Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ

1.5K 316 11
                                    

Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ


"ဘာေၾကာင့္ ႐ုတ္တရက္ ဒီေလာက္တိတ္ဆိတ္ေနတာလဲ"

He San သည္ Lao Zhao ကိုၾကည့္ရန္ ေနာက္ကို လွည့္ခဲ့သည္။

"ငါတို႔သြားၾကည့္ၾကစို႔။"

" ရန္သူေတြကမလႈပ္ရွားဘူးဆိုရင္ ငါတို႔မလႈပ္ရွားဘူး။ ေအာ္သံေတြၾကားရေတာ့မွ ငါတို႔ထြက္သြားၾကမယ္။ ဆန႔္က်င္ဘက္ဘက္ကို ဦး တည္ၿပီး စုံစမ္းရင္ ေၾကာက္စရာေထာင္ေခ်ာက္ေတြကို ငါတို႔ေရွာင္ႏိုင္လိမ့္မယ္"
 
Lao Zhao က အရွက္မရွိ ဆိုသည္။

"ဒါက ငါတို႔အတန္းေဖာ္ေတြကိုေရာင္းစားရာ မက်ဘူးလား "

" မဟုတ္ဘူး၊ ဒါက သူတို႔ရဲ႕ျမင့္ျမတ္တဲ့ စြန႔္လႊတ္အနစ္နာခံမႈကို တန္ဖိုးထားတာပဲ။ သူတို႔အနစ္နာခံၿပီး ရန္သူကို ျမႇားေခၚေပးတဲ့အတြက္ ေအာင္ပြဲရဖို႔ ငါတို႔က သူတို႔ေပးတဲ့အခ်ိန္ကို သုံးရမယ္။ "

Lao Zhao သည္ေဘာလုံးကဲ့သို႔ ပတ္ပတ္လည္တြင္ေဝ့ဝိုက္ ၾကည့္ကာ   He San ၏ေနာက္တြင္ ရပ္ေနေသာ္လည္း လူငယ္က သူ႔ထက္ေသးေကြးလို႔  Lao Zhao ၏ကိုယ္ခႏၶာ တထက္ဝက္ကိုသာ ဖုံးကြယ္ထားႏိုင္ခဲ့သည္။

"ဒါဆို ငါတို႔ဒီမွာ ဘယ္ေလာက္ၾကာၾကာပုန္းေနသင့္တာလဲ။ သရဲေျခာက္တဲ့အိမ္ထဲမွာႏွစ္ေယာက္ပဲ က်န္ခဲ့ရင္ေကာ။ "

He San က သူ႔ေနာက္ကြယ္မွ သူ၏အတန္းႀကီးသမားကိုၾကည့္ကာ ေမးလိုက္ေပမယ့္ အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ သူက သူ႔ စီနီယာ၏ လူသားဒိုင္းအျဖစ္ အသုံးျပဳခံေနရသည္ဟု သူ ခံစားေနရသည္။

"ဒုတိယထပ္ အခန္းမ်ားႏွင့္တတိယထပ္ အခန္းအမ်ားစုကို ငါတို႔ စစ္ေဆးခဲ့ၿပီးၿပီ။ ဒါေၾကာင့္ ပထမထပ္မွာ ထြက္ေပါက္ရွိ ရမယ္။  ငါတို႔ေအာင္ပြဲ က သိပ္မေဝးေတာ့ဘူးကြ။ ငါတို႔ေအာင္ပြဲခံ ခါနီး အခ်ိန္မွာ အရႈံးမေပးလိုက္နဲ႔ ဦး ။ "

 Lao Zhao က He San ကိုပခုံးညစ္ၿပီး အားေပးလိုက္သည္။

"ဒီလိုမ်ိဳးအခ်ိန္မ်ိဳးမွာေတာင္ မင္းကငါ့ကို ဒီလိုမ်ိဳး အားေပးဖို႔ ေအးေဆးတည္ၿငိမ္ေနေသးတာလား"

သူ မေက်နပ္ခ်က္မ်ားစြာရွိေသာ္လည္း မည္သို႔ျပဳလုပ္ရမည္ကို မသိေပ။ သူသည္ သူ၏စီနီယာမ်ားကို New Century Park သို႔ လမ္းျပေခၚေဆာင္ရန္သာထင္ခဲ့သည္၊ ဘာ့ေၾကာင့္ သူက သရဲအိမ္ထဲ ရွိေနရတာလဲ။

"ဒီလိုေတာ့ အဆိုးမျမင္စမ္းပါနဲ႔။ "

 Lao Zhao ကသူ႔လက္ေခ်ာင္းေတြကိုေရတြက္ကာ ေျပာလိုက္သည္။

"အေစာပိုင္းက Monkey နဲ႔ Xiao Hui ရဲ႕ေအာ္သံကို ငါတို႔ၾကားခဲ့ ရတယ္၊ ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္စလုံးကို ဒီေနရာကေနေခၚထုတ္ သြား မွာပါ။   ဒီအိမ္ထဲမွာေက်ာင္းသား ၅ ေယာက္က်န္ေနေသး တယ္။  သုံးေယာက္ကတစ္စု၊ ႏွစ္ေယာက္က တစ္စုျဖစ္မွာ၊ ဒါေၾကာင့္ စိတ္မပူပါနဲ႔။ ေစာင့္ဖို႔သာ လိုလိမ့္မယ္။ "

