(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု

615 180 5
                                    

(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)


Chapter (152) - ထူးခြားသော ဆွဲဆောင်မှု

နှစ်ခါလောက်လမ်းမှားပြီး ည 7 နာရီမှာ လျှိုတောက်နဲ့ Chen Ge က တတိယဖျားနာဆောင်ဆီ ရောက်လာခဲ့သည်။

လျှိုတောက်က ကားရပ်ပြီး Chen Ge ကို ပြောလိုက်ကာ အနားကချုံပုတ်ကိုကြည့်လိုက်သည်။

"လာ.. ငါတို့ studio က ဝန်ထမ်နဲ့ မိတ်ဆက်ပေးမယ်.. ငါတို့က အခု ကျုတ်ကျန်းခရိုင်အပြင်ဘက်မှာ မဟုတ်လား.."

Chen Ge က ကားပေါ်ကမဆင်းခင် သူ့ကျောပိုးအိတ်ကို စစ်ဆေးလိုက်သည်။ ဆေးရုံကိုသွားသည့်လမ်းလေးကို ကျောက်တုံးပုံနဲ့ တစ်စုံတစ်ယောက်က တမင်ဟန့်တားထားသလို ထင်ရသည်။ လမ်းဘေးက ချုံပင်တွေက ရှည်လို့နေလေသည်။ သစ်ပင်တွေက လရောင်ကိုကာဆီးထားလို့ Chen Ge က ဓာတ်မီးဖွင့်ကာ ရှေ့ဆက်လာကြသည်။ နှစ်ယောက်သား 10 မိနစ်လောက် လျှောက်လာသည့်တိုင် သစ်ပင်အုပ်ကြားက မထွက်နိုင်သေးပေ။

"အစ်ကိုကြီးရေ.. ကျွန်တော်တို့ လမ်းပျောက်နေပြီ.."

အနီးနားမှာ လူရိပ်လူခြေ လုံးဝမရှိပေ။

"စိတ်မပူနဲ့.. စိတ်မပူနဲ့.. ဒီဆေးရုံကိုသွားတဲ့လမ်းက နည်းနည်းရှုပ်တယ်.. ငါတို့လာတဲ့လမ်းမှာ ဘာအမှတ်အသားမှမရှိဘူး.. ဒါကြောင့် မင်းတစ်ယောက်တည်း ဆေးရုံထဲဝင်ရင် သတိထားဦး.. သစ်ပင်တွေကြားမှာ အမှတ်အသားလုပ်သွားတာ ပိုကောင်းလိမ့်မယ်.."

မိနစ်အနည်းငယ်လျှောက်လာပြီးနောက် ချုံတောထဲက ထွက်လာနိုင်လေပြီ။ ထိုစဉ် သူတို့ရှေ့မှာ ကြီးမားတဲ့တဲကြီးတစ်လုံးကို ဘွားခနဲတွေ့လိုက်ရသည်။

"ဒီနေရာပဲ.. လဟာပြင်ရှိပြီး အချက်ပြဖို့ ဒီနေရာက အကောင်းဆုံးပဲ.."

လျှိုတောက်က ပြောလိုက်ချိန် တဲထဲက လူတချို့ထွက်လာကြသည်။

"အစ်ကိုလျှို. ခင်ဗျားက ဘယ်ရောက်နေတာလဲ.. ကျွန်တော်တို့က လူမလောက်ရတဲ့အထဲ အစ်ကိုက ကျွန်တော်နဲ့အစ်မလီကို သေအောင်ခိုင်းချင်နေတာလား.."

အသက် ၂၀ အရွယ် ဆံပင်ကို အိုးအဖုံးကေလိုညှပ်ထားသောလူငယ်က လှမ်းပြောခဲ့သည်။

"ဒီကလမ်းတွေက ကြောက်စရာကောင်းအောင် ရှုပ်နေပါလျက် ဘာကြောင့်ဒီနေရာကို ထုတ်လွှင့်ပြသချင်ရတာလဲ.."

