Chapter (98+99+100+101)(z+u)

1.2K 295 13
                                    

Chapter (98) – မင္းရဲ့ေနာက္မွာ တစ္ေယာက္ေယာက္ ရွိေနတယ္

"မင္း ေသရလိမ့္မယ္.."

ဒီစာလံုးကိုၾကည့္ၿပီး ဖိန္းယို႔ေလ်ာင္ စိတ္႐ႈပ္သြားသည္။ သူ႔ဇနီးေလာင္းအမည္ေပးတာ ဘာေၾကာင့္ ဒီလိုက်ိန္ဆဲတဲ့စကား ထြက္လာတာလဲ။ သူက ေဘာလ္ပင္နတ္ပင့္တဲ့နည္းကို လုပ္တာ အမွားမပါသြားပါဘူး။ ဒါဆိုရင္ သရဲအိမ္ပိုင္ရွင္က ဘာေမးေမး ဒီလိုစာလံုးေပၚလာေအာင္လုပ္ၿပီး စိတ္ေျခာက္ျခားေအာင္ လုပ္တာပဲျဖစ္မွာပါဟု ေတြးေနသည္။ ဒါေၾကာင့္ သူ႔စိတ္ဓာတ္က ျပန္လည္တက္ၾကြလာသည္။

"ဒီစကားလံုးေပၚေအာင္လုပ္တဲ့အကြက္က ခ်ီးက်ဴးစရာေတာ့ေကာင္းပါရဲ့.. တျခားလူသာဆိုရင္ေတာ့ ေၾကာက္သြားမွာျဖစ္ေပမယ့္ ကံဆိုးတာက ဒီဂိမ္းကိုကစားတာက ငါတို႔ႏွစ္ေယာက္ျဖစ္ေနတယ္.. သရဲအိမ္ပိုင္ရွင္ရဲ့လွည့္ကြက္က ဟာကြက္ရွိသြားတာေပါ့.. ငါတို႔ေမးတာနဲ႔ မသက္ဆိုင္တဲ့စကားလံုး ေပၚလာတာဆိုေတာ့ ဒါက ေၾကာက္စရာလွည့္ကြက္တစ္ခုထက္ မပိုေတာ့ဘူး.."

ဖိန္းယို႔ေလ်ာင္က ရွင္းျပေပမယ့္ က်ဴးက်င့္နင္က ဘာမွမတံု႔ျပန္ခဲ့ေပ။

"ေရွာင္က်ဴး.. မင္းလက္က ဘာေၾကာင့္ ဒီေလာက္ေအးေနတာလဲ.."

က်ဴးက်င့္နင္က မေျဖဘဲ သူ႔ေနာက္ကို ေၾကာက္လန္႔တၾကားၾကည့္ေနၿပီး သူ႔လက္က တုန္ယင္ေနေသာေၾကာင့္ ဖိန္းယို႔ေလ်ာင္က ရင္ထဲ ထိတ္လန္႔စျပဳလာသည္။ သူ႔ေနာက္က တစ္ေယာက္ေယာက္ရွိေနသလို ခံစားလာရၿပီး အခန္းထဲကေလထုက ေျပာင္းလဲသြားသည္ကို သတိျပဳလိုက္မိသည္။

"ငါ့ေနာက္မွာ ဘာရွိေနလို႔လဲ.. မင္း ဘာေတြ႕လိုက္လဲ.."

ဖိန္းယို႔ေလ်ာင္က သူ႔ေနာက္ကအရာကို ၾကည့္ခ်င္ေပမယ့္ တစ္စံုတစ္ခုက သူ႔ေက်ာကိုဖိလာၿပီး ခႏၶာကိုယ္တစ္ခုလံုး ေတာင့္တင္းသြားသည္။ သူလွည့္ၾကည့္ခ်င္ေပမယ့္ ျမင္လိုက္ရတဲ့အရာက သူ႔ကို ႐ူးေအာင္လုပ္လိုက္မွာကို ေၾကာက္ကာ က်ဴးက်င့္နင္ကိုသာ ေမးလိုက္သည္။

"ေရွာင္က်ဴး.. ေျပာစမ္းပါ.. ငါ့ေနာက္မွာ မင္း ဘာကိုျမင္ေနရတာလဲ.."

မၾကာခင္ သူ႔ကိုယ္က ေရခဲဂူထဲေရာက္သြားသလို ေအးစိမ့္သြားၿပီး သူ႔ပုခံုးေပၚကို ေလးလံေသာအရာက ပိုဖိလာသလိုျဖစ္ကာ တစ္စံုတခုက သူ႔ကိုယ္ထဲဝင္ခ်င္သလို ခံစားလိုက္ရသည္။ သူက ၾကက္သီးထလာၿပီး သူ႔အေရျပားေပၚမွာ ခရမ္းေရာင္အမွတ္ေတြေပၚလာခဲ့ၿပီး သူ႔ကိုယ္ေပၚကဖိအားက ပိုမိုေလးလံလာခဲ့သည္။
က်ဴးက်င့္နင္ ဆုပ္ကိုင္ထားသည့္လက္က သူ႔ကိုယ္ထဲကို စြမ္းအင္ေတြတိုးဝင္လာၿပီး တစ္ခုခုသတိေပးဖို႔ ႀကိဳးစားေနသလိုပင္။

"မင္းေနာက္မွာ တစ္ေယာက္ေယာက္ရွိေနတယ္.."

"ငါ့ေနာက္မွာလား.."

ဒါဆို သူ႔ေနာက္မွာ တစ္ေယာက္ေယာက္ရွိေနတာလားဟု ေတြးေနစဥ္ က်ဴးက်င့္နင္က ႐ုတ္တရက္ထကာ သူ႔လက္ကိုဆြဲျဖဳတ္ကာ အခန္းထဲကထြက္ေျပးသြားေတာ့သည္။

ဖိန္းယို႔ေလ်ာင္က ၾကမ္းျပင္ေပၚလဲက်သြားၿပီး လက္ထဲမွာ ေဘာလ္ပင္က တြယ္ကပ္ေနၿပီး သူဘယ္ေလာက္ခါခ်ပါေစ ေဘာလ္ပင္က က်မသြားေပ။ ထိုစဥ္ သူ႔လက္ေမာင္းက ေအးစက္သြားၿပီး တစ္စံုတစ္ခုက ထိန္းခ်ဳပ္သလိုျဖစ္ကာ စာရြက္ေပၚတြင္ တစ္ခုခုကိုေရးဖို႔ စတင္လႈပ္ရွားလာသည္။

"မင္း ေသလိမ့္မယ္.. မင္း ေသလိမ့္မယ္.. မင္းေသလိမ့္မယ္.."

ေၾကာက္စရာက်ိန္စာေတြက ဆက္တိုက္ေပၚလာသည္။ က်ဴးက်င့္နင္က ထြက္သြားၿပီျဖစ္ၿပီး သူ႔လက္ထဲ ေဘာလ္ပင္တြယ္ကပ္ေနကာ သူ႔လက္ကို ဘာမွမလႈပ္ရွားမိေၾကာင္း ေသခ်ာသည္။ ဒီစာလံုးက သရဲအိမ္ပိုင္ရွင္ ႀကိဳတင္စီမံထားမွာေသခ်ာသည္။

ဒီလိုအခ်ိန္မွာေတာင္ ဖိန္းယို႔ေလ်ာင္က ထိတ္လန္႔မႈမရွိဘဲ ေသခ်ာစဥ္းစားႏိုင္ေသးသည္။ သူက ေခတ္သစ္နည္းပညာကို ယံုၾကည္သူျဖစ္ၿပီး သရဲကိုမယံုၾကည္ေပ။ သူက အေၾကာင္းအက်ိဳးဆက္စပ္မႈကို ယံုၾကည္သည္။

ေရွာင္က်ဴးျမင္လိုက္ရသည့္ပံုရိပ္က 3D ပံုရိပ္ျဖစ္ႏိုင္သည္။ သူ႔ထိုင္ခံုဘက္ကၾကည့္မွ ျမင္ရေအာင္လုပ္ထားတာ ျဖစ္ႏိုင္သည္။ ဒါက တကယ္ထိေရာက္ေသာ နည္းဗ်ဴဟာျဖစ္ပံုရသည္။

ဒါေပမယ့္ ငါ့ခႏၶာကိုယ္က ဘာေၾကာင့္တုန္ေနတာလဲ..။

သူက ေဘာလ္ပင္နတ္ဂိမ္းကို ေလွ်ာ့တြက္မိခဲ့သည္။ သူက ဒီထက္ေကာင္းေအာင္ ႀကိဳတင္ျပင္ဆင္ၿပီး ပိုသတၱိရွိေသာအေဖာ္ကို ေခၚလာသင့္သည္။ သူ႔ေနာက္ေက်ာဘက္ကေန ေအးစက္မႈက တစ္ကိုယ္လံုးကိုပ်ံ႕ႏွံ႔လာၿပီး သူ႔လက္ထဲကေဘာလ္ပင္က စာေရးၿပီးေနာက္ တစ္စစီက်ိဳးပဲ့သြားခဲ့ေလၿပီ။

••••••••••••••••••••

Chen Ge က ခဏေစာင့္ၿပီးေတာ့ ဧည့္သည္ႏွစ္ဦးဝင္သြားေသာ မုယန္အထက္တန္းေက်ာင္း ဆက္တင္ခန္းထဲ ဝင္လိုက္ခဲ့သည္။

သူတို႔ဆီကေအာ္သံကို မၾကားရဘူးဆုိေတာ့ ငါ သူတို႔ကို ေလွ်ာ့တြက္မိၿပီထင္တယ္..။

Chen Ge က မ်က္ႏွာဖံုးဝတ္ဆင္ကာ ခ်ိပ္ပိတ္ထားေသာစာသင္ခန္းထဲဝင္ကာ ဆရာစားပြဲတြင္ နာမည္ ၂၄ ခုပါေသာ စကၠဴဘူးေလးကို တင္လိုက္သည္။ စားပြဲႏွင့္ထိုင္ခံုမ်ား ဖ႐ိုဖရဲလဲၿပိဳေနေသာေၾကာင့္ သူတို႔ ဒီအခန္းထဲဝင္ေရာက္ၿပီးျဖစ္တာ သိလိုက္သည္။

သူက ဒီအခန္းရဲ့လွ်ိဳ႕ဝွက္ခ်က္အားလံုးကို မသိေသးေသာေၾကာင့္ ဘာျဖစ္သြားတယ္ဆိုတာ မသိေသးေပ။ သူက စားပြဲႏွင့္ကုလားထိုင္ကို ေသခ်ာျပန္ထားကာ အံဆြဲထဲ စာအုပ္မ်ားျပန္ထည့္ေနစဥ္ စႀကၤန္ဘက္တြင္ ေျပးလာသံကို ၾကားလိုက္ရသည္။

ဒါက ဘယ္သူလဲ..

Chen Ge က ေသြးစြန္းေသာ ဆရာဝတ္ကုတ္အက်ႌႏွင့္ မ်က္ႏွာဖံုးစြပ္လ်က္ စာသင္ခန္းထဲက ထြက္လာခဲ့သည္။

====================
Chapter (99) – တိတ္တဆိတ္ သင့္ကို ေစာင့္ၾကည့္ေနတယ္

လူတစ္ေယာက္ ေခြး႐ူးျပန္ေသာေခြးတစ္ေကာင္လို အ႐ူးအမူးေျပးလာသျဖင့္ Chen Ge လွမ္းၾကည့္လိုက္ေတာ့ အရပ္ 1.8 မီတာရွိေသာ ဗလႀကီးျဖစ္ေနတာ ေတြ႕လိုက္ရသည္။ ဒီလူရဲ့မ်က္ႏွာေပၚက ေသြး႐ူးေသြးတန္းေၾကာက္လန္႔ေနတာေတြ႕လို႔ Chen Ge က ဘာေၾကာင့္လဲဆိုတာေမးဖို႔ စာသင္ခန္းထဲက ထြက္ဖို႔ျပင္လိုက္သည္။

သူက ဘာကိုေၾကာက္ေနတာလဲ..။ သူလာတဲ့လမ္းအရဆိုရင္ မိန္းကေလးအိပ္ေဆာင္ကပဲ။ အထဲမွာ ဘာမွေၾကာက္စရာမရွိပါဘူး..။ ၾကည့္ရတာ ဒီလူက အစကတည္းက ေၾကာက္တတ္တဲ့သူျဖစ္လို႔ အရိပ္ကေလးျမင္တာနဲ႔ ေသြးေလေျခာက္ျခားၿပီး ေျပးထြက္လာတာျဖစ္ႏိုင္တယ္။ ဒါဆိုရင္ အစကတည္းက သူတို႔က မေၾကာက္တတ္ဘူးလို႔ ဘာေၾကာင့္ေျပာခဲ့ရတာလဲ..။ သူ႔အေဖာ္ကေရာ ဘယ္မွာက်န္ခဲ့တာလဲ..။

ဒါကိုေသခ်ာသိဖို႔ ထုိလူကိုတားကာ ေမးဖို႔ႀကံလိုက္ေပမယ့္ ထိုသူက သူ႔ကိုေတြ႕လိုက္ေတာ့ စာသင္ခန္းေရွ႕မွ တရၾကမ္းျဖတ္ေျပးကာ နံရံကိုပစ္ေဆာင့္မိသြားတာေတာင္ မရပ္ဘဲ တစ္ဖက္ကို ဦးတည္ေျပးကာ ေထာင့္ကအိမ္သာခန္းထဲ ဝင္ေျပးသြားေတာ့သည္။

Chen Ge လည္း ဒီလူက ဘာေၾကာင့္ ထိုထဲဝင္ေျပးလဲဆိုတာ မသိေပမယ့္ ဧည့္သည္ေတြေဘးကင္းလား လိုက္ၾကည့္ဖို႔ လိုက္လာခဲ့သည္။

က်ဴးက်င့္နင္သည္ အမ်ိဳးသမီးအေဆာင္ထဲက ေျပးထြက္လာစဥ္ ခ်ိပ္ပိတ္ထားေသာစာသင္ခန္းထဲ လူရိပ္တစ္ခုထြက္လာတာေတြ႕လိုက္ရၿပီး အသက္႐ႈရပ္မတတ္ ျဖစ္သြားသည္။ ေက်ာင္းဝတ္စံုေတြက အသက္ဝင္တာျဖစ္မည္။ ေသခ်ာသည္၊ ဒီစာသင္ခန္းက မ႐ိုးရွင္းေပ။

