Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။

495 90 3
                                    

Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။



ရွှီကျန်းကျန်းသည် အမျိုးသမီးကိုယ်ထည်အတွင်း ပုန်းအောင်းနေပုံရသည်။

အဝင်ဝမှာ ချိတ်ဆွဲထားတဲ့ ကြိုးကို စိုက်ကြည့်ရင်း ချန်ကောဟာ သူ့နှလုံးသားထဲမှာ အေးခဲသွားသလို ခံစားလိုက်ရတယ်။ တံခါးနားမှာ ချိတ်ဆွဲထားတဲ့ ဒီအလောင်း ကိုယ်ထည်ထဲမှာ တကယ့် သရဲတစ္ဆေက ပုံးအောင်း နေတယ်လို့ ဘယ်သူထင်မှာလဲ။ ဧည့်သည်တိုင်းသည် သူမ၏သရဲအကြည့်အောက်တွင် သရဲခြောက်သောအိမ်ထဲသို့ ဝင်ကြပြီး ဧည့်သည်အချို့က သူမကို ထိမိသွားကြသည်။

အခု နောက်ထပ်မေးခွန်းတစ်ခု ရှိတာက... တိပ်ခွေထဲက သရဲက ရွှီကျန်းကျန်းကို ဘာကြောင့် ရှာချင်တာလဲ။ သူတို့ကြားက ဆက်ဆံရေးတခုခု ရှိသလား၊ ဒါမှမဟုတ် တိပ်ခွေထဲက သရဲက ဆာလောင်ပြီး တခြားတစ္ဆေကို ဝါးမျိုချင်နေသလား။

ချန်ကောသည် ရွှီကျန်းကျန်းသည် ရုပ်ဆင်းသဏ္ဍာန်ရှိသော မကောင်းဆိုးဝါးလား သို့မဟုတ် ခိုအောင်းနေသော ဝိညာဉ်လား ဆိုတာ ဆုံးဖြတ်နိုင်စွမ်း မရှိခဲ့ပေ။ ထိုအမျိုးသမီးသည် ထျန်ထန်ဆေးကျောင်းကို သူမ၏အိမ်အဖြစ် မှတ်ယူခဲ့သည်ကို သူ သိခဲ့ပြီး ထျန်ထန်ဆေးကျောင်း  လက်ရှိရေပန်းစားနေသော သူမကြောင့်ဖြစ်သည်။

"ထျန်ထန်ဆေးကျောင်းကို ရှင်းဟိုင်မြို့မှာ လုပ်ငန်းလုပ်ချိန်တုန်းက မတော်တဆ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူး၊ ဒါကြောင့် ဒီ ရွှီကျန်းကျန်းဟာ လူသားတွေကို ရန်လိုတာ မဟုတ်ဘူး။"

ချန်ကောသည် ရွှီကျန်းကျန်းကို ဒီအတိုင်း ထားရန် စိတ်ကူးရှိသော်လည်း တိပ်ခွေထဲက သရဲကို ထိန်းချုပ်ရန် အစွမ်းမရှိသေးပေ။

အမျိုးသားအော်သံက တွဲလောင်းကျနေသော အမျိုးသမီး၏ ခန္ဓာကိုယ်အနှံ့ ပဲ့တင်ထပ်သွားသည်။ ဝင်ရောက်လာသော အသံ၏ ခြိမ်းခြောက်မှုကို သူမခံစားလိုက်ရသလိုပင် လေထဲတွဲလောင်းချိတ်ခံထားရသည့် ခန္ဓာကိုယ်သည် တုန်ခါနေခဲ့သည်။ စက္ကန့်အတော်ကြာပြီးနောက်တွင်  အလောင်းကိုယ်ထည်က ထူးဆန်းသော အနေထားဖြင့် အခန်းထောင့်သို့ အမည်မသိအင်အားဖြင့် ဆွဲခံလိုက်ရသလို ခြေထောက်ကနေ တိုက်ရိုက်ဆွဲထုတ်သွားခဲ့သည်။

