Chapter - 114

18.5K 2.8K 369
                                    

{Zawgyi}

•ချစ်သူလေးရဲ့ ကယ်တင်ခြင်းကိုခံရ•

လီဝမ်ယောင်က သူတို့ကို ဟိုတယ်အောက်ထပ်မှာ ဒီတိုင်းထားသွားခဲ့တယ်။

ကျန်းဆွေ့ယင်းနဲ့ လီယွိတို့တွေ lobbyကနေ ဘေးချင်းကပ်လျှောက်လာပြီး ဂိတ်ပေါက်ကနေ ထွက်ခဲ့ကြတယ်။ တစ်လျှောက်လုံးလည်း ဘာစကားမှမပြောခဲ့ကြဘူး။ ဟိုတယ်ရဲ့ကားပါကင်ဝင်းကို ဖြတ်လာပြီးနောက် ရုတ်တရက် ကျန်းဆွေ့င်းက ပြန်လှည့်ကာ လီယွိရဲ့ကော်လံကို ဆွဲပြီး နံရံမှာ ဘန်းခနဲဖိကပ်လိုက်တယ်။

အလင်းရောင်မှိန်မှိန်အောက်မှာ နှစ်ယောက်သား မျက်လုံးချင်းဆုံသွားတယ်။ ငြိမ်သက်နေတဲ့လီယွိမျက်လုံးတွေကြောင့် သူဘာတွေတွေးနေမှန်း ကျန်းဆွေ့ယင်း မခန့်မှန်းနိုင်လောက်အောင် ဖြစ်နေရတယ်။

သူ လီယွိရဲ့ရင်ဘတ်ကို ဖိထားပြီး မျက်လုံးတွေကို သေချာစိုက်ကြည့်လိုက်တယ်။ လီယွိရဲ့ ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ပြီး အိတ်ဆောင်ပစ္စတိုကို ထုတ်ယူလိုက်တယ်။

လီယွိက သေနတ်အတုနဲ့ လူတွေကို ခြောက်လှန့်တာဖြစ်ပါစေလို့ မျှော်လင့်မိပေမယ့် စီးနင့်နေတဲ့အလေးချိန်နဲ့ ထူးခြားတဲ့သတ္တုအနေအထားကို ခံစားမိလိုက်ချိန်မှာ သူ့ရဲ့သေနတ်ကိုထိတွေ့ဖူးတဲ့ ကန့်သတ်ချက်အတွေ့အကြုံအရ သူ့လက်ထဲမှာ ရှိနေတာက တကယ့်ပစ္စည်းဆိုတာ သိလိုက်ရတယ်။

ကျန်းဆွေ့ယင်းက ဘေးဘီမှာ လူတစ်ယောက်မှမရှိတာကို မြင်တော့ သေနတ်ကို မျက်စိရှေ့ထောင်လိုက်ကာ အံကြိတ်ပြီးမေးလိုက်တယ် "ရှင်းစမ်း မင်းမှာဘာလို့ ဒီလိုပစ္စည်းရှိနေတာလဲ? ဒီတစ်လျှောက်လုံး မင်းဘာတွေလုပ်နေတာလဲ?"

လီယွိက သူ့လက်ကိုကိုင်ကာ လက်ဖဝါးဆီ ဖြေးဖြေးချင်းလျှောချလာပြီး အမူအယာတစ်စက်လေးတောင်မရှိဘဲ သေနတ်ကို ပြန်ယူလိုက်တယ်။ သူ သေနတ်ကိုခါပြီး ပြောလာတယ် "ကျန်းကောရာ ကျည်ဆံတော့ မရှိပါဘူး"

ဒီလိုပြောပြီးတာနဲ့ ဖုန်းတစ်လုံးလိုမျိုး သူ့အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။

ကျန်းဆွေ့ယင်းက "ဘယ်ကဘယ်လိုရလာတာလဲဆိုတာ မင်းကို ရှင်းပြခွင့်ပေးမယ်"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora