Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)

1.3K 295 5
                                    

Chapter (64) – မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း

မွန္ထဲကမေကာင္းဆိုးဝါးက Chen Ge ၏ေက်ာေပၚမွာ ဖိႏွိပ္ထားစဥ္ Zhang Peng က လွမ္းထိုးေနသည္။ က်န္းယာ့၏ page စာမ်က္ႏွာေတြ႕ေတာ့ Chen Ge လွမ္းေအာ္လိုက္သည္။

ကယ္ၾကပါဦး..

Chen Ge ၏စိတ္ထဲက ထူးဆန္းေသာရယ္သံကို ၾကားလိုက္ရသည္။ Chen Ge လက္က ဗီ႐ိုထဲကသံဆူးတင္းပုတ္ကို မကိုင္ႏိုင္ခင္ Zhang Peng ၏ဓားက သူ႔လည္ပင္းကို တိုးဝင္လာခဲ့သည္။ Chen Ge က လည္ပင္းေသြးေၾကာမ်ား ေထာင္ထလာၿပီး Zhang Peng ၏လည္ပင္းကို လက္ႏွစ္ဖက္ႏွင့္ဆုပ္ကိုင္ကာ ညႇစ္ထားလိုက္ရေတာ့သည္။ ဒါေပမယ့္ ေက်ာေပၚကမေကာင္းဆိုးဝါး၏ဖိအားေၾကာင့္ သူ႔လက္က အားမရွိေပ။ ေနာက္ဆံုး Chen Ge က ဖုန္းအနက္ေပၚပဲ လဲက်ရေတာ့မည္။

ေျမႀကီးေပၚက်ေနသည့္ ဖုန္းကိုၾကည့္လိုက္မိစဥ္ ေသြးနီေရာင္စာလံုးျဖင့္ ေရးထားသည္ကို ေတြ႕လိုက္ရသည္။

'က်န္းယာ့က မင္းရဲ့ေတာင္းဆိုခ်က္ကို သိပါတယ္.. မင္းက သူမရဲ့ ပထမဆံုးေတာင္းဆိုခ်က္ကို အရင္လက္ခံေပးပါ။'

ေတာင္းဆိုခ်က္က အေပးအယူဆန္သည္။ Chen Ge က က်န္းယာ့ကို တစ္ခုေတာင္းဆိုရင္ သူမေတာင္းဆိုတာလည္း သေဘာတူရေပမည္။ ခုခ်ိန္မွာ Chen Ge က ေရြးခ်ယ္စရာမရွိေသာေၾကာင့္ ဖုန္းက Yes ခလုတ္ကို ကပ်ာကယာ ႏွိပ္လိုက္ရေတာ့သည္။ ဘာသေဘာတူညီခ်က္ျဖစ္ျဖစ္ ခုခ်ိန္ Chen Ge လက္ခံရေပေတာ့မည္။ လက္ေခ်ာင္းက ဖုန္း screen ကိုထိလိုက္တာနဲ႔ အခန္းထဲကအပူခ်ိန္က ႐ုတ္တရက္ က်ဆင္းသြားၿပီး သူ႔နားထဲၾကားေနရသည့္ ထူးဆန္းေသာရယ္သံ တိတ္က်သြားသည္။ သူ႔ေက်ာေပၚက မေကာင္းဆိုးဝါးက ေၾကာက္ၿပီးတုန္ေနတာကို Chen Ge ခံစားလိုက္ရသည္။ တစ္ခုခုမူမမွန္တာ ရိပ္မိလို မေကာင္းဆိုးဝါးက Chen Ge ေက်ာေပၚကေန Zhang Peng ကိုယ္ထဲ ေျပးဝင္ပူးလိုက္သည္။

