Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္

1.5K 319 25
                                    

Chapter (40) – ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္

Chen Ge, log in ဝင္လိုက္တာနဲ႔ သူ႔ profile က ခရမ္းေရာင္ေျပာင္းေနတာ ေတြ႕လိုက္ရသည္။ သူတင္လိုက္သည့္ မိနစ္ ၃၀ စာ video က ၾကည့္သူ၊ share သူ၊ comment ေရးသူ ေထာင္ခ်ီေနတာ ေတြ႕လိုက္ရသည္။ သူက ဝင္ဖတ္ၾကည့္ေပမယ့္ အသံုးဝင္တာမေတြ႕ရဘဲ စပ္စုရံုသက္သက္ ေျပာဆိုေနတာပဲ ေတြ႕ရသည္။

အင္တာနက္ေပၚမွာ ကြ်မ္းက်င္သူေတြ ပုန္းကြယ္မေနဟု ေျပာလို႔မရေပ။ ဒါေၾကာင့္ Chen Ge က မွန္ထဲကမေကာင္းဆိုးဝါးႏွင့္ ပတ္သက္သည့္ သတင္းအခ်က္အလက္ရဖို႔ ဇာတ္လမ္းအသစ္တစ္ခု ေရးတင္လိုက္သည္။ သူ႔ရဲ႕ ခရမ္းေရာင္အထူးအေကာင့္ရဲ႕ စြမ္းအားေၾကာင့္ လူေတြဆီ ပိုေရာက္မည္ဟု ထင္ရသည္။

"Video ထဲက game တစ္ခုကို ကစားၿပီးေနာက္ ငါက မွန္ထဲကမေကာင္းဆိုးဝါး ေျခာက္လွန္႔ေနတယ္ဆိုတာ သိလုိက္ရတယ္.. ဒီမေကာင္းဆိုးဝါးရဲ႕ အႏၲရာယ္ကိုဖယ္ရွားဖို႔ ဘယ္လိုလုပ္ရမလဲဆိုတာ အကူအညီေတာင္းပါရေစ.."

စကၠန္႔အနည္းငယ္ၾကာေတာ့ reply ေတြ တန္းစီတက္လာေတာ့သည္။

"OP 1.. ခင္ဗ်ား အသက္ရွင္ေနဆဲလား.."

"ေခြးနက္ရဲ႕ေသြးက အေကာင္းဆံုးပဲ.. ၾကက္တစ္ေကာင္လည္း ရွာထားလိုက္.. မေကာင္းဆိုးဝါးေတြက ၾကက္တြန္သံကို ေၾကာက္ၾကတယ္လို႔ေျပာတယ္.."

"OP.. ကြ်န္ေတာ္ေျပာတာ နားေထာင္ပါ.. ကြ်န္ေတာ္ေပးတဲ့ ဖုန္းနံပါတ္ကို ဆက္လိုက္ ေနာက္က်ရင္ ခင္ဗ်ား ကြ်န္ေတာ့္ကို ေက်းဇူးတင္လာလိမ့္မယ္."

"သရဲဆိုတာ ဒီေလာကမွာ မရွိပါဘူး.. သူတို႔က ဒီကမ႓ာႀကီးက ထြက္ခြာသြားတဲ့ ဝိညာဥ္ေလးေတြ ခ်န္ရစ္ခဲ့တဲ့ မွတ္ဥာဏ္ေလးေတြပါ.. သတ္ျဖတ္ျခင္းက မင္းရဲ႕မေကာင္းတဲ့စိတ္ကို ပိုတိုးလာေစမယ္.. ေမတၱာထားတာ အေကာင္းဆံုးနည္းပါ.."

"OP.. ခင္ဗ်ား.. ဒီဟာရဲ႕အေၾကာင္းရင္းကို ရွာဖူးလား.. ပညာသင္ၾကားျခင္းကသာ အေကာင္းဆံုးပါ.."

"မင္းရဲ႕အိမ္နီးနားခ်င္းမွာ ဒီလိုထူးဆန္းတာ ျဖစ္လာရင္ ဘယ္သူ႔ကိုေခၚမလဲ.. သရဲႏွင္တဲ့သူေတြကိုလား.."

