Chapter - 6

17.1K 2.9K 164
                                    



{Zawgyi}

ကျန်းဆွေ့ယင်းရဲ့တိုက်ခန်း မြေအောက်ကားပါကင်မှာ လီယွိကားရပ်လိုက်တယ်။

ကျန်းဆွေ့ယင်း ရွှီခနဲလေချွန်လိုက်တယ် "မဆိုးပါဘူး ဘယ်သူသင်ပေးထားတာလဲ?"

"ကျွန်တော့်အစ်ကို" လီယွိတံခါးဖွင့်ကာ ဆင်းလာပြီး တစ်ပတ်ပတ်ကာ သူ့ကိုထိုင်ခုံကနေ ထလာနိုင်အောင် ကူညီပေးတယ်။

ထိုအခိုက်မှာ ကျန်းဆွေ့ယင်းက အနည်းငယ်အရှက်ကင်းမဲ့စွာ ဘာအားမှမရှိတော့သလိုဟန်ဆောင်ပြီး လီယွိကိုမှီချလိုက်တယ်။ 180cmကျော်ကျော်လောက်ရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်တော့ ဘယ်သူမဆိုကျန်းဆွေ့ယင်းကိုယ်အလေးချိန် ဘယ်လောက်ရှိနိုင်မလဲဆိုတာ ခန့်မှန်းနိုင်ကြမှာပဲ။ သူ့ကိုကားထဲက ထွက်နိုင်အောင်ကူပေးပြီးချိန်မှာ လီယွိချွေးစို့နေပြီဖြစ်တယ်။

"Owww" သူ့ခြေထောက်နဲ့သူ 'အင်မတန်အားပျော့'လှစွာ ခလုတ်တိုက်မိပြီး ကျန်းဆွေ့ယင်းအော်သံလေးထွက်လာကာ လဲကျတော့မလိုနီးပါးတောင်ဖြစ်သွားတယ်။ ကျိုးကြောင်းဆီလျော်တဲ့ဗျူဟာနဲ့ လီယွိရဲ့ခါးကို 'အားပြု'ဖို့အတွက် ယဉ်ကျေးမနေတော့ဘဲ ဖက်ပစ်လိုက်တယ်။

လီယွိပင့်သက်ရှိုက်မိသွားတယ်။ "ကျန်းကော အရမ်းပူတယ်.. ကျွန်တော့်ကိုမှီမထားနဲ့" ကားပါကင်မှာ လေအေးပေးစက်မတပ်ထားတဲ့အပြင် သူတို့ကလည်းခုလေးတင် ဘတ်စကတ်ဘောကစားလာတာကြောင့် ချွေးတွေရွှဲနေသေးတယ်။ အခုနှစ်ယောက်သားပူးကပ်နေတော့ ဘယ်လောက်တောင်နေရခက်လိုက်သလဲဆိုတာ ပြောစရာတောင်မလိုတော့ဘူး။

ဒါပေမယ့် ကျန်းသခင်လေးကတော့ မထင်ပေါင်~ သူတွေးနေတာက ဒီခါးလေးက ဘယ်လောက်တောင်သွယ်လိုက်သလဲဆိုတာ၊ သိရဲ့လား~ ဒီလည်တိုင်လေးက ဖြူဖွေးလွန်းလို့ တစ်ကိုက်လောက်ဖြစ်ဖြစ် တကယ်ကိုက်ချပစ်လိုက်ချင်တယ်!

လီယွိကတော့ ဂုဏ်သရေရှိကျန်းသခင်လေးရဲ့စိတ်ထဲက စက်ဆုပ်စရာကောင်းပြီး ဆိုးယုတ်တဲ့အတွေးတွေကို မသိရှာဘူး။ သူ့စိတ်ထဲမှာက ကျန်းဆွေ့ယင်းရဲ့ခြေထောက်ကို ခိုက်မိသွားအောင်လုပ်ခဲ့လို့ စိတ်ပူတာနဲ့ ဝတ္တရားအရသူ့ကိုအိမ်ပြန်ပို့ပေးရတာလို့ပဲ မှတ်ယူထားတယ်။ တဖက်မှာ ကျန်းဆွေ့လင်သူ့ကို ဘယ်လိုမြင်သွားမလဲ?

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now