Zhang Peng လို ေလာင္းကစားသမားက အႏိုင္ရဖို႔လက္တစ္ကမ္းအလိုမွာ တစ္ခုခုမူမမွန္တာသိေပမယ့္ ေျပးရမယ့္အစား ဓားနဲ႔ Chen Ge ကို ေျပးထိုးဖို႔လုပ္လိုက္သည္။ ဒါေပမယ့္ မေကာင္းဆိုးဝါးက Zhang Peng ၏ကိုယ္ကို ထိန္းခ်ဳပ္ကာ အခန္းထဲကထြက္ေျပးဖို႔ တြန္းအားေပးလိုက္သည္။ လူနဲ႔ဝိညာဥ္တို႔ လြန္ဆြဲေနၾကခ်ိန္ ဖိအားတစ္ခုက သူတို႔လႈပ္မရေအာင္ လုပ္လိုက္သည္။ဒီအခ်ိန္ Chen Ge ၏အရိပ္က မတ္တပ္ထရပ္လာၿပီး ေသြးစြန္းေသာဝတ္စံုဝတ္ထားသည့္ က်န္းယာ့ျဖစ္လာခဲ့သည္။

က်န္းယာ့သည္ Jiu Jaing အကယ္ဒမီေက်ာင္းမွာ မွန္ထဲကသရဲနဲ႔ Zhang Peng ကို အေတာ္ေၾကာက္လန္႔ေစခဲ့ေသာေၾကာင့္ က်န္းယာ့ေပၚလာတာနဲ႔ တစ္ခါတည္း လွည့္ေျပးေတာ့သည္။ မွန္ထဲကသရဲက ပူးကပ္ရာမွ ခြာၿပီး ထြက္မေျပးႏိုင္ခဲ့ေပ။ Chen Ge က Zhang Peng ေၾကာင့္ သူ ေသလုေမ်ာပါးျဖစ္ခဲ့တာေၾကာင့္ Zhang Peng ကို ေဒါသထြက္ကာ လြယ္လြယ္ႏွင့္ေတာ့ အလြတ္မေပးႏိုင္ေပ။

က်န္းယာ့ေၾကာင့္ သရဲႏွင့္လူ မလႈပ္ရွားႏိုင္စဥ္ Chen Ge က သံဆူးတင္းပုတ္ကို ဗီ႐ိုထဲကထုတ္ယူလိုက္စဥ္ က်န္းယာ့က ရက္စက္စြာသတ္ျဖတ္ျခင္းကို လက္ယဥ္ေနဟန္ျဖင့္ သူမ၏ဆံပင္ေတြက သံခၽြန္လို Zhang Peng ဆီတိုးဝင္သြားသည္။ Chen Ge က သံဆူးတင္းပုတ္ႏွင့္ Zhang Peng ၏ပုခံုးကို ႐ိုက္ခ်လိုက္ေတာ့ Zhang Peng လဲက်သြားခဲ့သည္။ Chen Ge က ေနာက္တစ္ခ်က္ သံဆူးတင္းပုတ္ႏွင့္ ထပ္႐ိုက္မည္အျပဳ အထဲကမေကာင္းဆိုးဝါးက ေထာင့္မွာပိတ္မိၿပီး အ႐ိုက္ခံေနရသည့္ Zhang Peng ၏ကိုယ္ထဲကေန ထြက္ေျပးဖို႔ဆံုးျဖတ္ၿပီး Toilet ဘက္ကို ပ်ံေျပးေတာ့သည္။

"မေကာင္းေတာ့ဘူး.. ပထမထပ္အိမ္သာထဲမွာ မွန္ခ်ပ္ရွိေသးတယ္.."

Chen Ge ဘာျဖစ္သြားမွန္းမသိရေသးခင္ က်န္းယာ့က မွန္ထဲကမေကာင္းဆိုးဝါးေပၚ စိတ္ဝင္စားေနပံုရၿပီး ေနာက္က ခ်က္ခ်င္းလိုက္သြားေတာ့သည္။

"မွန္ကို ပိတ္ထားဖို႔ ငါ တစ္ခုခုလုပ္ရမယ္.."

Chen Ge က ဟိုဟိုသည္သည္ရွာေပမယ့္ ေသြးတုတစ္အိတ္ပဲ ေတြ႕ရသည္။ Chen Ge ေသြးအိတ္ကိုယူၿပီး ေျပးထြက္လာစဥ္ အိမ္သာတံခါးက ေလတိုက္လို႔ ႐ိုက္ခတ္ေနသည္။ အိမ္သာထဲတြင္ မွန္ထဲကမေကာင္းဆိုးဝါးက က်န္းယာ့၏ဆံပင္ထဲ ရစ္ပတ္ခံေနရေပမယ့္ သူက မွန္မ်က္ႏွာျပင္ႏွင့္ထိဖို႔ လက္မတခ်ိဳ႕သာ ကြာေဝးေတာ့သည္။

"ဒီတစ္ခါ မင္း လြယ္လြယ္နဲ႔ ေျပးလို႔မရႏိုင္ပါဘူး.."

