Chapter ( 117+118 )

817 195 11
                                    

Chapter ( 117 ) -ခေါင်းလျှော်ရခြင်းရဲ့ အကြောင်းရင်း (unicode+zawgyi)


ချန်ကောက ဒေါက်တာကောင်းပြောလိုက်သည့် စကားကိုနားမလည်နိုင်ဖြစ်နေသည်။

"ဆံပင်ကိုလျှော်တယ်ဆိုတာ  ကိုယ့်ကိုယ်ကိုကာကွယ်တဲ့ နည်းလမ်းနဲ့ ဘယ်လို ဆက်စပ်နေတာလဲ"

"PSTD ဆိုတာ  အစောပိုင်း ငယ်ဘဝက ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာလို့လည်း သတ်မှတ်ထားတယ်။ မန်နန်က သူ့ဆံပင်ကို  အကြိမ်ကြိမ်ဆေးကြောတယ်ဆိုတာ  စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာကနေ လွတ်မြောက်ရန်ဖို့ ဖြစ်နိုင်တယ်။ ဒါက သူ့အတိတ်နဲ့ပတ်သတ်နိုင် လောက်တယ်။ "
 

"သူ့အတိတ်လား?"

"ဟုတ်တယ်၊ သူအတိတ်က အတွေ့အကြုံတွေက သူ့အတွက် အကြီးအကျယ်စိတ်ဒဏ်ရာဖြစ်စေခဲ့တယ်။ သူ့ကိုသတိပေးလိုက်တိုင်း သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထ် တုန့်ပြန်တယ်။ နာကျင်မှုကိုဖြေလျှော့ဖို့ သူဟာ အလိုလို ကာကွယ်တဲ့ နည်းလမ်းရှာပြီး သူ့ကိုယ်သူ ပိုကောင်းအောင်လုပ်နိုင်တယ်။ ဒါတွေက ငါ့ရဲ့လေ့လာတွေ့ရှိချက် အပေါ် အခြေခံထားတာပဲဖြစ်တယ်။ သူ့အတွက် သက်သာရာ ရတဲ့နည်းလမ်းက သူ့ဆံပင်ကိုဆေးပေးဖို့ပဲ။ "

ခဏကြာတော့ဆရာဝန်က ကနောက်စာ တစ်စောင်ပို့လိုက်တယ်။

"စာသင်တာအစမှာ တစ်ချိန်က မန်နန်ကို သူဘာကြောင့် စိတ်ပညာလေ့လာဖို့ ရွေးချယ်တာလဲလို့မေးခဲ့တယ်။ သူက တစ်ယောက်ယောက်ရဲ့ ရောဂါကို ကုသ ပေးချင်တယ် လို့ပြောပြီး သူကိုယ်တိုင် အကြောင်းပြောနေတာပဲ ဆိုတာအခု ငါ သဘောပေါက်လာပြီ"

"ဒီပြသနာက မန်နန် ငယ်စဉ်ကဖြစ်ခဲ့တာနဲ့တူတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုထပ်ပြီးမေးစရာရှိတယ်။ သူ့သမိုင်းကိုသိမှ သူ့ကို ကူညီနိုင်မှာပါ။ "

"တကယ်လို့ ငါခန့်မှန်းတာ မှန်ရင် သူ့ကို ထပ်မေးလို့ မရနိုင်လောက်တော့ဘူး။  သူက သူ့ရဲ့ အတိတ်ဖြစ်ရပ်ကို မေ့ပျောက်ဖို့ ကြိုးစားနေလို့ပဲ။ ငါတို့က သူ့ကိုမေးလိုက်ရင် သူ့ကို အဆုံးထိ တွန်းပို့ရာကျလိမ့်မယ် "

"ဒါဆို ကျွန်တော်တို့ သူ့မိသားစုကို ဆက်သွယ်လို့ရနိုင်တယ်။ အဲဒီလူက နာကျင်နေတယ်၊ ဒါပေမယ့် သူ့မိဘတွေက သူ့ကို ဂရုမစိုက်ဘူးလား။ ဒီလိုလုပ်တာက မှန်တယ်လို့ မထင်ဘူး။ "

ချန်ကောက မန်နန်ရဲ့လက်ရှိ ဖြစ်နေတဲ့ ပုံကို နဲ့ အခြေအနေကို ဓာတ်ပုံရိုက်ပြီး မန်နန်ရဲ့ မိဘများထံ ပို့ချင်နေခဲ့သည်။