တိပ်ထဲက ဝိညာဉ်သည် ရွှီကျန်းကျန်းကို မျိုချရန် ကြိုးစားနေတာလား။

သူ စိတ်ကူးယဉ်နေမိတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ချန်ကောက တွဲလောင်းကျနေသည့် ကိုယ်ထည်ရဲ့ မျက်နှာပေါ်မှာ နာကျင်တဲ့ အသွင်အပြင်ကို မြင်လိုက်ရပြီး အဲဒီအမူအရာ ပေါ်လာချိန်မှာတော့ တိပ်ဝိညာဉ်ရဲ့ အော်သံက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

အဲဒီလူက သူ့နာကျင်မှုကို တခြားတစ္ဆေဆီ လွှဲပြောင်းပေးခဲ့တာလား။ ဒါမှမဟုတ် ဒီမှာ တစ်ခုခု ဖြစ်သွားပြီလား။

ချန်ကောက စိတ်ရှုပ်နေချိန်မှာ တွဲလောင်းကျနေသည့် အမျိုးသမီးရဲ့ ခြေထောက်တစ်ဖက်ကို ကြိုးကနေ တဆင့် အောက်ကို ဆွဲချလိုက်သည်။

...

ဧည့်သည်တွေက တစ်ယောက်ပြီး တစ်ယောက် နားထဲမှာ တခုခုကို ဝါးနေသည့်အသံကို ကြားလာရသည်။ ထိုသရဲအိမ် ပိုင်ရှင်သည် စခရင်ပေါ်ရှိ မျဉ်းကြောင်းများကို ကြည့်လိုက်ပြီး သူ့မျက်နှာ အမူယာက အိုကျလာသည်။ သရဲခြောက်သောအိမ်တွင်  အသံလုံအောင် လုပ်ထားတာ မရှိသည့်အပြင် အော်သံများထွက်ပေါ်ခဲ့သော်လည်း အော်သံအားလုံးမှာ အမျိုးသမီးအော်သံများဖြစ်သည်။

သရဲခြောက်တဲ့ အိမ်ထဲကို ဝင်လာတဲ့ ဧည့်သည် အမျိုးသား ဖြစ်ပေမယ့် သူတို့ ဟာ အမျိုးသမီး အော်သံတွေ ပဲ ကြားနေရသဖြင့် ပိုင်ရှင်သည် အလွန်ထူးဆန်းသော အရာ ကို ပထမဆုံးတွေ့လိုက်ရခြင်းလည်းဖြစ်သည်။


"ဒီလောက်နီးနီးလေးမှာ ရှိနေတာလား။"
ချန်ကော၏ နှလုံးခုန်နှုန်းကို ကိုယ်စားပြုသည့် လိုင်း၏ အတက်အကျကို  ကြည့်လိုက်သည်။ ထိုမျဉ်းက  အမြင့်ဆုံးတွင် ၉၆ သို့ တိုးလာသောကြောင့် ၁၀၀ နီးပါးကိုရောက်သွားခဲ့သည်။

"ဘော့စ်၊ မင်းရဲ့ ဒီလုပ်ဆောင်ချက်က ဘယ်လောက်ကြာမလဲ။ ငါတို့စောင့်နေတာ မိနစ်သုံးဆယ်လောက်ရှိပြီ။"

ဧည့်သည်အချို့က စတင်အော်ဟစ်လာကြသည်။

"ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားပါ။ နောက်ထပ်ငါးမိနစ်လောက် အချိန်ပေးပြီးရင် ကောင်လေးက မကြာခင် ထွက်တော့မှာ သေချာပါတယ်။"

ပိုင်ရှင်က သူပြောတာကို အယုံအကြည်မရှိသလိုပင်၊

 "ရဲရင့်တဲ့ဧည့်သည်တွေအတွက် လျှို့ဝှက်ကြံစည်ထားတာ တစ်ခုရှိနေတာပဲလေ။  သူလည်း သရဲခြောက်တဲ့ အိမ်ပိုင်ရှင်လည်း ဖြစ်တယ်၊ အဲဒါကို ဖော်ထုတ်ရမယ်။ အခု သူ့ကို ချုပ်နှောင်ထားတာ ဘာလဲ။"