အသံုးဝင္ မဝင္ မသိေပမယ့္ ေသြးတုနဲ႔ မွန္ကိုပက္ျဖန္းလိုက္ေတာ့ မွန္ခ်ပ္တစ္ခုလံုး စိုရႊဲကာ ဘာအရိပ္မွ မျမင္ရေတာ့ေပ။ အနက္ေရာင္အရိပ္က မွန္ေရွ႕မွာ တြန္႔ဆုတ္သြားေတာ့သည္။ က်န္းယာ့က သူ႔ဆံပင္တခ်ိဳ႕ကို ေျဖေလွ်ာ့ေပးလိုက္လို႔ အရိပ္မည္းက ပံုသ႑ာန္ေပၚလာသည္။

ေသြးစြန္းေသာဝတ္စံုႏွင့္ က်န္းယာ့က ေလထဲမွာလြင့္ေနၿပီး သူမက မေကာင္းဆိုးဝါးႏွင့္ ကစားရတာ ၿငီးေငြ႕လာပံုရသည္။ ဒါေၾကာင့္ အရိပ္မည္းကို ဆံပင္ႏွင့္ရစ္ကာ ႏွစ္ျခမ္းဆြဲၿဖဲလိုက္ၿပီး တစ္ျခမ္းကို သူမၿမိဳခ်ကာ က်န္တစ္ျခမ္းကို ေလႏွင့္မႈတ္လိုက္သည္။ မေကာင္းဆိုးဝါးအရိပ္မည္းက Chen Ge ၏မ်က္လံုးထဲ ဝင္သြားစဥ္ Chen Ge တစ္ကိုယ္လံုး ၾကက္သီးထလာခဲ့ၿပီး ေတာင့္သြားသည္။

"အဲ့တာဘာလဲ.."

Chen Ge က ေမးလိုက္ေပမယ့္ က်န္းယာ့က Chen Ge ၏ေတာင္းဆိုခ်က္ကို ျဖည့္ဆည္းေပးၿပီးၿပီျဖစ္လို႔ အနီေရာင္ဝိညာဥ္က ေပ်ာက္ကြယ္သြားေတာ့သည္။

အိမ္သာတံခါးက ေလတိုက္လို႔ ယိမ္းႏြဲ႕ေနခဲ့သည္။ Chen Ge သာမျမင္ခဲ့ရင္ ဒီဟာေတြျဖစ္သြားသည္ဟု ထင္စရာပင္မရွိေပ။

မွန္ထဲကမေကာင္းဆိုးဝါးကို က်န္းယာ့က တစ္ဝက္စားလိုက္ၿပီး က်န္တစ္ဝက္ကို ငါ့မ်က္လံုးထဲ မႈတ္သြင္းလိုက္တယ္။ ဒီအျဖစ္က အိပ္မက္လိုပဲဟု Chen Ge ခံစားေနရသည္။

ဘာျဖစ္ျဖစ္ မွန္ထဲကမေကာင္းဆိုးဝါးကိစၥေတာ့ ေျဖရွင္းၿပီးၿပီ။ ကေန႔ညမွာ မွန္ထဲမွာ ဂဏန္းနံပါတ္အသစ္ ေပၚလာမလား ေစာင့္ၾကည့္ရန္ ဆံုးျဖတ္လိုက္သည္။ ဒီဂဏန္းေတြက ဘာကိုရည္ရြယ္တယ္မသိေပမယ့္ တစ္ခုခုကိုညႊန္ျပေနသည္ဟု သူ ခံစားရသည္။

တံခါးျပန္ပိတ္ၿပီးေနာက္ Chen Ge က ရဲေတြကို ဖုန္းဆက္ေခၚလိုက္သည္။ ဒီတစ္ခါ အင္စပက္တာလီကို သူ ဒုကၡမေပးေတာ့ေပ။ ေနာက္ဆံုးေတာ့ Chen Ge က ျဖစ္သမွ်ကို ၿငိမ္မခံဘဲ သူလုပ္သင့္တာကို ကိုင္တြယ္ၿပီးသြားေလၿပီ။