"အစောပိုင်း ဖုန်းခေါ်ချိန်မှာ သူတို့ကို ငါမေးခဲ့တယ်။ မန်နန်က သူငယ်ငယ်ကတည်းက သူ့ဆံပင်တွေကို လျှော်တာကို စွဲလမ်းနေပြီး အမြဲအဲ့လို လုပ်တတ်တယ်လို့ သူ့မိဘတွေက ပြောခဲ့တယ်။ ဒါက စိတ်ပူစရာမဟုတ်ဘူးလို့ သူတို့က ယူဆတယ်လေ။  "

"ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲလို့သူတို့ပြောခဲ့သလား။"

"မဟုတ်ဘူး၊ မန်နန် ငယ်ငယ်တုန်းက သူ့မိဘတွေက သူ့ကိုစိတ်ရောဂါကု ဆရာဝန်ဆီ သွားခိုင်းသေးတယ်။ အဲ့ဒီနောက် ရောဂါက OCD လို့ခေါ်တယ်ဆိုပြီးပြော ခဲ့တယ်။ သူ့လို့ အသက်ငယ်ငယ် ကလေးအတွက် ဒီလိုရောဂါဖြစ်တာက အရမ်း ရှားပါးတယ်။ သူ ငယ်ငယ်တုန်းက ဆေးလည်း တိုက်လို့မရသေးလို့  စိတ်ရောဂါအထူးကုဆရာဝန်က သူ့မိဘတွေကို သူနဲ့ တရင်းတနှီးနေဖို့ပဲ အကြံပေးခဲ့တယ်တဲ့ "

"သူ့မိဘတွေက ဆရာဝန်ရဲ့အကြံပေးချက်ကို မလိုက်နာခဲ့ဘူးဆိုတာ  ထင်ရှားပါတယ်။ "

မန်နန်ရဲ့မိဘများက သူ့ကိုဂရုစိုက်မယ်ဆိုရင် သူတို့ကအေးအေးဆေးဆေးပဲပြုမူနေမှာ မဟုတ်ဘူး။

"OCD ရောဂါ နည်းနည်းလေးက နေ့စဉ်ဘဝကို အနှောင့်အယှက်ပေးတာ မဟုတ်ပါဘူး။ ဒါကြောင့်သူ့မိဘတွေက စိတ်ထဲ မထည့်ခဲ့ကြဘူး။ ဒ့ါ အပြင် ငါ ထပ်စုံစမ်းကြည့်တော့ မန်နန်ရဲ့ အမေရင်းက သူ အသက် ခြောက်နှစ်အရွယ်မှာ သေဆုံးသွားခဲ့တယ်။ အဲ့နောက် သူ့အဖေက နောက်အိမ်ထောင်ပြုခဲ့တယ်။ ဒုတိယအိမ်ထောင်နဲ့ သူက မန်နန်ရဲ့ ညီလေးကိုမွေးပေးခဲ့တယ်"  


" မိခင်ရင်း သေဆုံးခဲ့တာလား   "

ချန်ကောသည် သူတို့၏စုံစမ်းစစ်ဆေးမှုတွင် မျှော်လင့်ချက် အလင်းရောင်တစ်ခုမြင်ခဲ့သည်။

"သူ့မိဘရင်းတွေက ကောင်းမွန်သောဆက်ဆံရေး မရှိခဲ့ကြဘူး။  သူ့အဖေက အိမ်မှာ မရှိတာ များတယ်။ သူ့ကို သူ့အမေတစ်ယောက်တည်းကပဲ  ပြုစုပျိုးထောင်ခဲ့တယ်။ တစ်နေ့တွင် သူခိုးက သူတို့အိမ်ထဲကို ဝင်ခိုးခဲ့ရင်း အိမ်ထဲဝင်လာသည်။ သူ့အဖေကဘာဖြစ်ခဲ့တယ်ဆိုတာ မသိခဲ့ဘူး။ နောက်တနေ့ကျမှ အိမ်နီးချင်းက ရဲကို ဖုန်းဆက်ခေါ်ပေးခဲ့တယ်တဲ့"


"နောက်တစ်နေ့မှလား?"

ချန်ကော၏နှလုံးသားသည်တုန်လှုပ်ချောက်ချားသွားသည်။

"အဲဒီနောက်ရာဇ ၀ တ်မှု ဖြစ်တဲ့ကာလအတွင်းမှာ မန်နန်က ဘယ်မှာလဲ"

"ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာသည့်အချိန်မှာ မန်နန်ကို သူ့အမေ အသတ်ခံရတာကို အရင်မြင်ခဲ့ရတဲ့သူ ဖြစ်နေတာကို တွေ့ခဲ့ရတယ်"


ဒေါက်တာကောင်းဆီက စာကို ဖတ်ရင်း ချန်ကောရဲ့ ကျောရိုးထဲက အေးစိမ့်လာခဲ့သည်။

  "   အဓိပ္ပာယ်က မန်နန်က သူ့အမေရဲ့ အလောင်းနဲ့ အတူ အိမ်ထဲမှာ တညလုံး ရှိနေခဲ့တာလား။ နောက်တစ်နေ့မနက်မှပဲ သူ ရှာဖွေတွေ့ရှိတာလား?"