"ေကာင္းၿပီ၊ ငါတို႔  အဲ့ဒီလိုလုပ္ၾကတာေပါ့"

တံခါးနားမွာထိုင္ၿပီး He San က တံခါးၾကားကေန ေတာက္ေလ်ာက္ ၾကည့္ေနသည္။ အေမွာင္စႀကႍထဲမွာေနာက္ထပ္ အရာတစ္ခုရွိတယ္ လို႔ သူခံစားေနရသည္။  သူသည္ မ်က္လုံးကိုပြတ္သပ္ၿပီး မ်က္စိေရွ႕ ဦး တည္ရာကို ၾကည့္လိုက္သည္။ ၾကမ္းျပင္ေပၚမွာ လဲေလ်ာင္းေနေသာ အ႐ုပ္မရွိေနသည္။

" ငါ့မ်က္စိ မွားယြင္းေနတာလား။ ဘယ္အခ်ိန္ကစၿပီး   ၾကမ္းျပင္ေပၚ မွာ အ႐ုပ္ရွိေနတာလဲ။ ဒါေပမယ့္ မျဖစ္ႏိုင္ဘူး။  ငါဒီမွာ ပုန္းေနတဲ့ ဆယ္မိနစ္အတြင္းမွာ အျပင္ဘက္စႀကႍကို  ၾကည့္ေနခဲ့တယ္။ ဘာမွ မေတြ႕ပါဘူ။ "

He San သည္ တံခါးၾကားမွ ထပ္မံၾကည့္ရႈရန႔္ေပါ့ေပါ့တန္တန္ ေရွ႕တိုးလာခဲ့သည္။  အ႐ုပ္က ရွိေနတုန္းပဲ။  ဒါေပမယ့္ သူက တံခါးနဲ႔ ပိုမိုနီးကပ္စြာသို႔ေျပာင္းေ႐ႊ႕ခဲ့သည္။

" ဒါဟာ သူ႔ဖာသာ ေ႐ႊ႕ႏိုင္သလား။ ငါစိတ္လႈပ္ရွားေနလို႔  စိတ္ကူးယဥ္ၿပီး ေလွ်ာက္ျမင္တာလား? "

He San သည္တံခါးၾကားကိုျပန္မၾကည့္မီေခါင္းခါလိုက္သည္။

ဒီတစ္ခါေတာ့အ႐ုပ္ေပ်ာက္သြားသည္။

ဒါက ေနာက္က လိုက္ေနတာလား။ 

..................................

Xu Wan ထြက္ခြာသြားၿပီးတဲ့ေနာက္ ေက်ာင္းသားအခ်ိဳ႕ကို ေျခာက္ရန္  Chen Ge ဟာ ေဒါက္တာအ႐ိုးရဲ႕ ဝတ္႐ုံကို ပထမထပ္ ဝန္ထမ္းလမ္းေၾကာင္းထဲမွာ  ဝတ္ဆင္ခဲ့သည္။ သူက က်န္တဲ့သူေတြကို ဖမ္းရမည္။

ေသြးစြန္းေနေသာဆရာဝန္၏ အက်ႌကို ၀ တ္ဆင္လ်က္၊ သူ႔ခႏၶာကိုယ္ေပၚတြင္ လူ႔မ်က္ႏွာမ်ား ထြင္းထုထားေသာ သံႀကိဳးမ်ားကို အသံျမည္ေအာင္ တ႐ြတ္ဆြဲကာ တူႏွင့္ လူ႔အသားအေရ မ်က္ႏွာဖုံးကို ၀ တ္ဆင္လိုက္သည္။  Chen Ge ၏ ေဒါက္တာအ႐ိုးဝတ္စုံက  Xiao Wan ရဲ႕ပုံထက္ ပိုၿပီး  ၿခိမ္းေျခာက္ႏိုင္ေလသည္။

ဒီလူငယ္ေတြက ငါနဲ႔  အခ်ိန္ၾကာၾကာ ရင္ဆိုင္ခ်င္တာလားဟု ေတြးကာ သူ႔ေျခလွမ္းတိုင္း သံႀကိဳးမ်ား အသံျမည္လာခဲ့သည္။ အခုလို လိုက္ရွာတာ ပ်င္းစရာေကာင္းလွသည္။ အဓိကအခ်က္က သူတို႔ရဲ႕တည္ေနရာကို သိဖို႔လိုေနသည္။ Chen Ge  ငါးမိနစ္ခန႔္ လမ္းေလွ်ာက္ေသာ္လည္း မည္သူကိုမွ် ရွာမေတြ႕ခဲ့ေပ။

"Boss၊ ကြၽန္မ သူတို႔ကို ကင္မရာေတြေပၚမွာ ရွာမေတြ႕ဘူး။ သူတို႔က အခန္းအမ်ားႀကီးထဲမွာ ပုန္းေနတယ္ထင္တယ္။  ရွင္ သူတို႔ကို တစ္ေယာက္ၿပီးတစ္ေယာက္ ရွာၾကည့္ဖို႔လိုတယ္။  "

