Chapter - 13

13.3K 2.4K 52
                                    

{Zawgyi}

နောက်နှစ်ရက်နေတော့ လီယွိက သူ့accထဲကနေ ကျန်းဆွေ့ယင်းကို တကယ်ကြီးပိုက်ဆံပြန်လွှဲလိုက်တယ်။

ဒီလောက်စိတ်ကျေနပ်အောင်လုပ်ပေးနေတာတောင် ထိုလူသားလေးက မမြင်နိုင်ဖြစ်နေတာကြောင့် ကျန်းဆွေ့ယင်းနေမထိထိုင်မသာဖြစ်ခဲ့ရတယ်။

သို့သော်လည်း မကြာခင်မှာ လီယွိအကြောင်းတွေးဖို့တောင် အချိန်မရဖြစ်လာတယ်။ ဒီအတောတွင်းမှာ ပရောဂျက်တစ်ခုက ပြဿနာတက်တာကြောင့် အဲ့တာနဲ့အလုပ်ရှုပ်နေခဲ့တယ်။

မျက်လုံးမှိတ်ပြီးနည်းလမ်းရှာနေတုန်းမှာ သူ့ဖုန်းကအသံမြည်လာတယ်။

အိမ်ကခေါ်တဲ့ဖုန်းဆိုတာမြင်တော့ သူကိုင်လိုက်တဲ့အခါ ကျန်းဆွေ့လင်အသံက စပီကာကနေထွက်ပေါ်လာတယ်။

ဒီကလေးက လှည့်ကွက်အသစ်တွေထွင်နေတယ်ပေါ့။ ပုံမှန်ဆိုရင် သူ(ကျန်းဆွေ့ယင်း)က အိမ်ကဆက်လာမယ့်ဖုန်းကို မျှော်နေတတ်တယ်။ တကယ်လို့ ကျန်းဆွေ့လင်သာ သူ့ရဲ့ဟန်းဖုန်းနဲ့ခေါ်မယ်ဆိုရင် ကျန်းဆွေ့ယင်းက ခုနစ်ခါ ရှစ်ခါလောက် ဆက်တိုက်ချပစ်တတ်တာကို သိနေတယ်လေ။

သူ(ကျန်းဆွေ့ယင်း)ကအရမ်းနုံအနေတာတော့မဟုတ်ပါဘူး အဓိကက သူက အမြဲတမ်းပုန်းရှောင်ဖို့လုပ်တိုင်း သူ(ကျန်းဆွေ့လင်)က သူ့(ကျန်းဆွေ့ယင်း)နားကို ကပ်လို့ရနိုင်မယ့်နည်းလမ်းတွေကို နေ့တိုင်းမရိုးရလေအောင် ရှာလေ့ရှိတယ်။ ကြည့်ရတာ သူအလယ်တန်းကျောင်းတက်ချိန်တည်းက တဖြည်းဖြည်းပြောင်းလဲလာပုံရတယ်။ ဘယ်အချိန်မဆို သူလုပ်လေ့ရှိတယ်။

ဒါပေမယ့် အိမ်ဖုန်းနဲ့ခေါ်တာကိုတော့ တားဆီးလို့မရဖြစ်နေတယ်။

“ကော ကျွန်တော်ပါ”

“အင်း ပြော” ကျန်းဆွေ့ယင်းက ခေါင်းမီးတောက်စရာကိစ္စကို ရှင်းလင်းနေရတာကြောင့် သူ့အသံက တော်တော်လေးဆိုးဝါးနေတယ်။

“လီယွိက ကောဆီမှာလာလုပ်နေတာလား?”

“အင်း”

“လာတောင် လာနေပြီလား”

“အင်း” ဖုန်းက အသံတိတ်သွားတယ် “ကော ကျွန်တော်မနက်ဖြန်လာမယ်လေ”

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now