" ဖြစ်ပုံအရကြည့်ရင် သူခိုးက မန်နန်ကို သနားလို့လား၊ ဘေးကလူတွေ နိုးလာလို့ မိသွားမှာစိုးလို့ ထွက်ပြေးသွားသလားမသိဘူး။ မန်နန်က သူ့အမေ အသတ်ခံလိုက်ရလို့ သေသွားတာကို သူ မြင်ခဲရလိမ့်မယ်။ သူ့ရဲ့ နှလုံးသား  အနက်ရှိုင်းဆုံးနေရာမှာ စိတ်ဒဏ်ရာကျန်ခဲ့လိမ့်မယ်။ ဒီဖြစ်ရပ်က သူ့ရဲ့  OCD နှင့် PTSD ရောဂါဖြစ်ရတာနဲ့  ဆက်နွယ်နေတယ်လို့ ငါ သံသယရှိပေမယ့် သူ ဘာကြောင့် ခေါင်းလျှော်ဖို့လိုနေတယ်ဆိုတာ စဉ်းစားလို့ မရခဲ့ဘူး။ ဒါက လူသတ်မှုနဲ့ ဘယ်လို ပတ်သတ်နေတာလဲ   "

ဆရာဝန် ၏တုံ့ပြန်မှုမှာ ရှုပ်ထွေးမှုနှင့်ပြည့်နှက် နေသည်။ ချန်ကောလည်း ထပ်တူမေးခွန်းမျိုးမေးချင်သည်။ သူက မှန်ရှေ့မှာရပ်ပြီး သူ၏ပုံရိပ်ကို ကြည့်သည်။ ဆံပင်ကိုလျှော်နေတာလား။ ကိုယ်ကိုယ်ကို ကာကွယ်ရေးယန္တရားလား?

သူသည် မန်နန်ရဲ့နေရာမှာ ကိုယ့်ဖာသာရောက်နေသလို   ပုံဖော်ကြည့်လိုက်သည်။ ချန်ကောသည် သူ၏လည်ပင်း၏နောက်ကို ထိမိလိုက်ရာ တစ်စုံတစ်ရာကို ရုတ်တရက်သတိရလိုက်သည်။ ရေကျခြင်း...


သူက ချက်ချင်းပဲ ဒေါက်တာကောင်းဆီကိုစာပို့လိုက် တယ်။

"မန်နန် အမေရဲ့ အလောင်းကို ဘယ်ကနေ  ရှာဖွေတွေ့ရှိခဲ့သလဲ။ "

"သူခိုးက သူမကိုသတ်ပြီးတဲ့နောက် သူက ရေချိုးခန်းမျက်နှာကြက်က  ပျဉ်ပြားတွေကို ဖယ်လိုက်ပြီး သူမကို အပေါ်ကိုတွန်းတင်ထား ခဲ့တယ်တဲ့။  အိမ်နီးချင်းမိသားစုက သူတို့နဲ့ ဆက်ဆံရေးကောင်းရှိလို့သာပေါ့။ မဟုတ်ရင် ဘေးအိမ်က ကလေးတွေက မန်နန်နဲ့ အတူတူ ကျောင်းသွားတာ၊ လုပ်မှာမဟုတ်ဘူး"

"ရေချိုးခန်းအပေါ်က မျက်နှာကြက်ထဲလား ?"

ချန်ကောသည် သူရှိနေသည့်ရေချိုးခန်းရဲ့ မျက်နှာကျက်ကိုကြည့်ရန် သူ၏ခေါင်းကိုမြှောက် လိုက်သည်။ သူက အဲဒီမှာရပ်နေဖို့ ဖိအားပေးခံရသလို ခံစားလိုက်ရတယ်။

"မန်နန် ခေါင်းလျှော်ကရတဲ့  OCD က ဘာကြောင့်လဲဆိုတာ ကျွန်တော် နားလည်ပြီ"

သူသည်ဆရာဝန်ကို ဖုန်းဖြင့် စာပို့ကာ ပြောလိုက်သည်။

"ဒါက တကယ်ဖြစ်ပျက်ခဲ့တာဖြစ်နိုင်တာလား။ သူခိုးက အိမ်ထဲကို ခိုးဝင်လာပြီးနောက် အိမ်ရှင်မနဲ့ သားလေးဖြစ်သူကို တွေ့ခဲ့တယ်။  သူ့အမေက သူမရဲကိုခေါ်ဖို့ သွားနေတုန်း မန်နန်ကို ပုန်းနေဖို့ပြောခဲ့တယ်။   "