Xu Wan ရဲ႕အသံက သူ႔နားထဲကိုေရာက္လာသည္။ သရဲအိမ္ရဲ႕ေထာင့္တိုင္းမွာ ကင္မရာကိုတပ္ဆင္ရမယ္လို ေတြးလိုက္သည္။ အခုေတာ့  လမ္းဆုံေတြမွာပဲ ကင္မရာ ရွိတာျဖစ္လို႔ သူတို႔ မျမင္ရသည့္ ေနရာေတြက မ်ားေနသည္။

" ပိုက္ဆံရရင္ ကင္မရာထပ္တပ္ဖို႔စဥ္းစားရမယ္။ "

Chen Ge သည္ အခန္းတစ္ခန္းစီ၏တံခါးကိုဖြင့္  သူ၏ သံခြၽန္ပါသည့္ တူကို အသုံးျပဳခဲ့သည္။ ဒုတိယထပ္မွာရွိ ေထာင့္ကို သူေရာက္တဲ့အခါ တံခါးတစ္ခ်ပ္ကို မွီေနတဲ့အ႐ုပ္မေလးကို သူ ေတြ႕လိုက္သည္။

"ကေလးမေလး ဒီေနရာမွာ အေၾကာင္းျပခ်က္ မရွိဘဲ  အခန္းတံခါး ကို မွီေနတာလဲ"

Chen Ge သည္ သူ၏ေမးေစ့ကို ဆူးခြၽန္တူျဖင့္ျခစ္ရင္းေမးလိုက္ သည္။  မၾကာမီ အမွန္တရားကို ေတြးလိုက္မိသည္။

 "ငါသိၿပီ။ မင္းက ဒီအခန္းထဲမွာ တစ္ေယာက္ေယာက္ ပုန္းေနတယ္ လို႔ေျပာေနတာလား၊ ဟုတ္လား"

Chen Ge က ဘာမွသတိမထားမိသည့္ဟန္ျဖင့္ တံခါးနားမွ ထြက္သြား လိုက္သည္။ သူသည္ ၁၀ မီတာခန႔္အကြာတြင္  ၾကမ္းျပင္ တစ္ေလွ်ာက္ တ႐ြတ္ဆြဲေနေသာ သံႀကိဳးမ်ားကိုေကာက္ကိုင္ကာ တံခါးဆီသို႔ တိတ္တဆိတ္ေ႐ြ႕လ်ားလ်က္ နံရံကိုမွီကာ ေစာင့္ေန လိုက္သည္။ မ်က္ကြယ္ကေန သူက ပုန္းေနေသာ သူမ်ားကို ေစာင့္ေနစဥ္ တံခါးက တိတ္တိတ္ေလးပြင့္လာခဲ့သည္။

အခန္းထဲမွာ He San နဲ႔ Lao Zhao တို႔ဟာ တံခါးေတြရဲ႕ေနာက္မွာ ပါးစပ္ကို လက္ျဖင့္ပိတ္ၿပီး ထိုင္ေနၾကသည္။ သံႀကိဳးသံမ်ား ေပ်ာက္ကြယ္သြားၿပီ။ လူသတ္သမားသည္ လမ္းလြဲကာ ထြက္သြားၿပီျဖစ္သည္။ Lao Zhao ၏ မ်က္ႏွာသည္ မယုံႏိုင္စရာ ျဖဴေယာ္ေနေသာ္လည္း သူ၏ဂုဏ္သိကၡာကို ထိန္းသိမ္းရန္ သူ႔အသံက အးေဆးတည္ၿငိမ္ေၾကာင္းေသခ်ာမွ စကားေျပာခဲ့သည္။

" တကယ္ေတာ့ ငါမေၾကာက္ပါဘူး။ ငါ့ရဲ႕ခြဲျခမ္းစိတ္ျဖာမႈအရ လူသတ္သမားဟာ ပထမထပ္ကေနေပၚထြက္လာတာမို႔သူဟာ မၾကာခင္ျပန္လာမွာမဟုတ္ဘူး။ ဒါက ငါတို႔အတြက္ အခြင့္အေရးပဲ"

ၾကမ္းျပင္မွထၿပီး တံခါးနားကိုလာဖို႔ သူက  စြမ္းအင္အမ်ားႀကီး အသုံးျပဳခဲ့ရသည္။

"အခုကြၽန္ေတာ္တို႔ ပထမထပ္တက္ဖို႔ အေကာင္းဆုံးအခ်ိန္ပဲ။ လူသတ္သမားကိုေရွာင္ႏိုင္ၿပီး ေအာင္ပြဲခံႏိုင္လိမ့္မယ္။ Xiao San, မင္း တံခါးကိုၾကည့္ၾကည့္။ လူသတ္သမား လမ္းလြဲသြားၿပီဆိုရင္ ငါတို႔ ခ်က္ခ်င္းထြက္သြားမယ္။ "

Lao Zhao ေျပာတာက အဓိပၸာယ္ရွိတယ္လို႔ခံစားရလို႔ သူက ျငင္းခုံျခင္း မရွိဘဲ တံခါးၾကားမွာ ထြက္ၾကည့္ဖို႔ တံခါးကို မွီလိုက္ သည္။ သူ႔မ်က္ႏွာေပၚ မွာေႏြးေနတဲ့ခံစားမႈတစ္ခုကို ခံစားလိုက္ ရၿပီး ဒီအခ်ိန္မွာျမင္ရတဲ့ ျမင္ကြင္းက  အရင္ကနဲ႔မတူဘူး။ အေမွာင္ဖုံးေနေသာစႀကႍ သို႔မဟုတ္ အ႐ုပ္မလည္း မရွိေပ။ သို႔ေသာ္ တံခါးၾကားကေန သူ႔ကို ေသြးေရာင္ရဲ႕ေနေသာ မ်က္ဝန္းတစုံက သူ႔ကို ျပန္ၾကည့္ေနခဲ့သည္။

 
"ဘာႀကီးတုန္း..."