ပိုင်ရှင်က ဒါကို တွေးနေချိန်မှာပဲ အရှိန်ပြင်းပြင်းနဲ့  ပြေးလာတဲ့ ခြေသံတွေ တံခါးဝကနေ ထွက်လာတယ်။

"သူ ထွက်လာပြီ။ အမြန်ပြေးနေတဲ့ ခြေသံတွေအရ  သူတော်တော်ကြောက်သွားပုံရတယ်။"

ပိုင်ရှင်က ခြေသံကိုကြားတော့ ကျေနပ်စွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။ ဖန်သားပြင်ကို ပြန်ကြည့်ကာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သေးသည်။

 "သရဲခြောက်တဲ့အိမ်ကို အလည်လာတုန်းက ဘယ်သူမှ သူတို့ရဲ့ နှလုံးခုန်နှုန်း 100 အောက်မှာ မထိန်းနိုင်ဘူးဆိုတာ ငါ သိတယ်။   စက်က တခုခုချို့ယွင်းနေတာ ဖြစ်လိမ့်မယ်။"

အသံချဲ့စက်ကို ထုတ်၍ လူအုပ်ဆီသို့ လှည့်ကြည့်လိုက်သည်။

"ကျွန်တော်တိုရဲ့ ပထမဆုံးဧည့်သည် မကြာခင်ထွက်လာတော့မှာပါ။ သူ မဝင်ခင်က ဘယ်လိုပြောခဲသလဲ။ အခု သူ ဘယ်လိုဖြစ်နေလဲ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်၊ ပြီးတော့ သူ့အတွေးတွေကို ကျွန်တော်တို့ မေးမြန်းပါတော့ မယ်။"

အားလုံးရဲ့ အကြည့်တွေကို အပေါက်ဝဆီကို ရောက်သွားခဲ့သည်။ ခြေသံများ နီးကပ်လာသည်နှင့် နောက်ဆုံးတွင် ထွက်ပေါက်၏ ကန့်လန့်ကာနှင့် သစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"တစ်ယောက်ယောက် ထွက်လာပြီ!"

သူမသည် လူနာ၏ဝတ်စုံကြီးကို ဝတ်ဆင်ထားပြီး သူမ၏ အနက်ရောင်ဆံပင်များက သူမ၏လည်ပင်းတွင် လိမ်ယှက်လျက်ရှိနေသည်။ အေးစက်သော ချွေးများက သူမ၏ အလှပြင်ထားသည်ကို ပျက်ပြားစေကာ အဝေးမှပင် ကြောက်လန့်နေသော မျက်လုံးများကို  မြင်လိုက်ရသည် ။

"ခဏနေဦး....ဒါ မိန်းမ တစ်ယောက် မဟုတ်ဘူးလား။"

တံခါးနှင့် အနီးဆုံး ဧည့်သည်က မေးခွန်းထုတ်သည်။

"ဒီပြောင်းလဲမှုက ကြီးမားလွန်းတယ်!"

"အန်းလွေ့လား...?"

ပိုင်ရှင်သည် အသံချဲ့စက်ကို ပိတ်ရန် မေ့သွားကာ အမျိုးသမီး သရုပ်ဆောင်၏ အမည်ကို အော်ဟစ်ခဲ့သည်။ ဧည့်သည်က သရဲခြောက်တဲ့အိမ်ထဲကို ဝင်သွားပေမယ့် အရင်ထွက်လာတဲ့ သရဲတစ္ဆေသရုပ်ဆောင်တဲ့ မင်းသမီးလား။