ဒီအေတြးေၾကာင့္ သူက စာသင္ခန္းေရွ႕က ျဖတ္အေျပး ေသြးစြန္းေသာဆရာဝန္ဝတ္စံုႏွင့္ သူ႔ဘဝမွာ တစ္ခါမွမျမင္ဖူးေသာ မ်က္ႏွာတစ္ခုကို ေတြ႕လိုက္ရေတာ့ က်ဴးက်င့္နင္ ေသြးပ်က္သြားေတာ့သည္။ ဒီမ်က္ႏွာက ေၾကာက္စရာ၊ ေျခာက္ျခားစရာေကာင္းလွေသာေၾကာင့္ ေခါင္းေမႊးေထာင္သြားခဲ့သည္။ က်ဴးက်င့္နင္က နံရံကိုဝင္ေဆာင့္မိတာေတာင္ နာက်င္မႈကိုဂ႐ုမစိုက္ဘဲ ဂမူး႐ူးထိုးႏွင့္ တစ္ဖက္သို႔ဆက္ေျပးကာ ထြက္ေပါက္တံခါးကို ေတြ႕ၿပီဆိုၿပီး ထုိတံခါးကိုဖြင့္ကာ အထဲဝင္လိုက္သည္။ အထဲေရာက္မွ ထြက္ေပါက္မဟုတ္ဘဲ အိမ္သာျဖစ္တာ သိလိုက္ရေပမယ့္ သူက မတတ္ႏိုင္ေတာ့ဘဲ စာသင္ခန္းထဲက ထြက္လာေသာအရာ၏လက္မွ ပုန္းဖို႔ အိမ္သာခန္းတစ္ခုကို ႀကံဳရာဆြဲဖြင့္ကာ စတုတၳေျမာက္အိမ္သာထဲ ဝင္ပုန္းလိုက္ေတာ့သည္။

က်ဴးက်င့္နင္က အိမ္သာခန္းထဲက ေၾကြခြက္တစ္ခုေပၚထိုင္ကာ မ်က္ႏွာကို လက္ဝါးႏွင့္အုပ္ကာ စိတ္ကိုၿငိမ္ေအာင္ ႀကိဳးစားေပမယ့္ အမ်ိဳးသမီးအေဆာင္ထဲက ျမင္ကြင္းက ျပတ္သားစြာျပန္ျမင္လာေစသည္။ သူတကယ့္ကို ေၾကာက္လန္႔ေနမိသည္။ ဖိန္းယို႔ေလ်ာင္က သံုးသပ္ျပေနစဥ္ သူ႔ေနာက္ေက်ာဘက္ေလထုထဲတြင္ အမ်ိဳးသမီးအရိပ္တစ္ခု ေပၚလာသည္ကို ေတြ႕လိုက္ရသည္။ ထိုအမ်ိဳးသမီးက ေလထဲ ႀကိဳးတန္းလန္းႏွင့္ျဖစ္ကာ ယိမ္းထိုးေနပံုက က်ဴးက်င့္နင္ကို ၾကက္သီးတျဖန္းျဖန္းထကာ တုန္လႈပ္လာေစသည္။ အေစာပိုင္းက အခန္းထဲ ေသခ်ာရွာထားၿပီးျဖစ္လို႔ ဒီပံုရိပ္က သ႐ုပ္ေဆာင္ဆိုလွ်င္ေတာင္ ပုန္းစရာေနရာ လံုးဝမရွိေပ။ ၿပီးေတာ့ ျပတ္ျပတ္သားသား ဘာမွမရွိေသာေလထုထဲ ပံုရိပ္က ေပၚလာၿပီး ဖိန္းယို႔ေလ်ာင္၏ပုခံုးေပၚ တက္လာတာေတြ႕ေတာ့ သူဘယ္လိုမွ သည္းမခံႏိုင္ေတာ့ဘဲ လက္တြဲျဖဳတ္ကာ ထြက္ေျပးလာခဲ့ျခင္းျဖစ္သည္။

ျဖဴေရာ္ေနေသာ အမ်ိဳးသမီး၏မ်က္ႏွာျပင္က ေၾကာက္စရာေကာင္းလွၿပီး မ်က္စိမွိတ္ထားတာေတာင္ က်ဴးက်င့္နင္ကို ျပတ္သားစြာျမင္ေယာင္ေနေစၿပီး တုန္ယင္လာေစသည္။ သူ႔အဆုတ္ကို ညႇစ္ထားသလို ခံစားရကာ အသက္႐ွဴၾကပ္လာသည္။

"ဒါက တကယ္မဟုတ္ဘူး.. ဒါက သ႐ုပ္ေဆာင္ေတြ.. ငါ မေၾကာက္ဘူး.."

ထိုစကားကို ထပ္တလဲလဲေရရြတ္ကာ ကိုယ့္ဘာသာ အားေပးေနမိသည္။

"ငါ အျပင္ကလူေတြကို ဆက္သြယ္ဖို႔လိုတယ္.. ဒီသရဲအိမ္က တကယ္ျပႆနာရွိတယ္.."

က်ဴးက်င့္နင္က ၾကြက္သားမ်ားတုန္ေအာင္ ေၾကာက္ေနေသာေၾကာင့္ ေက်ာပိုးအိတ္ထဲ ေမႊေႏွာက္ကာ ဖုန္းကိုအေတာ္ၾကာရွာလိုက္ရသည္။

"ေရွာင္က်ဴးလား.. ဘာေၾကာင့္ဖုန္းဆက္တာလဲ.. video ႐ိုက္ၿပီးၿပီလား.."

သက္လတ္ပိုင္းလူက ေမးလိုက္သည္။

"အစ္ကုိယြမ္.. ကၽြန္ေတာ့္ကို ကယ္ပါဦး.. သရဲအိမ္ထဲမွာ တကယ့္သရဲေတြရွိတယ္.. သရဲဘယ္ေလာက္ေတာင္ ေနာက္ကလိုက္ေနတယ္ဆိုတာ ဘုရားမွသိေတာ့မယ္.."

က်ဴးက်င့္နင္က မ်က္ရည္က်ရင္း ေျပာလိုက္သည္။

"သရဲအိမ္ထဲမွာ သရဲရွိတာ အဆန္းလားကြ.."

"သ႐ုပ္ေဆာင္ေတြ မဟုတ္ဘူး.. တကယ့္သရဲေတြ.."

သူက အျပင္ကသရဲၾကားမွာစိုးလို႔ အသံႏွိမ့္ကာ ေျပာလိုက္သည္။

"ဖိန္းယို႔ေလ်ာင္ကို ဖုန္းေပးလိုက္.. ငါ သူနဲ႔ေျပာမယ္.."

"အစ္ကိုဖိန္းက သရဲပူးခံလိုက္ရၿပီး သူက မိန္းကေလးအေဆာင္ထဲ ပိတ္မိက်န္ရစ္ခဲ့တယ္.."

"ပူးခံလုိက္ရတယ္ ဟုတ္လား.."

"ကၽြန္ေတာ္ကိုယ္တိုင္ ေတြ႕လိုက္ရတာ.. သရဲမက သူ႔ပုခံုးေပၚမွာ ရပ္ေနတယ္.. သရဲမက လည္ပင္းႀကိဳးတန္းလန္းနဲ႔.. မ်က္လံုးေတြျပဴးထြက္ေနတယ္.."

"သူ႔ပုခံုးေပၚမွာ မတ္တပ္ရပ္ေနတယ္.. မင္းတို႔က အလုပ္သမားေတြ တိုက္ခိုက္တာ ခံလိုက္ရတာလား.. ေကာင္းၿပီ.. ငါတို႔ အခုလာခဲ့မယ္.."

"အလုပ္သမားမဟုတ္ဘူး.. တကယ့္သရဲေတြ.. သရဲအိမ္ထဲ ဘာအလုပ္သမားမွ မရွိဘူး.."

ထိုစဥ္ အိမ္သာခန္းထဲဝင္လာေသာေျခသံကို ၾကားလုိက္ရသည္။

"သရဲေတြ ဝင္လာၿပီလား.."

"မင္း ဘယ္သူနဲ႔စကားေျပာေနတာလဲ.. ဟယ္လို.. ဟယ္လို.."

က်ဴးက်င့္နင္က ဖုန္းကိုခ်လိုက္ၿပီး အသံမထြက္ဝံ့ေတာ့ေပ။ အျပင္ကသရဲ သူ႔အသံကိုမၾကားပါေစနဲ႔လို႔ ဆုေတာင္းေနသည္။

"ေက်းဇူးျပဳၿပီး ငါ့ကိုလာမေျခာက္ပါနဲ႔.. ေနာက္ခါ ဘယ္ေတာ့မွ ဒီသရဲအိမ္ထဲ မလာေတာ့ပါဘူး.."

က်ဴးက်င့္နင္က ဖုန္းပိတ္ကာ အိမ္သာခန္းတံခါးကိုသာ စိုက္ၾကည့္ေနသည္။ ထိုစဥ္ အိမ္သာခန္းတံခါး ပြင့္သြားလွ်င္ ဘာေပၚလာမလဲ မသိေတာ့ေပ။ ႀကိဳးတန္းလန္းႏွင့္သရဲမကို ျမင္ေယာင္ကာ ထိုသရဲမေပၚလာရင္ ဆိုသည့္အေတြးေၾကာင့္ ေပ်ာ့ေခြခ်င္လာသည္။

"ငါ ဘာလုပ္သင့္လဲ.. အစ္ကိုယြမ္.. ျမန္ျမန္လာပါေတာ့.."

ထိုစဥ္ ေျခသံက ပိုနီးလာခဲ့သည္။

ခရက္..

အိမ္သာခန္းတံခါးတစ္ခု ပြင့္သံၾကားလိုက္စဥ္ က်ဴးက်င့္နင္ ေၾကာက္လန္႔တၾကား အသက္႐ွဴေအာင့္လိုက္မိသည္။ ၿပီးေတာ့ ဒုတိယအိမ္သာခန္းတံခါးတစ္ခု ဖြင့္လိုက္သံကို ထပ္ၾကားလိုက္ရသည္။

နီးလာၿပီ..

ေနာက္ထပ္ေစာင့္ေနစဥ္ တတိယအိမ္သာခန္းတံခါးဖြင့္သံ ၾကားလိုက္ရျပန္သည္။ က်ဴးက်င့္နင္ ပိုၿပီး ရင္တထိတ္ထိတ္ျမန္လာသည္။ သရဲက သူ႔ေဘးခန္းကိုေရာက္ေနၿပီ။ မၾကာခင္ သူ႔အိမ္သာခန္းကို လာဖြင့္ေတာ့မည္ဆိုေသာအသိက က်ဴးက်င့္နင္တစ္ကိုယ္လံုးၾကြက္သားမ်ား တင္းမာလာေစၿပီး ေၾကာက္စိတ္ေၾကာင့္ သူ႐ူးသြားေတာ့မလို ခံစားရသည္။ သူ တစ္မိနစ္ေလာက္ေစာင့္ေပမယ့္ သူ႔အိမ္သာခန္းတံခါး တြန္းဖြင့္မခံရေပ။

သူထြက္သြားၿပီလား..

က်ဴးက်င့္နင္က တံခါးကိုအသာဟကာ အျပင္ကိုေခ်ာင္းၾကည့္လိုက္သည္။ အျပင္မွာ ဘယ္သူမွမေတြ႕ေသာေၾကာင့္ သူက တံခါးကို ျဖည္းျဖည္းခ်င္းတြန္းဖြင့္ကာ အျပင္ထြက္လာခဲ့သည္။

သူ ကံေကာင္းသြားတာပဲ..

သူက သက္ျပင္းခ်ကာ အိမ္သာခန္းထဲကထြက္လာရင္း အစ္ကိုယြမ္ဆီ ဖုန္းေခၚလိုက္သည္။ ဖုန္းမ်က္ႏွာျပင္တြင္ အရိပ္တစ္ခုထင္လာေသာေၾကာင့္ က်ဴးက်င့္နင္ၾကည့္လုိက္ေတာ့ တတိယအိမ္သာခန္းထဲတြင္ ေၾကာက္ရြံ႕ေျခာက္ျခားစရာမ်က္ႏွာႏွင့္ တစ္စံုတစ္ေယာက္က သူ႔ကိုစိုက္ၾကည့္ေနတာကို ေတြ႕လုိက္ရသည္။

======================

Chapter (100) – ဖိန္းယို႔ေလ်ာင္ ဘာျဖစ္သြားတာလဲ..

ဖုန္းက က်ဴးက်င့္နင္လက္ထဲကေန ၾကမ္းျပင္ေပၚ ေလွ်ာက်သြားခဲ့သည္။ တစ္ဖက္က ေျပာလာေသာအသံက ဖုန္းထဲကထြက္ေပၚလာသည္။

"ယို႔ေလ်ာင္ကို ဖုန္းဆက္လုိ႔မရဘူး.. မင္းတို႔ အဲ့ဒီမွာ ဘာျဖစ္ခဲ့တာလဲ.."

"ေရွာင္က်ဴး.. ငါေျပာတာ ၾကားရလား.."

"က်ဴးက်င့္နင္.. မင္း အဆင္ေျပရဲ့လား.. ငါ့ကို ျပန္ေျဖဦး.."

ဒါေပါ့.. က်ဴးက်င့္နင္က တစ္ဖက္ကအသံကိုၾကားေပမယ့္ ျပန္မေျဖႏုိင္ေလာက္ေအာင္ သူျမင္ရေသာအရာကို ေၾကာင္ေငးၾကည့္ကာ ၾကမ္းျပင္ေပၚ အဝတ္စတစ္ခုလို ေပ်ာ့အိစြာ ၿပိဳလဲက်လာသည္။

"ခင္ဗ်ားတို႔ကို သရဲအိမ္ထဲ ဗီဒီယိုမ႐ိုက္ရဘူးလို႔ ႀကိဳတင္သတိမေပးခဲ့ဘူးလား.. ဘာေၾကာင့္ စကားနားမေထာင္ရတာလဲ.."