ယောက်ျားတွေထက် အသားအရေခပ်ကြမ်းကြမ်းနဲ့ ကြွက်သားတွေရှိတဲ့ အစ်မလီက ပြောခဲ့သည်။

အဆင်မပြေတဲ့အခြေအနေကို လျစ်လျူရှုပြီး လျှိုတောက်က Chen Ge ကို ဆွဲခေါ်ကာ မိတ်ဆက်ပေးလိုက်သည်။

"ဒါက တတိယဖျားနာဆောင်ခန်းမထဲဝင်ပြီး တစ်ယောက်တည်း live လွှင့်မယ့် Host Chen Ge ပဲ.. ငါတို့ အချိန်ရှိသေးတာပဲ.. live stream မှာသုံးရတဲ့ ကင်မရာနဲ့ ကိရိယာသုံးနည်း သူ့ကိုသင်ပေးလိုက်ကြဦး.."

"ဒါက Chen Ge လား.."

အစ်မလီက လျှိုတောက်ကိုတွန်းဖယ်ကာ လူငယ်ဘေးမှာရပ်ရင်း Chen Ge ကို အံ့သြစွာကြည့်နေသည်။ သူတို့က သဘာဝလွန် live stream လွှင့်မှာမဟုတ်လား။ သူက ဘာကြောင့် ကြက်အရှင်ကို ယူလာရတာလဲ..?

သူတို့က Chen Ge ကို လှောင်ချင်ပေမယ့် ပတမဆုံးတွေ့ဆုံတာဖြစ်လို့ လျှာကိုကိုက်ကာ အောင့်ထားရသည်။

"ကျွန်တော်က ကျန်းဖင်ပါ.. သူက အစ်မလီ.. ကျွန်တော်တို့က ခင်ဗျား live လွှင့်ပေးတဲ့နေရာမှာ ကူညီပေးရမယ့်သူတွေပါ.."

လူငယ်က Chen Ge ကို ရွက်ဖျင်တဲထဲခေါ်သွားပြီး စားပွဲပေါ်ကကိရိယာတွေသုံးနည်းကို သင်ပေးသလို သေတ္တာထဲကကိရိယာတွေ ဘယ်လိုသုံးရမလဲဆိုတာ ပြောပြပေးသည်။

အစ်မလီက လျှိုတောက်ကို တီးတိုးမေးလိုက်သည်။

"လောင်လျှို.. ဒီကောင်လေးက တကယ်ရောလုပ်နိုင်ပါ့မလား.. ကျွန်မတို့က ကြည့်ရှုသူ တစ်သိန်းစီရှိတဲ့ channel နှစ်ခုဆီက ထောက်ခံချက်ကို ရအောင်ယူထားရတာနော်.. မအောင်မြင်ရင် ချင်ကွမ်းက ကျွန်မတို့ကို ငြှိုးမှာသေချာတယ်.."

"သူက ဒုတိယအဆင့် channel နှစ်ခုဆီက ထောက်ခံချက်ရထားပြီး ချင်ကွမ်းက တတိယအဆင့် channel တစ်ခုရဲ့ ထောက်ခံချက်ပဲ ရထားတာပါကွာ.. ဘယ်သူရှုံးသလဲ သိသာနေပြီပဲ.."

အစ်မလီက Chen Ge ကို ကိုယ်တိုင်မြင်ပြီး ယုံကြည်မှုမရှိ ဖြစ်နေသည်။ ဒီလို သဘာဝလွန် live stream လုပ်တဲ့ host တွေက တစ်ဖက်သားကို လှုံ့ဆော်နိုင်ဖို့ ထူးခြားတဲ့ရုပ်ဆင်းသွင်ပြင် ရှိဖို့လိုတယ်။ အခုကောင်လေးက အရမ်းကို သာမန်ဆန်လှတယ်။ သူရဲ့ တည်ငြိမ်အေးဆေးတဲ့ရုပ်ရည်အရ live stream လုပ်တဲ့တင်ဆက်သူထက် ဆရာဝန်နဲ့ပိုတူနေတယ်။

"မင်းက အပေါ်ယံကိုပဲ ကြည့်တာကိုး.. သူနဲ့စကားပြောကြည့်မှ သူက ဘယ်လောက် ဆွဲဆောင်မှုရှိသလဲဆိုတာ သိရမယ်။ သူက လူအများစုနဲ့မတူဘဲ ထိတ်လန့်ခြောက်ခြားမှုဆိုတာကို ကောင်းကောင်းကြီးနားလည်ထားတယ်.."