"ပဲဝါေလး၊ ဆန္နဲ႔ အိႏၵိယက မင္ကိုေရာၿပီး ဆားရည္ထဲမွာ ၁၅မိနစ္ေလာက္ ျမႇဳပ္ထားလိုက္.. သူတို႔ကို ေျမေပၚျဖန္႔ထားလိုက္ရင္ ပဲဝါေလးေတြက အင္အားႀကီးစစ္သည္ေတြ ျဖစ္လာမယ္တဲ့.."

"OP.. ကြ်န္ေတာ္ေျပာတာ အာရံုစိုက္ေပးပါ.. သံဓားတစ္ခုကိုရွာ၊ ဓားသြားကို ေသြးေတြသုတ္လိုက္ပါ.. သရဲတေစၧေတြက သံလိုက္စြမ္းအင္ရွိတယ္.. ဒီသံဓားက သူတို႔ကို ထိခိုက္ေအာင္ လုပ္ႏိုင္လိမ့္မယ္.."

Chen Ge က comment ေတြကို ေလွ်ာက္ၾကည့္ေတာ့ သံဓားက ျဖစ္ႏိုင္ေခ်ရွိေသးတယ္..၊ ေခြးနက္ေတြ၊ ၾကက္တြန္သံေတြက ရိုးရာပံုျပင္ထဲက ၾကားဖူးနားဝကို ေလွ်ာက္ေျပာေနတာ ျဖစ္ႏိုင္သည္။ ၿပီးေတာ့ ဒီလိုဟာေတြကို ညသန္းေခါင္ႀကီး ဘယ္ကေနရွာရမွာလဲ..။

သူက ဖိုရမ္ထဲကထြက္ၿပီး ထိုင္ခံုေပၚထိုင္ကာ ေသခ်ာစဥ္းစားေနသည္။ အခု မွန္ထဲက မေကာင္းဆိုးဝါးေၾကာင့္ သူ အသက္အႏၲရာယ္ရွိေနၿပီး အြန္လိုင္းေပၚက အၾကံေပးခ်က္ေတြကို အားကိုးလို႔မရႏိုင္ေပ။ ခဏစဥ္းစားၿပီး ဖုန္းအနက္ကို ထုတ္လိုက္သည္။ ဒီကိစၥမွာ ဖုန္းအနက္ကမွ ယံုၾကည္စိတ္ခ်လို႔ရေသးသည္။ ဒါေပမယ့္ ဒီဖုန္းအနက္ရဲ႕ဥပေဒက တစ္ခုလိုခ်င္ တစ္ခုေပးဆပ္ရသည္ကို သူ သိခဲ့ၿပီးျဖစ္သည္။

ဒီဖုန္းထဲက game ေတြကို စမ္းေဆာ့လိုက္ၿပီးမွ ဒီထဲက ဆုေပးတဲ့စနစ္နဲ႔ စည္းကမ္းကို သူ နားလည္လာတာျဖစ္သည္။ လြယ္ကူေသာမစ္ရွင္ႏွင့္ ေန႔စဥ္မစ္ရွင္က သရဲအိမ္လည္ပတ္္မႈကို အေထာက္အကူေပးၿပီး ခက္ခဲသည့္မစ္ရွင္ကို ေအာင္ျမင္ေအာင္လုပ္ရင္ ရသည့္ဆုက Chen Ge ကို တိုက္ရိုက္စြမ္းအားေတြကို ျဖစ္ေပၚေစသည္။ မွန္ထဲကမေကာင္းဆိုးဝါးကို ရင္ဆိုင္ဖို႔က ေန႔စဥ္မစ္ရွင္နဲ႔ လြယ္ကူတဲ့မစ္ရွင္ကရတဲ့ ရမွတ္ေတြကေန ဘာမွမလုပ္ႏိုင္ေပ။ ဒါေၾကာင့္ ခက္ခဲတဲ့မစ္ရွင္က ရတဲ့ဆုလာဘ္ လိုအပ္ေနသည္။

ဒါေပမယ့္ Chen Ge က ခက္ခဲတဲ့မစ္ရွင္ကို လုပ္ဖို႔ တြန္႔ဆုတ္ေနသည္။ ဒီမစ္ရွင္က အသက္အႏၲရာယ္ရွိၿပီး မွန္ထဲက မေကာင္းဆိုးဝါးလိုမ်ိဳး အင္အားႀကီးသည့္ ပရေလာကသား ေပၚထြက္လာေအာင္ ဆြဲေဆာင္ႏိုင္သည္။