နံရံကိုမွီရင္း Chen Ge က ၾကမ္းျပင္ေပၚမွာလဲေနသည့္ Zhang Peng ကိုေငးၾကည့္ေနသည္။ Zhang Peng ကိုယ္ထဲက မေကာင္းဆိုးဝါးထြက္သြားစဥ္ သူ႔ကိုယ္ထဲကတစ္ခုခုကို စုပ္ယူသြားသလို ေၾကာင္ေငးေငးႏွင့္ စိုက္ၾကည့္ရင္း အေသေကာင္လို ၾကမ္းျပင္မွာ လဲေလ်ာင္းေနသည္။ 'ဒါက ဝဋ္လည္ျခင္းတစ္မ်ိဳးပဲ'

မနက္ ၆နာရီမွာ ရဲဌာနက စံုစမ္းေရးရဲေတြနဲ႔ ပန္းၿခံအုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက သရဲအိမ္အဝကို ေရာက္လာခဲ့သည္။ Fu An တိုက္ခန္းက လြတ္ေနေသာ ေနာက္ဆံုးသံသယရွိသူကို ဖမ္းမိသြားေလၿပီ။

Zhang Peng က ႐ုန္းကန္ေအာ္ဟစ္ရင္း ရဲကားထဲပါသြားတာၾကည့္ၿပီး Chen Ge စိတ္သက္သာရာရသြားေတာ့သည္။ သူက သူမ်ားနဲ႔ စကားေျပာမေနေတာ့ဘဲ သရဲအိမ္ထဲက ဝန္ထမ္းနားေနခန္းထဲဝင္ကာ ေသာ့ပိတ္ၿပီး နားလိုက္ေတာ့သည္။

Fu An တိုက္ခန္းတရားခံေတြစံုလို႔ ဒီအမႈေတာ့ ေအးသြားၿပီျဖစ္သည္။ မွန္ထဲကမေကာင္းဆိုးဝါးကို က်န္းယာ့က တစ္ဝက္စားကာ က်န္တစ္ဝက္ကို သူ႔ကိုေပးလိုက္လို႔ ဒီကိစၥလည္း ေအးခ်မ္းသြားေလၿပီ။ ဒါဆို သူ႔သရဲအိမ္က လံုၿခံဳသြားၿပီး စီးပြားေရးဆက္လုပ္လို႔ ရေလၿပီ။ ဒါေပမယ့္ ပိုက်ယ္သည့္ေနရာကို မငွားႏိုင္ရင္ ေနာက္ထပ္ဂိမ္းအခန္းတခ်ိဳ႕ မဖြင့္ႏိုင္လို႔ အိပ္ယာကႏိုးတာနဲ႔ Uncle Xu ကိုသြားေတြ႕ၿပီး ေျမေအာက္ကားပါကင္ကို ငွားဖို႔ေျပာရမည္။

Chen Ge စဥ္းစားရင္း ပင္ပန္းလို႔ အိပ္ေပ်ာ္ေအာင္ႀကိဳးစားလိုက္သည္။ အိပ္ေနစဥ္ သူ႔မ်က္လံုးထဲက အေအးဓာတ္ေတြစိမ့္ထြက္လာၿပီး တစ္ကိုယ္လံုးကိုလႊမ္းၿခံဳထားသလို ခံစားရသည္။ က်န္းယာ့က သူ႔မ်က္လံုးထဲမႈတ္သြင္းလိုက္တဲ့ မေကာင္းဆိုးဝါး အရိပ္နက္ေၾကာင့္လားဟုေတြးကာ Chen Ge က မွန္တစ္ခ်ပ္ကိုယူကာ ၾကည့္လိုက္သည္။ သူ႔မ်က္ဝန္းနက္ေတြက ေရတြင္းေအာက္ေျခလို နက္ေမွာင္ေနတာကလြဲရင္ ဘာမွမထူးျခားေပ။ ေနာက္ဆံုး ပင္ပန္းလြန္းလာေတာ့ Chen Ge အိပ္ေမာက်သြားေတာ့သည္။သူက နာရီတခ်ိဳ႕ အိပ္ဖို႔စဥ္းစားေပမယ့္ 10:30am မွာ ေရွာင္ဝမ္ဆီက ဖုန္းဝင္လာခဲ့သည္။

"ေရွာင္ဝမ္.. မင္း မနက္ပိုင္း နားလို႔ရတယ္.. ေန႔ခင္းမွ ျပန္လာခဲ့ေတာ့.."