လျှိုတောက်က Chen Ge နဲ့ ပထမတစ်ခေါက် တွေ့ဆုံဆွေးနွေးခဲ့သည်ကို ပြန်ပြောပြရင်း စိတ်ထဲကနေ 'ရူးနေတဲ့လူ' ဆိုပြီး ကြွေးကြော်နေမိသည်။ ဒါပေမယ့် ဒီလူရဲ့အတွေးက သူတို့နဲ့လုံးဝမတူဘူးဆိုတာ နောက်ပိုင်း ပိုသိလာခဲ့သည်။

"ကျွန်မက သူ့ကို အထင်သေးတာမဟုတ်ပါဘူး.. ကျွန်မတို့က သူ့ကိုထောက်ခံပေးတော့ ချင်ကွမ်းက သေချာပေါက် ပစ်မှတ်ထားတော့မယ်.. အခု ချင်ကွမ်းကို သူ့ studio က ပင်တိုင်တင်ဆက်သူအဖြစ် အဆင့်မြှင့်ပေးလိုက်ပြီ.. ချင်ကွမ်းရဲ့အခြေအနေက ငြိမ်သွားတာနဲ့ သူက ကျွန်မတို့ studio က host တွေကို သေချာပေါက် တိုက်ခိုက်တော့မယ်.."

"Chen Ge ကို သစ္စာရှိစမ်းပါ.. တကယ်တမ်းပြောရရင် အရင် ချင်ကွမ်း live လွှင့်ခဲ့တဲ့နှစ်ခုက ဒီကောင်လေးဆီကနေ ကော်ပီကူးထားတာတွေပဲ.. ဒီကောင်လေးကမှ မူလပထမ တင်ဆက်သူကွ.."

"ဒါပေမယ့် သူက ဘာဇာတ်ညွှန်း၊ ဘာသရုပ်ဆောင် ဘာဇာတ်ကွက်မှ မရှိဘူးလေ.. ဒီလို ခပ်ညံ့ညံ့ livestream ကို ကြည့်သူတောင် ရှိပါ့မလား.."

"ငါ မင်းနဲ့ ဆက်မငြင်းချင်တော့ဘူး.. မင်းက live လွှင့်တဲ့အခါ နည်းပညာပိုင်းကို အမှားမပါအောင်ဘဲ သေချာလုပ်ပေးတော့.."

လျှိုတောက်က ပြောပြီး ရွက်ဖျင်တဲထဲဝင်ကာ သူ့ laptop ကိုဖွင့်ပြီး သူတို့ website ရဲ့စာမျက်နှာကို ဖွင့်ကာ Chen Ge ကိုခေါ်လိုက်သည်။

"Chen Ge.. ဒီကိုလာကြည့်ပါဦး.."