Chen Ge က မ်က္ႏွာဖံုးခၽြတ္ကာ ေမးလိုက္ေတာ့ က်ဴးက်င့္နင္က သူဘာမွမသက္ဆိုင္ေၾကာင္းကိုသာ အားနည္းစြာေျပာႏုိင္ေတာ့သည္။ တျခားသရဲအိမ္မ်ားက ဝန္ထမ္းမ်ားကို သရဲဟန္ေဆာင္ကာ ေျခာက္လွန္းခိုင္းစဥ္ Chen Ge က ဘာဝန္ထမ္းမွမထားဘဲ ဧည့္သည္မ်ားကို သူတို႔ဘာသာ ေျခာက္ျခားေအာင္ ေၾကာက္စရာပတ္ဝန္းက်င္ကိုပဲ အဓိကဖန္တီးထားသည္ကို အခ်ိန္ေႏွာင္းမွ သူတို႔သတိထားလိုက္မိၾကသည္။ ဒါေတြက အတုဆိုတာ သိေနရင္ေတာင္ ဧည့္သည္ေတြရင္ထဲမွာ ေၾကာက္စိတ္ဆိုတာ ရွိေနၿပီးသားျဖစ္သည္။ က်ဴးက်င့္နင္က နမူနာပဲျဖစ္သည္။ ရင္ထဲကေၾကာက္စိတ္ေၾကာင့္ သူက စကားပင္မေျပာႏိုင္ေအာင္ လည္ေခ်ာင္းက ေတာင့္တင္းေနသလို ခံစားရသည္။ ေၾကာက္စိတ္က အ႐ိုးထဲစြဲကာ အသက္မ႐ွဴႏိုင္ေအာင္ ျဖစ္ေနေတာ့သည္။

Chen Ge က တတိယအိမ္သာခန္းထဲကထြက္ကာ ဖုန္းကိုေကာက္ၿပီး က်ဴးက်င့္နင္၏အိတ္ထဲ ထည့္ေပးကာ သူ႔ကို အိမ္သာခန္းအျပင္ဘက္သို႔ တြဲေခၚလာၿပီး နံရံကိုမွီကာ ထိုင္ေစလိုက္သည္။

ဒီလူက အသက္ပံုမွန္႐ွဴလာႏိုင္ေစရန္ ေတာင့္တင္းေသာပုခံုးၾကြက္သားမ်ားကို အသာႏွိပ္ေပးကာ တျဖည္းျဖည္း သတိဝင္လာေတာ့ ေမးလိုက္သည္။

"ကၽြန္ေတာ့္အသံကို ၾကားရလား.. ခင္ဗ်ားသူငယ္ခ်င္း ဘယ္မွာက်န္ခဲ့လဲ.."

ဒီလူက ဘာမွျပန္မေျဖႏိုင္ေသာေၾကာင့္ Chen Ge သက္ျပင္း႐ိႈက္ကာ သူ႔ကိုယ္ႀကီးကိုတြဲကာ ထုတ္လာရင္း ေျပာလိုက္သည္။

"ထားလိုက္ပါေတာ့.. ခင္ဗ်ားတို႔ တကယ့္သရဲနဲ႔ေတြ႕ၿပီး ထြက္ေျပးခဲ့တာျဖစ္မွာပါပဲ.."

ဒီလူေတြက မိန္းကေလးအိပ္ေဆာင္ထဲက ထြက္ခဲ့တာဆိုေတာ့ အဲ့ဒီကိုသြားရွာ႐ံုေပါ့။

Chen Ge က ဒီလူကို ေလွကားဘက္ေခၚသြား ခ်ထားၿပီး မိန္းကေလးအိပ္ေဆာင္ကို ေျပးလာေတာ့ ဖိန္းယို႔ေလ်ာင္ကို မေတြ႕ရေတာ့ေပ။ သူဘယ္ေရာက္သြားတာလဲ..။ ေဘာလ္ပင္ကလည္း တိပ္ပတ္ထားခဲ့ေပမယ့္ အခုေတာ့ က်ိဳးကာ ၾကမ္းျပင္ေပၚက်ေနခဲ့သည္။ အခန္းထဲ တိုက္ခိုက္႐ုန္းကန္ထားသည့္ပံုစံလည္း မေတြ႕ရသျဖင့္ Chen Ge မ်က္လံုးျပဴးကာ ထိုအခန္းထဲက ထြက္လာသည္။ သူ တျခားဘက္ကို ထြက္သြားတာလား။ Chen Ge က ေရတြင္းႏွင့္ ေက်ာင္း႐ံုးခန္းဘက္ကို ေလွ်ာက္လာခဲ့သည္။ ေနာက္ဆံုး ေရတြင္းဘက္တြင္ ဖိန္းယို႔ေလ်ာင္ကို ေတြ႕လိုက္ရသည္။

သူ႔ပံုစံက က်ဴးက်င့္နင္ထက္ အေျခအေနဆိုးကာ မ်က္ႏွာျဖဴေရာ္လ်က္ မ်က္မွန္လည္းကြဲေနသည္။ သူ႔ပါးစပ္မွာ အျမႇဳပ္တစီစီထြက္ကာ ေရတြင္းမွာ လက္တစ္ဖက္ေထာက္ကာ အထဲကိုခုန္ခ်ေတာ့မလို ျပင္ေနသည္။

ဒီလူ ဘာျဖစ္သြားတာလဲ..။ ၾကည့္ရတာ ေဘာလ္ပင္နတ္ထက္ ပိုေဒါသႀကီးတဲ့အရာကို ေတြ႕ခဲ့ပံုရသည္။ ဒီဆက္တင္ထဲမွာ ဒီေလာက္ၾကမ္းတာလည္း မပါပါဘူး။ ဖိန္းယို႔ေလ်ာင္နဲ႔ပတ္သက္ၿပီး Chen Ge မေတြးတတ္ေတာ့ေပ။

ဒီလူရဲ့အေျခအေနဆိုးက ေဟာ္စန္း ပထမဆံုး သရဲအိမ္ထဲဝင္လာစဥ္ကလို ျဖစ္ေနေသာေၾကာင့္ Chen Ge က ဒီလူကို သရဲအိမ္ထဲကေန အရင္ထုတ္လိုက္တာ ပိုေကာင္းမည္ဟု ေတြးေနသည္။

သူ အားကုန္သံုးကာ မတ္တပ္မရပ္ႏိုင္ေလာက္ေအာင္ ေၾကာက္ေနေသာလူႏွစ္ေယာက္ကို တရြတ္တိုက္ဆြဲကာ သစ္သားေကာင္တာအျပင္ထိ ဆြဲထုတ္လာႏုိင္ခဲ့သည္။ ထိုစဥ္ အျပင္ဘက္က အသံဗလံမ်ား ၾကားလိုက္ရၿပီး ခ်င္ကၽြမ္းစတူဒီယိုကလူမ်ားက သရဲအိမ္ထဲ ဇြတ္ဝင္ခ်င္ေနပံုရသည္။

Chen Ge က ထိုလူႏွစ္ေယာက္ကို လက္ေမာင္းကေန တရြတ္တိုက္ဆြဲကာ သရဲအိမ္အျပင္ကို ထုတ္လိုက္သည္။ သူတို႔ကိုေတြ႕ေတာ့ ခ်င္ကၽြမ္းစတူဒီယိုက မ်က္လံုးမ်ားစြာ စိုက္ၾကည့္လာၿပီး ေမးလိုက္သည္။

"ဒါက ဘယ္လိုျဖစ္သြားရတာလဲ.."

တက္ၾကြသန္မာေသာ လူႏွစ္ေယာက္က သရဲအိမ္ထဲဝင္သြားၿပီး မၾကာခင္ ေပ်ာ့ေခြကာ ျပန္ထြက္လာခဲ့သည္။ တစ္ေယာက္က အေၾကာက္လြန္ကာ ပါးစပ္က အျမႇဳပ္ပင္ထြက္လို႔ေနသည္။ ေဘးကဝန္းရံေနေသာ လူမ်ားက ေသခ်ာျမင္ရဖို႔ တစ္လွမ္းစီေရွ႕တိုးလာၾကသည္။

"ေရွာင္က်ဴး.. ယို႔ေလ်ာင္.."

ခ်င္ကၽြမ္းစတူဒီယိုကလူေတြက သူတုိ႔လူကို ေျပးလာထူလိုက္ၾကသည္။ က်ဴးက်င့္နင္က သတိရလာၿပီဆုိေပမယ့္ ေျခေထာက္က ေပ်ာ့ေခြေနဆဲျဖစ္သည္။ ဖိန္းယို႔ေလ်ာင္က အေျခအေနအေတာ္ဆိုးကာ မ်က္လံုးအျပဴးသားႏွင့္ သတိမလည္ဘဲ သူ႔နာမည္ကိုေခၚေပမယ့္ ဘယ္လိုမွမတံု႔ျပန္ေပ။ ဒါ့အျပင္ ႏႈတ္ခမ္းေထာင့္ကေန အျမႇဳပ္ေတြ စီးက်ေနဆဲျဖစ္သည္။

"သူတို႔ႏွစ္ေယာက္ ဘာေတြျဖစ္ခဲ့ၾကတာလဲ.."

သက္လတ္ပိုင္းလူက ေဒါသျဖင့္ Chen Ge ကိုေမးလိုက္သည္။

"ဘာေၾကာင့္ ကၽြန္ေတာ့္ကို လာေမးေနတာလဲ.. ကၽြန္ေတာ္ ဘယ္လိုသိမွာလဲ.."

Chen Ge က သူဝင္သြားကတည္းက ခုလိုေတြ႕ခဲ့ေသာေၾကာင့္ ႐ိုးသားစြာေျပာလိုက္သည္။

"ငါတုိ႔ အေစာပိုင္း ဖုန္းေျပာေတာ့ က်င့္နင္က မင္းရဲ့ဝန္ထမ္းတစ္ေယာက္က ဖိန္းယို႔ေလ်ာင္ရဲ့ပုခံုးေပၚ တက္ရပ္ေနတယ္လို႔ေျပာတယ္.. မင္းတို႔ဝန္ထမ္းက ဧည့္သည္ကို ခုလိုေစာ္ကားရဲသလား.. ငါတို႔ ေသခ်ာေပါက္ တရားစြဲမယ္.."

"ကၽြန္ေတာ့္ဝန္ထမ္းက ေစာ္ကားပါတယ္ဆိုတာ ဘယ္သူျမင္သလဲ.. ခင္ဗ်ားတို႔သေဘာရွိ ရဲေခၚလို႔ရတယ္.. ဒီထဲမွာ ခင္ဗ်ားတုိ႔လူရဲ့ လက္ေဗြရာကလြဲၿပီး ဘာမွမေတြ႕ရႏုိင္ဘူး.."

"စကားမ်ားတာ ရပ္ၾကပါေတာ့.. ငါ ပန္းၿခံထဲကဆရာဝန္ကို လွမ္းေခၚထားတယ္.. သူတို႔အေျခအေနက ပိုအေရးႀကီးတယ္.."

အန္ကယ္ရႊီက ေခါင္းကိုက္စြာ ဝင္ေျပာလိုက္သည္။

"ဒီအေျခအေနေရာက္တာေတာင္ ဒီလူက ဖင္ပိတ္ျငင္းခ်င္ေနေသးတယ္.. ေကာင္းၿပီ.. မင္းရဲ့အျပစ္ကို ဝန္ခံလာေအာင္ လုပ္ရတာေပါ့.. က်ဳပ္တို႔ဘက္က ႀကိဳတင္ျပင္ဆင္လာလို႔ ေတာ္ေသးတာေပါ့.."

လူလတ္ပိုင္းလူက ေက်ာပိုးအိတ္ထဲက လက္ေတာ့ပ္ကိုထုတ္ကာ ဖိန္းယို႔ေလ်ာင္၏ ႀကိဳးမဲ့ကင္မရာႏွင့္ ကြန္ပ်ဴတာကို ခ်ိတ္ဆက္လိုက္သည္။

ေသခ်ာတာေပါ့.. ဒီလူေတြက အကုန္ႀကိဳတင္စီစဥ္လာတာပဲ..။ Chen Ge က ဒီလူႏွစ္ေယာက္ကို ဆြဲေခၚလာကတည္းက သူတို႔ရင္ဘတ္မွာတပ္ထားတဲ့ video ကင္မရာကိုေတြ႕ကတည္းက သိၿပီးျဖစ္သည္။ သရဲအိမ္ထဲမွာ video ႐ိုက္ခြင့္ပိတ္ထားတယ္ဆိုတာ setting ကိုျပင္ဆင္ရတာ ကုန္က်စရိတ္မ်ားလို႔ ဒါသာေပါက္ၾကားသြားရင္ ဧည့္သည္ေတြကို မဆြဲေဆာင္ႏိုင္မွာစိုးလို႔ျဖစ္သည္။ ဒါေပမယ့္ အစမ္းမစ္ရွင္ေတြကို ေျဖရွင္းလို႔ ေအာင္သြားရင္ ဒီသရဲအိမ္ setting အျပင္အဆင္က အၿမဲတမ္းေျပာင္းလဲေနမွာျဖစ္လို႔ Chen Ge က သိပ္မစိုးရိမ္ေပ။ ဘယ္သူမွ သူ႔သရဲအိမ္အျပင္အဆင္ကို လိုက္တုႏိုင္မည္မဟုတ္ဘူးဆိုတာ ယံုၾကည္သည္။

ဒီ video ႐ိုက္ကူးျခင္းက သူ႔သရဲအိမ္ကို လူပိုသိေအာင္ ေၾကာ္ျငာသလိုသာ ျဖစ္မွာေသခ်ာသည္။ ဒါဆို သူ ပိုက္ဆံကုန္စရာမလိုေတာ့ေပ။

"မင္း ဒီဟာကိုၾကည့္ၿပီးရင္ ျငင္းလို႔မရေတာ့ဘူး.. မင္းရဲ့ဝန္ထမ္းေတြက က်ဳပ္လူေတြကို ေစာ္ကားခဲ့တယ္ဆိုတဲ့ သက္ေသျဖစ္လာမွာပဲ.."

သက္လတ္ပိုင္းလူက ေဘးကပရိသတ္ေတြပါၾကားေအာင္ က်ယ္ေလာင္စြာေျပာလိုက္သည္။

"ကၽြန္ေတာ္တို႔ေတြက ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ပဲ အလုပ္လုပ္တယ္.. ဘယ္ေတာ့မွာ ဧည့္သည္ေတြကို လက္ဖ်ားနဲ႔ေတာင္ မထိခဲ့ဖူးဘူး.. ဒါကို ဘယ္ႏွစ္ခါထပ္ေျပာရမလဲ.."