ငါ ဘာလုပ္သင့္လဲ..။ ေလာင္းေၾကးထပ္ၿပီး လုပ္သင့္လား..၊ ခဏေစာင့္သင့္လား..။

ခုက ေနာက္တစ္ေန႔ေရာက္ၿပီျဖစ္လို႔ daily mission က ေျပာင္းသြားၿပီဆိုတာ သတိရလိုက္သည္။

>>လြယ္ကူေသာမစ္ရွင္ - ဧည့္သည္မ်ားကို ပိုေျခာက္ျခားေစရန္ သရဲအိမ္ထဲ သူတို႔ရဲ႕လႈပ္ရွားမႈကို သတိနဲ႔ေစာင့္ၾကည့္ရမည္။ ဒါမွ အရမ္းေၾကာက္ေအာင္ ေျခာက္ႏိုင္မည္။ ဒါေၾကာင့္ သရဲအိမ္ထဲမွာ အသံခ်ဲ႕စက္ (သို႔မဟုတ္) CCTV မ်ားတပ္ၿပီး ဧည့္သည္မ်ား၏တိုးတက္မႈကို ေစာင့္ၾကည့္ပါ။<<

>>ပံုမွန္မစ္ရွင္ - သရဲအိမ္ကိုတိုးခ်ဲ႕ဖို႔ ပိုက်ယ္ေသာ၊ ပိုသင့္ေတာ္ေသာေနရာကို ရွာပါ။ သရဲအိမ္ေနရာကို မတိုးခ်ဲ႕ႏိုင္လွ်င္ အခန္းမစ္ရွင္မ်ားကို သင္ ဆက္ကစားလို႔မရပါ။<<

>>ခက္ခဲေသာမစ္ရွင္ - ညသန္းေခါင္ယံတိုင္း ေရခ်ိဳးခန္းထဲကေန ထူးဆန္းသည့္အသံ ထြက္ေပၚေနသည္။ ဘာသံလဲဆိုတာသိခ်င္လွ်င္ ကြ်ႏ္ုပ္ညႊန္ၾကားမႈေနာက္ကို လိုက္ခဲ့ပါ။<<

ပံုမွန္မစ္ရွင္က တစ္ရက္နဲ႔မၿပီးႏိုင္လို႔ သူ ေက်ာ္သြားလိုက္သည္။ လြယ္ကူေသာမစ္ရွင္၏ အဆိုအရ CCTV တပ္ဖို႔ကလည္း မနက္ျဖန္ အန္ကယ္ Xu ဆီက ပိုက္ဆံရရင္ တပ္လို႔ရေပမယ့္ install လုပ္တာက တစ္ရက္နဲ႔မၿပီးႏိုင္ေပ။ ဒါေၾကာင့္ သူက ခက္ခဲေသာမစ္ရွင္ကိုပဲ ေရြးဖို႔က်န္ေတာ့သည္။

ခက္ခဲေသာမစ္ရွင္က ေရခ်ိဳးခန္းနဲ႔ဆက္စပ္ေနၿပီး ထူးဆန္းေသာအသံေတြ ပါဝင္ေနသည္။ Chen Ge က အက်ပ္အတည္းထဲ ေရာက္ေနေတာ့သည္။ လြယ္ကူေသာမစ္ရွင္ ၿပီးႏိုင္မယ္လို႔ Chen Ge မယံုၾကည္ေပ။ ခက္ခဲေသာမစ္ရွင္ကလည္း အႏၲရာယ္မ်ားလြန္းသည္။ ၿပီးေတာ့ ဒါေတြအားလံုးက ေရခ်ိဳးခန္းထဲကေန စတင္လာျခင္းျဖစ္သည္။

Chen Ge က ဝန္ထမ္းခန္းထဲထိုင္ၿပီး စဥ္းစားေနစဥ္ လႊတိုက္သံက ထပ္ထြက္လာသျဖင့္ နားစြင့္လိုက္ေတာ့ တတိယထပ္ကေနပဲ အသံေတြထပ္ထြက္လာတာ ေသခ်ာသည္။

"ငါက အရုပ္ ၄ခုကို ယူလာၿပီးပါၿပီ.. ဒင္းက ဘာေတြကို ထပ္ျဖတ္ေနတာတုန္း.."