Chen Ge က ဇာတ်ညွှန်းလို့ထင်လိုက်ပေမယ့် ခေါင်းစဉ်အသစ်ဖြစ်နေတာ တွေ့ရသည်။

"ဇာတ်ညွှန်းအတိုင်းလုပ်တာက အတုမှန်းသိသာနိုင်တယ်.. ဒါကြောင့် ဒီဇာတ်လမ်းသွားကို မင်းဘာသာရေးဖို့ ချန်ထားပေးတယ်.. ဒီထဲမှာ လူတွေ ပိုစိတ်ဝင်စားမယ့် အကြောင်းအရာ ၃ ခု တင်ထားပေးတယ်.. ပထမတစ်ခုက ဆေးရုံရဲ့အုပ်ချုပ်သူဒါရိုက်တာ တစ်ယောက် ပျောက်ဆုံးခြင်း၊ အဲ့ဒီလူက ခုထိ ဘယ်ရောက်နေမှန်း မသိကြဘူး၊ သေလားရှင်လားလည်း မသိကြဘူး..။ ဒုတိယအချက် - ညတိုင်း သန်းခေါင်ယံမှာ ထွက်ထွက်နေတဲ့ ဆူညံသံတွေ။ တတိယအချက် - နေရာအနှံ့ပေါ်ထွက်နေတဲ့ သွေးစွန်းနေတဲ့စာလုံးတွေ အရုဏ်တက်ချိန်မှာ ပျောက်ကွယ်သွားတတ်တဲ့အကြောင်း။ ဒီသုံးခုနဲ့ဆိုရင် သက်ရောက်မှုက တော်တော်ကောင်းနေလောက်ပြီ.."

Chen Ge ခေါင်းညိတ်လိုက်သည်။ ဒီခေါင်းစဉ်၃ခုပါ အကြောင်းအရာကို ဖတ်ပြီးတော့ သူက ဆေးရုံအကြောင်းကို ပိုသဘောပေါက်လာခဲ့သည်။

"ညစာစားဖို့ ခဏနားကြစို့.. ပြီးရင် အသေးစိတ်တိုင်ပင်ကြတာပေါ့.."

အစ်မလီက လာပြောခဲ့သည်။ ပြီးတော့ ထည့်လာသည့်ထမင်းဘူးကို လိုက်ဝေကာ ည 9:30 ရောက်တော့ လျှိုတောက်က ဖုန်းတစ်ကောဆက်ပြီး Chen Ge ကို စတင်ချိန်ရောက်ပြီဟု ပြောခဲ့သည်။

ကျန်းဖင်က သေတ္တာနက်ထဲက ကိရိယာကိုထုတ်ယူကာ Chen Ge က နောက်ဆုံးပြင်ဆင်ခြင်းလုပ်သည်။ သူက အံ့သြစွာဝိုင်းကြည့်နေသည့် လူတွေရှေ့မှာ ကြောင်ဖိအိပ်နေသည့် ဂျာကင်အင်္ကျီကိုထုတ်ကာ ဝတ်လိုက်သည်။

ဂျာကင်အင်္ကျီမှာ ကြောင်ပေါက်လေးတွေရဲ့အနံ့ရှိနေလို့ သူဝတ်ထားရင် ဆေးရုံထဲသွားလေရာ သူ့နောက်ကို ကြောင်ဖြူက တောက်လျှောက်လိုက်နေမည်ဖြစ်သည်။

"ခင်ဗျားတို့ ကျွန်တော့်ကို ဘာလို့ဝိုင်းကြည့်နေတာလဲ.. ဒီလိုသဘာဝလွန် livestream တွေမှာ ကြက်မ၊ ကြောင်ဖြူ၊ အရုပ်ယူတာ ဘာထူးဆန်းနေလို့လဲ.."

Chen Ge က ကြောင်ဖြူကို အိတ်ထဲကထုတ်ပေးကာ အရုပ်ကို ဂျာကင်၏အိတ်ကပ်ထဲထည့်ရင်း ပြောလိုက်သည်။


***-**












Chapter (152) - ထူးျခားေသာ ဆြဲေဆာင္မႈ

ႏွစ္ခါေလာက္လမ္းမွားၿပီး ည 7 နာရီမွာ လွ်ိဳေတာက္နဲ႔ Chen Ge က တတိယဖ်ားနာေဆာင္ဆီ ေရာက္လာခဲ့သည္။

လွ်ိဳေတာက္က ကားရပ္ၿပီး Chen Ge ကို ေျပာလိုက္ကာ အနားကခ်ဳံပုတ္ကိုၾကည့္လိုက္သည္။

"လာ.. ငါတို႔ studio က ဝန္ထမ္နဲ႔ မိတ္ဆက္ေပးမယ္.. ငါတို႔က အခု က်ဳတ္က်န္းခ႐ိုင္အျပင္ဘက္မွာ မဟုတ္လား.."

