Chapter (182) - ဒေါက်တာ ချန်

415 105 0
                                    

Chapter (182) - ဒေါက်တာ ချန်

အနက်ရောင်ဆံပင်များက လှိုင်းလုံးကဲ့သို့ အဖိုးအိုဆီကို ထိုးစိုက်ကျသွားသည်။ အဘိုးအို၏ ပုခုံးပေါ်မှ သွယ်လျပြီး လှပသော လက်မောင်းလေးတစ်ဖက် ပေါ်လာပြီး    အနက်ရောင်ဆံပင်လှိုင်းထဲသို့ ဆွဲငင်သွား သလိုမျိုး အဘိုးအို၏ ပခုံးကို ဆွဲကိုင်ကာ ဆံပင်များအတွင်း ဆွဲသွင်းနေသည်။   အဘိုးအိုသည် တုန်ယင်နေပြီး သူ့ပခုံးပေါ် မြဲမြံစွာ ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။ သေချာတာက သူက ထိုလက်မောင်း၏ ခြိမ်းခြောက်မှုအောက်တွင် ကျရောက်သွားသလို ခံစားခဲ့ရသည်။

"ငါ မင်းကို လွှတ်လိုက်ပြီးပြီ။ မင်းဘာလို့ ပြန်လာတာလဲ"

အဖြေက မြေပြင်ကို တုန်ခါသွားစေခြင်းသာ ဖြစ်သည် ။ အဘိုးအိုသည် ကြမ်းပြင်နှင့် ပြင်းထန်စွာ တိုက်မိပြီး သူ့အဝတ်အစားပေါ်ရှိ အနီရောင်သည် အနည်းငယ် မှိန်သွားသည်။

ကျန်းယာ့ က ဒီမှာပဲ.....

 အဘိုးအိုပြောသည့်စကားအရ ကျန်းယာ့ ကို တစ်ကြိမ်သာ လိုက်ခဲ့ပုံရသော်လည်း ကျန်းယာ့ သည် တံခါးကို ထပ်မံဖောက်ဝင် လာပြန်ခဲ့သည်။

မင်း ငါ့ကိုရှာဖို့ပြန်လာတာလား

ချန်ကောက ထိုအတွေးတွေမှတဆင့် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ ကျန်းယာ့ သည် ဆံပင်လှိုင်း ထဲမှ ထွက်လာသည်ကို မြင်သောအခါ သူ ပြောလိုက်ပေမယ့် ကောင်မလေးက သူ့ကို တစ်ချက်တောင် မကြည့်ဘဲ အဘိုးကြီးဆီ တည့်တည့် လျှောက်သွားတယ်။

တံခါးနောက်ကွယ်က တိတ်ဆိတ်နေတဲ့ ကမ္ဘာကြီးမှာ သွေးခုန်နေသလို  တဒုတ်ဒုတ်အ်သံကို ကြားနေရတယ်။ ချန်ကော၏ သွားများ တဆတ်ဆတ် တုန်လာစေသည်။ ကလဲ့စားချေသည့် တိုက်ပွဲကို မြင်ရမယ့် အမိုက်စား မြင်ကွင်းတွေလား။

သူ့ကို အဘိုးအိုက ပြန်ခုခံနိုင်ပေမယ့် ကောင်လေးနိုးလာတာကြောင့် တုန်လှုပ်ခြောက်ခြားသွားပြီး သူ ခိုးယူထားတဲ့ ကောင်လေးရဲ့သွေးတစ်ဝက်ကို ဆုံးရှုံးသွားတဲ့အတွက် ကျန်းယာ့ ကိုရင်ဆိုင်ရတဲ့အခါ သူက အဆင့် 0 လိုဖြစ်ကာ တိုက်ခိုက်ဖို့ စွမ်းအားမရှိတော့ဘူး။

အနီရောင် အငြိုးတေး ဝိဉာဉ် များကြားတွင်လည်း အဆင့်ကွာခြားမှုများ ရှိလောက်တယ်။ ထိုအဘိုးအိုသည် အညံ့ဆုံး အနီရောင် အငြိုးတေး ဝိဉာဉ် များထဲမှ တစ်ဦးဖြစ်နိုင်သည်။

ကျန်းယာ့ ကိုတွေ့လိုက်ရတော့ ချန်ကောရဲ့ တင်းမာနေသည့် အာရုံကြောတွေ ပြေလျော့သွားတော့တယ်။ ထိုထူးဆန်းသောနေရာတွင် ကျန်းယာ့ သည် သူ့အား နှစ်သိမ့်ပေးနိုင်သည့် တစ်ဦးတည်းသော 'လူ' ဖြစ်သည်။ အခြေအနေတွေ ပြေလည်သွားပြီးနောက် ချန်ကောက ပိုသက်တောင့်သက်သာရှိတဲ့ အနေအထားကို ပြောင်းချင်ခဲ့တယ်။ သို့သော် ခေါင်းငုံ့လိုက်သောအခါတွင် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။

သူ့လက်ထဲတွင်ရှိသော ကောင်လေး၏အဝတ်အစားများကို သူ သတိမထားမိလိုက်သည့်အချိန်မှာ  အနီရောင်ဆိုး သွားသလို ဖြစ်ခဲ့သည်။   သူ့မျက်လုံးများထဲက သူငယ်အိမ်နဲ့မျက်သားများက  အခြားအရောင် မရှိဘဲ အနက်ရောင်ဖြစ်နေသည်။