သူ႔စိတ္က သူ႔ခႏၶာကိုယ္ကေန ထြက္သြားသလို ခံစားလိုက္ရသည္။ သူကၾကမ္းျပင္ေပၚလဲၿပိဳက်သြားၿပီး  တံခါးမွေဝးရာသို႔ အျမန္ဆုတ္သြားသည္။ ဒီအခ်က္က Lao Zhao ကို တုန္သြားေစၿပီး ေမးလိုက္သည္။

" မင္းဘာကို ျမင္လိုက္တာလဲ။ " 


Lao Zhao ျပန္ရရွိေသာအေျဖမွာ တံခါးပြင့္သြားျခင္းျဖစ္သည္။ ဖြင့္ျခင္းျဖစ္သည္။  ျဖည္းျဖည္းခ်င္း ဖြင့္လိုက္ေသာ တံခါးဝတြင္  မေက်နပ္မႈမ်ားျဖာထြက္ေနေသာေသြးတို႔ရဲေနသည့္  အရိပ္တစ္ခု ရွိေနသည္။ ဒီအခ်က္ကိုၾကည့္ျခင္းအားျဖင့္ Lao Zhao တစ္ေယာက္ စိတ္ကိုတင္းထားေပမယ့္ သူ႔ေနာက္ေက်ာက နံရံကို တင္းတင္းက်ပ္က်ပ္ ဖိထားမိေနေတာ့သည္။

" မင္း နံရံကို အတင္း မမွီထားသင့္ဘူး၊ အတြင္းမွာ တစ္ေယာက္ေယာက္ရွိေနရင္ ဘယ္လိုလုပ္မလဲ။ "

 Chen Ge သည္ လက္ကိုအိတ္ကပ္ထဲ တိတ္တဆိတ္ထည့္ကာ အနက္ေရာင္ဖုန္းေပၚရွိ prop option ကိုႏွိပ္လိုက္သည္။

Lao Zhao သည္ အလြန္ေၾကာက္လန႔္သျဖင့္ သူ၏ကိုယ္လုံးက တုန္ခါေနသည္။  Chen Ge ေျပာလိုက္သည့္ အဓိပၸာယ္ကို သူ မနားလည္မီ  ႐ုတ္တရက္ သူ႔ေနာက္သို  တခုခု တိုးဝင္လာသည္။ သူသည္ ပခုံးကို က်ဳံ႕ကာ အလိုလိုျပန္လွည့္ၾကည့္လိုက္ၿပီးေနာက္ သူေနာက္ေက်ာမွ  နံရံႏွစ္ဖက္စလုံးပြင့္သြားၿပီး အထဲမွာ အမူယာ ကင္းမဲ့ေနသည့္ အမ်ိဳးသမီးတစ္ေယာက္က သူ႔ကို စိုက္ၾကည့္ ေနသည္ကို ေတြ႕လိုက္ရစဥ္ သူ၏ ေခါင္းထဲ ဟာလာ ဟင္းလင္းျဖစ္ သြားေတာ့သည္။ သူ လဲက်သြားၿပီး မ်က္လုံးက ခ်ာခ်ာလည္ သြားေတာ့သည္။

"မင္းရဲ႕အခ်ိန္ေစ့သြားၿပီျုဖစ္လို႔ မင္းကို ငါ အျပင္ကို ေခၚသြားေတာ့မယ္။ "

Chen Ge ထိုသို႔ေျပာလိုက္သည့္အခ်ိန္တြင္  တတိယအထပ္မွ မွန္က်ကြဲသြားသည့္ အသံ ႐ုတ္တရက္ထြက္ေပၚလာခဲ့သည္။ ထို႔ေနာက္ အကိုႀကီးဖိန္း၏ ေအာ္သံကို အက်ယ္ႀကီးၾကား လိုက္ရသည္။

"Sh * t!"

 Chen Ge က Xiao Wan ကို He San ႏွင့္ Lao Zhao တို႔ကို အေပၚထပ္ ကေန လာေရာက္ေခၚယူရန္ ေျပာလိုက္သည္။ အသံ ၾကားရာေနာက္ကို လိုက္သြားစဥ္ အကိုဖိန္းက အခန္းတစ္ခု အလယ္တြင္ ကုလားထိုင္ကို လက္က ကိုင္ေဝ့ယမ္းၿပီး မျမင္ရသည့္ အရာကို တိုက္ခိုက္ေနသည္ကို ေတြ႕လိုက္ရသည္။ သူသည္ မိမိမ်က္ႏွာဖုံးကိုဆြဲခြၽတ္ကာ အကိုဖန္း ပင္ပန္းႏြမ္းနယ္ၿပီး  ၾကမ္းျပင္သို႔ေလွ်ာက်သြားသည္ အထိေစာင့္ေနခဲ့သည္။

"ဘာျဖစ္သြားတာလဲ?"