Chen Ge က ကားေပၚကမဆင္းခင္ သူ႔ေက်ာပိုးအိတ္ကို စစ္ေဆးလိုက္သည္။ ေဆး႐ုံကိုသြားသည့္လမ္းေလးကို ေက်ာက္တုံးပုံနဲ႔ တစ္စုံတစ္ေယာက္က တမင္ဟန႔္တားထားသလို ထင္ရသည္။ လမ္းေဘးက ခ်ဳံပင္ေတြက ရွည္လို႔ေနေလသည္။ သစ္ပင္ေတြက လေရာင္ကိုကာဆီးထားလို႔ Chen Ge က ဓာတ္မီးဖြင့္ကာ ေရွ႕ဆက္လာၾကသည္။ ႏွစ္ေယာက္သား 10 မိနစ္ေလာက္ ေလွ်ာက္လာသည့္တိုင္ သစ္ပင္အုပ္ၾကားက မထြက္ႏိုင္ေသးေပ။

"အစ္ကိုႀကီးေရ.. ကြၽန္ေတာ္တို႔ လမ္းေပ်ာက္ေနၿပီ.."

အနီးနားမွာ လူရိပ္လူေျခ လုံးဝမရွိေပ။

"စိတ္မပူနဲ႔.. စိတ္မပူနဲ႔.. ဒီေဆး႐ုံကိုသြားတဲ့လမ္းက နည္းနည္းရႈပ္တယ္.. ငါတို႔လာတဲ့လမ္းမွာ ဘာအမွတ္အသားမွမရွိဘူး.. ဒါေၾကာင့္ မင္းတစ္ေယာက္တည္း ေဆး႐ုံထဲဝင္ရင္ သတိထားဦး.. သစ္ပင္ေတြၾကားမွာ အမွတ္အသားလုပ္သြားတာ ပိုေကာင္းလိမ့္မယ္.."

မိနစ္အနည္းငယ္ေလွ်ာက္လာၿပီးေနာက္ ခ်ဳံေတာထဲက ထြက္လာႏိုင္ေလၿပီ။ ထိုစဥ္ သူတို႔ေရွ႕မွာ ႀကီးမားတဲ့တဲႀကီးတစ္လုံးကို ဘြားခနဲေတြ႕လိုက္ရသည္။

"ဒီေနရာပဲ.. လဟာျပင္ရွိၿပီး အခ်က္ျပဖို႔ ဒီေနရာက အေကာင္းဆုံးပဲ.."

လွ်ိဳေတာက္က ေျပာလိုက္ခ်ိန္ တဲထဲက လူတခ်ိဳ႕ထြက္လာၾကသည္။

"အစ္ကိုလွ်ိဳ. ခင္ဗ်ားက ဘယ္ေရာက္ေနတာလဲ.. ကြၽန္ေတာ္တို႔က လူမေလာက္ရတဲ့အထဲ အစ္ကိုက ကြၽန္ေတာ္နဲ႔အစ္မလီကို ေသေအာင္ခိုင္းခ်င္ေနတာလား.."

အသက္ ၂၀ အ႐ြယ္ ဆံပင္ကို အိုးအဖုံးေကလိုညႇပ္ထားေသာလူငယ္က လွမ္းေျပာခဲ့သည္။

"ဒီကလမ္းေတြက ေၾကာက္စရာေကာင္းေအာင္ ရႈပ္ေနပါလ်က္ ဘာေၾကာင့္ဒီေနရာကို ထုတ္လႊင့္ျပသခ်င္ရတာလဲ.."