Chen Ge က ေျပာၿပီး Laptop ထဲက ဖမ္းယူ႐ိုက္ကူးခဲ့တာဖြင့္ျပဖို႔ ေျပာလိုက္သည္။ ဖန္းယို႔ေလ်ာင္ ဘာေတြႀကံဳခဲ့သလဲ၊ ဘာေၾကာင့္ သူက ေရတြင္းေဘးကိုေရာက္သြားသလဲဆိုတာ သူလည္းသိခ်င္ေနသည္။

သက္လတ္ပိုင္းလူက Laptop ကိုဖြင့္လိုက္သည္။ ဆူညံသံတခ်ိဳ႕ကလြဲၿပီး ဘာမွမျမင္ရေပ။ စကၠန္႔အနည္းငယ္ၾကာေတာ့ Chen Ge ေျပာလိုက္ေသာအသံကို ၾကားလိုက္ရသည္။

"အရင္တခါက ခင္ဗ်ားလိုေျပာခဲ့တဲ့လူကို ေက်ာပိုးၿပီးထုတ္ခဲ့လိုက္ရတယ္.."

"ခင္ဗ်ားေျပာမွ ကၽြန္ေတာ္က ပိုစိတ္ဝင္စားသြားၿပီ.."
ဖန္းယို႔ေလ်ာင္က ရယ္ၿပီးေျပာလိုက္သံက Laptop ထဲက ထြက္လာခဲ့သည္။

=========================

Chapter (101) – မုယန္အထက္တန္းေက်ာင္း၏ လွ်ိဳ႕ဝွက္မစ္ရွင္

Laptop မွထြက္လာေသာ အသံမ်ားက အရမ္းမက်ယ္ေပမယ့္ ေဘးပတ္လည္ကလူေတြအားလံုး ေသခ်ာၾကားရႏိုင္သည္။ လူေတြက ေလလံုးထြားေသာစကားသံကိုၾကားၿပီးေတာ့ အျမႇဳပ္တစီစီႏွင့္လဲေနေသာ ဖိန္းယို႔ေလ်ာင္ကို အထင္ေသးစြာၾကည့္လိုက္သည္။ လူလတ္ပိုင္းလူက လူေတြရဲ့အာ႐ံုကို ဒီထဲျမန္ျမန္ဆြဲယူလိုက္သည္။ သူက ေရွ႕ကိုနည္းနည္းရစ္ကာ ဖြင့္လုိက္ေတာ့ ေျမေအာက္သရဲအိမ္ဆက္တင္ထဲမွာ သူတို႔လူႏွစ္ေယာက္ တိုင္ပင္ေနသည့္စကားမ်ားေျပာေနသည့္အသံ ထြက္လာသည္။

သူတို႔က ဒီဟာကို တမင္႐ိုက္ကူးကာ အင္တာနက္ေပၚျဖန္႔ၿပီး သရဲအိမ္၏စီးပြားေရးကို က်ေအာင္လုပ္႐ံုသာမက ေရတပ္ကိုပါငွားၿပီး သရဲအိမ္ကိုမေကာင္းသည့္ review နဲ႔ comment ေရးခိုင္းၿပီး နာမည္ဖ်က္ပစ္မည့္အေၾကာင္းကို ေျပာဆိုေနသံ ထြက္ေပၚလာေတာ့ ေဘးကနားေထာင္ေနသည့္ပရိသတ္က ခ်င္ကၽြမ္းစတူဒီယိုကို အထင္ေသးစြာ ေဝဖန္ေျပာဆိုလိုက္ၾကသည္။

"သူတို႔က သရဲအိမ္ပိုင္ရွင္ကို ျပႆနာရွာဖို႔ တမင္ေရာက္ေနတာေပါ့.. ယံုေတာင္မယံုႏိုင္ဘူး.. ေအာက္တန္းက်လိုက္တာ.."

သက္လတ္ပိုင္းလူလည္း ျမန္ျမန္ ေရွ႕ကိုေက်ာ္လိုက္ၿပီး ျပန္ဖြင့္လိုက္သည္။

အလင္းေရာင္မေကာင္းတာေၾကာင့္ ျမင္ကြင္းက ဘာမွမသဲကြဲေပ။ ဒါေၾကာင့္ ဒီဗီဒီယိုက Chen Ge လိုခ်င္သလို ပ႐ိုမိုးရွင္းေတာ့ ျဖစ္ႏိုင္မည့္ပံုမေပၚေပ။ သူတို႔က ရစ္လိုက္ၾကည့္လိုက္ လုပ္လာေပမယ့္ သရဲအိမ္ကဝန္ထမ္းဆိုတာ လံုးဝမျမင္ရေပ။

ခ်င္ကၽြမ္းစတူဒီယိုကလူေတြက စိတ္ပူလာၾကၿပီး ေဘးကပရိသတ္က ပိုသိခ်င္လာသည္။ သရဲအိမ္ထဲ လူကိုေျခာက္လွန္႔ဖို႔ ဝန္ထမ္းမရွိရင္ ပိုင္ရွင္က ဘယ္လိုစီစဥ္ထားသလဲဆိုတာ သိခ်င္ေနၾကသည္။ သူက ဧည့္သည္ေတြကို ဘယ္လိုေျခာက္လွန္႔ဖို႔ စီစဥ္ထားတာလဲ..။

မၾကာခင္ Video က ေဘာလ္ပင္နတ္ပင့္ကာ ေမးခြန္းေမးသည့္ေနရာကို ေရာက္လာသည္။ ဖိန္းယို႔ေလ်ာင္၏ေမးခြန္းကို ၾကားေတာ့မွ ဘာေၾကာင့္ေဘာလ္ပင္နတ္ ေဒါသထြက္သြားသည္ကို Chen Ge နားလည္သြားၿပီး ႏႈတ္ခမ္းကိုက္မိမတတ္ ျဖစ္သြားသည္။ ၿပီးေတာ့ က်ဴးက်င့္နင္ထြက္ေျပးသြားသည့္ပံုကို ျမင္လိုက္ရၿပီး ဖိန္းယို႔ေလ်ာင္ စာရြက္ေပၚမွာ 'မင္းေသရလိမ့္မယ္' ဆိုသည့္စာမ်ားကို အ႐ူးအမူးေရးေနတာကို ျမင္လိုက္ရသည္။

စာရြက္ေပၚကစာလံုးေတြကိုၾကည့္ၿပီး ပရိသတ္က ေၾကာင္ေနၾကသည္။

"သူဘာလုပ္ေနတာလဲ.."

"စိတ္ေဖာက္သြားတာလား.. ဒါဆို ဆရာဝန္ကို အျမန္ျပဖို႔လိုတယ္.. အေရးႀကီးတယ္.."

"ဒီလူႏွစ္ေယာက္က သရဲအိမ္ထဲဝင္သြားၿပီး တစ္ေယာက္က ဘာမွမေျပာႏိုင္ေအာင္ ေၾကာက္သြားခဲ့တာေပါ့.."

ဒီ video ကိုၾကည့္ၿပီး ဘာေတြျဖစ္ခဲ့သလဲဆိုတာ Chen Ge ရိပ္မိလိုက္သည္။ ေဘာလ္ပင္နတ္က ေပၚလာေတာ့ က်ဴးက်င့္နင္က ေၾကာက္ၿပီးထြက္ေျပးခဲ့လိမ့္မည္။ ဒါေပမယ့္ ဒီသရဲက video ထဲမွာ ႐ိုက္ကူးလို႔မရတာထင္သည္။ သရဲ၏ပံုရိပ္ကို မျမင္ရေပ။

က်ဴးက်င့္နင္ထြက္ေျပးသြားၿပီး ဖိန္းယို႔ေလ်ာင္တစ္ေယာက္တည္းက်န္ရစ္ကာ ႐ူးသြပ္စြာေရးေနရာမွ ႐ုတ္တရက္ ထရပ္လိုက္သည္။ သူက ခံုမွာထုိင္ေနရာကေန ႐ုတ္တရတ္ထရပ္ကာ လမ္းေလွ်ာက္လိုက္သည္။ သူ႔ပံုစံက ဘယ္၊ညာ ဟန္ခ်က္ညီေအာင္ မလုပ္ႏုိင္သလို ယိမ္းယိုင္လို႔ေနသည္။ ဒါေၾကာင့္ video ကျမင္ကြင္းကလည္း ယိမ္းခါေနသည္။ ခဏၾကာေတာ့ ဖိန္းယို႔ေလ်ာင္က ဒီခႏၶာကိုယ္နဲ႔ဝိညာဥ္ တစ္သားတည္းက်သြားၿပီး ေသခ်ာထိန္းခ်ဳပ္လာႏိုင္သလို ေကာင္းေကာင္းၿငိမ္ၿငိမ္ ေလွ်ာက္လာႏိုင္ေတာ့သည္။ ၾကည့္ရတာ ေဘာလ္ပင္ဝိညာဥ္က ဖိန္းယို႔ေလ်ာင္ကို ဝင္ပူးသြားပံုရသည္။

"ဘယ္သူမွ သူ႔ကိုမထိခဲ့ဘူး.."

"သူတစ္ေယာက္တည္း ဘာျဖစ္ေနတာလဲ.."

ပရိသတ္က သိလိုစိတ္ႏွင့္ ေမးေနၾကသည္။

10 စကၠန္႔ၾကာေတာ့ ဖိန္းယို႔ေလ်ာင္က မိန္းကေလးအေဆာင္ထဲက ထြက္လာၿပီး ေကာ္ရစ္တာဘက္ေလွ်ာက္လာစဥ္ က်ဴးက်င့္နင္ႏွင့္သူက အိမ္သာခန္းထဲဝင္သြားသည္ကို video ကင္မရာကေန ျမင္လိုက္ရသည္။ ဖိန္းယို႔ေလ်ာင္က အိမ္သာခန္းေဘးက အသာျဖတ္ကာ ခ်ိပ္ပိတ္ထားေသာ စာသင္ခန္းထဲဝင္လာၿပီး ခံုေပၚကေက်ာင္းဝတ္စံုတစ္ခုကို ေကာက္ယူလိုက္သည္။ ၿပီးေတာ့ ဆရာစားပြဲခံုက နာမည္ကဒ္ပါေသာဗူးကိုေတြ႕ေတာ့ ဖိန္းယို႔ေလ်ာင္က ယိုင္ထိုးကာ ထိုဗူးဆီလာၿပီး နာမည္တံဆိပ္တစ္ခုကို ေရြးယူၿပီး စာသင္ခန္းထဲက ေျပးထြက္လိုက္သည္။

သူဘာလုပ္တာလဲ..။ ေဘာလ္ပင္ဝိညာဥ္က သရဲအိမ္ထဲက ေျပးထြက္ခ်င္ေနတာလား..။ တကယ္လုိ႔ သူက ဖိန္းယို႔ေလ်ာင္ကို ေရတြင္းနားမွာ အခ်ိန္မွီျပန္မေတြ႕လိုက္ရင္ ဒီဝိညာဥ္ လြတ္ေျမာက္သြားႏိုင္သည္။ video ထဲတြင္ ဖိန္းယို႔ေလ်ာင္က အိမ္သာခန္းထဲမွာ လူရွိတာသိသည့္ပံုျဖင့္ ေျခသံမၾကားေအာင္ အသာေလးျဖတ္ေလွ်ာက္ကာ ေရတြင္းဘက္ထြက္လာခဲ့သည္။ ဒါဆို သူတုိ႔က ပြတ္ကာသီကာေလး လြဲေနၾကတာေပါ့။

Video ထဲမွာ စိတ္ဝင္စားစရာအေကာင္းဆံုးအပိုင္းက ဖိန္းယို႔ေလ်ာင္က နာမည္တံဆိပ္ျပားနဲ႔ ယူနီေဖာင္းကိုေပြ႕ကာ အခန္းထဲကမထြက္ခင္ အခန္းကိုလွည့္ပတ္ၾကည့္ရင္း ငိုယိုၿပီး စကားေျပာခဲ့ျခင္းျဖစ္သည္။

"ငါ ဒီေနရာကို တကယ္ပဲ ငါ့အိမ္လို သေဘာထားခဲ့တာပါ.. ဒါေပမယ့္ ငါက ဝမ္းရွင္းကို တစ္ခုခုေျပာျပဖို႔ ဒီကေန ထြက္သြားမွျဖစ္မယ္.."

"ငါ့ကို သြားခြင့္ေပးပါ.."

"ကိစၥေတြၿပီးရင္ ငါျပန္လာဖို႔ ကတိေပးပါတယ္.."

"ငါနဲ႔ ေဝးေဝးေနစမ္း.. ငါ ဒီေန႔ ဒီကထြက္သြားမွျဖစ္မယ္.. ဘယ္သူမွ ငါ့ကိုမတားနဲ႔.."

"ငါ့ကိုသြားခြင့္ေပးပါ.. သြားခြင့္ေပးပါ.."

ဖန္းယို႔ေလ်ာင္က တစ္ေယာက္တည္းေအာ္ဟစ္႐ုန္းကန္ေနၿပီး ပံုမွန္နဲ႔မတူဘဲ ေျပာဆိုေနသည္။ ခဏၾကာေတာ့ ပံုမွန္ျပန္ျဖစ္သြားၿပီး စာသင္ခန္းထဲက ႐ုန္းကန္ထြက္ကာ တံခါးကိုပိတ္ပစ္လိုက္သည္။

သူက စကားတစ္ခြန္းမွမေျပာဘဲ ကင္မရာကို ရင္ဘတ္မွာ ေနသားတက်ျပန္တပ္ၿပီး ႐ုပ္ေသး႐ုပ္လို ေရတြင္းဘက္ကို ဦးတည္လာခဲ့သည္။

Chen Ge က Laptop ကိုစိုက္ၾကည့္ေနစဥ္ ဖုန္းအနက္ဆီက တုန္ခါၿပီး စာဝင္လာခဲ့သျဖင့္ ထုတ္ယူလိုက္ေပမယ့္ သူက Laptop ကိုပဲ ဆက္ၾကည့္ေနသည္။

ဒီလိုဖိန္းယို႔ေလ်ာင္ ေအာ္ဟစ္ေနစဥ္ သူက အိမ္သာခန္းထဲမွာရွိေနေပမယ့္ ဘာသံမွမၾကားရေပ။ ၾကည့္ရတာ တံခါးပိတ္လိုက္တာနဲ႔ တကမာၻစီျခားသလို ျဖစ္သြားပံုရသည္။

Video က ဆက္လက္ျပသေနသည္။ ဖိန္းယို႔ေလ်ာင္က ေရတြင္းနားကိုေရာက္ေတာ့ ေရတြင္းအုတ္ခံုေပၚတက္ကာ တီးတိုးေျပာလိုက္သည္။

"ငါတုိ႔ ခုန္ခ်ၾကမလား.."