Chen Ge သည္သစ္သားကုလားထိုင္ကို အကိုဖန္းဆီကေန ဆြဲထုတ္ကာ ေဘးဘက္သို႔ ပစ္ခ်လိုက္သည္။  အစ္ကိုဖန္းသည္ အလြန္အမင္း မတည္မၿငိမ္ျဖစ္ေနၿပီး သူ၏မ်က္လုံးမ်ားက ေၾကာက္႐ြံ႕မႈႏွင့္ျပည့္ႏွက္ေနေသာေၾကာင့္ Chen Ge က ထိုလူငယ္ ေရွာ့ခ္ရသြားမည္ကို စိုးရိမ္ေနခဲ့သည္။

"ခင္ဗ်ား ေၾကာက္စရာ အရာေတြကို ျဖတ္ၿပီးမွ ဒီကိုေရာက္လာခဲ့တာလား။ "

==========================
Chapter (35) ကျိုးပဲ့နေသော ကြေးမုံ


"ဘာကြောင့် ရုတ်တရက် ဒီလောက်တိတ်ဆိတ်နေတာလဲ"

He San သည် Lao Zhao ကိုကြည့်ရန် နောက်ကို လှည့်ခဲ့သည်။

"ငါတို့သွားကြည့်ကြစို့။"

" ရန်သူတွေကမလှုပ်ရှားဘူးဆိုရင် ငါတို့မလှုပ်ရှားဘူး။ အော်သံတွေကြားရတော့မှ ငါတို့ထွက်သွားကြမယ်။ ဆန့်ကျင်ဘက်ဘက်ကို ဦး တည်ပြီး စုံစမ်းရင် ကြောက်စရာထောင်ချောက်တွေကို ငါတို့ရှောင်နိုင်လိမ့်မယ်"
 
Lao Zhao က အရှက်မရှိ ဆိုသည်။

"ဒါက ငါတို့အတန်းဖော်တွေကိုရောင်းစားရာ မကျဘူးလား "

" မဟုတ်ဘူး၊ ဒါက သူတို့ရဲ့မြင့်မြတ်တဲ့ စွန့်လွှတ်အနစ်နာခံမှုကို တန်ဖိုးထားတာပဲ။ သူတို့အနစ်နာခံပြီး ရန်သူကို မြှားခေါ်ပေးတဲ့အတွက် အောင်ပွဲရဖို့ ငါတို့က သူတို့ပေးတဲ့အချိန်ကို သုံးရမယ်။ "

Lao Zhao သည်ဘောလုံးကဲ့သို့ ပတ်ပတ်လည်တွင်ဝေ့ဝိုက် ကြည့်ကာ   He San ၏နောက်တွင် ရပ်နေသော်လည်း လူငယ်က သူ့ထက်သေးကွေးလို့  Lao Zhao ၏ကိုယ်ခန္ဓာ တထက်ဝက်ကိုသာ ဖုံးကွယ်ထားနိုင်ခဲ့သည်။

"ဒါဆို ငါတို့ဒီမှာ ဘယ်လောက်ကြာကြာပုန်းနေသင့်တာလဲ။ သရဲခြောက်တဲ့အိမ်ထဲမှာနှစ်ယောက်ပဲ ကျန်ခဲ့ရင်ကော။ "

He San က သူ့နောက်ကွယ်မှ သူ၏အတန်းကြီးသမားကိုကြည့်ကာ မေးလိုက်ပေမယ့် အကြောင်းပြချက်အချို့ကြောင့် သူက သူ့ စီနီယာ၏ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရသည်ဟု သူ ခံစားနေရသည်။

"ဒုတိယထပ် အခန်းများနှင့်တတိယထပ် အခန်းအများစုကို ငါတို့ စစ်ဆေးခဲ့ပြီးပြီ။ ဒါကြောင့် ပထမထပ်မှာ ထွက်ပေါက်ရှိ ရမယ်။  ငါတို့အောင်ပွဲ က သိပ်မဝေးတော့ဘူးကွ။ ငါတို့အောင်ပွဲခံ ခါနီး အချိန်မှာ အရှုံးမပေးလိုက်နဲ့ ဦး ။ "

 Lao Zhao က He San ကိုပခုံးညစ်ပြီး အားပေးလိုက်သည်။

"ဒီလိုမျိုးအချိန်မျိုးမှာတောင် မင်းကငါ့ကို ဒီလိုမျိုး အားပေးဖို့ အေးဆေးတည်ငြိမ်နေသေးတာလား"

သူ မကျေနပ်ချက်များစွာရှိသော်လည်း မည်သို့ပြုလုပ်ရမည်ကို မသိပေ။ သူသည် သူ၏စီနီယာများကို New Century Park သို့ လမ်းပြခေါ်ဆောင်ရန်သာထင်ခဲ့သည်၊ ဘာ့ကြောင့် သူက သရဲအိမ်ထဲ ရှိနေရတာလဲ။