ဒီသတၱဝါက စိတ္ပ်က္စရာေကာင္းလွသည္။ Chen Ge က ခ်ဳပ္ၿပီးသားအရုပ္မ်ားကို အိတ္ကပ္ထဲထည့္လိုက္ၿပီး တူကိုကိုင္ကာ တတိယထပ္ကို ခပ္သြက္သြက္တက္လာခဲ့သည္။ တံခါးဝေရာက္ေတာ့ ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ သူ ၾကက္ေသေသသြားေတာ့သည္။

တံခါးဝမွာ မွန္ကြဲစေတြရွိၿပီး သစ္သားတံခါးမွာ ျခစ္ရာအစင္းေၾကာင္းႀကီး ရွိေနသည္။ ဒီသတၱဝါက တံခါးကို လက္သည္းနဲ႔ကုတ္ျခစ္ခဲ့တာပဲ။ သူ ဘာလုပ္ခ်င္တာလဲ။

Chen Ge မွာ ေခြ်းေတြစိမ့္ထြက္လာသည္။ သူအိပ္ေပ်ာ္ေနတုန္း ဒီသတၱဝါက သရဲအိမ္ထဲေျပးလႊားၿပီး မွန္ကြဲနဲ႔ေလွ်ာက္ျခစ္ေနတာကို ေတြးၾကည့္မိၿပီးေနာက္ သူ႔သရဲအိမ္ထဲမွာ ဒီအႏၲရာယ္ေကာင္ကို ဆက္ရွိေနဖို႔ ခြင့္မျပဳႏိုင္ေတာ့ဟု ဆံုးျဖတ္လိုက္သည္။

Chen Ge က ပံုမွန္ဆို လူေကာင္းတစ္ေယာက္ျဖစ္ေပမယ့္ ခုေတာ့ ၾကမ္းတမ္းစြာ ေရရြတ္လိုက္မိေတာ့သည္။

သူက ေအာက္ထပ္ကိုဆင္းၿပီး တူကိုယူကာ ျပန္တက္လာသည္။ တတိယထပ္က အခန္းတိုင္းကိုဝင္ၿပီး မွန္အားလံုးကို တူႏွင့္ရိုက္ခြဲလိုက္ေတာ့သည္။ သရဲအိမ္ထဲမွာ ညသန္းေခါင္ႀကီး မွန္ကြဲသံေတြ ပဲ့တင္ထပ္ေနသည္။ Chen Ge က တစ္ခန္းဝင္တစ္ခန္းထြက္ မွန္ခြဲရင္း ေကာ္ရစ္ဒါအဆံုးဘက္ကို ေရာက္လာခဲ့သည္။

ခက္ခဲတဲ့မစ္ရွင္အတြင္း မွန္ေရွ႕မွာထိုင္ေနတဲ့ အရုပ္ေလးက မွန္ထဲကသတၱဝါကို ထြက္မလာေအာင္ တြန္းထားႏိုင္သည္။ He San ကိုေျခာက္ေတာ့ Xiao Wan က ရုတ္တရက္ဝင္လာလို႔ မွန္ထဲက ထြက္လို႔မရခဲ့ေပ။ ဒါေပမယ့္ ေဟာ္ဖန္းကိုေျခာက္လွန္႔ခ်ိန္မွာ ဒီသတၱဝါက မွန္ထဲကထြက္လာႏိုင္ၿပီး ပိုႀကီးထြားလာခဲ့သည္။

သူ ထပ္ေစာင့္လို႔မျဖစ္ေတာ့ဘူးဆိုတာ Chen Ge သိလိုက္သည္။ သရဲအိမ္က ခုမွ လမ္းမွန္ေပၚေရာက္လာရံု ရွိေသးသည္။ ဒီသတၱဝါဖ်က္ဆီးပစ္တာကို သူ လံုးဝ ခြင့္မျပဳႏိုင္ေပ။

တတိယထပ္ကို ေသာ့ခတ္လိုက္ၿပီး ဖုန္းအနက္ကိုထုတ္ကာ ခက္ခဲေသာမစ္ရွင္ကိုလက္ခံဖို႔ ေသေရးရွင္ေရး ဆံုးျဖတ္လိုက္ေတာ့သည္။ ဒီကရတဲ့ဆုက သူ႔အတြက္ လံုေလာက္တဲ့စြမ္းအား ရေစဖို႔ေတာ့ ေမွ်ာ္လင့္ရတာပဲ။

>>မင္း ဒီခက္ခဲတဲ့မစ္ရွင္ကို လက္ခံမွာ ေသခ်ာၿပီလား။ ဒါကိုလက္ခံၿပီးရင္ မသိႏိုင္တဲ့အေျခအေနေတြ ေပၚလာႏိုင္တယ္။<<

"လက္ခံတယ္.."