"ခ်န္းယာ့လင္ရဲ့နာက်င္မႈကို ငါနားလည္ပါတယ္.. သူမမွာလည္း သူမအေၾကာင္းနဲ႔ သူမရွိမွာပဲ.."

"တကယ္လို႔ ငါသာ သူမေနရာမွာဆိုရင္ ဒါေတြကို ယံုၾကည္မိမွာပဲ.. ဘာပဲျဖစ္ျဖစ္ ဝမ္းရွင္းက သူမရဲ့ အေကာင္းဆံုးသူငယ္ခ်င္းပဲေလ.."

"ဒါဆို ငါတို႔ သူမကို အခြင့္အေရးတစ္ခု ထပ္ေပးသင့္လား.."

ဖိန္းယို႔ေလ်ာင္တစ္ေယာက္တည္း မ်ိဳးစံုေျပာဆိုေနၿပီး ခဏၾကာေတာ့ ေရတြင္းအုတ္ခံုေပၚကဆင္းကာ ၾကမ္းျပင္ေပၚၿပိဳက်လာသည္။ ေနာက္ ၄ မိနစ္ေလာက္ၾကာေတာ့ Chen Ge ေရာက္လာခဲ့သည္။

ကင္မရာထဲတြင္ Chen Ge က သူ႔ကို ေရွးဦးသူနာျပဳနည္းျဖင့္ ျပဳစုေပးၿပီး သယ္လာတာကို ေသခ်ာမွတ္တမ္းတင္ထားသည္။

"ေဘာ့စ္က ဘာမွမမွားဘူး.. သူက ခင္ဗ်ားတို႔လူကို ကယ္ေပးခဲ့တာပဲ.."

"ငါတုိ႔က အျပစ္မဲ့တဲ့လူကို အျပစ္တင္မိေတာ့မလို႔.."

လူေတြက ခ်င္ကၽြမ္းစတူဒီယိုကလူေတြကို ဝိုင္းေျပာေနစဥ္ Chen Ge က လူအုပ္ထဲက တိုးထြက္ကာ ဖုန္းအနက္ကစာကို ဖတ္လိုက္သည္။

"ဂုဏ္ယူပါတယ္.. သင္က ၾကယ္ႏွစ္ပြင့္အဆင့္ရွိတဲ့ မုယန္အထက္တန္းေက်ာင္း -  ေဘာလ္ပင္နတ္၏ဆႏၵဆိုတဲ့ လွ်ိဳ႕ဝွက္မစ္ရွင္ကို ေဆာင္ရြက္လို႔ရသြားပါၿပီ.."

=========================

Chapter (98) – မင်းရဲ့နောက်မှာ တစ်ယောက်ယောက် ရှိနေတယ်

"မင်း သေရလိမ့်မယ်.."

ဒီစာလုံးကိုကြည့်ပြီး ဖိန်းယို့လျောင် စိတ်ရှုပ်သွားသည်။ သူ့ဇနီးလောင်းအမည်ပေးတာ ဘာကြောင့် ဒီလိုကျိန်ဆဲတဲ့စကား ထွက်လာတာလဲ။ သူက ဘောလ်ပင်နတ်ပင့်တဲ့နည်းကို လုပ်တာ အမှားမပါသွားပါဘူး။ ဒါဆိုရင် သရဲအိမ်ပိုင်ရှင်က ဘာမေးမေး ဒီလိုစာလုံးပေါ်လာအောင်လုပ်ပြီး စိတ်ခြောက်ခြားအောင် လုပ်တာပဲဖြစ်မှာပါဟု တွေးနေသည်။ ဒါကြောင့် သူ့စိတ်ဓာတ်က ပြန်လည်တက်ကြွလာသည်။

"ဒီစကားလုံးပေါ်အောင်လုပ်တဲ့အကွက်က ချီးကျူးစရာတော့ကောင်းပါရဲ့.. တခြားလူသာဆိုရင်တော့ ကြောက်သွားမှာဖြစ်ပေမယ့် ကံဆိုးတာက ဒီဂိမ်းကိုကစားတာက ငါတို့နှစ်ယောက်ဖြစ်နေတယ်.. သရဲအိမ်ပိုင်ရှင်ရဲ့လှည့်ကွက်က ဟာကွက်ရှိသွားတာပေါ့.. ငါတို့မေးတာနဲ့ မသက်ဆိုင်တဲ့စကားလုံး ပေါ်လာတာဆိုတော့ ဒါက ကြောက်စရာလှည့်ကွက်တစ်ခုထက် မပိုတော့ဘူး.."

ဖိန်းယို့လျောင်က ရှင်းပြပေမယ့် ကျူးကျင့်နင်က ဘာမှမတုံ့ပြန်ခဲ့ပေ။

"ရှောင်ကျူး.. မင်းလက်က ဘာကြောင့် ဒီလောက်အေးနေတာလဲ.."

ကျူးကျင့်နင်က မဖြေဘဲ သူ့နောက်ကို ကြောက်လန့်တကြားကြည့်နေပြီး သူ့လက်က တုန်ယင်နေသောကြောင့် ဖိန်းယို့လျောင်က ရင်ထဲ ထိတ်လန့်စပြုလာသည်။ သူ့နောက်က တစ်ယောက်ယောက်ရှိနေသလို ခံစားလာရပြီး အခန်းထဲကလေထုက ပြောင်းလဲသွားသည်ကို သတိပြုလိုက်မိသည်။

"ငါ့နောက်မှာ ဘာရှိနေလို့လဲ.. မင်း ဘာတွေ့လိုက်လဲ.."

ဖိန်းယို့လျောင်က သူ့နောက်ကအရာကို ကြည့်ချင်ပေမယ့် တစ်စုံတစ်ခုက သူ့ကျောကိုဖိလာပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ သူလှည့်ကြည့်ချင်ပေမယ့် မြင်လိုက်ရတဲ့အရာက သူ့ကို ရူးအောင်လုပ်လိုက်မှာကို ကြောက်ကာ ကျူးကျင့်နင်ကိုသာ မေးလိုက်သည်။

"ရှောင်ကျူး.. ပြောစမ်းပါ.. ငါ့နောက်မှာ မင်း ဘာကိုမြင်နေရတာလဲ.."

မကြာခင် သူ့ကိုယ်က ရေခဲဂူထဲရောက်သွားသလို အေးစိမ့်သွားပြီး သူ့ပုခုံးပေါ်ကို လေးလံသောအရာက ပိုဖိလာသလိုဖြစ်ကာ တစ်စုံတခုက သူ့ကိုယ်ထဲဝင်ချင်သလို ခံစားလိုက်ရသည်။ သူက ကြက်သီးထလာပြီး သူ့အရေပြားပေါ်မှာ ခရမ်းရောင်အမှတ်တွေပေါ်လာခဲ့ပြီး သူ့ကိုယ်ပေါ်ကဖိအားက ပိုမိုလေးလံလာခဲ့သည်။
ကျူးကျင့်နင် ဆုပ်ကိုင်ထားသည့်လက်က သူ့ကိုယ်ထဲကို စွမ်းအင်တွေတိုးဝင်လာပြီး တစ်ခုခုသတိပေးဖို့ ကြိုးစားနေသလိုပင်။

"မင်းနောက်မှာ တစ်ယောက်ယောက်ရှိနေတယ်.."

"ငါ့နောက်မှာလား.."

ဒါဆို သူ့နောက်မှာ တစ်ယောက်ယောက်ရှိနေတာလားဟု တွေးနေစဉ် ကျူးကျင့်နင်က ရုတ်တရက်ထကာ သူ့လက်ကိုဆွဲဖြုတ်ကာ အခန်းထဲကထွက်ပြေးသွားတော့သည်။

ဖိန်းယို့လျောင်က ကြမ်းပြင်ပေါ်လဲကျသွားပြီး လက်ထဲမှာ ဘောလ်ပင်က တွယ်ကပ်နေပြီး သူဘယ်လောက်ခါချပါစေ ဘောလ်ပင်က ကျမသွားပေ။ ထိုစဉ် သူ့လက်မောင်းက အေးစက်သွားပြီး တစ်စုံတစ်ခုက ထိန်းချုပ်သလိုဖြစ်ကာ စာရွက်ပေါ်တွင် တစ်ခုခုကိုရေးဖို့ စတင်လှုပ်ရှားလာသည်။

"မင်း သေလိမ့်မယ်.. မင်း သေလိမ့်မယ်.. မင်းသေလိမ့်မယ်.."

ကြောက်စရာကျိန်စာတွေက ဆက်တိုက်ပေါ်လာသည်။ ကျူးကျင့်နင်က ထွက်သွားပြီဖြစ်ပြီး သူ့လက်ထဲ ဘောလ်ပင်တွယ်ကပ်နေကာ သူ့လက်ကို ဘာမှမလှုပ်ရှားမိကြောင်း သေချာသည်။ ဒီစာလုံးက သရဲအိမ်ပိုင်ရှင် ကြိုတင်စီမံထားမှာသေချာသည်။

ဒီလိုအချိန်မှာတောင် ဖိန်းယို့လျောင်က ထိတ်လန့်မှုမရှိဘဲ သေချာစဉ်းစားနိုင်သေးသည်။ သူက ခေတ်သစ်နည်းပညာကို ယုံကြည်သူဖြစ်ပြီး သရဲကိုမယုံကြည်ပေ။ သူက အကြောင်းအကျိုးဆက်စပ်မှုကို ယုံကြည်သည်။

ရှောင်ကျူးမြင်လိုက်ရသည့်ပုံရိပ်က 3D ပုံရိပ်ဖြစ်နိုင်သည်။ သူ့ထိုင်ခုံဘက်ကကြည့်မှ မြင်ရအောင်လုပ်ထားတာ ဖြစ်နိုင်သည်။ ဒါက တကယ်ထိရောက်သော နည်းဗျူဟာဖြစ်ပုံရသည်။

ဒါပေမယ့် ငါ့ခန္ဓာကိုယ်က ဘာကြောင့်တုန်နေတာလဲ..။

သူက ဘောလ်ပင်နတ်ဂိမ်းကို လျှော့တွက်မိခဲ့သည်။ သူက ဒီထက်ကောင်းအောင် ကြိုတင်ပြင်ဆင်ပြီး ပိုသတ္တိရှိသောအဖော်ကို ခေါ်လာသင့်သည်။ သူ့နောက်ကျောဘက်ကနေ အေးစက်မှုက တစ်ကိုယ်လုံးကိုပျံ့နှံ့လာပြီး သူ့လက်ထဲကဘောလ်ပင်က စာရေးပြီးနောက် တစ်စစီကျိုးပဲ့သွားခဲ့လေပြီ။

••••••••••••••••••••

Chen Ge က ခဏစောင့်ပြီးတော့ ဧည့်သည်နှစ်ဦးဝင်သွားသော မုယန်အထက်တန်းကျောင်း ဆက်တင်ခန်းထဲ ဝင်လိုက်ခဲ့သည်။

သူတို့ဆီကအော်သံကို မကြားရဘူးဆိုတော့ ငါ သူတို့ကို လျှော့တွက်မိပြီထင်တယ်..။

Chen Ge က မျက်နှာဖုံးဝတ်ဆင်ကာ ချိပ်ပိတ်ထားသောစာသင်ခန်းထဲဝင်ကာ ဆရာစားပွဲတွင် နာမည် ၂၄ ခုပါသော စက္ကူဘူးလေးကို တင်လိုက်သည်။ စားပွဲနှင့်ထိုင်ခုံများ ဖရိုဖရဲလဲပြိုနေသောကြောင့် သူတို့ ဒီအခန်းထဲဝင်ရောက်ပြီးဖြစ်တာ သိလိုက်သည်။

သူက ဒီအခန်းရဲ့လျှို့ဝှက်ချက်အားလုံးကို မသိသေးသောကြောင့် ဘာဖြစ်သွားတယ်ဆိုတာ မသိသေးပေ။ သူက စားပွဲနှင့်ကုလားထိုင်ကို သေချာပြန်ထားကာ အံဆွဲထဲ စာအုပ်များပြန်ထည့်နေစဉ် စင်္ကြန်ဘက်တွင် ပြေးလာသံကို ကြားလိုက်ရသည်။

ဒါက ဘယ်သူလဲ..