ေယာက္်ားေတြထက္ အသားအေရခပ္ၾကမ္းၾကမ္းနဲ႔ ႂကြက္သားေတြရွိတဲ့ အစ္မလီက ေျပာခဲ့သည္။

အဆင္မေျပတဲ့အေျခအေနကို လ်စ္လ်ဴရႈၿပီး လွ်ိဳေတာက္က Chen Ge ကို ဆြဲေခၚကာ မိတ္ဆက္ေပးလိုက္သည္။

"ဒါက တတိယဖ်ားနာေဆာင္ခန္းမထဲဝင္ၿပီး တစ္ေယာက္တည္း live လႊင့္မယ့္ Host Chen Ge ပဲ.. ငါတို႔ အခ်ိန္ရွိေသးတာပဲ.. live stream မွာသုံးရတဲ့ ကင္မရာနဲ႔ ကိရိယာသုံးနည္း သူ႔ကိုသင္ေပးလိုက္ၾကဦး.."

"ဒါက Chen Ge လား.."

အစ္မလီက လွ်ိဳေတာက္ကိုတြန္းဖယ္ကာ လူငယ္ေဘးမွာရပ္ရင္း Chen Ge ကို အံ့ၾသစြာၾကည့္ေနသည္။ သူတို႔က သဘာဝလြန္ live stream လႊင့္မွာမဟုတ္လား။ သူက ဘာေၾကာင့္ ၾကက္အရွင္ကို ယူလာရတာလဲ..?

သူတို႔က Chen Ge ကို ေလွာင္ခ်င္ေပမယ့္ ပတမဆုံးေတြ႕ဆုံတာျဖစ္လို႔ လွ်ာကိုကိုက္ကာ ေအာင့္ထားရသည္။

"ကြၽန္ေတာ္က က်န္းဖင္ပါ.. သူက အစ္မလီ.. ကြၽန္ေတာ္တို႔က ခင္ဗ်ား live လႊင့္ေပးတဲ့ေနရာမွာ ကူညီေပးရမယ့္သူေတြပါ.."

လူငယ္က Chen Ge ကို ႐ြက္ဖ်င္တဲထဲေခၚသြားၿပီး စားပြဲေပၚကကိရိယာေတြသုံးနည္းကို သင္ေပးသလို ေသတၱာထဲကကိရိယာေတြ ဘယ္လိုသုံးရမလဲဆိုတာ ေျပာျပေပးသည္။

အစ္မလီက လွ်ိဳေတာက္ကို တီးတိုးေမးလိုက္သည္။

"ေလာင္လွ်ိဳ.. ဒီေကာင္ေလးက တကယ္ေရာလုပ္ႏိုင္ပါ့မလား.. ကြၽန္မတို႔က ၾကည့္ရႈသူ တစ္သိန္းစီရွိတဲ့ channel ႏွစ္ခုဆီက ေထာက္ခံခ်က္ကို ရေအာင္ယူထားရတာေနာ္.. မေအာင္ျမင္ရင္ ခ်င္ကြမ္းက ကြၽန္မတို႔ကို ျငႇိဳးမွာေသခ်ာတယ္.."

"သူက ဒုတိယအဆင့္ channel ႏွစ္ခုဆီက ေထာက္ခံခ်က္ရထားၿပီး ခ်င္ကြမ္းက တတိယအဆင့္ channel တစ္ခုရဲ႕ ေထာက္ခံခ်က္ပဲ ရထားတာပါကြာ.. ဘယ္သူရႈံးသလဲ သိသာေနၿပီပဲ.."

အစ္မလီက Chen Ge ကို ကိုယ္တိုင္ျမင္ၿပီး ယုံၾကည္မႈမရွိ ျဖစ္ေနသည္။ ဒီလို သဘာဝလြန္ live stream လုပ္တဲ့ host ေတြက တစ္ဖက္သားကို လႈံ႕ေဆာ္ႏိုင္ဖို႔ ထူးျခားတဲ့႐ုပ္ဆင္းသြင္ျပင္ ရွိဖို႔လိုတယ္။ အခုေကာင္ေလးက အရမ္းကို သာမန္ဆန္လွတယ္။ သူရဲ႕ တည္ၿငိမ္ေအးေဆးတဲ့႐ုပ္ရည္အရ live stream လုပ္တဲ့တင္ဆက္သူထက္ ဆရာဝန္နဲ႔ပိုတူေနတယ္။

"မင္းက အေပၚယံကိုပဲ ၾကည့္တာကိုး.. သူနဲ႔စကားေျပာၾကည့္မွ သူက ဘယ္ေလာက္ ဆြဲေဆာင္မႈရွိသလဲဆိုတာ သိရမယ္။ သူက လူအမ်ားစုနဲ႔မတူဘဲ ထိတ္လန႔္ေျခာက္ျခားမႈဆိုတာကို ေကာင္းေကာင္းႀကီးနားလည္ထားတယ္.."