"ေဘာ့စ္.. သရဲအိမ္ေပါက္ဝမွာ.. လူေတြအမ်ားႀကီးေရာက္ေနတယ္.. ရဲေတြနဲ႔ သတင္းေထာက္ေတြေရာပဲ.. ရွင္ ဘာေတြလုပ္ခဲ့တာလဲ.."

==========================

Chapter (64) – မှန်ထဲကမကောင်းဆိုးဝါး အစားခံရခြင်း

မှန်ထဲကမကောင်းဆိုးဝါးက Chen Ge ၏ကျောပေါ်မှာ ဖိနှိပ်ထားစဉ် Zhang Peng က လှမ်းထိုးနေသည်။ ကျန်းယာ့၏ page စာမျက်နှာတွေ့တော့ Chen Ge လှမ်းအော်လိုက်သည်။

ကယ်ကြပါဦး..

Chen Ge ၏စိတ်ထဲက ထူးဆန်းသောရယ်သံကို ကြားလိုက်ရသည်။ Chen Ge လက်က ဗီရိုထဲကသံဆူးတင်းပုတ်ကို မကိုင်နိုင်ခင် Zhang Peng ၏ဓားက သူ့လည်ပင်းကို တိုးဝင်လာခဲ့သည်။ Chen Ge က လည်ပင်းသွေးကြောများ ထောင်ထလာပြီး Zhang Peng ၏လည်ပင်းကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ကာ ညှစ်ထားလိုက်ရတော့သည်။ ဒါပေမယ့် ကျောပေါ်ကမကောင်းဆိုးဝါး၏ဖိအားကြောင့် သူ့လက်က အားမရှိပေ။ နောက်ဆုံး Chen Ge က ဖုန်းအနက်ပေါ်ပဲ လဲကျရတော့မည်။

မြေကြီးပေါ်ကျနေသည့် ဖုန်းကိုကြည့်လိုက်မိစဉ် သွေးနီရောင်စာလုံးဖြင့် ရေးထားသည်ကို တွေ့လိုက်ရသည်။

'ကျန်းယာ့က မင်းရဲ့တောင်းဆိုချက်ကို သိပါတယ်.. မင်းက သူမရဲ့ ပထမဆုံးတောင်းဆိုချက်ကို အရင်လက်ခံပေးပါ။'

တောင်းဆိုချက်က အပေးအယူဆန်သည်။ Chen Ge က ကျန်းယာ့ကို တစ်ခုတောင်းဆိုရင် သူမတောင်းဆိုတာလည်း သဘောတူရပေမည်။ ခုချိန်မှာ Chen Ge က ရွေးချယ်စရာမရှိသောကြောင့် ဖုန်းက Yes ခလုတ်ကို ကပျာကယာ နှိပ်လိုက်ရတော့သည်။ ဘာသဘောတူညီချက်ဖြစ်ဖြစ် ခုချိန် Chen Ge လက်ခံရပေတော့မည်။ လက်ချောင်းက ဖုန်း screen ကိုထိလိုက်တာနဲ့ အခန်းထဲကအပူချိန်က ရုတ်တရက် ကျဆင်းသွားပြီး သူ့နားထဲကြားနေရသည့် ထူးဆန်းသောရယ်သံ တိတ်ကျသွားသည်။ သူ့ကျောပေါ်က မကောင်းဆိုးဝါးက ကြောက်ပြီးတုန်နေတာကို Chen Ge ခံစားလိုက်ရသည်။ တစ်ခုခုမူမမှန်တာ ရိပ်မိလို မကောင်းဆိုးဝါးက Chen Ge ကျောပေါ်ကနေ Zhang Peng ကိုယ်ထဲ ပြေးဝင်ပူးလိုက်သည်။