Chen Ge က သွေးစွန်းသော ဆရာဝတ်ကုတ်အင်္ကျီနှင့် မျက်နှာဖုံးစွပ်လျက် စာသင်ခန်းထဲက ထွက်လာခဲ့သည်။

====================
Chapter (99) – တိတ်တဆိတ် သင့်ကို စောင့်ကြည့်နေတယ်

လူတစ်ယောက် ခွေးရူးပြန်သောခွေးတစ်ကောင်လို အရူးအမူးပြေးလာသဖြင့် Chen Ge လှမ်းကြည့်လိုက်တော့ အရပ် 1.8 မီတာရှိသော ဗလကြီးဖြစ်နေတာ တွေ့လိုက်ရသည်။ ဒီလူရဲ့မျက်နှာပေါ်က သွေးရူးသွေးတန်းကြောက်လန့်နေတာတွေ့လို့ Chen Ge က ဘာကြောင့်လဲဆိုတာမေးဖို့ စာသင်ခန်းထဲက ထွက်ဖို့ပြင်လိုက်သည်။

သူက ဘာကိုကြောက်နေတာလဲ..။ သူလာတဲ့လမ်းအရဆိုရင် မိန်းကလေးအိပ်ဆောင်ကပဲ။ အထဲမှာ ဘာမှကြောက်စရာမရှိပါဘူး..။ ကြည့်ရတာ ဒီလူက အစကတည်းက ကြောက်တတ်တဲ့သူဖြစ်လို့ အရိပ်ကလေးမြင်တာနဲ့ သွေးလေခြောက်ခြားပြီး ပြေးထွက်လာတာဖြစ်နိုင်တယ်။ ဒါဆိုရင် အစကတည်းက သူတို့က မကြောက်တတ်ဘူးလို့ ဘာကြောင့်ပြောခဲ့ရတာလဲ..။ သူ့အဖော်ကရော ဘယ်မှာကျန်ခဲ့တာလဲ..။

ဒါကိုသေချာသိဖို့ ထိုလူကိုတားကာ မေးဖို့ကြံလိုက်ပေမယ့် ထိုသူက သူ့ကိုတွေ့လိုက်တော့ စာသင်ခန်းရှေ့မှ တရကြမ်းဖြတ်ပြေးကာ နံရံကိုပစ်ဆောင့်မိသွားတာတောင် မရပ်ဘဲ တစ်ဖက်ကို ဦးတည်ပြေးကာ ထောင့်ကအိမ်သာခန်းထဲ ဝင်ပြေးသွားတော့သည်။

Chen Ge လည်း ဒီလူက ဘာကြောင့် ထိုထဲဝင်ပြေးလဲဆိုတာ မသိပေမယ့် ဧည့်သည်တွေဘေးကင်းလား လိုက်ကြည့်ဖို့ လိုက်လာခဲ့သည်။

ကျူးကျင့်နင်သည် အမျိုးသမီးအဆောင်ထဲက ပြေးထွက်လာစဉ် ချိပ်ပိတ်ထားသောစာသင်ခန်းထဲ လူရိပ်တစ်ခုထွက်လာတာတွေ့လိုက်ရပြီး အသက်ရှုရပ်မတတ် ဖြစ်သွားသည်။ ကျောင်းဝတ်စုံတွေက အသက်ဝင်တာဖြစ်မည်။ သေချာသည်၊ ဒီစာသင်ခန်းက မရိုးရှင်းပေ။

ဒီအတွေးကြောင့် သူက စာသင်ခန်းရှေ့က ဖြတ်အပြေး သွေးစွန်းသောဆရာဝန်ဝတ်စုံနှင့် သူ့ဘဝမှာ တစ်ခါမှမမြင်ဖူးသော မျက်နှာတစ်ခုကို တွေ့လိုက်ရတော့ ကျူးကျင့်နင် သွေးပျက်သွားတော့သည်။ ဒီမျက်နှာက ကြောက်စရာ၊ ခြောက်ခြားစရာကောင်းလှသောကြောင့် ခေါင်းမွှေးထောင်သွားခဲ့သည်။ ကျူးကျင့်နင်က နံရံကိုဝင်ဆောင့်မိတာတောင် နာကျင်မှုကိုဂရုမစိုက်ဘဲ ဂမူးရူးထိုးနှင့် တစ်ဖက်သို့ဆက်ပြေးကာ ထွက်ပေါက်တံခါးကို တွေ့ပြီဆိုပြီး ထိုတံခါးကိုဖွင့်ကာ အထဲဝင်လိုက်သည်။ အထဲရောက်မှ ထွက်ပေါက်မဟုတ်ဘဲ အိမ်သာဖြစ်တာ သိလိုက်ရပေမယ့် သူက မတတ်နိုင်တော့ဘဲ စာသင်ခန်းထဲက ထွက်လာသောအရာ၏လက်မှ ပုန်းဖို့ အိမ်သာခန်းတစ်ခုကို ကြုံရာဆွဲဖွင့်ကာ စတုတ္ထမြောက်အိမ်သာထဲ ဝင်ပုန်းလိုက်တော့သည်။

ကျူးကျင့်နင်က အိမ်သာခန်းထဲက ကြွေခွက်တစ်ခုပေါ်ထိုင်ကာ မျက်နှာကို လက်ဝါးနှင့်အုပ်ကာ စိတ်ကိုငြိမ်အောင် ကြိုးစားပေမယ့် အမျိုးသမီးအဆောင်ထဲက မြင်ကွင်းက ပြတ်သားစွာပြန်မြင်လာစေသည်။ သူတကယ့်ကို ကြောက်လန့်နေမိသည်။ ဖိန်းယို့လျောင်က သုံးသပ်ပြနေစဉ် သူ့နောက်ကျောဘက်လေထုထဲတွင် အမျိုးသမီးအရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက လေထဲ ကြိုးတန်းလန်းနှင့်ဖြစ်ကာ ယိမ်းထိုးနေပုံက ကျူးကျင့်နင်ကို ကြက်သီးတဖြန်းဖြန်းထကာ တုန်လှုပ်လာစေသည်။ အစောပိုင်းက အခန်းထဲ သေချာရှာထားပြီးဖြစ်လို့ ဒီပုံရိပ်က သရုပ်ဆောင်ဆိုလျှင်တောင် ပုန်းစရာနေရာ လုံးဝမရှိပေ။ ပြီးတော့ ပြတ်ပြတ်သားသား ဘာမှမရှိသောလေထုထဲ ပုံရိပ်က ပေါ်လာပြီး ဖိန်းယို့လျောင်၏ပုခုံးပေါ် တက်လာတာတွေ့တော့ သူဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ လက်တွဲဖြုတ်ကာ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

ဖြူရော်နေသော အမျိုးသမီး၏မျက်နှာပြင်က ကြောက်စရာကောင်းလှပြီး မျက်စိမှိတ်ထားတာတောင် ကျူးကျင့်နင်ကို ပြတ်သားစွာမြင်ယောင်နေစေပြီး တုန်ယင်လာစေသည်။ သူ့အဆုတ်ကို ညှစ်ထားသလို ခံစားရကာ အသက်ရှူကြပ်လာသည်။

"ဒါက တကယ်မဟုတ်ဘူး.. ဒါက သရုပ်ဆောင်တွေ.. ငါ မကြောက်ဘူး.."

ထိုစကားကို ထပ်တလဲလဲရေရွတ်ကာ ကိုယ့်ဘာသာ အားပေးနေမိသည်။

"ငါ အပြင်ကလူတွေကို ဆက်သွယ်ဖို့လိုတယ်.. ဒီသရဲအိမ်က တကယ်ပြဿနာရှိတယ်.."

ကျူးကျင့်နင်က ကြွက်သားများတုန်အောင် ကြောက်နေသောကြောင့် ကျောပိုးအိတ်ထဲ မွှေနှောက်ကာ ဖုန်းကိုအတော်ကြာရှာလိုက်ရသည်။

"ရှောင်ကျူးလား.. ဘာကြောင့်ဖုန်းဆက်တာလဲ.. video ရိုက်ပြီးပြီလား.."

သက်လတ်ပိုင်းလူက မေးလိုက်သည်။

"အစ်ကိုယွမ်.. ကျွန်တော့်ကို ကယ်ပါဦး.. သရဲအိမ်ထဲမှာ တကယ့်သရဲတွေရှိတယ်.. သရဲဘယ်လောက်တောင် နောက်ကလိုက်နေတယ်ဆိုတာ ဘုရားမှသိတော့မယ်.."

ကျူးကျင့်နင်က မျက်ရည်ကျရင်း ပြောလိုက်သည်။

"သရဲအိမ်ထဲမှာ သရဲရှိတာ အဆန်းလားကွ.."

"သရုပ်ဆောင်တွေ မဟုတ်ဘူး.. တကယ့်သရဲတွေ.."

သူက အပြင်ကသရဲကြားမှာစိုးလို့ အသံနှိမ့်ကာ ပြောလိုက်သည်။

"ဖိန်းယို့လျောင်ကို ဖုန်းပေးလိုက်.. ငါ သူနဲ့ပြောမယ်.."

"အစ်ကိုဖိန်းက သရဲပူးခံလိုက်ရပြီး သူက မိန်းကလေးအဆောင်ထဲ ပိတ်မိကျန်ရစ်ခဲ့တယ်.."

"ပူးခံလိုက်ရတယ် ဟုတ်လား.."

"ကျွန်တော်ကိုယ်တိုင် တွေ့လိုက်ရတာ.. သရဲမက သူ့ပုခုံးပေါ်မှာ ရပ်နေတယ်.. သရဲမက လည်ပင်းကြိုးတန်းလန်းနဲ့.. မျက်လုံးတွေပြူးထွက်နေတယ်.."

"သူ့ပုခုံးပေါ်မှာ မတ်တပ်ရပ်နေတယ်.. မင်းတို့က အလုပ်သမားတွေ တိုက်ခိုက်တာ ခံလိုက်ရတာလား.. ကောင်းပြီ.. ငါတို့ အခုလာခဲ့မယ်.."

"အလုပ်သမားမဟုတ်ဘူး.. တကယ့်သရဲတွေ.. သရဲအိမ်ထဲ ဘာအလုပ်သမားမှ မရှိဘူး.."

ထိုစဉ် အိမ်သာခန်းထဲဝင်လာသောခြေသံကို ကြားလိုက်ရသည်။

"သရဲတွေ ဝင်လာပြီလား.."

"မင်း ဘယ်သူနဲ့စကားပြောနေတာလဲ.. ဟယ်လို.. ဟယ်လို.."

ကျူးကျင့်နင်က ဖုန်းကိုချလိုက်ပြီး အသံမထွက်ဝံ့တော့ပေ။ အပြင်ကသရဲ သူ့အသံကိုမကြားပါစေနဲ့လို့ ဆုတောင်းနေသည်။

"ကျေးဇူးပြုပြီး ငါ့ကိုလာမခြောက်ပါနဲ့.. နောက်ခါ ဘယ်တော့မှ ဒီသရဲအိမ်ထဲ မလာတော့ပါဘူး.."

ကျူးကျင့်နင်က ဖုန်းပိတ်ကာ အိမ်သာခန်းတံခါးကိုသာ စိုက်ကြည့်နေသည်။ ထိုစဉ် အိမ်သာခန်းတံခါး ပွင့်သွားလျှင် ဘာပေါ်လာမလဲ မသိတော့ပေ။ ကြိုးတန်းလန်းနှင့်သရဲမကို မြင်ယောင်ကာ ထိုသရဲမပေါ်လာရင် ဆိုသည့်အတွေးကြောင့် ပျော့ခွေချင်လာသည်။

"ငါ ဘာလုပ်သင့်လဲ.. အစ်ကိုယွမ်.. မြန်မြန်လာပါတော့.."

ထိုစဉ် ခြေသံက ပိုနီးလာခဲ့သည်။

ခရက်..

အိမ်သာခန်းတံခါးတစ်ခု ပွင့်သံကြားလိုက်စဉ် ကျူးကျင့်နင် ကြောက်လန့်တကြား အသက်ရှူအောင့်လိုက်မိသည်။ ပြီးတော့ ဒုတိယအိမ်သာခန်းတံခါးတစ်ခု ဖွင့်လိုက်သံကို ထပ်ကြားလိုက်ရသည်။

နီးလာပြီ..

နောက်ထပ်စောင့်နေစဉ် တတိယအိမ်သာခန်းတံခါးဖွင့်သံ ကြားလိုက်ရပြန်သည်။ ကျူးကျင့်နင် ပိုပြီး ရင်တထိတ်ထိတ်မြန်လာသည်။ သရဲက သူ့ဘေးခန်းကိုရောက်နေပြီ။ မကြာခင် သူ့အိမ်သာခန်းကို လာဖွင့်တော့မည်ဆိုသောအသိက ကျူးကျင့်နင်တစ်ကိုယ်လုံးကြွက်သားများ တင်းမာလာစေပြီး ကြောက်စိတ်ကြောင့် သူရူးသွားတော့မလို ခံစားရသည်။ သူ တစ်မိနစ်လောက်စောင့်ပေမယ့် သူ့အိမ်သာခန်းတံခါး တွန်းဖွင့်မခံရပေ။

သူထွက်သွားပြီလား..

ကျူးကျင့်နင်က တံခါးကိုအသာဟကာ အပြင်ကိုချောင်းကြည့်လိုက်သည်။ အပြင်မှာ ဘယ်သူမှမတွေ့သောကြောင့် သူက တံခါးကို ဖြည်းဖြည်းချင်းတွန်းဖွင့်ကာ အပြင်ထွက်လာခဲ့သည်။

သူ ကံကောင်းသွားတာပဲ..

သူက သက်ပြင်းချကာ အိမ်သာခန်းထဲကထွက်လာရင်း အစ်ကိုယွမ်ဆီ ဖုန်းခေါ်လိုက်သည်။ ဖုန်းမျက်နှာပြင်တွင် အရိပ်တစ်ခုထင်လာသောကြောင့် ကျူးကျင့်နင်ကြည့်လိုက်တော့ တတိယအိမ်သာခန်းထဲတွင် ကြောက်ရွံ့ခြောက်ခြားစရာမျက်နှာနှင့် တစ်စုံတစ်ယောက်က သူ့ကိုစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

======================

Chapter (100) – ဖိန်းယို့လျောင် ဘာဖြစ်သွားတာလဲ..

ဖုန်းက ကျူးကျင့်နင်လက်ထဲကနေ ကြမ်းပြင်ပေါ် လျှောကျသွားခဲ့သည်။ တစ်ဖက်က ပြောလာသောအသံက ဖုန်းထဲကထွက်ပေါ်လာသည်။

"ယို့လျောင်ကို ဖုန်းဆက်လို့မရဘူး.. မင်းတို့ အဲ့ဒီမှာ ဘာဖြစ်ခဲ့တာလဲ.."

"ရှောင်ကျူး.. ငါပြောတာ ကြားရလား.."

"ကျူးကျင့်နင်.. မင်း အဆင်ပြေရဲ့လား.. ငါ့ကို ပြန်ဖြေဦး.."

ဒါပေါ့.. ကျူးကျင့်နင်က တစ်ဖက်ကအသံကိုကြားပေမယ့် ပြန်မဖြေနိုင်လောက်အောင် သူမြင်ရသောအရာကို ကြောင်ငေးကြည့်ကာ ကြမ်းပြင်ပေါ် အဝတ်စတစ်ခုလို ပျော့အိစွာ ပြိုလဲကျလာသည်။

"ခင်ဗျားတို့ကို သရဲအိမ်ထဲ ဗီဒီယိုမရိုက်ရဘူးလို့ ကြိုတင်သတိမပေးခဲ့ဘူးလား.. ဘာကြောင့် စကားနားမထောင်ရတာလဲ.."