"ဒါဖြစ်နိုင်တယ်၊ ဒါပေမယ့် အဲဒါက ခေါင်းလျှော်တာနဲ့ ဘယ်လို ဆက်စပ်နေတာလဲ"

"မန်နန်က သူ့အမေကို သတ်တာကို မျက်မြင်ကိုယ်တွေ့မြင်တယ်။ သူက  ပုန်းနေတယ်။ သူခိုးထွက်သွားပြီးနောက် သူ့အမေကို သွားရှာတယ်။ ရေချိုးခန်းထဲ ၀ င်လိုက်ရင် သူ့အမေရဲ့သွေးတွေက သူ့ခေါင်းပေါ်တည့်တည့်ကို ကျလာခဲ့တယ်။  "

ချန်ဂျီသည် ထိုစကားလုံးများကို ရိုက်နေသည့်အခါ သူ မခံစားနိုင်တော့ပေ။ အသက် 6 နှစ်အရွယ်ကလေးလေး၊ သူ့အမေ အသတ်ခံရသည့် သွေးတွေ ခေါင်းပေါ် တစက်စက် ကျနေတဲ့ဖြစ်ရပ်။
 

"ဒါကြောင့် အခုထိ သူက ခေါင်းပေါ်ကို အရည်ကျနေတဲ့ ခံစားချက်ကို ပျောက်စေချင်လို့ ခေါင်းလျှော်တာကို စွဲနေတယ်။ သူ့ ငယ်ဘဝက အဖြစ်ဆိုးကို သူမေ့ပစ်ချင်နေတယ်။  ဒီအဖြစ်အပျက်ကို သူ သတိရ တိုင်း သူက သူ့ဆံပင်ကို ထပ်ခါထပ်ခါလျှော်တယ်။ သူမှတ်ဉာဏ်ကိုလျှော်ပစ်ချင်နေတယ်။  ဒေါက်တာပြောတာမှန်တယ်။ သူက ရိုးရိုး OCD မဟုတ်ဘူး! "

ထိုစာများကိုပေးပို့ပြီးနောက် ချန်ကော သည်ရေချိုးခန်းကို ကြည့်ရှုခဲ့သည်။ ဆရာဝန်ရဲ့အမူယာက ထိတ်လန့်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။


"ရောဂါရဲ့ အကြောင်းရင်းကိုတွေ့ပြီ!"

ဆရာဝန်က သူ့ဖုန်းကိုချပြီး ချန်ကောဆီကို  လမ်းလျှောက်လာလိုက်သည်။

"သူ့ကို ငါ အခုခေါ်သွားပြီး လိုအပ်တဲ့စိတ်ရောဂါကုသမှု ပေးမှာပါ။ "

"ဒါကမလွယ်ပါဘူး"

ချန်ကောက မန်နန်ကိုကြည့်ရင်းခေါင်းခါလိုက်သည်။

"မန်နန်က သူ့အိပ်မက်ထဲမှာ ထပ်တူလုပ်ဆောင်မှုကို ဆက်လက်ပြုလုပ်ခဲ့တယ်၊ ဒါပေမယ့် သူ  ခေါင်းကိုလျှော်တာက ကြောက်စရာမလိုဘူး။ အမှန်တကယ်ကြောက်စရာကောင်းတာက သူ့ဆီချဉ်းကပ်ခဲ့ သူဖြစ်တယ်။ မန်နန်ရဲ့အိပ်မက်ထဲက ထွက်ပေါ်လာတဲ့လူဖြစ်တယ်"

"သူ့အိပ်မက်ထဲက အရာကိုလိုက်ဖမ်းမလို့လား?"

ဒေါက်တာ ကောင်းသည် ချန်ကောကို သံသယဖြစ် ဖွယ်ကြည့်ပြီး ရယ်စရာကောင်းသော အနေအထားတွင် ရှိနေသော မန်နန် ကို ကြည့်ခဲ့သည်။ ထိုအခိုက် အတန့်လေးတွင် သူသည်စိ တ်ရောဂါကုဆေးရုံသို့ပြန် ရောက်သွားသည်ဟု ခံစားမိလိုက်သည်။

"မင်း ငါ့ကို နောက်နေတာလား"


"ကျွန်တော့်မှာ သီအိုရီတစ်ခုရှိနေပြီ။ ဒီညမှ ဒါက မှန်တယ်ဆိုတာ အတည်ပြုပေးလိမ့်မယ်!"