ဖုန္း screen က တစ္ခ်က္ေတာက္ပလာၿပီး ခက္ခဲတဲ့မစ္ရွင္အေၾကာင္း ေပၚလာခဲ့သည္။ အြန္လိုင္းဖိုရမ္ကို အသံုးျပဳတဲ့အခ်ိန္မွာ စာတစ္ေစာင္ဝင္လာခဲ့သည္။

"OP က မူလပို႔စ္တင္ေသာသူကို ေထာက္ခံသည္.."

===========================

Chapter (40) – နောက်ထပ် ခက်ခဲသောမစ်ရှင်

Chen Ge, log in ဝင်လိုက်တာနဲ့ သူ့ profile က ခရမ်းရောင်ပြောင်းနေတာ တွေ့လိုက်ရသည်။ သူတင်လိုက်သည့် မိနစ် ၃၀ စာ video က ကြည့်သူ၊ share သူ၊ comment ရေးသူ ထောင်ချီနေတာ တွေ့လိုက်ရသည်။ သူက ဝင်ဖတ်ကြည့်ပေမယ့် အသုံးဝင်တာမတွေ့ရဘဲ စပ်စုရုံသက်သက် ပြောဆိုနေတာပဲ တွေ့ရသည်။

အင်တာနက်ပေါ်မှာ ကျွမ်းကျင်သူတွေ ပုန်းကွယ်မနေဟု ပြောလို့မရပေ။ ဒါကြောင့် Chen Ge က မှန်ထဲကမကောင်းဆိုးဝါးနှင့် ပတ်သက်သည့် သတင်းအချက်အလက်ရဖို့ ဇာတ်လမ်းအသစ်တစ်ခု ရေးတင်လိုက်သည်။ သူ့ရဲ့ ခရမ်းရောင်အထူးအကောင့်ရဲ့ စွမ်းအားကြောင့် လူတွေဆီ ပိုရောက်မည်ဟု ထင်ရသည်။

"Video ထဲက game တစ်ခုကို ကစားပြီးနောက် ငါက မှန်ထဲကမကောင်းဆိုးဝါး ခြောက်လှန့်နေတယ်ဆိုတာ သိလိုက်ရတယ်.. ဒီမကောင်းဆိုးဝါးရဲ့ အန္တရာယ်ကိုဖယ်ရှားဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ အကူအညီတောင်းပါရစေ.."

စက္ကန့်အနည်းငယ်ကြာတော့ reply တွေ တန်းစီတက်လာတော့သည်။

"OP 1.. ခင်ဗျား အသက်ရှင်နေဆဲလား.."

"ခွေးနက်ရဲ့သွေးက အကောင်းဆုံးပဲ.. ကြက်တစ်ကောင်လည်း ရှာထားလိုက်.. မကောင်းဆိုးဝါးတွေက ကြက်တွန်သံကို ကြောက်ကြတယ်လို့ပြောတယ်.."

"OP.. ကျွန်တော်ပြောတာ နားထောင်ပါ.. ကျွန်တော်ပေးတဲ့ ဖုန်းနံပါတ်ကို ဆက်လိုက် နောက်ကျရင် ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်လာလိမ့်မယ်."

"သရဲဆိုတာ ဒီလောကမှာ မရှိပါဘူး.. သူတို့က ဒီကမ္ဘာကြီးက ထွက်ခွာသွားတဲ့ ဝိညာဉ်လေးတွေ ချန်ရစ်ခဲ့တဲ့ မှတ်ဉာဏ်လေးတွေပါ.. သတ်ဖြတ်ခြင်းက မင်းရဲ့မကောင်းတဲ့စိတ်ကို ပိုတိုးလာစေမယ်.. မေတ္တာထားတာ အကောင်းဆုံးနည်းပါ.."

"OP.. ခင်ဗျား.. ဒီဟာရဲ့အကြောင်းရင်းကို ရှာဖူးလား.. ပညာသင်ကြားခြင်းကသာ အကောင်းဆုံးပါ.."