Zhang Peng လို လောင်းကစားသမားက အနိုင်ရဖို့လက်တစ်ကမ်းအလိုမှာ တစ်ခုခုမူမမှန်တာသိပေမယ့် ပြေးရမယ့်အစား ဓားနဲ့ Chen Ge ကို ပြေးထိုးဖို့လုပ်လိုက်သည်။ ဒါပေမယ့် မကောင်းဆိုးဝါးက Zhang Peng ၏ကိုယ်ကို ထိန်းချုပ်ကာ အခန်းထဲကထွက်ပြေးဖို့ တွန်းအားပေးလိုက်သည်။ လူနဲ့ဝိညာဉ်တို့ လွန်ဆွဲနေကြချိန် ဖိအားတစ်ခုက သူတို့လှုပ်မရအောင် လုပ်လိုက်သည်။ဒီအချိန် Chen Ge ၏အရိပ်က မတ်တပ်ထရပ်လာပြီး သွေးစွန်းသောဝတ်စုံဝတ်ထားသည့် ကျန်းယာ့ဖြစ်လာခဲ့သည်။

ကျန်းယာ့သည် Jiu Jaing အကယ်ဒမီကျောင်းမှာ မှန်ထဲကသရဲနဲ့ Zhang Peng ကို အတော်ကြောက်လန့်စေခဲ့သောကြောင့် ကျန်းယာ့ပေါ်လာတာနဲ့ တစ်ခါတည်း လှည့်ပြေးတော့သည်။ မှန်ထဲကသရဲက ပူးကပ်ရာမှ ခွာပြီး ထွက်မပြေးနိုင်ခဲ့ပေ။ Chen Ge က Zhang Peng ကြောင့် သူ သေလုမျောပါးဖြစ်ခဲ့တာကြောင့် Zhang Peng ကို ဒေါသထွက်ကာ လွယ်လွယ်နှင့်တော့ အလွတ်မပေးနိုင်ပေ။

ကျန်းယာ့ကြောင့် သရဲနှင့်လူ မလှုပ်ရှားနိုင်စဉ် Chen Ge က သံဆူးတင်းပုတ်ကို ဗီရိုထဲကထုတ်ယူလိုက်စဉ် ကျန်းယာ့က ရက်စက်စွာသတ်ဖြတ်ခြင်းကို လက်ယဉ်နေဟန်ဖြင့် သူမ၏ဆံပင်တွေက သံချွန်လို Zhang Peng ဆီတိုးဝင်သွားသည်။ Chen Ge က သံဆူးတင်းပုတ်နှင့် Zhang Peng ၏ပုခုံးကို ရိုက်ချလိုက်တော့ Zhang Peng လဲကျသွားခဲ့သည်။ Chen Ge က နောက်တစ်ချက် သံဆူးတင်းပုတ်နှင့် ထပ်ရိုက်မည်အပြု အထဲကမကောင်းဆိုးဝါးက ထောင့်မှာပိတ်မိပြီး အရိုက်ခံနေရသည့် Zhang Peng ၏ကိုယ်ထဲကနေ ထွက်ပြေးဖို့ဆုံးဖြတ်ပြီး Toilet ဘက်ကို ပျံပြေးတော့သည်။

"မကောင်းတော့ဘူး.. ပထမထပ်အိမ်သာထဲမှာ မှန်ချပ်ရှိသေးတယ်.."

Chen Ge ဘာဖြစ်သွားမှန်းမသိရသေးခင် ကျန်းယာ့က မှန်ထဲကမကောင်းဆိုးဝါးပေါ် စိတ်ဝင်စားနေပုံရပြီး နောက်က ချက်ချင်းလိုက်သွားတော့သည်။

"မှန်ကို ပိတ်ထားဖို့ ငါ တစ်ခုခုလုပ်ရမယ်.."

Chen Ge က ဟိုဟိုသည်သည်ရှာပေမယ့် သွေးတုတစ်အိတ်ပဲ တွေ့ရသည်။ Chen Ge သွေးအိတ်ကိုယူပြီး ပြေးထွက်လာစဉ် အိမ်သာတံခါးက လေတိုက်လို့ ရိုက်ခတ်နေသည်။ အိမ်သာထဲတွင် မှန်ထဲကမကောင်းဆိုးဝါးက ကျန်းယာ့၏ဆံပင်ထဲ ရစ်ပတ်ခံနေရပေမယ့် သူက မှန်မျက်နှာပြင်နှင့်ထိဖို့ လက်မတချို့သာ ကွာဝေးတော့သည်။

"ဒီတစ်ခါ မင်း လွယ်လွယ်နဲ့ ပြေးလို့မရနိုင်ပါဘူး.."

