{Zawgyi}
•ဝဲပျံနေတဲ့တစ္ဆေဟာ အရေးမစိုက်နိုင်ဘူး!•
ကျန်းဆွေ့ယင်း ပေဟိုင်းရဲ့ဒါရိုက်တာကို ဖုန်းခေါ်ကာ ကုန်းမြေကိစ္စကို မေးပေမယ့် တစ်ဖက်လူက မရှင်းမလင်းနဲ့ သူထိုကိစ္စကို ထပ်ပြီးအာရုံမစိုက်ခဲ့မိဘူးလို့သာ ပြောလာတယ်။
သူ ဒီတိုင်းတော့ လက်မလျှော့နိုင်ဘူး။ အခုချိန်မှာ တစ်ဖက်လူတွေရဲ့ မလိုအပ်တဲ့လူသားခံစားချက်တွေကို ဂရုမစိုက်နိုင်တော့ဘူး။ တစ်နေကုန် ဖုန်းတွေခေါ်နေပြီး နောက်ဆုံးမှာတော့ များစွာသောအဆက်အသွယ်တွေကတဆင့် တာဝန်ရှိတဲ့ခေါင်းဆောင်ကို ရှာတွေ့သွားကာ ထိုကိစ္စကို တိုက်ရိုက်ပိတ်ချလိုက်တယ်။
ဒီလိုမှပေါ့ အကယ်၍များ ဒီမကောင်းတဲ့ကောင်နှစ်ကောင်ကို ဂုဏ်မောက်ခိုင်းလိုက်မယ်ဆိုရင် သူက ကျန်းဆွေ့ယင်းမဟုတ်တော့ဘူး။ ဒီကုန်းမြေကို ဆုံးရှုံးရတာက ဇီဝထုတ်ကုန်ကုမ္ပဏီနဲ့ထိုကုမ္ပဏီနှစ်ခုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်။ အခုချိန်မှာ လီယွိကဆက်ပြီး ရန်ပုံငွေတွေ ဖြည့်ပေးကာ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကို အချိန်မှီအဖတ်ဆယ်နိုင်မလားဆိုတာကတော့ ပြဿနာတစ်ခုဖြစ်သွားပြီ။
ဒီလိုလုပ်ပြီးနောက် ဇီဝထုတ်ကုန်ကုမ္ပဏီနဲ့ တာဝန်ကျတဲ့လူရဲ့အချက်အလက်တွေအားလုံးကို ဖော်ထုတ်ဖို့အတွက် သူတစ်စုံတစ်ယောက်လွှတ်ပေးလိုက်တယ်။ သူ့အမြင်အရဆိုရင် ထိုလူနှစ်ယောက်က အကျိုးအမြတ်သေးသေးလေးတွေကို လောဘတက်ကြပြီး စိတ်ပြောင်းလဲလွယ်ကြတယ်။ သူတို့မှာ စီးပွားရေးအမြင်မရှိသလို သူတို့(ကျန်းဆွေ့ယင်းတို့)နဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်လည်းမရှိဘူး။ လီယွိက သူတို့ရဲ့ငွေလုံးရန်ပုံငွေတွေကို ပြန်စဉ်းစားလိမ့်မယ်။ ဇီဝထုတ်ကုန်ရဲ့ ဝင်ငွေထွက်ငွေက ကနဦးပိုင်းသာရှိသေးတယ်။ အခုချိန်မှာ သူတို့ရဲ့ငွေလုံးပြတ်သွားမှာကို သဘောတူမှာမဟုတ်ဘူး။ ကျန်းဆွေ့ယင်းသာ အဲ့ကနေ ချို့ယွင်းချက်တစ်ခုလောက်ရှာနိုင်တာဖြစ်ဖြစ် အကျပ်ကိုင်ကာ သွေးဆောင်တာမျိုးလုပ်လိုက်မယ်ဆိုရင် ထိုလူနှစ်ယောက်က သေချာပေါက် လီယွိကိုပါ ဆန့်ကျင်နိုင်လောက်တယ်။
![](https://img.wattpad.com/cover/228079526-288-k312365.jpg)
YOU ARE READING
အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}
RomanceTitle - You are in love with an Idiot《你却爱着一个傻逼》 Author - 水千丞 Shui Qian Cheng Type - Web Novel Chapters: 123 +2 extras + 100 Q&A Status: Ongoing Eng Translator: Sae | Ice Myanmar Translator: Kay_Wine I have permission to translate for this novel.😉