ချန်ကောကသဲလွန်စအားလုံးကိုအတူတကွ  စီထားပြီးဖြစ်လို့ သူက ၆၀ % ယုံကြည်မှုရှိတယ်။ ဒီအခန်းထဲမှာ 'လူ' သုံးယောက်ရှိတယ်။ သူတို့ထဲက ၂ ယောက်ကို အတည်ပြုပြီးပြီ။ တတိယ တစ်ယောက်ရဲ့လျှို့ဝှက်ချက်ကိုပဲဖြေရှင်းဖို့လိုတယ်။  

***-***

Chapter ( 117 ) - သူက ရူးနေတာ

"မင်း ဘာအကြောင်းကို ပြောနေတာလဲ"

ချန်ကော ပြောတာက ဆရာဝန်  ကို ပိုပြီးရှုပ်ထွေးစေ ခဲ့တယ်။ သူသည်ထိုအတွေးအခေါ်နောက်ကို လိုက်မမီတော့ပေ။

 ဟုတ်ပါတယ်၊ ဒါက ဒေါက်တာ ရဲ့အမှားမဟုတ်ဘူး။ ချန်ကောက ဖုန်းအနက်ဆီက ရတဲ့သဲလွန်စဖြစ်တယ်။  အရေးအကြီးဆုံးအရိပ်အမြွက်မှာ မစ်ရှင်အမည်က - အခန်းထဲက လူသုံးဦး ဖြစ်တယ်။

ချန်ကောက ဖုန်းအကြောင်း ပြောပြလို့မရလို့ ဆရာဝန်ကို မရှင်းပြပဲ ထိုတိုက်ခန်းထဲက ထွက်လာသည်။

 

မန်နန်သည်အိပ်မက်တစ်ခုတည်းကို ဆက်လက်ကြုံတွေ့ ခဲ့ရပြီး သူအထင်ရှားဆုံး မှတ်မိသောအချက်မှာ သူ၏ ဆံပင်ကို လျှော်ပစ်ခြင်းဖြစ်သည်။ အိပ်မက် ကိုယ်နှိုက်က အိပ်မက်ဆိုးတစ်ခုအဖြစ် မသတ်မှတ်နိုင်ပေ။ ပန်းခြံထဲမှာ မန်နန်ပြောပြစ်ဉ်က   သူက ဒီအိပ်မက်ကို ပထမဆုံးအကြိမ်ကြုံတွေ့ရချိန်မှာ သူဟာကြောက်ရွံ့ခြင်း မရှိခဲ့ဘူးလို့ပြောခဲ့တယ်။ အဲ့ဒီလူ သူနှင့်နီးကပ်လာပြီးနောက် သူသည်ကြောက်ရွံ့ခြင်းကို စတင်ခံစားခဲ့ရသည်။ ဒါကြောင့်ဒီကိစ္စမှာ မန်နန်ကို အမှန်တကယ်ခြိမ်းခြောက်သူက အဲ့ဒီ တတိယ လူပဲ။

မန်နန်၏အိပ်မက်၏ဖော်ပြချက်က ၎င်းကိုအတည်ပြု ပေးနေသည်။ သူဆံပင်ကိုလျှော်နေတုန်း သူဟာ ဘာခြိမ်းခြောက်မှုမှမခံစားရဘူး။ နောက်ဆုံး အိပ်မက်တွင် ထိုလူသည် သူ့ဘေးဘက်သို့ လှည့်လည်သွားနေပြီး  လည်ပင်းညှစ်ခဲ့သည်။ တတိယလူက သူ့ကိုထိခိုက်စေတယ်ဆိုတာ ထင်ရှားတယ်။

ထို့ကြောင့် အခန်း 303 တွင် မန်နန်က သားကောင်ဖြစ်ပြီး တစ်ယောက်က သူ့ကိုကာကွယ်ပေးချင်နေသည်။
 တရုတ်ရိုးရာယုံကြည်မှုများအရ လူတစ် ဦး ၏ဆံပင်ကို အိပ်မက်တွင်လျှော်ခြင်းက  ကံဆိုးခြင်းကို ဖယ်ရှားခြင်း ဖြစ်သည်။ ထို့ကြောင့် မန်နန် ၏အိပ်မက်က အန္တရာယ် တစ်ခု သူ့နားကို ကျူးကျော်ဝင်ရောက်လာခြင်း ဖြစ်သည်ဟု သတိပေးနေခြင်းဖြစ်သည်။