Chen Ge က မျက်နှာဖုံးချွတ်ကာ မေးလိုက်တော့ ကျူးကျင့်နင်က သူဘာမှမသက်ဆိုင်ကြောင်းကိုသာ အားနည်းစွာပြောနိုင်တော့သည်။ တခြားသရဲအိမ်များက ဝန်ထမ်းများကို သရဲဟန်ဆောင်ကာ ခြောက်လှန်းခိုင်းစဉ် Chen Ge က ဘာဝန်ထမ်းမှမထားဘဲ ဧည့်သည်များကို သူတို့ဘာသာ ခြောက်ခြားအောင် ကြောက်စရာပတ်ဝန်းကျင်ကိုပဲ အဓိကဖန်တီးထားသည်ကို အချိန်နှောင်းမှ သူတို့သတိထားလိုက်မိကြသည်။ ဒါတွေက အတုဆိုတာ သိနေရင်တောင် ဧည့်သည်တွေရင်ထဲမှာ ကြောက်စိတ်ဆိုတာ ရှိနေပြီးသားဖြစ်သည်။ ကျူးကျင့်နင်က နမူနာပဲဖြစ်သည်။ ရင်ထဲကကြောက်စိတ်ကြောင့် သူက စကားပင်မပြောနိုင်အောင် လည်ချောင်းက တောင့်တင်းနေသလို ခံစားရသည်။ ကြောက်စိတ်က အရိုးထဲစွဲကာ အသက်မရှူနိုင်အောင် ဖြစ်နေတော့သည်။

Chen Ge က တတိယအိမ်သာခန်းထဲကထွက်ကာ ဖုန်းကိုကောက်ပြီး ကျူးကျင့်နင်၏အိတ်ထဲ ထည့်ပေးကာ သူ့ကို အိမ်သာခန်းအပြင်ဘက်သို့ တွဲခေါ်လာပြီး နံရံကိုမှီကာ ထိုင်စေလိုက်သည်။

ဒီလူက အသက်ပုံမှန်ရှူလာနိုင်စေရန် တောင့်တင်းသောပုခုံးကြွက်သားများကို အသာနှိပ်ပေးကာ တဖြည်းဖြည်း သတိဝင်လာတော့ မေးလိုက်သည်။

"ကျွန်တော့်အသံကို ကြားရလား.. ခင်ဗျားသူငယ်ချင်း ဘယ်မှာကျန်ခဲ့လဲ.."

ဒီလူက ဘာမှပြန်မဖြေနိုင်သောကြောင့် Chen Ge သက်ပြင်းရှိုက်ကာ သူ့ကိုယ်ကြီးကိုတွဲကာ ထုတ်လာရင်း ပြောလိုက်သည်။

"ထားလိုက်ပါတော့.. ခင်ဗျားတို့ တကယ့်သရဲနဲ့တွေ့ပြီး ထွက်ပြေးခဲ့တာဖြစ်မှာပါပဲ.."

ဒီလူတွေက မိန်းကလေးအိပ်ဆောင်ထဲက ထွက်ခဲ့တာဆိုတော့ အဲ့ဒီကိုသွားရှာရုံပေါ့။

Chen Ge က ဒီလူကို လှေကားဘက်ခေါ်သွား ချထားပြီး မိန်းကလေးအိပ်ဆောင်ကို ပြေးလာတော့ ဖိန်းယို့လျောင်ကို မတွေ့ရတော့ပေ။ သူဘယ်ရောက်သွားတာလဲ..။ ဘောလ်ပင်ကလည်း တိပ်ပတ်ထားခဲ့ပေမယ့် အခုတော့ ကျိုးကာ ကြမ်းပြင်ပေါ်ကျနေခဲ့သည်။ အခန်းထဲ တိုက်ခိုက်ရုန်းကန်ထားသည့်ပုံစံလည်း မတွေ့ရသဖြင့် Chen Ge မျက်လုံးပြူးကာ ထိုအခန်းထဲက ထွက်လာသည်။ သူ တခြားဘက်ကို ထွက်သွားတာလား။ Chen Ge က ရေတွင်းနှင့် ကျောင်းရုံးခန်းဘက်ကို လျှောက်လာခဲ့သည်။ နောက်ဆုံး ရေတွင်းဘက်တွင် ဖိန်းယို့လျောင်ကို တွေ့လိုက်ရသည်။

သူ့ပုံစံက ကျူးကျင့်နင်ထက် အခြေအနေဆိုးကာ မျက်နှာဖြူရော်လျက် မျက်မှန်လည်းကွဲနေသည်။ သူ့ပါးစပ်မှာ အမြှုပ်တစီစီထွက်ကာ ရေတွင်းမှာ လက်တစ်ဖက်ထောက်ကာ အထဲကိုခုန်ချတော့မလို ပြင်နေသည်။

ဒီလူ ဘာဖြစ်သွားတာလဲ..။ ကြည့်ရတာ ဘောလ်ပင်နတ်ထက် ပိုဒေါသကြီးတဲ့အရာကို တွေ့ခဲ့ပုံရသည်။ ဒီဆက်တင်ထဲမှာ ဒီလောက်ကြမ်းတာလည်း မပါပါဘူး။ ဖိန်းယို့လျောင်နဲ့ပတ်သက်ပြီး Chen Ge မတွေးတတ်တော့ပေ။

ဒီလူရဲ့အခြေအနေဆိုးက ဟော်စန်း ပထမဆုံး သရဲအိမ်ထဲဝင်လာစဉ်ကလို ဖြစ်နေသောကြောင့် Chen Ge က ဒီလူကို သရဲအိမ်ထဲကနေ အရင်ထုတ်လိုက်တာ ပိုကောင်းမည်ဟု တွေးနေသည်။

သူ အားကုန်သုံးကာ မတ်တပ်မရပ်နိုင်လောက်အောင် ကြောက်နေသောလူနှစ်ယောက်ကို တရွတ်တိုက်ဆွဲကာ သစ်သားကောင်တာအပြင်ထိ ဆွဲထုတ်လာနိုင်ခဲ့သည်။ ထိုစဉ် အပြင်ဘက်က အသံဗလံများ ကြားလိုက်ရပြီး ချင်ကျွမ်းစတူဒီယိုကလူများက သရဲအိမ်ထဲ ဇွတ်ဝင်ချင်နေပုံရသည်။

Chen Ge က ထိုလူနှစ်ယောက်ကို လက်မောင်းကနေ တရွတ်တိုက်ဆွဲကာ သရဲအိမ်အပြင်ကို ထုတ်လိုက်သည်။ သူတို့ကိုတွေ့တော့ ချင်ကျွမ်းစတူဒီယိုက မျက်လုံးများစွာ စိုက်ကြည့်လာပြီး မေးလိုက်သည်။

"ဒါက ဘယ်လိုဖြစ်သွားရတာလဲ.."

တက်ကြွသန်မာသော လူနှစ်ယောက်က သရဲအိမ်ထဲဝင်သွားပြီး မကြာခင် ပျော့ခွေကာ ပြန်ထွက်လာခဲ့သည်။ တစ်ယောက်က အကြောက်လွန်ကာ ပါးစပ်က အမြှုပ်ပင်ထွက်လို့နေသည်။ ဘေးကဝန်းရံနေသော လူများက သေချာမြင်ရဖို့ တစ်လှမ်းစီရှေ့တိုးလာကြသည်။

"ရှောင်ကျူး.. ယို့လျောင်.."

ချင်ကျွမ်းစတူဒီယိုကလူတွေက သူတို့လူကို ပြေးလာထူလိုက်ကြသည်။ ကျူးကျင့်နင်က သတိရလာပြီဆိုပေမယ့် ခြေထောက်က ပျော့ခွေနေဆဲဖြစ်သည်။ ဖိန်းယို့လျောင်က အခြေအနေအတော်ဆိုးကာ မျက်လုံးအပြူးသားနှင့် သတိမလည်ဘဲ သူ့နာမည်ကိုခေါ်ပေမယ့် ဘယ်လိုမှမတုံ့ပြန်ပေ။ ဒါ့အပြင် နှုတ်ခမ်းထောင့်ကနေ အမြှုပ်တွေ စီးကျနေဆဲဖြစ်သည်။

"သူတို့နှစ်ယောက် ဘာတွေဖြစ်ခဲ့ကြတာလဲ.."

သက်လတ်ပိုင်းလူက ဒေါသဖြင့် Chen Ge ကိုမေးလိုက်သည်။

"ဘာကြောင့် ကျွန်တော့်ကို လာမေးနေတာလဲ.. ကျွန်တော် ဘယ်လိုသိမှာလဲ.."

Chen Ge က သူဝင်သွားကတည်းက ခုလိုတွေ့ခဲ့သောကြောင့် ရိုးသားစွာပြောလိုက်သည်။

"ငါတို့ အစောပိုင်း ဖုန်းပြောတော့ ကျင့်နင်က မင်းရဲ့ဝန်ထမ်းတစ်ယောက်က ဖိန်းယို့လျောင်ရဲ့ပုခုံးပေါ် တက်ရပ်နေတယ်လို့ပြောတယ်.. မင်းတို့ဝန်ထမ်းက ဧည့်သည်ကို ခုလိုစော်ကားရဲသလား.. ငါတို့ သေချာပေါက် တရားစွဲမယ်.."

"ကျွန်တော့်ဝန်ထမ်းက စော်ကားပါတယ်ဆိုတာ ဘယ်သူမြင်သလဲ.. ခင်ဗျားတို့သဘောရှိ ရဲခေါ်လို့ရတယ်.. ဒီထဲမှာ ခင်ဗျားတို့လူရဲ့ လက်ဗွေရာကလွဲပြီး ဘာမှမတွေ့ရနိုင်ဘူး.."

"စကားများတာ ရပ်ကြပါတော့.. ငါ ပန်းခြံထဲကဆရာဝန်ကို လှမ်းခေါ်ထားတယ်.. သူတို့အခြေအနေက ပိုအရေးကြီးတယ်.."

အန်ကယ်ရွှီက ခေါင်းကိုက်စွာ ဝင်ပြောလိုက်သည်။

"ဒီအခြေအနေရောက်တာတောင် ဒီလူက ဖင်ပိတ်ငြင်းချင်နေသေးတယ်.. ကောင်းပြီ.. မင်းရဲ့အပြစ်ကို ဝန်ခံလာအောင် လုပ်ရတာပေါ့.. ကျုပ်တို့ဘက်က ကြိုတင်ပြင်ဆင်လာလို့ တော်သေးတာပေါ့.."

လူလတ်ပိုင်းလူက ကျောပိုးအိတ်ထဲက လက်တော့ပ်ကိုထုတ်ကာ ဖိန်းယို့လျောင်၏ ကြိုးမဲ့ကင်မရာနှင့် ကွန်ပျူတာကို ချိတ်ဆက်လိုက်သည်။

သေချာတာပေါ့.. ဒီလူတွေက အကုန်ကြိုတင်စီစဉ်လာတာပဲ..။ Chen Ge က ဒီလူနှစ်ယောက်ကို ဆွဲခေါ်လာကတည်းက သူတို့ရင်ဘတ်မှာတပ်ထားတဲ့ video ကင်မရာကိုတွေ့ကတည်းက သိပြီးဖြစ်သည်။ သရဲအိမ်ထဲမှာ video ရိုက်ခွင့်ပိတ်ထားတယ်ဆိုတာ setting ကိုပြင်ဆင်ရတာ ကုန်ကျစရိတ်များလို့ ဒါသာပေါက်ကြားသွားရင် ဧည့်သည်တွေကို မဆွဲဆောင်နိုင်မှာစိုးလို့ဖြစ်သည်။ ဒါပေမယ့် အစမ်းမစ်ရှင်တွေကို ဖြေရှင်းလို့ အောင်သွားရင် ဒီသရဲအိမ် setting အပြင်အဆင်က အမြဲတမ်းပြောင်းလဲနေမှာဖြစ်လို့ Chen Ge က သိပ်မစိုးရိမ်ပေ။ ဘယ်သူမှ သူ့သရဲအိမ်အပြင်အဆင်ကို လိုက်တုနိုင်မည်မဟုတ်ဘူးဆိုတာ ယုံကြည်သည်။

ဒီ video ရိုက်ကူးခြင်းက သူ့သရဲအိမ်ကို လူပိုသိအောင် ကြော်ငြာသလိုသာ ဖြစ်မှာသေချာသည်။ ဒါဆို သူ ပိုက်ဆံကုန်စရာမလိုတော့ပေ။

"မင်း ဒီဟာကိုကြည့်ပြီးရင် ငြင်းလို့မရတော့ဘူး.. မင်းရဲ့ဝန်ထမ်းတွေက ကျုပ်လူတွေကို စော်ကားခဲ့တယ်ဆိုတဲ့ သက်သေဖြစ်လာမှာပဲ.."

သက်လတ်ပိုင်းလူက ဘေးကပရိသတ်တွေပါကြားအောင် ကျယ်လောင်စွာပြောလိုက်သည်။

"ကျွန်တော်တို့တွေက ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ အလုပ်လုပ်တယ်.. ဘယ်တော့မှာ ဧည့်သည်တွေကို လက်ဖျားနဲ့တောင် မထိခဲ့ဖူးဘူး.. ဒါကို ဘယ်နှစ်ခါထပ်ပြောရမလဲ.."

Chen Ge က ပြောပြီး Laptop ထဲက ဖမ်းယူရိုက်ကူးခဲ့တာဖွင့်ပြဖို့ ပြောလိုက်သည်။ ဖန်းယို့လျောင် ဘာတွေကြုံခဲ့သလဲ၊ ဘာကြောင့် သူက ရေတွင်းဘေးကိုရောက်သွားသလဲဆိုတာ သူလည်းသိချင်နေသည်။

သက်လတ်ပိုင်းလူက Laptop ကိုဖွင့်လိုက်သည်။ ဆူညံသံတချို့ကလွဲပြီး ဘာမှမမြင်ရပေ။ စက္ကန့်အနည်းငယ်ကြာတော့ Chen Ge ပြောလိုက်သောအသံကို ကြားလိုက်ရသည်။

"အရင်တခါက ခင်ဗျားလိုပြောခဲ့တဲ့လူကို ကျောပိုးပြီးထုတ်ခဲ့လိုက်ရတယ်.."