အသုံးဝင် မဝင် မသိပေမယ့် သွေးတုနဲ့ မှန်ကိုပက်ဖြန်းလိုက်တော့ မှန်ချပ်တစ်ခုလုံး စိုရွှဲကာ ဘာအရိပ်မှ မမြင်ရတော့ပေ။ အနက်ရောင်အရိပ်က မှန်ရှေ့မှာ တွန့်ဆုတ်သွားတော့သည်။ ကျန်းယာ့က သူ့ဆံပင်တချို့ကို ဖြေလျှော့ပေးလိုက်လို့ အရိပ်မည်းက ပုံသဏ္ဍာန်ပေါ်လာသည်။

သွေးစွန်းသောဝတ်စုံနှင့် ကျန်းယာ့က လေထဲမှာလွင့်နေပြီး သူမက မကောင်းဆိုးဝါးနှင့် ကစားရတာ ငြီးငွေ့လာပုံရသည်။ ဒါကြောင့် အရိပ်မည်းကို ဆံပင်နှင့်ရစ်ကာ နှစ်ခြမ်းဆွဲဖြဲလိုက်ပြီး တစ်ခြမ်းကို သူမမြိုချကာ ကျန်တစ်ခြမ်းကို လေနှင့်မှုတ်လိုက်သည်။ မကောင်းဆိုးဝါးအရိပ်မည်းက Chen Ge ၏မျက်လုံးထဲ ဝင်သွားစဉ် Chen Ge တစ်ကိုယ်လုံး ကြက်သီးထလာခဲ့ပြီး တောင့်သွားသည်။

"အဲ့တာဘာလဲ.."

Chen Ge က မေးလိုက်ပေမယ့် ကျန်းယာ့က Chen Ge ၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပြီးပြီဖြစ်လို့ အနီရောင်ဝိညာဉ်က ပျောက်ကွယ်သွားတော့သည်။

အိမ်သာတံခါးက လေတိုက်လို့ ယိမ်းနွဲ့နေခဲ့သည်။ Chen Ge သာမမြင်ခဲ့ရင် ဒီဟာတွေဖြစ်သွားသည်ဟု ထင်စရာပင်မရှိပေ။

မှန်ထဲကမကောင်းဆိုးဝါးကို ကျန်းယာ့က တစ်ဝက်စားလိုက်ပြီး ကျန်တစ်ဝက်ကို ငါ့မျက်လုံးထဲ မှုတ်သွင်းလိုက်တယ်။ ဒီအဖြစ်က အိပ်မက်လိုပဲဟု Chen Ge ခံစားနေရသည်။

ဘာဖြစ်ဖြစ် မှန်ထဲကမကောင်းဆိုးဝါးကိစ္စတော့ ဖြေရှင်းပြီးပြီ။ ကနေ့ညမှာ မှန်ထဲမှာ ဂဏန်းနံပါတ်အသစ် ပေါ်လာမလား စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဒီဂဏန်းတွေက ဘာကိုရည်ရွယ်တယ်မသိပေမယ့် တစ်ခုခုကိုညွှန်ပြနေသည်ဟု သူ ခံစားရသည်။

တံခါးပြန်ပိတ်ပြီးနောက် Chen Ge က ရဲတွေကို ဖုန်းဆက်ခေါ်လိုက်သည်။ ဒီတစ်ခါ အင်စပက်တာလီကို သူ ဒုက္ခမပေးတော့ပေ။ နောက်ဆုံးတော့ Chen Ge က ဖြစ်သမျှကို ငြိမ်မခံဘဲ သူလုပ်သင့်တာကို ကိုင်တွယ်ပြီးသွားလေပြီ။