မန်နန် ၏အတိတ်ကိုဖော်ထုတ်ပြီးနောက် ချန်ကော သည် မန်နန်ကိုကာကွယ်လိုသောသူက သူ၏မိခင်ဖြစ်သည်ဟု သံသယရှိခဲ့သည်။ မန်နန် ကြီးပြင်းလာချိန်တွင် သူမသာ အသက်ရှင်နေသေးပါက သူတို့၌တစ် ဦး နှင့်တစ် ဦး အပြန်အလှန် ချစ်ခင်နေမည်ဖြစ်ပြီး  သူ့အမေက သူ့ကိုထိခိုက်နစ်နာစေရန် အကြောင်းမရှိပါ။ အခြားတစ်ဖက်တွင်မူ သူအားအန္တရာယ်ပြုလိုသူသည် အခန်း ၃၀၃ ရှိ အိမ်ငှားသူဖြစ်သင့်သည်။

ချန်ကော သည်ပထမဆုံးအကြိမ် ဟိုင်မင်တိုက်ခန်းကို ရောက်လာစဉ်က ထုတ်တန်းပေါ်က သံဖရိန်ပေါ်မှာ ချည်ထားတဲ့ အနီရောင်ကြိုးများကို သူ ချက်ချင်း သတိပြု မိခဲ့သည်။ သူတို့က  နတ်ဆိုးများကိုနှိမ်နင်းရန် ရိုးရာအရ ပြုလုပ်တတ်သည့် နည်းလမ်းဖြစ်သည်။ ထိုအချိန်မှစပြီး ချန်ကောက ဒီတိုက်ခန်းထဲမှာ အန္တရာယ်ရှိတဲ့ရှိနေမလားဟု သံသယရှိခဲ့သည်။

မန်နန် ၏အခန်းထဲသို့ မဝင်မီအခန်း ၃၀၁ မှ ဦး လေးက ပြောခဲ့သည့် စကားနှင့်အတူ အနက်ရောင်ဖုန်းမှ မစ်ရှင်အရိပ်အမြွက်က သူ၏ သံသယကို အတည်ပြုခဲ့သည်။

မန်နန်၏အိပ်မက်ထဲမှ ယောက်ျား၏ပုံစံကို သိရန်နှင့် မန်နန်၏ပြသနာကိုဖြေရှင်းရန် သူ သည် အခန်း ၃၀၃ ကို ၀ င်ရမည်။ ထို့အပြင် ထိုအလုပ်က အနက်ရောင်ဖုန်း ကပေးတဲ့ မစ်ရှင်နဲ့လည်း သက်ဆိုင်သည်။


လူများ၏အိပ်မက်ကို အန္တရာယ်ဖြစ်စေအောင် လုပ်နေသည့်  အခန်း ၃၀၃ ထဲမှ အရာတစ်ခုသည် ကြင်နာတတ်သော အရာ မဟုတ်နိုင်ပေ။ ဒါက ချန်ကော အစောပိုင်းက တွေ့ခဲ့ဖူးတဲ့ မှန်ထဲက မကောင်းဆိုးဝါးနဲ့ တူသည်။

လူတွေကို ထိခိုက်စေတဲ့ထိုအရာမျိုးကို ချန်ကော တုန့်ဆိုင်းမှုမရှိ ဖျက်ဆီးပစ်မည် ဖြစ်သည်။


အခန်း ၃၀၁ မှ ဦး လေးက အခန်း ၃၀၃ ၌တစ်စုံတစ် ဦး သည် မသေဆုံးမီက ထိုနေရာမှာ လူမနေပဲ လစ်လပ်နေကြောင်း ပြောခဲ့သည်။ ဆိုလိုသည်မှာ အခန်းအတွင်း၌ ကျန်ရှိနေသည့်အရာသည် သေဆုံးသွားသောအိမ်ငှား၏ သူနေတဲ့နေရာကို စိတ်စွဲနေပြီး မကျွတ်မလွတ်နိုင်သည့် ဝိဉာဉ်ဖြစ် နိုင်သည်။  ချန်ကောသည် တစ္ဆေသရဲများစွာကို တွေ့မြင်ခဲ့ပြီးဖြစ်သည်။ ဒီတိုက်ခန်း 303 မှာရှိတဲ့ အရာက အားနည်းတဲ့ဝိဉာဉ် ရှောင်းရှောင်းထက်၊ မှန်ထဲက မကောင်းဆိုးဝါးထက် အင်အားကြီးမှာ သေချာသည်။