"ဒီလိုတော့ အဆိုးမမြင်စမ်းပါနဲ့။ "

 Lao Zhao ကသူ့လက်ချောင်းတွေကိုရေတွက်ကာ ပြောလိုက်သည်။

"အစောပိုင်းက Monkey နဲ့ Xiao Hui ရဲ့အော်သံကို ငါတို့ကြားခဲ့ ရတယ်၊ ဒါကြောင့် သူတို့နှစ်ယောက်စလုံးကို ဒီနေရာကနေခေါ်ထုတ် သွား မှာပါ။   ဒီအိမ်ထဲမှာကျောင်းသား ၅ ယောက်ကျန်နေသေး တယ်။  သုံးယောက်ကတစ်စု၊ နှစ်ယောက်က တစ်စုဖြစ်မှာ၊ ဒါကြောင့် စိတ်မပူပါနဲ့။ စောင့်ဖို့သာ လိုလိမ့်မယ်။ "

"ကောင်းပြီ၊ ငါတို့  အဲ့ဒီလိုလုပ်ကြတာပေါ့"

တံခါးနားမှာထိုင်ပြီး He San က တံခါးကြားကနေ တောက်လျောက် ကြည့်နေသည်။ အမှောင်စင်္ကြံထဲမှာနောက်ထပ် အရာတစ်ခုရှိတယ် လို့ သူခံစားနေရသည်။  သူသည် မျက်လုံးကိုပွတ်သပ်ပြီး မျက်စိရှေ့ ဦး တည်ရာကို ကြည့်လိုက်သည်။ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေသော အရုပ်မရှိနေသည်။

" ငါ့မျက်စိ မှားယွင်းနေတာလား။ ဘယ်အချိန်ကစပြီး   ကြမ်းပြင်ပေါ် မှာ အရုပ်ရှိနေတာလဲ။ ဒါပေမယ့် မဖြစ်နိုင်ဘူး။  ငါဒီမှာ ပုန်းနေတဲ့ ဆယ်မိနစ်အတွင်းမှာ အပြင်ဘက်စင်္ကြံကို  ကြည့်နေခဲ့တယ်။ ဘာမှ မတွေ့ပါဘူ။ "

He San သည် တံခါးကြားမှ ထပ်မံကြည့်ရှုရန့်ပေါ့ပေါ့တန်တန် ရှေ့တိုးလာခဲ့သည်။  အရုပ်က ရှိနေတုန်းပဲ။  ဒါပေမယ့် သူက တံခါးနဲ့ ပိုမိုနီးကပ်စွာသို့ပြောင်းရွှေ့ခဲ့သည်။

" ဒါဟာ သူ့ဖာသာ ရွှေ့နိုင်သလား။ ငါစိတ်လှုပ်ရှားနေလို့  စိတ်ကူးယဉ်ပြီး လျှောက်မြင်တာလား? "

He San သည်တံခါးကြားကိုပြန်မကြည့်မီခေါင်းခါလိုက်သည်။

ဒီတစ်ခါတော့အရုပ်ပျောက်သွားသည်။

ဒါက နောက်က လိုက်နေတာလား။ 

..................................

Xu Wan ထွက်ခွာသွားပြီးတဲ့နောက် ကျောင်းသားအချို့ကို ခြောက်ရန်  Chen Ge ဟာ ဒေါက်တာအရိုးရဲ့ ဝတ်ရုံကို ပထမထပ် ဝန်ထမ်းလမ်းကြောင်းထဲမှာ  ဝတ်ဆင်ခဲ့သည်။ သူက ကျန်တဲ့သူတွေကို ဖမ်းရမည်။

သွေးစွန်းနေသောဆရာဝန်၏ အင်္ကျီကို ၀ တ်ဆင်လျက်၊ သူ့ခန္ဓာကိုယ်ပေါ်တွင် လူ့မျက်နှာများ ထွင်းထုထားသော သံကြိုးများကို အသံမြည်အောင် တရွတ်ဆွဲကာ တူနှင့် လူ့အသားအရေ မျက်နှာဖုံးကို ၀ တ်ဆင်လိုက်သည်။  Chen Ge ၏ ဒေါက်တာအရိုးဝတ်စုံက  Xiao Wan ရဲ့ပုံထက် ပိုပြီး  ခြိမ်းခြောက်နိုင်လေသည်။

ဒီလူငယ်တွေက ငါနဲ့  အချိန်ကြာကြာ ရင်ဆိုင်ချင်တာလားဟု တွေးကာ သူ့ခြေလှမ်းတိုင်း သံကြိုးများ အသံမြည်လာခဲ့သည်။ အခုလို လိုက်ရှာတာ ပျင်းစရာကောင်းလှသည်။ အဓိကအချက်က သူတို့ရဲ့တည်နေရာကို သိဖို့လိုနေသည်။ Chen Ge  ငါးမိနစ်ခန့် လမ်းလျှောက်သော်လည်း မည်သူကိုမျှ ရှာမတွေ့ခဲ့ပေ။

"Boss၊ ကျွန်မ သူတို့ကို ကင်မရာတွေပေါ်မှာ ရှာမတွေ့ဘူး။ သူတို့က အခန်းအများကြီးထဲမှာ ပုန်းနေတယ်ထင်တယ်။  ရှင် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ရှာကြည့်ဖို့လိုတယ်။  "