အမျိုးသမီး ဇာတ်ဆောင်တွေရဲ့ နောက်မှာ ထပ်ချပ်မကွာလိုက်လာသည့် ခြေသံတွေလည်း ပေါ်လာသည်။   ဤတစ်ကြိမ်တွင် ပိုင်ရှင်၏ လမ်းညွှန်မှုမရှိဘဲ လူတိုင်း၏အကြည့်များသည် ထွက်ပေါက်ဆီသို့ လှည့်သွားခဲ့သည်။ ကန့်လန့်ကာကို ဖွင့်လိုက်ပြီး သွေးအတုတွေနဲ့ ဖုံးထားတဲ့ အမျိုးသား သရုပ်ဆောင်တစ်ယောက် ပြေးထွက်လာတယ်။ သူ့ဘဝသေရေးရှင်ရေး ပြေးနေသလိုမျိုး အရမ်းမြန်တယ်။ သရဲခြောက်တဲ့ အိမ်က ထွက်လာတာနဲ့ ကြမ်းပြင်ပေါ် လဲကျသွားတယ်။

"ဘာတွေဖြစ်နေတာလဲ?"

"ဒါက သရဲခြောက်တဲ့ အိမ်က စီစဉ်တဲ့ နောက်ထပ် လှုပ်ရှားမှုတစ်ခုလား။"

ပိုင်ရှင်သည်  ကနဦး ထိတ်လန့်မှုကို ကျော်လွှားရန် အခွင့်အရေးပင် မရှိခဲ့ပေ။

 "ဘာလို့ နောက်တစ်ယောက်ရှိနေတာလဲ"

သရဲခြောက်တဲ့ အိမ်ထဲကို ကြည့်လိုက်တော့ မှောင်မဲနေတဲ့ ဝင်ပေါက်က အလင်းရောင်မရှိလို့ အပြင်က လူတွေက အတွင်းထဲမှာ ဘာတွေဖြစ်ခဲ့မှန်း မသိကြဘူး။ ပိုင်ရှင်သည် စင်ပေါ်မှဆင်းကာ ထွက်ပေါက်ဆီသို့ ပြေးသွားခဲ့သည်။ မင်းသားနှစ်ယောက် ဘာဖြစ်နေကြတာလဲလို့ မေးချင်တယ်။ သို့သော် သူရှေ့မှာ   သစ်သားတံခါးကို ထပ်ဖွင့်လိုက်သည်။

ဒါက အသံအကျယ်ဆုံးပဲ။ သရုပ်ဆောင် သုံးယောက်၊ ယောက်ျားလေး နှစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်က တစ်ပြိုင်နက် ထွက်လာတယ်။ သူတို့သုံးယောက်က သရဲမိတ်ကပ်တွေ လိမ်းထားပေမယ့် ကြည့်ရအရမ်းဆိုးနေတယ်။ အငယ်ဆုံး အမျိုးသမီး သရုပ်ဆောင်သည် သူမ၏ မျက်လုံးများတွင် မျက်ရည်များ စီးကျနေပြီး လက်တစ်ဖက်  ကျိုးသလို သရုပ်ဆောင်သည့် သရုပ်ဆောင်မိန်းကလေးက  သူမ၏ ယူနီဖောင်းမှ လက်ကို ထုတ်လိုက်သည်။


"ဘာတွေဖြစ်နေတာလဲ?" ပိုင်ရှင်က လူတိုင်းရဲ့စိတ်ထဲမှာရှိတဲ့ မေးခွန်းကို မေးတယ်။

"သူဌေးဟူ.... အထဲမှာ တကယ့် သရဲ ရှိနေတယ်၊ တကယ်ပဲ ရွှီကျန်းကျန်းပြန်ရောက်လာပြီ!"

တစ်ခုတည်းသော မတ်တပ်ရပ်နေနိုင်သူက လုံခြုံရေးဝန်ထမ်း တစ္ဆေဖြစ်သည်။ သူသည် လက်ထဲတွင် walkie-talkie ကိုင်ထားသော သူဌေးထံသို့ ပြေးသွားခဲ့သည်။

 "အသံကို နားထောင်ကြည့်ပါ. အစ်ကို လင်း  နဲ့ အန်းလွေ့တို့  နှစ်ယောက်စလုံးက သူမကို မြင်ဖူးကြမှာပါ။ ရှောင်ရဲ့ က သူမ အသံကို ကြားခဲ့တာ အမှန်ပဲ!"