 ငါ မကြောက်ခဲ့ဘူး၊ အခုလည်း  ခုငါဘာကြောင့်ကြောက်သင့်တာလဲ။ ဒါ့အပြင် ငါ့ ပတ် ၀ န်းကျင်မှာ များပြားလှသောလူတွေ ရှိနေပြီး ချက်ချင်းလာကူပေးနိုင်တာပဲ။ ဒါကြောင့် ချန်ကောက မန်နန်ကို တိုက်ခန်းပိုင်ရှင်ရဲ့အခန်းနံပါတ်ကို သွားမေးပြီး ပိုင်ရှင်ရဲ့အခန်း 101 ကို ဆင်းလာခဲ့တယ်။

အခန်း 101 ကနေ ဝဝနဲ့အန်တီကြီးက တံခါးလာဖွင့်ပေးခဲ့တယ်။

"မင်း အခန်းဌားချင်လို့လား"

"ကျွန်တော့် သူငယ်ချင်းက အခန်း 304 မှာနေတယ်။ ကျွန်တော်က သူ့ဘေးက အခန်း 303 ကိုဌားချင်လို့ပါ"

"303 အခန်းက ဌားဖို့မဟုတ်ဘူး။ တခြားအခန်းရွေးပါ "

"အဲ့ဒီအခန်းက လွတ်နေလျက်နဲ့ ဘာကြောင့် မဌားတာလဲခင်ဗျာ"

"မင်းနေချင်ရင် လေးထပ်မြောက်မှ အခန်းလွတ်တွေရှိတယ်။ အဲ့မှာ မနေချင်ရင် ထွက်သွားတော့"

အိမ်ရှင် မိန်းမကြီးက အထိမခံနိုင်တဲ့ အချက်ကို လာမေးလို့ စိတ်ဆိုးသွားသလို ချန်ကောရှေ့မှာ တံခါးကို ဆောင့်ပိတ်လိုက်တယ်။


Room 303 က သေချာပေါက် လျှို့ဝှက်ချက်များ ရှိနေတယ်။ အိမ်ရှင်က အခန်း 303 အတွင်းရှိ လူသေထားတဲ့ သမိုင်းကြောင်းကို မျှဝေမည်မဟုတ်သောကြောင့် ချန်ကောရဲ့ပစ်မှတ်က အခန်း ၃၀၁ ဖြစ်လာသည်။ သူက တတိယထပ်သို့ပြန်သွားပြီး တံခါးခေါက်လိုက်သည်။

ရုပ်မြင်သံကြားအသံ လျှော့်လိုက်ပြီး အရက်သမားကြီးက တံခါးကို လာဖွင့်ပေးခဲ့သည်။  
"မင်းနောက်တစ်ခါ လာပြန်တာလား"

"ဘော့စ်... ကျွန်တော် သိချင်တာလေးရှိလို့။ အချိန်ရှိလား မသိဘူး"

ချန်ကောက ယွမ် 100 တန်ပိုက်ဆံကို ထိုလူလက်ထဲ ထည့်ပေးလိုက်သည်။ ထိုလူက ပိုက်ဆံကို ယူပြီး ပိုဖော်ရွေသည့် အမူယာဖြင့် မေးခဲ့သည်။

"မင်း ဘာသိချင်တာလဲ"

"အခန်း 303 အကြောင်းပါ။ အသေးစိတ်လေ ပိုကောင်းလေပဲ"

"အခန်း 303 လား"

သူက လက်ဝေ့ယမ်းကာ ချန်ကောကို အခန်းထဲ ဝင်ခိုင်းလိုက်ပြီး တံခါးကို ပိတ်လိုက်သည်။ အခန်းထဲမှာ အမှိုက်အိတ်တွေနဲ့ပြည့်နေပြိး ရပ်စရာနေရာပင် ရှိဖြစ်နေသည်။

တံခါးကိုပိတ်ပြီးနောက် သူသည်ရုပ်မြင်သံကြားအသံကို မြှင့်လိုက်သည်။

 " မင်းကစူးစမ်းချင်စိတ်ပြင်းထန်တယ်၊ ဒါပေမဲ့ မင်းနဲ့သင့်သူငယ်ချင်းအတွက် ငါ့စကားကို နားထောင်ပေးပါ၊ ဒီနေရာကနေ အမြန်ဆုံးပြောင်းရွှေ့ပါ။ လူတိုင်းက ဒီနေရာမှာ မနေနိုင်ကြဘူး။  "

" ဘာကို ဆိုလိုတာလဲ။

"စိတ်ဝင်စားစရာက အခန်း ၃၀၃ နဲ့ဆက်စပ်နေတယ်။ "

 ထိုလူသည်စားပွဲပေါ်ရှိကျပန်း ပုလင်းတစ်လုံးကိုယူပြီး ဘီယာတစ်ခွက်သောက်လိုက်သည်။

"ဒီအခန်းထဲမှာ နေခဲ့တဲ့မူလ အိမ်ငှားရဲ့နာမည်က ဘာလဲသိလား။"