"ခင်ဗျားပြောမှ ကျွန်တော်က ပိုစိတ်ဝင်စားသွားပြီ.."
ဖန်းယို့လျောင်က ရယ်ပြီးပြောလိုက်သံက Laptop ထဲက ထွက်လာခဲ့သည်။

=========================

Chapter (101) – မုယန်အထက်တန်းကျောင်း၏ လျှို့ဝှက်မစ်ရှင်

Laptop မှထွက်လာသော အသံများက အရမ်းမကျယ်ပေမယ့် ဘေးပတ်လည်ကလူတွေအားလုံး သေချာကြားရနိုင်သည်။ လူတွေက လေလုံးထွားသောစကားသံကိုကြားပြီးတော့ အမြှုပ်တစီစီနှင့်လဲနေသော ဖိန်းယို့လျောင်ကို အထင်သေးစွာကြည့်လိုက်သည်။ လူလတ်ပိုင်းလူက လူတွေရဲ့အာရုံကို ဒီထဲမြန်မြန်ဆွဲယူလိုက်သည်။ သူက ရှေ့ကိုနည်းနည်းရစ်ကာ ဖွင့်လိုက်တော့ မြေအောက်သရဲအိမ်ဆက်တင်ထဲမှာ သူတို့လူနှစ်ယောက် တိုင်ပင်နေသည့်စကားများပြောနေသည့်အသံ ထွက်လာသည်။

သူတို့က ဒီဟာကို တမင်ရိုက်ကူးကာ အင်တာနက်ပေါ်ဖြန့်ပြီး သရဲအိမ်၏စီးပွားရေးကို ကျအောင်လုပ်ရုံသာမက ရေတပ်ကိုပါငှားပြီး သရဲအိမ်ကိုမကောင်းသည့် review နဲ့ comment ရေးခိုင်းပြီး နာမည်ဖျက်ပစ်မည့်အကြောင်းကို ပြောဆိုနေသံ ထွက်ပေါ်လာတော့ ဘေးကနားထောင်နေသည့်ပရိသတ်က ချင်ကျွမ်းစတူဒီယိုကို အထင်သေးစွာ ဝေဖန်ပြောဆိုလိုက်ကြသည်။

"သူတို့က သရဲအိမ်ပိုင်ရှင်ကို ပြဿနာရှာဖို့ တမင်ရောက်နေတာပေါ့.. ယုံတောင်မယုံနိုင်ဘူး.. အောက်တန်းကျလိုက်တာ.."

သက်လတ်ပိုင်းလူလည်း မြန်မြန် ရှေ့ကိုကျော်လိုက်ပြီး ပြန်ဖွင့်လိုက်သည်။

အလင်းရောင်မကောင်းတာကြောင့် မြင်ကွင်းက ဘာမှမသဲကွဲပေ။ ဒါကြောင့် ဒီဗီဒီယိုက Chen Ge လိုချင်သလို ပရိုမိုးရှင်းတော့ ဖြစ်နိုင်မည့်ပုံမပေါ်ပေ။ သူတို့က ရစ်လိုက်ကြည့်လိုက် လုပ်လာပေမယ့် သရဲအိမ်ကဝန်ထမ်းဆိုတာ လုံးဝမမြင်ရပေ။

ချင်ကျွမ်းစတူဒီယိုကလူတွေက စိတ်ပူလာကြပြီး ဘေးကပရိသတ်က ပိုသိချင်လာသည်။ သရဲအိမ်ထဲ လူကိုခြောက်လှန့်ဖို့ ဝန်ထမ်းမရှိရင် ပိုင်ရှင်က ဘယ်လိုစီစဉ်ထားသလဲဆိုတာ သိချင်နေကြသည်။ သူက ဧည့်သည်တွေကို ဘယ်လိုခြောက်လှန့်ဖို့ စီစဉ်ထားတာလဲ..။

မကြာခင် Video က ဘောလ်ပင်နတ်ပင့်ကာ မေးခွန်းမေးသည့်နေရာကို ရောက်လာသည်။ ဖိန်းယို့လျောင်၏မေးခွန်းကို ကြားတော့မှ ဘာကြောင့်ဘောလ်ပင်နတ် ဒေါသထွက်သွားသည်ကို Chen Ge နားလည်သွားပြီး နှုတ်ခမ်းကိုက်မိမတတ် ဖြစ်သွားသည်။ ပြီးတော့ ကျူးကျင့်နင်ထွက်ပြေးသွားသည့်ပုံကို မြင်လိုက်ရပြီး ဖိန်းယို့လျောင် စာရွက်ပေါ်မှာ 'မင်းသေရလိမ့်မယ်' ဆိုသည့်စာများကို အရူးအမူးရေးနေတာကို မြင်လိုက်ရသည်။

စာရွက်ပေါ်ကစာလုံးတွေကိုကြည့်ပြီး ပရိသတ်က ကြောင်နေကြသည်။

"သူဘာလုပ်နေတာလဲ.."

"စိတ်ဖောက်သွားတာလား.. ဒါဆို ဆရာဝန်ကို အမြန်ပြဖို့လိုတယ်.. အရေးကြီးတယ်.."

"ဒီလူနှစ်ယောက်က သရဲအိမ်ထဲဝင်သွားပြီး တစ်ယောက်က ဘာမှမပြောနိုင်အောင် ကြောက်သွားခဲ့တာပေါ့.."

ဒီ video ကိုကြည့်ပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာ Chen Ge ရိပ်မိလိုက်သည်။ ဘောလ်ပင်နတ်က ပေါ်လာတော့ ကျူးကျင့်နင်က ကြောက်ပြီးထွက်ပြေးခဲ့လိမ့်မည်။ ဒါပေမယ့် ဒီသရဲက video ထဲမှာ ရိုက်ကူးလို့မရတာထင်သည်။ သရဲ၏ပုံရိပ်ကို မမြင်ရပေ။

ကျူးကျင့်နင်ထွက်ပြေးသွားပြီး ဖိန်းယို့လျောင်တစ်ယောက်တည်းကျန်ရစ်ကာ ရူးသွပ်စွာရေးနေရာမှ ရုတ်တရက် ထရပ်လိုက်သည်။ သူက ခုံမှာထိုင်နေရာကနေ ရုတ်တရတ်ထရပ်ကာ လမ်းလျှောက်လိုက်သည်။ သူ့ပုံစံက ဘယ်၊ညာ ဟန်ချက်ညီအောင် မလုပ်နိုင်သလို ယိမ်းယိုင်လို့နေသည်။ ဒါကြောင့် video ကမြင်ကွင်းကလည်း ယိမ်းခါနေသည်။ ခဏကြာတော့ ဖိန်းယို့လျောင်က ဒီခန္ဓာကိုယ်နဲ့ဝိညာဉ် တစ်သားတည်းကျသွားပြီး သေချာထိန်းချုပ်လာနိုင်သလို ကောင်းကောင်းငြိမ်ငြိမ် လျှောက်လာနိုင်တော့သည်။ ကြည့်ရတာ ဘောလ်ပင်ဝိညာဉ်က ဖိန်းယို့လျောင်ကို ဝင်ပူးသွားပုံရသည်။

"ဘယ်သူမှ သူ့ကိုမထိခဲ့ဘူး.."

"သူတစ်ယောက်တည်း ဘာဖြစ်နေတာလဲ.."

ပရိသတ်က သိလိုစိတ်နှင့် မေးနေကြသည်။

10 စက္ကန့်ကြာတော့ ဖိန်းယို့လျောင်က မိန်းကလေးအဆောင်ထဲက ထွက်လာပြီး ကော်ရစ်တာဘက်လျှောက်လာစဉ် ကျူးကျင့်နင်နှင့်သူက အိမ်သာခန်းထဲဝင်သွားသည်ကို video ကင်မရာကနေ မြင်လိုက်ရသည်။ ဖိန်းယို့လျောင်က အိမ်သာခန်းဘေးက အသာဖြတ်ကာ ချိပ်ပိတ်ထားသော စာသင်ခန်းထဲဝင်လာပြီး ခုံပေါ်ကကျောင်းဝတ်စုံတစ်ခုကို ကောက်ယူလိုက်သည်။ ပြီးတော့ ဆရာစားပွဲခုံက နာမည်ကဒ်ပါသောဗူးကိုတွေ့တော့ ဖိန်းယို့လျောင်က ယိုင်ထိုးကာ ထိုဗူးဆီလာပြီး နာမည်တံဆိပ်တစ်ခုကို ရွေးယူပြီး စာသင်ခန်းထဲက ပြေးထွက်လိုက်သည်။

သူဘာလုပ်တာလဲ..။ ဘောလ်ပင်ဝိညာဉ်က သရဲအိမ်ထဲက ပြေးထွက်ချင်နေတာလား..။ တကယ်လို့ သူက ဖိန်းယို့လျောင်ကို ရေတွင်းနားမှာ အချိန်မှီပြန်မတွေ့လိုက်ရင် ဒီဝိညာဉ် လွတ်မြောက်သွားနိုင်သည်။ video ထဲတွင် ဖိန်းယို့လျောင်က အိမ်သာခန်းထဲမှာ လူရှိတာသိသည့်ပုံဖြင့် ခြေသံမကြားအောင် အသာလေးဖြတ်လျှောက်ကာ ရေတွင်းဘက်ထွက်လာခဲ့သည်။ ဒါဆို သူတို့က ပွတ်ကာသီကာလေး လွဲနေကြတာပေါ့။

Video ထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းက ဖိန်းယို့လျောင်က နာမည်တံဆိပ်ပြားနဲ့ ယူနီဖောင်းကိုပွေ့ကာ အခန်းထဲကမထွက်ခင် အခန်းကိုလှည့်ပတ်ကြည့်ရင်း ငိုယိုပြီး စကားပြောခဲ့ခြင်းဖြစ်သည်။

"ငါ ဒီနေရာကို တကယ်ပဲ ငါ့အိမ်လို သဘောထားခဲ့တာပါ.. ဒါပေမယ့် ငါက ဝမ်းရှင်းကို တစ်ခုခုပြောပြဖို့ ဒီကနေ ထွက်သွားမှဖြစ်မယ်.."

"ငါ့ကို သွားခွင့်ပေးပါ.."

"ကိစ္စတွေပြီးရင် ငါပြန်လာဖို့ ကတိပေးပါတယ်.."

"ငါနဲ့ ဝေးဝေးနေစမ်း.. ငါ ဒီနေ့ ဒီကထွက်သွားမှဖြစ်မယ်.. ဘယ်သူမှ ငါ့ကိုမတားနဲ့.."

"ငါ့ကိုသွားခွင့်ပေးပါ.. သွားခွင့်ပေးပါ.."

ဖန်းယို့လျောင်က တစ်ယောက်တည်းအော်ဟစ်ရုန်းကန်နေပြီး ပုံမှန်နဲ့မတူဘဲ ပြောဆိုနေသည်။ ခဏကြာတော့ ပုံမှန်ပြန်ဖြစ်သွားပြီး စာသင်ခန်းထဲက ရုန်းကန်ထွက်ကာ တံခါးကိုပိတ်ပစ်လိုက်သည်။

သူက စကားတစ်ခွန်းမှမပြောဘဲ ကင်မရာကို ရင်ဘတ်မှာ နေသားတကျပြန်တပ်ပြီး ရုပ်သေးရုပ်လို ရေတွင်းဘက်ကို ဦးတည်လာခဲ့သည်။

Chen Ge က Laptop ကိုစိုက်ကြည့်နေစဉ် ဖုန်းအနက်ဆီက တုန်ခါပြီး စာဝင်လာခဲ့သဖြင့် ထုတ်ယူလိုက်ပေမယ့် သူက Laptop ကိုပဲ ဆက်ကြည့်နေသည်။

ဒီလိုဖိန်းယို့လျောင် အော်ဟစ်နေစဉ် သူက အိမ်သာခန်းထဲမှာရှိနေပေမယ့် ဘာသံမှမကြားရပေ။ ကြည့်ရတာ တံခါးပိတ်လိုက်တာနဲ့ တကမ္ဘာစီခြားသလို ဖြစ်သွားပုံရသည်။

Video က ဆက်လက်ပြသနေသည်။ ဖိန်းယို့လျောင်က ရေတွင်းနားကိုရောက်တော့ ရေတွင်းအုတ်ခုံပေါ်တက်ကာ တီးတိုးပြောလိုက်သည်။

"ငါတို့ ခုန်ချကြမလား.."

"ချန်းယာ့လင်ရဲ့နာကျင်မှုကို ငါနားလည်ပါတယ်.. သူမမှာလည်း သူမအကြောင်းနဲ့ သူမရှိမှာပဲ.."

"တကယ်လို့ ငါသာ သူမနေရာမှာဆိုရင် ဒါတွေကို ယုံကြည်မိမှာပဲ.. ဘာပဲဖြစ်ဖြစ် ဝမ်းရှင်းက သူမရဲ့ အကောင်းဆုံးသူငယ်ချင်းပဲလေ.."

"ဒါဆို ငါတို့ သူမကို အခွင့်အရေးတစ်ခု ထပ်ပေးသင့်လား.."

ဖိန်းယို့လျောင်တစ်ယောက်တည်း မျိုးစုံပြောဆိုနေပြီး ခဏကြာတော့ ရေတွင်းအုတ်ခုံပေါ်ကဆင်းကာ ကြမ်းပြင်ပေါ်ပြိုကျလာသည်။ နောက် ၄ မိနစ်လောက်ကြာတော့ Chen Ge ရောက်လာခဲ့သည်။

ကင်မရာထဲတွင် Chen Ge က သူ့ကို ရှေးဦးသူနာပြုနည်းဖြင့် ပြုစုပေးပြီး သယ်လာတာကို သေချာမှတ်တမ်းတင်ထားသည်။

"ဘော့စ်က ဘာမှမမှားဘူး.. သူက ခင်ဗျားတို့လူကို ကယ်ပေးခဲ့တာပဲ.."

"ငါတို့က အပြစ်မဲ့တဲ့လူကို အပြစ်တင်မိတော့မလို့.."

လူတွေက ချင်ကျွမ်းစတူဒီယိုကလူတွေကို ဝိုင်းပြောနေစဉ် Chen Ge က လူအုပ်ထဲက တိုးထွက်ကာ ဖုန်းအနက်ကစာကို ဖတ်လိုက်သည်။

"ဂုဏ်ယူပါတယ်.. သင်က ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ မုယန်အထက်တန်းကျောင်း -  ဘောလ်ပင်နတ်၏ဆန္ဒဆိုတဲ့ လျှို့ဝှက်မစ်ရှင်ကို ဆောင်ရွက်လို့ရသွားပါပြီ.."

=========================




သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now