လွ်ိဳေတာက္က Chen Ge နဲ႔ ပထမတစ္ေခါက္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္ကို ျပန္ေျပာျပရင္း စိတ္ထဲကေန '႐ူးေနတဲ့လူ' ဆိုၿပီး ေႂကြးေၾကာ္ေနမိသည္။ ဒါေပမယ့္ ဒီလူရဲ႕အေတြးက သူတို႔နဲ႔လုံးဝမတူဘူးဆိုတာ ေနာက္ပိုင္း ပိုသိလာခဲ့သည္။

"ကြၽန္မက သူ႔ကို အထင္ေသးတာမဟုတ္ပါဘူး.. ကြၽန္မတို႔က သူ႔ကိုေထာက္ခံေပးေတာ့ ခ်င္ကြမ္းက ေသခ်ာေပါက္ ပစ္မွတ္ထားေတာ့မယ္.. အခု ခ်င္ကြမ္းကို သူ႔ studio က ပင္တိုင္တင္ဆက္သူအျဖစ္ အဆင့္ျမႇင့္ေပးလိုက္ၿပီ.. ခ်င္ကြမ္းရဲ႕အေျခအေနက ၿငိမ္သြားတာနဲ႔ သူက ကြၽန္မတို႔ studio က host ေတြကို ေသခ်ာေပါက္ တိုက္ခိုက္ေတာ့မယ္.."

"Chen Ge ကို သစၥာရွိစမ္းပါ.. တကယ္တမ္းေျပာရရင္ အရင္ ခ်င္ကြမ္း live လႊင့္ခဲ့တဲ့ႏွစ္ခုက ဒီေကာင္ေလးဆီကေန ေကာ္ပီကူးထားတာေတြပဲ.. ဒီေကာင္ေလးကမွ မူလပထမ တင္ဆက္သူကြ.."

"ဒါေပမယ့္ သူက ဘာဇာတ္ၫႊန္း၊ ဘာသ႐ုပ္ေဆာင္ ဘာဇာတ္ကြက္မွ မရွိဘူးေလ.. ဒီလို ခပ္ညံ့ညံ့ livestream ကို ၾကည့္သူေတာင္ ရွိပါ့မလား.."

"ငါ မင္းနဲ႔ ဆက္မျငင္းခ်င္ေတာ့ဘူး.. မင္းက live လႊင့္တဲ့အခါ နည္းပညာပိုင္းကို အမွားမပါေအာင္ဘဲ ေသခ်ာလုပ္ေပးေတာ့.."

လွ်ိဳေတာက္က ေျပာၿပီး ႐ြက္ဖ်င္တဲထဲဝင္ကာ သူ႔ laptop ကိုဖြင့္ၿပီး သူတို႔ website ရဲ႕စာမ်က္ႏွာကို ဖြင့္ကာ Chen Ge ကိုေခၚလိုက္သည္။

"Chen Ge.. ဒီကိုလာၾကည့္ပါဦး.."