နံရံကိုမှီရင်း Chen Ge က ကြမ်းပြင်ပေါ်မှာလဲနေသည့် Zhang Peng ကိုငေးကြည့်နေသည်။ Zhang Peng ကိုယ်ထဲက မကောင်းဆိုးဝါးထွက်သွားစဉ် သူ့ကိုယ်ထဲကတစ်ခုခုကို စုပ်ယူသွားသလို ကြောင်ငေးငေးနှင့် စိုက်ကြည့်ရင်း အသေကောင်လို ကြမ်းပြင်မှာ လဲလျောင်းနေသည်။ 'ဒါက ဝဋ်လည်ခြင်းတစ်မျိုးပဲ'

မနက် ၆နာရီမှာ ရဲဌာနက စုံစမ်းရေးရဲတွေနဲ့ ပန်းခြံအုပ်ချုပ်ရေးအဖွဲ့တွေက သရဲအိမ်အဝကို ရောက်လာခဲ့သည်။ Fu An တိုက်ခန်းက လွတ်နေသော နောက်ဆုံးသံသယရှိသူကို ဖမ်းမိသွားလေပြီ။

Zhang Peng က ရုန်းကန်အော်ဟစ်ရင်း ရဲကားထဲပါသွားတာကြည့်ပြီး Chen Ge စိတ်သက်သာရာရသွားတော့သည်။ သူက သူများနဲ့ စကားပြောမနေတော့ဘဲ သရဲအိမ်ထဲက ဝန်ထမ်းနားနေခန်းထဲဝင်ကာ သော့ပိတ်ပြီး နားလိုက်တော့သည်။

Fu An တိုက်ခန်းတရားခံတွေစုံလို့ ဒီအမှုတော့ အေးသွားပြီဖြစ်သည်။ မှန်ထဲကမကောင်းဆိုးဝါးကို ကျန်းယာ့က တစ်ဝက်စားကာ ကျန်တစ်ဝက်ကို သူ့ကိုပေးလိုက်လို့ ဒီကိစ္စလည်း အေးချမ်းသွားလေပြီ။ ဒါဆို သူ့သရဲအိမ်က လုံခြုံသွားပြီး စီးပွားရေးဆက်လုပ်လို့ ရလေပြီ။ ဒါပေမယ့် ပိုကျယ်သည့်နေရာကို မငှားနိုင်ရင် နောက်ထပ်ဂိမ်းအခန်းတချို့ မဖွင့်နိုင်လို့ အိပ်ယာကနိုးတာနဲ့ Uncle Xu ကိုသွားတွေ့ပြီး မြေအောက်ကားပါကင်ကို ငှားဖို့ပြောရမည်။

Chen Ge စဉ်းစားရင်း ပင်ပန်းလို့ အိပ်ပျော်အောင်ကြိုးစားလိုက်သည်။ အိပ်နေစဉ် သူ့မျက်လုံးထဲက အအေးဓာတ်တွေစိမ့်ထွက်လာပြီး တစ်ကိုယ်လုံးကိုလွှမ်းခြုံထားသလို ခံစားရသည်။ ကျန်းယာ့က သူ့မျက်လုံးထဲမှုတ်သွင်းလိုက်တဲ့ မကောင်းဆိုးဝါး အရိပ်နက်ကြောင့်လားဟုတွေးကာ Chen Ge က မှန်တစ်ချပ်ကိုယူကာ ကြည့်လိုက်သည်။ သူ့မျက်ဝန်းနက်တွေက ရေတွင်းအောက်ခြေလို နက်မှောင်နေတာကလွဲရင် ဘာမှမထူးခြားပေ။ နောက်ဆုံး ပင်ပန်းလွန်းလာတော့ Chen Ge အိပ်မောကျသွားတော့သည်။သူက နာရီတချို့ အိပ်ဖို့စဉ်းစားပေမယ့် 10:30am မှာ ရှောင်ဝမ်ဆီက ဖုန်းဝင်လာခဲ့သည်။

"ရှောင်ဝမ်.. မင်း မနက်ပိုင်း နားလို့ရတယ်.. နေ့ခင်းမှ ပြန်လာခဲ့တော့.."

"ဘော့စ်.. သရဲအိမ်ပေါက်ဝမှာ.. လူတွေအများကြီးရောက်နေတယ်.. ရဲတွေနဲ့ သတင်းထောက်တွေရောပဲ.. ရှင် ဘာတွေလုပ်ခဲ့တာလဲ.."

==========================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now