Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း

444 103 0
                                    

Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း



"စိတ်အေးအေးထားပါ!"

 ချန်ကောက ချက်ချင်းပဲ စင်္ကြံအလယ်ကို ပြေးသွားတယ်။

 "ငါတို့အားလုံး ဒီမှာ မဟာမိတ်တွေပဲ၊ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့ မလိုဘူး!"

ချန်ကောက အနီရောင်ဝိဉာဉ်နှစ်ယောက်ကြား ညှပ်နေသဖြင့် သူ့နောက်ကျောမှာ ချွေးအေးတွေ စီးကျလာသည်။  တဖက်က အနီရောင် ဝိဉာဉ်တွေဖြစ်ပေမယ့် သူက  သက်ရှိလူသားဖြစ်ပြီး ဖျန်ဖြေသူဖြစ်သည်။ ချန်ကောကြောင့်လား မသိပေမယ့် ကောင်လေးရော ကျန်းယာ့ ပါ မလှုပ်မယှက်ဖြစ် သွားသည်။
 

တကယ်တော့ ကောင်လေးက အလျှော့ပေးနေပြီ။ သူနိုးလာပြီးနောက် တတိယ နာမကျန်းခန်းမဆောင် အတွင်းရှိ သွေးကြောများသည် သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက်တိုးဝင်နေပြီး သူ့ကို ပိုအားကောင်းလာစေသည်။
 
"အဘိုးကြီးရဲ့အလောင်းကို မင်းကို ငါပေးနိုင်ပေမယ့် သူ့ခေါင်းကို ငါထိန်းထားရမယ်။"

ကောင်လေးနှင့် တတိယ နာမကျန်းခန်းမဆောင် အကြား ထူးခြားသော ဆက်စပ်မှုတစ်ခု ရှိခဲ့သည်။ တတိယ နာမကျန်းခန်းမဆောင် သည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ခဲ့လျှင် သူသည် မကောင်းဆိုးဝါး၏ သားဖြစ်သောကြောင့် ထိုနေရာ၌ အရာများစွာကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့သည်။

စင်္ကြံ၏ မျက်နှာပြင်ပေါ်တွင် သွေးကြောများစွာ ပေါ်လာပြီး အဘိုးအို၏ လည်ပင်းတစ်ဝိုက်တွင်   ရစ်ပတ်ထားသည်။ သူ့ကံကြမ္မာကို အရှုံးပေးခဲ့တဲ့ အဘိုးကြီးဟာ ရုတ်တရက် မျက်လုံးပွင့်လာပြီး ရုန်းကန်တော့တယ်။ ကံမကောင်းစွာနဲ့ပဲ ကျန်းယာ့ ရဲ့ခြေထောက်တွေက သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေတာကြောင့် သူ နည်းနည်းလေးတောင် မလှုပ်ရှားနိုင်ခဲ့ပါဘူး။

အဘိုးအို၏လည်ပင်းတွင် သွေးကြောများ ပေါက်သွားကာ  ။ အဘိုးအို၏ အော်သံသည် ခန်းမကြီးအောက်သို့ တဟုန်ထိုး တုန်ခါသွားစေခဲ့သည် ။ သွေးကြောများသည်   အဖိုးအို၏ ဦးခေါင်းကို ကောင်လေးထံသို့ ပို့ဆောင်ပေးခဲ့သည်။

"ဒီလူကြီးက ဘယ်လိုအမှားမျိုး လုပ်မိလို့လဲ"
ချန်ကောသည် ထိုလူကို သနားသွားမိသည် ။ ဒါပေမယ့်လည်း ထိုလူက အစောပိုင်းက သူ့ကိုသတ်ဖို့ ကြိုးစားခဲ့သေးတယ်။

"တံခါးကို စဖွင့်တုန်းက အဲဒီလူက လူနာတွေကို အစမ်းသပ်ခံတွေ အဖြစ် သုံးခဲ့တယ်။ သူက လူနာတွေကို တံခါးထဲဝင်ခိုင်းပြီး အဲဒီအထဲမှာ အမေလည်း ပါတယ်။"

 ကောင်လေး၏ မျက်လုံးများက သူ့လက်ထဲမှ ခေါင်းကို စိုက်ကြည့်နေသည်။  ကောင်လေးက ထိုလူ၏ခေါင်းကို ပွေ့ဖက်ကာ ချိုသာစွာ ပြုံးနေလေသည်။

"သူဟာ တကယ့်ကို သူတော်ကောင်း အယောင်ဆောင်တဲ့ကောင်ဖြစ်ပြီး  တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်ပါ။ ကျွန်တော် အိပ်ပျော်သွားရတဲ့ အကြောင်းအရင်းကတော့ သူနဲ့ သူ့လူနာ အနည်းငယ်ကြောင့်ပါ။"