"မင်းရဲ့အိမ်နီးနားချင်းမှာ ဒီလိုထူးဆန်းတာ ဖြစ်လာရင် ဘယ်သူ့ကိုခေါ်မလဲ.. သရဲနှင်တဲ့သူတွေကိုလား.."

"ပဲဝါလေး၊ ဆန်နဲ့ အိန္ဒိယက မင်ကိုရောပြီး ဆားရည်ထဲမှာ ၁၅မိနစ်လောက် မြှုပ်ထားလိုက်.. သူတို့ကို မြေပေါ်ဖြန့်ထားလိုက်ရင် ပဲဝါလေးတွေက အင်အားကြီးစစ်သည်တွေ ဖြစ်လာမယ်တဲ့.."

"OP.. ကျွန်တော်ပြောတာ အာရုံစိုက်ပေးပါ.. သံဓားတစ်ခုကိုရှာ၊ ဓားသွားကို သွေးတွေသုတ်လိုက်ပါ.. သရဲတစ္ဆေတွေက သံလိုက်စွမ်းအင်ရှိတယ်.. ဒီသံဓားက သူတို့ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မယ်.."

Chen Ge က comment တွေကို လျှောက်ကြည့်တော့ သံဓားက ဖြစ်နိုင်ချေရှိသေးတယ်..၊ ခွေးနက်တွေ၊ ကြက်တွန်သံတွေက ရိုးရာပုံပြင်ထဲက ကြားဖူးနားဝကို လျှောက်ပြောနေတာ ဖြစ်နိုင်သည်။ ပြီးတော့ ဒီလိုဟာတွေကို ညသန်းခေါင်ကြီး ဘယ်ကနေရှာရမှာလဲ..။

သူက ဖိုရမ်ထဲကထွက်ပြီး ထိုင်ခုံပေါ်ထိုင်ကာ သေချာစဉ်းစားနေသည်။ အခု မှန်ထဲက မကောင်းဆိုးဝါးကြောင့် သူ အသက်အန္တရာယ်ရှိနေပြီး အွန်လိုင်းပေါ်က အကြံပေးချက်တွေကို အားကိုးလို့မရနိုင်ပေ။ ခဏစဉ်းစားပြီး ဖုန်းအနက်ကို ထုတ်လိုက်သည်။ ဒီကိစ္စမှာ ဖုန်းအနက်ကမှ ယုံကြည်စိတ်ချလို့ရသေးသည်။ ဒါပေမယ့် ဒီဖုန်းအနက်ရဲ့ဥပဒေက တစ်ခုလိုချင် တစ်ခုပေးဆပ်ရသည်ကို သူ သိခဲ့ပြီးဖြစ်သည်။

ဒီဖုန်းထဲက game တွေကို စမ်းဆော့လိုက်ပြီးမှ ဒီထဲက ဆုပေးတဲ့စနစ်နဲ့ စည်းကမ်းကို သူ နားလည်လာတာဖြစ်သည်။ လွယ်ကူသောမစ်ရှင်နှင့် နေ့စဉ်မစ်ရှင်က သရဲအိမ်လည်ပတ်မှုကို အထောက်အကူပေးပြီး ခက်ခဲသည့်မစ်ရှင်ကို အောင်မြင်အောင်လုပ်ရင် ရသည့်ဆုက Chen Ge ကို တိုက်ရိုက်စွမ်းအားတွေကို ဖြစ်ပေါ်စေသည်။ မှန်ထဲကမကောင်းဆိုးဝါးကို ရင်ဆိုင်ဖို့က နေ့စဉ်မစ်ရှင်နဲ့ လွယ်ကူတဲ့မစ်ရှင်ကရတဲ့ ရမှတ်တွေကနေ ဘာမှမလုပ်နိုင်ပေ။ ဒါကြောင့် ခက်ခဲတဲ့မစ်ရှင်က ရတဲ့ဆုလာဘ် လိုအပ်နေသည်။

ဒါပေမယ့် Chen Ge က ခက်ခဲတဲ့မစ်ရှင်ကို လုပ်ဖို့ တွန့်ဆုတ်နေသည်။ ဒီမစ်ရှင်က အသက်အန္တရာယ်ရှိပြီး မှန်ထဲက မကောင်းဆိုးဝါးလိုမျိုး အင်အားကြီးသည့် ပရလောကသား ပေါ်ထွက်လာအောင် ဆွဲဆောင်နိုင်သည်။