Xu Wan ရဲ့အသံက သူ့နားထဲကိုရောက်လာသည်။ သရဲအိမ်ရဲ့ထောင့်တိုင်းမှာ ကင်မရာကိုတပ်ဆင်ရမယ်လို တွေးလိုက်သည်။ အခုတော့  လမ်းဆုံတွေမှာပဲ ကင်မရာ ရှိတာဖြစ်လို့ သူတို့ မမြင်ရသည့် နေရာတွေက များနေသည်။

" ပိုက်ဆံရရင် ကင်မရာထပ်တပ်ဖို့စဉ်းစားရမယ်။ "

Chen Ge သည် အခန်းတစ်ခန်းစီ၏တံခါးကိုဖွင့်  သူ၏ သံချွန်ပါသည့် တူကို အသုံးပြုခဲ့သည်။ ဒုတိယထပ်မှာရှိ ထောင့်ကို သူရောက်တဲ့အခါ တံခါးတစ်ချပ်ကို မှီနေတဲ့အရုပ်မလေးကို သူ တွေ့လိုက်သည်။

"ကလေးမလေး ဒီနေရာမှာ အကြောင်းပြချက် မရှိဘဲ  အခန်းတံခါး ကို မှီနေတာလဲ"

Chen Ge သည် သူ၏မေးစေ့ကို ဆူးချွန်တူဖြင့်ခြစ်ရင်းမေးလိုက် သည်။  မကြာမီ အမှန်တရားကို တွေးလိုက်မိသည်။

 "ငါသိပြီ။ မင်းက ဒီအခန်းထဲမှာ တစ်ယောက်ယောက် ပုန်းနေတယ် လို့ပြောနေတာလား၊ ဟုတ်လား"

Chen Ge က ဘာမှသတိမထားမိသည့်ဟန်ဖြင့် တံခါးနားမှ ထွက်သွား လိုက်သည်။ သူသည် ၁၀ မီတာခန့်အကွာတွင်  ကြမ်းပြင် တစ်လျှောက် တရွတ်ဆွဲနေသော သံကြိုးများကိုကောက်ကိုင်ကာ တံခါးဆီသို့ တိတ်တဆိတ်ရွေ့လျားလျက် နံရံကိုမှီကာ စောင့်နေ လိုက်သည်။ မျက်ကွယ်ကနေ သူက ပုန်းနေသော သူများကို စောင့်နေစဉ် တံခါးက တိတ်တိတ်လေးပွင့်လာခဲ့သည်။

အခန်းထဲမှာ He San နဲ့ Lao Zhao တို့ဟာ တံခါးတွေရဲ့နောက်မှာ ပါးစပ်ကို လက်ဖြင့်ပိတ်ပြီး ထိုင်နေကြသည်။ သံကြိုးသံများ ပျောက်ကွယ်သွားပြီ။ လူသတ်သမားသည် လမ်းလွဲကာ ထွက်သွားပြီဖြစ်သည်။ Lao Zhao ၏ မျက်နှာသည် မယုံနိုင်စရာ ဖြူယော်နေသော်လည်း သူ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် သူ့အသံက အးဆေးတည်ငြိမ်ကြောင်းသေချာမှ စကားပြောခဲ့သည်။

" တကယ်တော့ ငါမကြောက်ပါဘူး။ ငါ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုအရ လူသတ်သမားဟာ ပထမထပ်ကနေပေါ်ထွက်လာတာမို့သူဟာ မကြာခင်ပြန်လာမှာမဟုတ်ဘူး။ ဒါက ငါတို့အတွက် အခွင့်အရေးပဲ"

ကြမ်းပြင်မှထပြီး တံခါးနားကိုလာဖို့ သူက  စွမ်းအင်အများကြီး အသုံးပြုခဲ့ရသည်။

"အခုကျွန်တော်တို့ ပထမထပ်တက်ဖို့ အကောင်းဆုံးအချိန်ပဲ။ လူသတ်သမားကိုရှောင်နိုင်ပြီး အောင်ပွဲခံနိုင်လိမ့်မယ်။ Xiao San, မင်း တံခါးကိုကြည့်ကြည့်။ လူသတ်သမား လမ်းလွဲသွားပြီဆိုရင် ငါတို့ ချက်ချင်းထွက်သွားမယ်။ "

Lao Zhao ပြောတာက အဓိပ္ပာယ်ရှိတယ်လို့ခံစားရလို့ သူက ငြင်းခုံခြင်း မရှိဘဲ တံခါးကြားမှာ ထွက်ကြည့်ဖို့ တံခါးကို မှီလိုက် သည်။ သူ့မျက်နှာပေါ် မှာနွေးနေတဲ့ခံစားမှုတစ်ခုကို ခံစားလိုက် ရပြီး ဒီအချိန်မှာမြင်ရတဲ့ မြင်ကွင်းက  အရင်ကနဲ့မတူဘူး။ အမှောင်ဖုံးနေသောစင်္ကြံ သို့မဟုတ် အရုပ်မလည်း မရှိပေ။ သို့သော် တံခါးကြားကနေ သူ့ကို သွေးရောင်ရဲ့နေသော မျက်ဝန်းတစုံက သူ့ကို ပြန်ကြည့်နေခဲ့သည်။

 
"ဘာကြီးတုန်း..."