"သူနဲ့ လူနာအနည်းငယ်လား တံခါးထဲမှာ တခြားလူတွေရှိလား"
 ချန်ကောက ကျန်းယာ့ ဆီသို့ လှမ်းကြည့်လိုက်သည်။ ကျန်းယာ့ နဲ့ ပိုရင်းနှီးတယ်လို့ ခံစားရတယ်။

"တံခါးအထဲကို ဝင်ပြီးရင် တံခါးကို စောင့်ရှောက်ပေးမယ်လို့ ဒေါက်တာ ချန် ကို ငါ ကတိပေးခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်က တံခါးကို အပြင်ကနေ အတင်းဖွင့်ခိုင်းခဲ့တယ်။"

ကောင်လေးက လွန်ခဲ့တဲ့ ငါးနှစ်က ဖြစ်ပျက်ခဲ့တာကို စပြီး ရှင်းပြတယ်။
 
"အဘိုးအိုဟာ ကင်ဆာဝေဒနာကို ခံစားခဲ့ရပြီး သူ အကြာကြီး အသက်မရှင်တော့ဘူးဆိုတာ သူ သိတယ်။ သူ့အသက်ကို ရှည်ရှည်ဆွဲဆန့်နိုင်ဖို့အတွက် တံခါးနောက်က ကမ္ဘာကြီးကို သူ စိတ်ဝင်စားလာတယ်။ ဒါပေမယ့် သူကြောက် နေတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့နှစ်တွေတုန်းကတည်းက လူနာအနည်းငယ်ကို တံခါးပေါက်ထဲကို အရင်ပို့လိုက်တယ်။ တတိယ နာမကျန်းတဲ့ ခန်းမက သီးသန့် အဆောက်အအုံဖြစ်ပြီး လူနာတွေမှာ မိသားစု ဒါမှမဟုတ် နောက်ခံမရှိဘူး၊ ဒါကြောင့် လုပ်ငန်းစဉ်တစ်ခုလုံးက အရမ်းလျှို့ဝှက်ပြီး ဘယ်သူမှ မသိခဲ့ကြဘူး။ စမ်းသပ်မှုက တစ်ပတ်ကြာပြီးနောက် အန္တရာယ်မရှိကြောင်း သေချာအောင် စစ်ဆေးပြီးတဲ့နောက်၊ ဒါရိုက်တာက လူနာအနည်းငယ်နှင့်အတူ တံခါးထဲသို့ ဝင်သွားခဲ့တယ်။"

အဘိုးအို၏ အော်ဟစ်နေသော ခေါင်းကို ငုံ့ကြည့်ရင်း ကောင်လေး၏ မျက်နှာပေါ်တွင် အပြုံးက ချိတ်ဆွဲထားသည်။

 "တံခါးပိတ်ပြီးတာနဲ့ ဒီနေရာက ငါ့ကမ္ဘာဖြစ်လာပြီး ငါ့ကို အန္တရာယ်ပေးနိုင်တဲ့ အရာတွေက တတိယ ဖျားနာခန်းမထဲမှာ ဘာမှ မရှိဘူး။ ငါ  သူတို့ကို ဒုက္ခမပေးချင်ပါဘူး၊ နှစ်ပေါင်းများစွာ ပင်ပန်းခဲ့ရပြီး လုပ်စရာ တစ်ခုရှာချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် အံ့သြနေတာက ဒီလူတွေက သူတို့ လွတ်မြောက်ဖို့အတွက် မကောင်းဆိုးဝါးတွေကို တတိယ နာမကျန်းခန်းမဆောင် ထဲကို ဝင်ဖို့ တံခါးဖွင့်ပေးခဲ့တယ်။ အဲဒီအထဲက လူနာတချို့က ဒီမကောင်းဆိုးဝါးတွေရဲ့  သိမ်းပိုက်တာ ခံခဲ့ရတယ်။ ဒါကို ငါရှာတွေ့တော့ အချိန်နှောင်းသွားပြီ။ သူတို့က ငါ့ကို လျှပ်စစ်ရှော့တိုက်တဲ့ ကုထုံးခန်းထဲမှာ ပိတ်မိပြီး အသက်သေသွားတဲ့ ဒါရိုက်တာက ငါ့ကို ဒီမြင်ကွင်းကို ကြည့်ခိုင်းပြီး တခြားသူတွေက သူတို့ အပြစ်နဲ့ ကြောက်လန့်တကြား ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်။"

ကောင်လေးစကားကို နားထောင်ပြီးနောက် ချန်ကောက ခေါင်းညိတ်သည်။ ကောင်လေးက ဆက်ရှင်းပြခဲ့သည်။