Chen Ge က ဇာတ္ၫႊန္းလို႔ထင္လိုက္ေပမယ့္ ေခါင္းစဥ္အသစ္ျဖစ္ေနတာ ေတြ႕ရသည္။

"ဇာတ္ၫႊန္းအတိုင္းလုပ္တာက အတုမွန္းသိသာႏိုင္တယ္.. ဒါေၾကာင့္ ဒီဇာတ္လမ္းသြားကို မင္းဘာသာေရးဖို႔ ခ်န္ထားေပးတယ္.. ဒီထဲမွာ လူေတြ ပိုစိတ္ဝင္စားမယ့္ အေၾကာင္းအရာ ၃ ခု တင္ထားေပးတယ္.. ပထမတစ္ခုက ေဆး႐ုံရဲ႕အုပ္ခ်ဳပ္သူဒါ႐ိုက္တာ တစ္ေယာက္ ေပ်ာက္ဆုံးျခင္း၊ အဲ့ဒီလူက ခုထိ ဘယ္ေရာက္ေနမွန္း မသိၾကဘူး၊ ေသလားရွင္လားလည္း မသိၾကဘူး..။ ဒုတိယအခ်က္ - ညတိုင္း သန္းေခါင္ယံမွာ ထြက္ထြက္ေနတဲ့ ဆူညံသံေတြ။ တတိယအခ်က္ - ေနရာအႏွံ႔ေပၚထြက္ေနတဲ့ ေသြးစြန္းေနတဲ့စာလုံးေတြ အ႐ုဏ္တက္ခ်ိန္မွာ ေပ်ာက္ကြယ္သြားတတ္တဲ့အေၾကာင္း။ ဒီသုံးခုနဲ႔ဆိုရင္ သက္ေရာက္မႈက ေတာ္ေတာ္ေကာင္းေနေလာက္ၿပီ.."

Chen Ge ေခါင္းညိတ္လိုက္သည္။ ဒီေခါင္းစဥ္၃ခုပါ အေၾကာင္းအရာကို ဖတ္ၿပီးေတာ့ သူက ေဆး႐ုံအေၾကာင္းကို ပိုသေဘာေပါက္လာခဲ့သည္။

"ညစာစားဖို႔ ခဏနားၾကစို႔.. ၿပီးရင္ အေသးစိတ္တိုင္ပင္ၾကတာေပါ့.."

အစ္မလီက လာေျပာခဲ့သည္။ ၿပီးေတာ့ ထည့္လာသည့္ထမင္းဘူးကို လိုက္ေဝကာ ည 9:30 ေရာက္ေတာ့ လွ်ိဳေတာက္က ဖုန္းတစ္ေကာဆက္ၿပီး Chen Ge ကို စတင္ခ်ိန္ေရာက္ၿပီဟု ေျပာခဲ့သည္။

က်န္းဖင္က ေသတၱာနက္ထဲက ကိရိယာကိုထုတ္ယူကာ Chen Ge က ေနာက္ဆုံးျပင္ဆင္ျခင္းလုပ္သည္။ သူက အံ့ၾသစြာဝိုင္းၾကည့္ေနသည့္ လူေတြေရွ႕မွာ ေၾကာင္ဖိအိပ္ေနသည့္ ဂ်ာကင္အက်ႌကိုထုတ္ကာ ဝတ္လိုက္သည္။

ဂ်ာကင္အက်ႌမွာ ေၾကာင္ေပါက္ေလးေတြရဲ႕အနံ႔ရွိေနလို႔ သူဝတ္ထားရင္ ေဆး႐ုံထဲသြားေလရာ သူ႔ေနာက္ကို ေၾကာင္ျဖဴက ေတာက္ေလွ်ာက္လိုက္ေနမည္ျဖစ္သည္။

"ခင္ဗ်ားတို႔ ကြၽန္ေတာ့္ကို ဘာလို႔ဝိုင္းၾကည့္ေနတာလဲ.. ဒီလိုသဘာဝလြန္ livestream ေတြမွာ ၾကက္မ၊ ေၾကာင္ျဖဴ၊ အ႐ုပ္ယူတာ ဘာထူးဆန္းေနလို႔လဲ.."

Chen Ge က ေၾကာင္ျဖဴကို အိတ္ထဲကထုတ္ေပးကာ အ႐ုပ္ကို ဂ်ာကင္၏အိတ္ကပ္ထဲထည့္ရင္း ေျပာလိုက္သည္။


***-**




သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now