"အဲဒါ အရေးမကြီးဘူး။"

ပိုင်ရှင်က walkie-talkie ကို ဘေးသို့ တွန်းပစ်လိုက်သည်။ ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ သူ့အလုပ်သမားတွေကို ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့အားလုံး ဒီကိုထွက်လာကြပေမယ့် ဧည့်သည်က ဘယ်မှာလဲ"

"ဧည့်သည်လား?" လုံခြုံရေးအစောင့်က လှည့်ကြည့်လိုက်ကာ  "ဧည့်သည်က အဲဒီထဲမှာ ရှိနေတုန်းပဲလား" လို့ ယောင်ချာချာနဲ့ ပြောလိုက်တယ်။

"အထဲမှာရှိသေးတယ်လေ"

 ပိုင်ရှင်က မူးလဲသွားတော့မလို ခံစားရတယ်။ သူသည် ဆယ်စုနှစ်တစ်ခုနီးပါးမျှ စီးပွားရေး လုပ်လာခဲ့ပေမယ့် သူ့ရဲ့ ဧည့်သည်ဖြစ်သူ၏ ခြောက်ခြားဖွယ် ခရီးစဉ်ကို ရင်ဆိုင်နေစဉ် သူ့ သရုပ်ဆောင်များအားလုံး သရဲခြောက်သောအိမ်မှ ထွက်ခွာလာခြင်းက ဒါက  ပထမဆုံး အကြိမ်ဖြစ်သည်။

"ခဏနေဦး။ အားလုံးက ဒီကို ထွက်လာကြပေမယ့် ဧည့်သည်က အဲဒီ့မှာ တစ်ယောက်ထဲ ရှိနေတယ်။ အဲဒါက တစ္ဆေအစစ်လို့ ငါတို့ရဲ့ ဧည့်သည်က သိလို့လား။"

"ဒါပဲဖြစ်မှာပေါ့။ ဧည့်သည်က သရဲနောက်ကိုလိုက်နေတာလို့ ရှောင်ရဲ့ ကပြောတယ်"

ပိုင်ရှင်က မူးလဲသွားသလို ခံစားရတယ်။ ဒီတစ်ခါတော့ သူ ဘယ်လို အမိုက်စား ဧည့်သည်ကို ဆွဲဆောင်ခဲ့မိတာလဲ။

"ဘော့စ် ဟူ၊ ငါတို့ အခု ဘာလုပ်ရမလဲ။ ရဲကို ခေါ်လိုက်ရမလား"

"ငါတို့ဖွင့်ပွဲနေ့မှာ ရဲကိုခေါ်လိုက်မယ်ဟုတ်လား။ မင်းက သရဲအိမ်ကို မြန်မြန်ပိတ်စေချင်တာလား"

ပိုင်ရှင်က လုံခြုံရေးအစောင့်ကို စိုက်ကြည့်ကာ တင်းမာစွာပြောလိုက်သည်။

 "မင်းရဲ့ပစ္စည်းတွေ ယူလာပြီး ငါနဲ့လိုက်ခဲ့။ မင်းတို့အားလုံး ကြမ်းပြင်ပေါ်ကနေ ထကြ။ အဲဒီလူကို သွားရှာရမယ်!"

သရုပ်ဆောင် အနည်းငယ်က အားတင်းကာ မတ်တပ်ရပ်လိုက်သည်။  အသံချဲ့စက်ကိုကိုင်ကာ စမတ်ကျသောဝတ်စုံနှင့် ပိုင်ဆိုင်သူသည် သရဲခြောက်သောအိမ်ထဲသို့ ဂရုတစိုက်ဖြင့် 'သရဲတစ္ဆေများ' အဖွဲ့ကို ဦးဆောင်ခဲ့သည်။


********-************

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now