"တတိယနာမကျန်းခန်းမရဲ့ လက်တွေ့ကမ္ဘာမှာ လူနာတော်တော်များများကို ငါတွေ့ဖူးတယ်။ ပိန်ပါး ရှည်သွယ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်က သူတို့တစ်ဉီးစီကို ချုပ်ကိုင်ထားတယ်။ အဘိုးအိုက သူတို့က လူသားတွေရဲ့ ဆန္ဒကို ထုတ်ဖော်နေတာလို့ ပြောခဲ့တယ်။ တကယ်တော့၊ အဲဒါတွေက တံခါးအတွင်းက ပေါက်ဖွားလာတဲ့ သတ္တဝါတွေဘဲ၊ ဒါပေမယ့် သူတို့ဟာ အညံ့စား မကောင်းဆိုးဝါးတွေလည်း ဖြစ်တယ်။"

ကောင်လေးရဲ့စကားက ချန်ကောကို ကြောက်သွားတယ်။ မြွေလို ရှည်သွယ်တဲ့ မကောင်းဆိုးဝါးတွေက အပျော့ဆုံးဖြစ်သော်လည်း မှန်ထဲက မကောင်းဆိုးဝါး က ထိုကောင်တွေထက် ပိုပျော့တယ်လို့   သူအမြဲတမ်းထင်ခဲ့သည်။

"လွန်ခဲ့တဲ့ငါးနှစ်လောက်က လူနာခုနစ်ယောက်က တံခါးပေါက်ထဲဝင်လာခဲ့ပြီး အဲဒီထဲက လေးယောက်ကို အညံ့ဆုံး မကောင်းဆိုးဝါးတွေ သိမ်းပိုက်ခဲ့တယ်။ ကျန်တဲ့ သုံးယောက်ကိုတော့ မပြောနိုင်သေးဘူး။"

ကောင်လေးက ချန်ကောကို စိုက်ကြည့်နေတယ်။

"မင်းဒီမှာရှိနေတာက မင်းသူတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျန်တဲ့သူတွေက မင်းကို ဒုက္ခပေးဖို့ လိုက်ရှာလိမ့်မယ်"

ချန်ကော - "အန္တရာယ်အရှိဆုံး သုံးယောက်အကြောင်း ပြောပြနိုင်မလား။"

ကောင်လေး - "မယုံကြည်နိုင်လောက်အောင် လှပတဲ့ အမျိုးသမီးတစ်ယောက်၊ ပျက်စီးသွားတဲ့ မျက်နှာနဲ့ ယောက်ျားတစ်ယောက်ရှိတယ်၊ နောက်ဆုံးတစ်ယောက်က ဝူဖေး လို့ခေါ်တယ်။"

 ဝူဖေး ရဲ့ နာမည်ကို ပြောတဲ့အခါ ကောင်လေးအံကြိတ် လိုက်တယ်။

"သူက ငါ့ကို ထောင်ချောက်ဆင်ဖို့ အကြံနဲ့လာခဲ့တဲ့ ဝူဖေး ပဲ"

ထို့နောက် ကောင်လေးက ဆက်ပြောခဲ့သည်။

 "ဒါပေမယ့် ဝူဖေး က ကိုင်တွယ်ရ အခက်ဆုံးတော့ မဟုတ်ပါဘူး။ ပျက်စီးသွားတဲ့ မျက်နှာနဲ့လူကို မင်းသတိထားရမယ်၊ သူက အန္တရာယ်အရှိဆုံးပဲ"

ချန်ကော - "သတိပေးလို့ ကျေးဇူးတင်ပါတယ်"

ကောင်လေး - "မင်းကို မေးစရာရှိလို့ ကျေးဇူးတင်စရာ မလိုပါဘူး"

ကောင်လေးက ချန်ကောကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ တကယ့်ရည်ရွယ်ချက်ကို ထုတ်ဖော်ခဲ့ပါတယ်။

"ငါက လူတစ်ယောက်ပဲ၊ တံခါးနောက်ကွယ်က တတိယ နာမကျန်းခန်းမဆောင် က ငါ့ အိမ်ပါ။ ငါ ဒီမှာနေတာကြာနေပြီဆိုတော့ တစ်ချို့ ရှုထောင့်ကနေကြည့်ရင် ငါ့ အသိစိတ်လည်း ပါဝင်နေတယ်လို့ ပြောလို့ရတယ်။ အဆောက်အဦထဲမှာပဲ ငါ ထိန်းချုပ်နိုင်တယ်။  ပြင်ပက လူတွေက ငါ့ကို မသတ်နိုင်ပေမယ့် သူတို့က  ငါ့ကို အားပျော့စေပြီး အိပ်ပျော်စေနိုင်တယ်။ သူတို့က ငါ့ကို မသတ်နိုင်ပေမယ့် ငါ့ရဲ့ ဒုတိယ ကိုယ်ပွား စိတ်နဲ့ လူကို ထိခိုက်စေပြီး ငါ့ကို လွှမ်းမိုးနိုင်ပါတယ်။ တကယ်တော့ သူတို့က ငါ့ကို သူ့ကနေတစ်ဆင့် ထိန်းချုပ်နိုင်လိမ့်မယ်။  အဲဒါက ငါ အစိုးရိမ်ဆုံးပါပဲ၊ ဒါကြောင့် လိုအပ်ရင် ငါ့ရဲ့ ဒုတိယလူကို ကူညီကာကွယ်ပေးကြပါ။ ဒီကမ္ဘာမှာ ငါ့မှာ မိသားစုမရှိတော့ဘူး၊ သူက ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပဲ"

