Chapter - 116

20K 3.1K 1.1K
                                    


{Zawgyi}

•အဲ့လောက်ကြာအောင် မစောင့်နိုင်ဘူး•

"Yo? အဆက်အသွယ်ပြတ်နေတာ ဘယ်လောက်တောင် ကြာပြီလဲ? ရုတ်တရက်ကြီး ဘာလို့ဖုန်းခေါ်တာလဲ?"

ဖုန်းတစ်ဖက်က ထွက်ပေါ်လာတဲ့ အမျိုးသားတစ်ယောက်ရဲ့လေသံက စကားသေချာပြောဖို့တောင် ပျင်းရိနေပုံပေါ်တယ်။ ပုံမှန်အတိုင်းသာဆို ကျန်းဆွေ့ယင်းသူ့ကို စနောက်မိမှာဆိုပေမယ့် အခုက ဒီလိုစိတ်အခြေအနေမျိုး ရှိမနေဘူး။

"ငါ့မှာ ကိစ္စရှိနေလို့ မင်းကို ရှာလိုက်တာ"

"အဓိပ္ပါယ်မရှိလိုက်တာ... ခေါ်ချင်ရင် ခေါ်သာခေါ်လိုက်၊ စကားပြောတာပေါ့" ရှောက်ချွင်က သမ်းကာ သူ့ရဲ့ရီဝေဝေမျက်လုံးတွေကို ပွတ်သပ်လိုက်တယ်။

ကျန်းဆွေ့ယင်း ဗြောင်ကျကျပြောလိုက်တယ် "မင်း လီယွိကို သိလား?"

"လီယွိ? ဟေ့ အခု ဘယ်သူက သူ့ကိုမသိဘဲနေမှာလဲ?"

ကျန်းဆွေ့ယင်းနှလုံးသား နစ်မြုပ်သွားရတယ် "မင်း ဘာကိုပြောချင်တာလဲ?"

"အဲ့ကလေးက ဘ၀ပေါင်းရှစ်ရာလောက် ပိုက်ဆံဆိုတာကို မမြင်ဖူးခဲ့တာဖြစ်မယ်၊ ပိုက်ဆံကို ဒီလောက်သည်းကြီးမည်းကြီး ရှာတဲ့လူမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး... သူ့ရဲ့လုပ်ဆောင်ချက်တွေက ကြီးလွန်းလို့ လူတွေတောင် မနာလိုဖြစ်ရတယ်၊ အထက်ပိုင်းက တစ်ယောက်ကတော့ သူ့ကိုသတိထားမိနေပြီ"

ကျန်းဆွေ့ယင်း အသံခပ်နိမ့်နိမ့်နဲ့ ပြောလိုက်တယ် "ကိစ္စတွေက ဘယ်လောက်တောင် ပြင်းထန်နေပြီလဲဆိုတာ ငါ့ကိုပြောပြအုံး၊ မင်း ဘယ်လောက်သိထားလဲ"

ရှောင်ချွင်က ပြောလိုက်တယ် "သူက မင်းနဲ့အသိလား?"

"...အင်း"

"ဒါဆိုရင်တော့ သူနဲ့ ပက်သက်မနေနဲ့တော့ တတ်နိုင်သမျှ ဝေးဝေးနေ"

ကျန်းဆွေ့ယင်းက "စိတ်မပူနဲ့၊ မင်းကြာထားသမျှကိုသာ ငါ့ကို ပြောပြ"

ရှောင်ချွင် ခဏလောက် အသံတိတ်သွားတယ် "အရမ်းအရေးပါတဲ့ မိတ်ဆွေလား?"

ကျန်းဆွေ့ယင်း သက်ပြင်းချလိုက်တယ် "ငါ သူ့ကို မသိချင်ယောင်ဆောင်ထားလို့ မရဘူး၊ အခု သူ့ကိုထုတ်နိုင်ဖို့က အရမ်းနောက်ကျသွားပြီလားဆိုတာကို သိချင်တယ်"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now