"ဒီလိုမျိုးကို ကျွန်တော် ဘယ်လိုသိနိုင်မလဲ"

ချန်ကောသည်လူ၏ခံတွင်းထဲမှထွက်သောအရက်အနံ့ကို လျစ်လျူရှုရန်အစွမ်းကုန်ကြိုးစားနေခဲ့သည်။ ထိုသူသည် အလေးအနက်ထားကာ မေးတာမဟုတ်ပဲ  ဇာတ်လမ်းတစ်ပုဒ်ကိုမျှပြောပြဖို့ အစပျိုးတာ ဖြစ်သည်။ မဟုတ်ပြောပြရန်ခက်ခဲနေသည်။

"အဲ့ဒီလူရဲ့နာမည်က ဝမ်ဟိုင်မင်ဖြစ်တယ်၊ ဒီတိုက်ခန်းက သူပိုင်တဲ့ တိုက်ခန်းအဆောက်အအုံဖြစ်တယ်"

"ဒါပေမယ့် အိမ်ရှင်ကို စောစောက ကျွန်တော် မြင်လိုက်တယ်။  သူမက အသက် ၅၀ အရွယ် မိန်းမတစ်ယောက်ဖြစ်တယ်"

"ဒါဟာ သူ့ဇနီးဟောင်းပဲ။ "

ထိုသူသည် ချန်ကောကို စိုက်ကြည့်ပြီး သူပြောပြတာကို   မနှောင့်ယှက်ရန်ပြောလိုက်သည်။

"ဝမ်ဟိုင်မင်က ကံကောင်းပြီး မြေကြီးထဲကနေ ရွှေအိုးတစ်လုံး တူးမိလိုက်တယ်။ သူက သူ့ငယ်ပေါင်း မယားကို ထားရစ်ခဲ့ပြီး နောက်ကြောင်း ထူးဆန်းတဲ့ မိန်းမနဲ့ ထွက်သွားခဲ့တယ်။  နှစ် အနည်းငယ် ကြာတော့ ဝမ်ဟိုင်မင်ရဲ့ငွေတွေကို အဲ့မိန်းမက အကုန်ယူပြီး သူ့ကို စွန့်ခွာခဲ့တယ်။ ဒါကြောင့် သူက  စိတ်ရောဂါဖြစ်ပြီး ဆေးရုံကိုရောက်သွားခဲ့တယ်။ နောက်ဆုံးတော့ သူ့ဇနီးဟောင်းက ၀ မ်ဟိုင်မင်ကို ဆေးရုံက နေ သွားခေါ်ခဲ့ပြီး တိုက်ခန်း 303 မှာ နေခိုင်းခဲ့တယ်။   "

"ဝမ်ဟိုင်မင်းဟာ တစ်ချိန်က စိတ်ရောဂါကုဆေးရုံမှာနေခဲ့တာလား "

ချန်ကောသည်ဖုန်းအနက်ရောင်၏မစ်ရှင်အရိပ်အမြွက်ကိုသတိရစေသည်။ သူက တတိယဖျားနာဆောင် ခန်းမမှ လာသည်။

"ဟုတ်တယ်၊ အဲဒီလူ ရူးရူး၊မရူးရူး အဲ့ဆေးရုံက ထွက်လာ ကတည်းက  ပုံမှန်မဟုတ်တော့ တာသေချာ တယ်။ "

"ပုံမှန်မဟုတ်လား။ ဘာကို ဆိုလိုတာလဲ"

"ရိုးရှင်းတဲ့ ဥပမာတစ်ခုပေးရရင် ....."

ထိုသူသည်သူ၏ ဦး ခေါင်းကိုထောက်ပြလိုက်သည်။

"ညဉ့်နက်သန်းခေါင်ယံရောက်တိုင်း ၀ မ်ဟိုင်မင်က သူ့ခေါင်းကို တတောက်တောက် လိုက်ခေါက်တယ်။ သူ့ ဦး နှောက်အတွင်းထဲမှာ တစ်ခုခုရှိနေပြီး အဲ့ဒါကို တူးထုတ်ပစ်ချင်သလိုပဲ။ တခါတလေ သူ့ ဦး ခေါင်းသွေးထွက်နေတောင် ခေါင်းကို ကုတ်ဖဲ့ထုရိုက်နေတာကို မရပ်လို့  သူ့ကို ဘယ်သူမှ မတားဆီးနိုင်ဘူး။ ဒါကြောင့် ရဲခေါ်ရတဲ့အခါတောင်ရှိခဲ့တယ်"

 
**-**

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now