ငါ ဘာလုပ်သင့်လဲ..။ လောင်းကြေးထပ်ပြီး လုပ်သင့်လား..၊ ခဏစောင့်သင့်လား..။

ခုက နောက်တစ်နေ့ရောက်ပြီဖြစ်လို့ daily mission က ပြောင်းသွားပြီဆိုတာ သတိရလိုက်သည်။

>>လွယ်ကူသောမစ်ရှင် - ဧည့်သည်များကို ပိုခြောက်ခြားစေရန် သရဲအိမ်ထဲ သူတို့ရဲ့လှုပ်ရှားမှုကို သတိနဲ့စောင့်ကြည့်ရမည်။ ဒါမှ အရမ်းကြောက်အောင် ခြောက်နိုင်မည်။ ဒါကြောင့် သရဲအိမ်ထဲမှာ အသံချဲ့စက် (သို့မဟုတ်) CCTV များတပ်ပြီး ဧည့်သည်များ၏တိုးတက်မှုကို စောင့်ကြည့်ပါ။<<

>>ပုံမှန်မစ်ရှင် - သရဲအိမ်ကိုတိုးချဲ့ဖို့ ပိုကျယ်သော၊ ပိုသင့်တော်သောနေရာကို ရှာပါ။ သရဲအိမ်နေရာကို မတိုးချဲ့နိုင်လျှင် အခန်းမစ်ရှင်များကို သင် ဆက်ကစားလို့မရပါ။<<

>>ခက်ခဲသောမစ်ရှင် - ညသန်းခေါင်ယံတိုင်း ရေချိုးခန်းထဲကနေ ထူးဆန်းသည့်အသံ ထွက်ပေါ်နေသည်။ ဘာသံလဲဆိုတာသိချင်လျှင် ကျွန်ုပ်ညွှန်ကြားမှုနောက်ကို လိုက်ခဲ့ပါ။<<

ပုံမှန်မစ်ရှင်က တစ်ရက်နဲ့မပြီးနိုင်လို့ သူ ကျော်သွားလိုက်သည်။ လွယ်ကူသောမစ်ရှင်၏ အဆိုအရ CCTV တပ်ဖို့ကလည်း မနက်ဖြန် အန်ကယ် Xu ဆီက ပိုက်ဆံရရင် တပ်လို့ရပေမယ့် install လုပ်တာက တစ်ရက်နဲ့မပြီးနိုင်ပေ။ ဒါကြောင့် သူက ခက်ခဲသောမစ်ရှင်ကိုပဲ ရွေးဖို့ကျန်တော့သည်။

ခက်ခဲသောမစ်ရှင်က ရေချိုးခန်းနဲ့ဆက်စပ်နေပြီး ထူးဆန်းသောအသံတွေ ပါဝင်နေသည်။ Chen Ge က အကျပ်အတည်းထဲ ရောက်နေတော့သည်။ လွယ်ကူသောမစ်ရှင် ပြီးနိုင်မယ်လို့ Chen Ge မယုံကြည်ပေ။ ခက်ခဲသောမစ်ရှင်ကလည်း အန္တရာယ်များလွန်းသည်။ ပြီးတော့ ဒါတွေအားလုံးက ရေချိုးခန်းထဲကနေ စတင်လာခြင်းဖြစ်သည်။

Chen Ge က ဝန်ထမ်းခန်းထဲထိုင်ပြီး စဉ်းစားနေစဉ် လွှတိုက်သံက ထပ်ထွက်လာသဖြင့် နားစွင့်လိုက်တော့ တတိယထပ်ကနေပဲ အသံတွေထပ်ထွက်လာတာ သေချာသည်။

"ငါက အရုပ် ၄ခုကို ယူလာပြီးပါပြီ.. ဒင်းက ဘာတွေကို ထပ်ဖြတ်နေတာတုန်း.."