သူ့စိတ်က သူ့ခန္ဓာကိုယ်ကနေ ထွက်သွားသလို ခံစားလိုက်ရသည်။ သူကကြမ်းပြင်ပေါ်လဲပြိုကျသွားပြီး  တံခါးမှဝေးရာသို့ အမြန်ဆုတ်သွားသည်။ ဒီအချက်က Lao Zhao ကို တုန်သွားစေပြီး မေးလိုက်သည်။

" မင်းဘာကို မြင်လိုက်တာလဲ။ " 


Lao Zhao ပြန်ရရှိသောအဖြေမှာ တံခါးပွင့်သွားခြင်းဖြစ်သည်။ ဖွင့်ခြင်းဖြစ်သည်။  ဖြည်းဖြည်းချင်း ဖွင့်လိုက်သော တံခါးဝတွင်  မကျေနပ်မှုများဖြာထွက်နေသောသွေးတို့ရဲနေသည့်  အရိပ်တစ်ခု ရှိနေသည်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် Lao Zhao တစ်ယောက် စိတ်ကိုတင်းထားပေမယ့် သူ့နောက်ကျောက နံရံကို တင်းတင်းကျပ်ကျပ် ဖိထားမိနေတော့သည်။

" မင်း နံရံကို အတင်း မမှီထားသင့်ဘူး၊ အတွင်းမှာ တစ်ယောက်ယောက်ရှိနေရင် ဘယ်လိုလုပ်မလဲ။ "

 Chen Ge သည် လက်ကိုအိတ်ကပ်ထဲ တိတ်တဆိတ်ထည့်ကာ အနက်ရောင်ဖုန်းပေါ်ရှိ prop option ကိုနှိပ်လိုက်သည်။

Lao Zhao သည် အလွန်ကြောက်လန့်သဖြင့် သူ၏ကိုယ်လုံးက တုန်ခါနေသည်။  Chen Ge ပြောလိုက်သည့် အဓိပ္ပာယ်ကို သူ မနားလည်မီ  ရုတ်တရက် သူ့နောက်သို  တခုခု တိုးဝင်လာသည်။ သူသည် ပခုံးကို ကျုံ့ကာ အလိုလိုပြန်လှည့်ကြည့်လိုက်ပြီးနောက် သူနောက်ကျောမှ  နံရံနှစ်ဖက်စလုံးပွင့်သွားပြီး အထဲမှာ အမူယာ ကင်းမဲ့နေသည့် အမျိုးသမီးတစ်ယောက်က သူ့ကို စိုက်ကြည့် နေသည်ကို တွေ့လိုက်ရစဉ် သူ၏ ခေါင်းထဲ ဟာလာ ဟင်းလင်းဖြစ် သွားတော့သည်။ သူ လဲကျသွားပြီး မျက်လုံးက ချာချာလည် သွားတော့သည်။

"မင်းရဲ့အချိန်စေ့သွားပြီြုဖစ်လို့ မင်းကို ငါ အပြင်ကို ခေါ်သွားတော့မယ်။ "

Chen Ge ထိုသို့ပြောလိုက်သည့်အချိန်တွင်  တတိယအထပ်မှ မှန်ကျကွဲသွားသည့် အသံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အကိုကြီးဖိန်း၏ အော်သံကို အကျယ်ကြီးကြား လိုက်ရသည်။

"Sh * t!"

 Chen Ge က Xiao Wan ကို He San နှင့် Lao Zhao တို့ကို အပေါ်ထပ် ကနေ လာရောက်ခေါ်ယူရန် ပြောလိုက်သည်။ အသံ ကြားရာနောက်ကို လိုက်သွားစဉ် အကိုဖိန်းက အခန်းတစ်ခု အလယ်တွင် ကုလားထိုင်ကို လက်က ကိုင်ဝေ့ယမ်းပြီး မမြင်ရသည့် အရာကို တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် မိမိမျက်နှာဖုံးကိုဆွဲချွတ်ကာ အကိုဖန်း ပင်ပန်းနွမ်းနယ်ပြီး  ကြမ်းပြင်သို့လျှောကျသွားသည် အထိစောင့်နေခဲ့သည်။

"ဘာဖြစ်သွားတာလဲ?"

Chen Ge သည်သစ်သားကုလားထိုင်ကို အကိုဖန်းဆီကနေ ဆွဲထုတ်ကာ ဘေးဘက်သို့ ပစ်ချလိုက်သည်။  အစ်ကိုဖန်းသည် အလွန်အမင်း မတည်မငြိမ်ဖြစ်နေပြီး သူ၏မျက်လုံးများက ကြောက်ရွံ့မှုနှင့်ပြည့်နှက်နေသောကြောင့် Chen Ge က ထိုလူငယ် ရှော့ခ်ရသွားမည်ကို စိုးရိမ်နေခဲ့သည်။

"ခင်ဗျား ကြောက်စရာ အရာတွေကို ဖြတ်ပြီးမှ ဒီကိုရောက်လာခဲ့တာလား။ "

==========================

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now