Chapter - 48

14.3K 2.5K 115
                                    

{Zawgyi}

•သေလိုက်တော့ မိုးကောင်းကင်ကြီးရေ! ဒါက သေရေးရှင်ရေးကွ!•

အလုပ်သမားခေါင်းဆောင်က သူတို့လူအုပ်ကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို လိုက်ရှင်းပြနေတော့ ကျန်းဆွေ့ယင်းက အလေးအနက်ထားကာ တစ်လျှောက်လုံး မေးခွန်းတွေထုတ်ခဲ့တယ်။

အပြင်ပန်းကိုကြည့်ပြီးနောက် အဆောက်အအုံထဲဝင်ခဲ့ကြတယ်။ ငြမ်းစင်က လေတိုက်ခံထားရတာဖြစ်လို့ လှုပ်နေတာဖြစ်ပြီး ကြည့်ရတာအတော်လေး ကြောက်စရာကောင်းနေတယ်။

ကျန်းဆွေ့ယင်းနဲ့ လီယွိနှစ်ယောက်စလုံးက တစ်ယောက်နားတစ်ယောက်နေပြီး သောကတွေဖြစ်နေကြတယ်ဆိုပေမယ့် အလုပ်ကိုတော့ အရမ်းကိုအလေးအနက်ထားပြီးလုပ်ကြတယ်။ ကျန်းဆွေ့ယင်းက အလုပ်သမားခေါင်းဆောင်ကို တစ်ခုခုပြောလိုက်ပြီဆိုရင် လီယွိက လက်ထောက်တစ်ယောက်အနေနဲ့ ရေးချထားတယ်။

သူတို့အုပ်စုမှာ လူခြောက်ယောက် ခုနစ်ယောက်လောက်ပါလာတယ်။ တချို့က သူတို့ဘာသာလူစုခွဲပြီး တခြားအလွှာတွေကိုသွားကြည့်ကြတယ်။ လီယွိကတော့ ကျန်းဆွေ့ယင်းနောက်သာ လိုက်နေရတယ်။ လီယွိအပါအဝင် အလုပ်သမားခေါင်းဆောင်နဲ့ Sanyaရုံးက လူတွေလည်းပါတယ်။

တစ်ဝက်လောက်ကြည့်ပြီးတဲ့အခါ Sanyaရုံးကလူဆီကို ရုတ်တရက် ဖုန်းတစ်ကောဝင်လာတယ်။ ခဏလောက် 'အင်း..အဲ'လုပ်ပြီးနောက် ဖုန်းချကာ ကျန်းဆွေ့ယင်းနားကို ပြေးလာတယ် "Mr.ကျန်း"

"ဘာကိစ္စလဲ?"

"ကုန်းမြေနဲ့စွမ်းအင်အရင်းအမြစ်ဌာနက ဒါရိုက်တာယန်းဆက်တာ ခင်ဗျား Sanyaကိုရောက်နေတာ ဘယ်လိုသိသွားလဲတော့ မပြောတတ်ဘူး၊ အဲ့တာအခု သူက ညစာစားဖို့တောင်းဆိုနေတယ်"

"အာ? ကျုပ်ဒီမှာရှိတာကို သူဘယ်လိုလုပ်ပြီးသိသွားတာလဲ?"

"ကျွန်တော်တို့လည်း မသိဘူး၊ ခင်ဗျားဒီတစ်ခေါက် အလောတကြီးလာရတယ်ဆိုတော့ တစ်ယောက်မှ သိမှာမဟုတ်ဘူးလို့ထင်ခဲ့တာ၊ အခု သူသိသွားပြီဆိုတော့..."

"ဖုန်းကလည်း ဝင်လာပြီးနေပြီဆိုတော့လည်း မတတ်နိုင်ဘူးပေါ့၊ ပြီးတော့လည်း အစပိုင်းမှာတုန်းကလည်း သူက ကျုပ်တို့ကို အများကြီးကူညီပေးခဲ့တာပဲလေ" ကျန်းဆွေ့ယင်း သက်ပြင်းအသာချကာ အချိန်ကိုကြည့်လိုက်တယ် "အဲ့တာဆိုလည်း အမြန်သွားမှရတော့မယ် မဟုတ်ရင် နောက်ကျနေလိမ့်မယ်"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now