ဒီသတ္တဝါက စိတ်ပျက်စရာကောင်းလှသည်။ Chen Ge က ချုပ်ပြီးသားအရုပ်များကို အိတ်ကပ်ထဲထည့်လိုက်ပြီး တူကိုကိုင်ကာ တတိယထပ်ကို ခပ်သွက်သွက်တက်လာခဲ့သည်။ တံခါးဝရောက်တော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ ကြက်သေသေသွားတော့သည်။

တံခါးဝမှာ မှန်ကွဲစတွေရှိပြီး သစ်သားတံခါးမှာ ခြစ်ရာအစင်းကြောင်းကြီး ရှိနေသည်။ ဒီသတ္တဝါက တံခါးကို လက်သည်းနဲ့ကုတ်ခြစ်ခဲ့တာပဲ။ သူ ဘာလုပ်ချင်တာလဲ။

Chen Ge မှာ ချွေးတွေစိမ့်ထွက်လာသည်။ သူအိပ်ပျော်နေတုန်း ဒီသတ္တဝါက သရဲအိမ်ထဲပြေးလွှားပြီး မှန်ကွဲနဲ့လျှောက်ခြစ်နေတာကို တွေးကြည့်မိပြီးနောက် သူ့သရဲအိမ်ထဲမှာ ဒီအန္တရာယ်ကောင်ကို ဆက်ရှိနေဖို့ ခွင့်မပြုနိုင်တော့ဟု ဆုံးဖြတ်လိုက်သည်။

Chen Ge က ပုံမှန်ဆို လူကောင်းတစ်ယောက်ဖြစ်ပေမယ့် ခုတော့ ကြမ်းတမ်းစွာ ရေရွတ်လိုက်မိတော့သည်။

သူက အောက်ထပ်ကိုဆင်းပြီး တူကိုယူကာ ပြန်တက်လာသည်။ တတိယထပ်က အခန်းတိုင်းကိုဝင်ပြီး မှန်အားလုံးကို တူနှင့်ရိုက်ခွဲလိုက်တော့သည်။ သရဲအိမ်ထဲမှာ ညသန်းခေါင်ကြီး မှန်ကွဲသံတွေ ပဲ့တင်ထပ်နေသည်။ Chen Ge က တစ်ခန်းဝင်တစ်ခန်းထွက် မှန်ခွဲရင်း ကော်ရစ်ဒါအဆုံးဘက်ကို ရောက်လာခဲ့သည်။

ခက်ခဲတဲ့မစ်ရှင်အတွင်း မှန်ရှေ့မှာထိုင်နေတဲ့ အရုပ်လေးက မှန်ထဲကသတ္တဝါကို ထွက်မလာအောင် တွန်းထားနိုင်သည်။ He San ကိုခြောက်တော့ Xiao Wan က ရုတ်တရက်ဝင်လာလို့ မှန်ထဲက ထွက်လို့မရခဲ့ပေ။ ဒါပေမယ့် ဟော်ဖန်းကိုခြောက်လှန့်ချိန်မှာ ဒီသတ္တဝါက မှန်ထဲကထွက်လာနိုင်ပြီး ပိုကြီးထွားလာခဲ့သည်။

သူ ထပ်စောင့်လို့မဖြစ်တော့ဘူးဆိုတာ Chen Ge သိလိုက်သည်။ သရဲအိမ်က ခုမှ လမ်းမှန်ပေါ်ရောက်လာရုံ ရှိသေးသည်။ ဒီသတ္တဝါဖျက်ဆီးပစ်တာကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။

တတိယထပ်ကို သော့ခတ်လိုက်ပြီး ဖုန်းအနက်ကိုထုတ်ကာ ခက်ခဲသောမစ်ရှင်ကိုလက်ခံဖို့ သေရေးရှင်ရေး ဆုံးဖြတ်လိုက်တော့သည်။ ဒီကရတဲ့ဆုက သူ့အတွက် လုံလောက်တဲ့စွမ်းအား ရစေဖို့တော့ မျှော်လင့်ရတာပဲ။

>>မင်း ဒီခက်ခဲတဲ့မစ်ရှင်ကို လက်ခံမှာ သေချာပြီလား။ ဒါကိုလက်ခံပြီးရင် မသိနိုင်တဲ့အခြေအနေတွေ ပေါ်လာနိုင်တယ်။<<

"လက်ခံတယ်.."

ဖုန်း screen က တစ်ချက်တောက်ပလာပြီး ခက်ခဲတဲ့မစ်ရှင်အကြောင်း ပေါ်လာခဲ့သည်။ အွန်လိုင်းဖိုရမ်ကို အသုံးပြုတဲ့အချိန်မှာ စာတစ်စောင်ဝင်လာခဲ့သည်။

"OP က မူလပို့စ်တင်သောသူကို ထောက်ခံသည်.."

===========================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now