမ်းမြို့တော်ကမပြန်ခင် တွေ့နိုင်မှာမဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ ရက်အနည်းငယ်အကြာတော့ လီယွိကမထင်မှတ်ဘဲ ဖုန်းခေါ်လာတယ်။

သူဖုန်းခေါ်တဲ့သူကိုမြင်တော့ ကျန်းဆွေ့ယင်းရဲ့အသည်းနှလုံးတွေ ပြင်းပြင်းထန်ထန်ခုန်ပေါက်သွားတယ်။ ဒါက လီယွိသူ့ကို ပထမဆုံးအကြိမ်ဖုန်းခေါ်လာတာပဲ။

“ဟယ်လို? လီယွိ?”

“ကျန်းကော”

“အိုး ဘာဖြစ်လို့လဲ?”

“ကျွန်တော်အခု အစ်ကိုကြီးနဲ့အတူရှိနေတာ၊ သူဒီညအားတော့ အစ်ကိုအချိန်ရမလားဆိုပြီး မေးခိုင်းနေတယ်”

“ဒါပေါ့ မင်းအစ်ကိုကြီးက မကြာခင်ပဲ ကွမ်ရှီကိုပြန်တော့မှာ.. ကိုယ့်မှာ ဘာအလုပ်ပဲရှိရှိ ဘေးဖယ်ပြီး သူ့ကိုလာတွေ့ရမှာပေါ့”

လီယွိ “အဲ့တာဆိုလည်း ကျွန်တော်တို့ ဒီညဘယ်မှာဆုံမှာလဲ?”

“ကိုယ် မင်းဆီလိပ်စာပို့ပေးလိုက်မယ်… ခုနစ်နာရီလောက်ဆို အဆင်ပြေလား?”

“ပြေပါတယ်.. အဲ့တာဆို ခုနစ်နာရီမှ တွေ့မယ်”

ခုလေးတင် ကျန်းဆွေ့ယင်းအိမ်ရောက်လို့ စားစရာတောင်မှာပြီးသွားပြီဖြစ်ပေမယ့် မှာထားတာကို အမြန်ပြန်ဖျက်လိုက်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Hikayelerin yaşadığı yer. Şimdi keşfedin