"ကိစ္စမရှိပါဘူး၊ ငါက မင်းရဲ့ဒုတိယမြောက်ပုဂ္ဂိုလ်နဲ့ သူငယ်ချင်းမို့လို့ ငါ  သူ့ကို မကူညီပဲ မနေပါဘူး"

 ချန်ကောသည် ကောင်လေးနှင့် ခင်မင်ရင်းနှီးရန် ကြိုးစားခဲ့ပြီး တစ်နေ့တွင် သူ့အား အလုပ်သမားတစ်ဦးအဖြစ် ခန့်အပ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သူ့သရဲခြောက်တဲ့အိမ်က သူ့အရွယ်နဲ့ ကောင်လေး တစ်ယောက် လိုအပ်တယ်။

"ငါလည်း အဲလ့ို မျှော်လင့်ပါတယ်။  မင်းရဲ့ကတိကို  စောင့်ထိန်းပါ"

ကောင်လေးက အဖိုးအိုရဲ့ဦးခေါင်းကို အခန်း နံပါတ် ၃ ခန်းဆီ ယူဆောင်သွားခဲ့တယ်။

 "ဒီလောကထဲမှာ အကြာကြီးနေနေရတာ မင်းရဲ့ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ်ကို ပျက်စီးစေလိမ့်မယ်။ အပျက်သဘောဆောင်တဲ့ အတွေးတွေနဲ့ ပြည့်နေလိမ့်မယ်။ အကြာကြီးနေနေရင် မင်းလည်း ရူးသွားလိမ့်မယ်"

အခန်း (၃) တံခါးကို တွန်းဖွင့်ပြီး အဘိုးအို၏ ခေါင်းကို ကုတင်ဘေးတွင် ချထားလိုက်သည်။

"ငါ မင်းကို လွှတ်လိုက်မယ်။ ပြဿနာရှိရင် မင်း ငါ့ကို ညသန်းခေါင်မှာ လာရှာလို့ရတယ်၊ ငါ တံခါးကို တစ်မိနစ်လောက် ဖွင့်ထားလိုက်မယ်။"

"ဘာလို့ တစ်မိနစ်တည်းလဲ" ချန်ကော၏ မျက်လုံးများ ပြူးသွားသည်။

"ဒါက ငါ့ထိန်းချုပ်မှု ကန့်သတ်ချက်ပဲ" ကောင်လေးက ပြန်ဖြေတယ်။

"ဒီကမ္ဘာကြီးက  ကျယ်ဝန်းပြီး အခြားတံခါးအများကြီးလည်း ရှိတယ်။  အချို့ တံခါးတွေမှာ ငါလို အခြားလူတွေက စောင့်ကြပ်နေကြပြီး အချို့သော တံခါးတွေက ပိုင်ရှင်မဲ့ ဖြစ်ပြီး စောင့်သူ မရှိဘူး။  သာမာန်ဆိုရင်တော့  တံခါးကို စောင့်တဲ့သူရှိရင် တံခါးဖွင့်ချိန်က အမြဲတမ်း အချိန် မိနစ် တည်းကြာတယ်"

"ကောင်းပြီ ငါနားလည်ပြီ...။"
ချန်ကောသည် ခေါင်းငုံ့ကာ သူ့သရဲခြောက်သောအိမ်ရှိ တံခါးကို တွေးလိုက်သည်။

ချန်ကောနဲ့ ကျန်းယာ့ နှစ်ယောက်လုံး အခန်း 3 ထဲကို ဝင်လာတော့ ကောင်လေးက တံခါးကို ပိတ်လိုက်တယ်။ တံခါးနားမှာ သူရပ်နေတယ်။

"အခု မင်းတို့ ပြန်သွားလို့ရပြီ။"

ချန်ကော - "ဒါပေမယ့်ဘယ်လို?"

ကောင်လေးက အခန်း 3 တံခါးကို ညွှန်ပြပြီး ပြောလိုက်သည်။

"တွန်းဖွင့်လိုက်ပါ။ ၊ မင်းမှာ  အချိန် တစ်မိနစ်ပဲ ရှိတယ်"


******-*****

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now