အေးစက်သော ချွေးများက သူ့နဖူးအောက်သို့ လျှောကျလာပြီး ချန်ကောသည် ကောင်လေး လည်ပင်းတွင်  သူ လုပ်ခဲ့သည့်  ဒဏ်ရာမှတစ်ဆင့် ကောင်လေး၏ ခန္ဓာကိုယ်ထဲသို့ သွေးကြောများ ပြန်တက်လာသည်ကို တွေ့လိုက်ရသည်။

"ငါ မင်းကို နှိုးဖို့ လုပ်ခဲ့တာပါ...ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ငါ့ရဲ့ ရည်ရွယ်ချက်က မင်းကို ဒုက္ခပေးဖို့ မဟုတ်ဘူး။"

ကောင်လေးက သူ့ကိုယ်ပေါ်မှာ ချိတ်ဆွဲထားပြီး သူ့အပေါ်ကို တက်ဖို့ ကြိုးစားနေပုံရတယ်။ ခန္ဓာကိုယ်က သူ့အပေါ်ကို တွားသွားနေပုံက တော်တော်ကြောက်စရာကောင်းတယ်။ ချန်ကော၏ ပထမဆုံး တုံ့ပြန်မှုသည် ကောင်လေးကို တွန်းထုတ်လိုက်ခြင်း ဖြစ်သော်လည်း နောက်ထပ် နားလည်မှုလွဲမှားခြင်း ဖြစ်မည်ကို သူ ကြောက်နေသည်။


"မန်နန်၊ မင်းနာမည်ကို  ငါ သိတယ်၊ မင်းကို ကယ်တင်ဖို့ ငါ လာခဲ့တာပါ။ မင်းရဲ့ ဒုတိယလူက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ နှိပ်စက်မှုကို ခံခဲ့ရတယ်၊ ငါက သူ့ကို ကယ်ခဲ့တယ်"

 ချန်ကောသည် အမှတ်ရမှု အချို့ကို ဖော်ထုတ်ပေမယ့်    ကောင်လေးက သူ့အား စကားပြောခွင့် မပေးမည်ကို သူ ကြောက်နေမိသည်။

အစောပိုင်းက အဘိုးအိုက ကောင်လေးကို နတ်ဆိုးလို့ခေါ်တယ်။ အနီရောင် အငြိုးတေး ဝိဉာဉ် က ထိုကောင်လေးကို နတ်ဆိုးလို့ ခေါ်နေတာကို ထောက်ဆရင်  ကောင်လေးက သူ မြင်ရသလောက်  အပြစ်ကင်းစင်တယ်လို့ မဆိုလိုပေ။ ကောင်လေးက ချန်ကောရဲ့ မျက်နှာနဲ့ လက်မ အနည်းငယ်အကွာအထိ ရွေ့လျားနေကာ လုံးဝ မရပ်ခဲ့ပေ။

ထိုမျှနီးကပ်သောအကွာအဝေးကြောင့် ချန်ကောသည် ကောင်လေး၏မျက်လုံးအိမ်များတွင်   ရိုးရိုးမျက်ဆံ နှစ်ခု မပါသည်ကို တွေ့လိုက်ရသည်။ ချန်ကောသည် ကောင်လေး ဘာကိုရှာနေမှန်း မသိသဖြင့် သူ့လည်ပင်းမှ တဆင့် ဆံပင်များပေါ်ထိ တွားသွားတော့မလို ဖြစ်နေလို့ ချန်ကောက  သူ့အိတ်ကပ်ထဲကို  သိမ်းထားသည့် မန်နန်နဲ့  သူ့အမေပုံတွေကို ထုတ်ယူပြီး ကောင်လေး မျက်နှာရှေ့ ပြလိုက်သည်။
 
"မင်းရဲ့အတိတ်အကြောင်း ငါ သိတယ်၊ မင်းရဲ့နာကျင်မှုကို ငါ နားလည်တယ်။ မင်းနဲ့စကားပြောဖို့ တစ်ယောက်ယောက်ကို လိုအပ်ရင် မင်း ငါ့ကို ဘာမဆို ဖွင့်ပြောတိုင်ပင် လို့ရတယ်။"

 ချန်ကောသည် သူသည် မန်နန်ကို လက်တွေ့ဘဝတွင်  သူပြောသမျှစကားတိုင်းကို ထပ်ခါတလဲလဲ ပြန်ပြောလိုက်သည် ။

 "ငါတို့မှာလည်း အတူတူပဲ ကြုံတွေ့ခဲ့ရတယ်။ ဒါကြောင့် ငါတို့က သူငယ်ချင်းဖြစ်နိုင်တယ်။"

အကြောက်တရားကို မသိသောလူတစ်ယောက်ကို ပြောရမယ်ဆိုရင် အဲ့ဒါ ချန်ကောကိုပဲ ညွှန်ပြရလိမ့်မည်။
  ဒီလိုအချိန်မျိုးမှာတောင် ချန်ကောက ကောင်လေးကို သရဲခြောက်တဲ့အိမ်မှာ အလုပ်လုပ်ဖို့ ကောင်လေးကို ခေါ်ယူဖို့ စဉ်းစားနေမိတယ်။ သူ့အမေရဲ့ ပုံကိုမြင်တော့ ကောင်လေးရဲ့ သဘောထား ပျော့ပျောင်းသွားတယ်။ ချန်ကောကို ဆုပ်ကိုင်ထားရာကနေ  ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းသွားသည်။

"ဒီပုံကို ဘယ်မှာ တွေ့ခဲ့တာလဲ။"

တကယ့်ကမ္ဘာက မန်နန်က ဒီမေးခွန်းကို အရင်က မေးဖူးတယ်။ သူတို့ရဲ့ တွေးခေါ်ပုံက အတူတူပါပဲ။

"ဒါရိုက်တာရဲ့ ရုံးခန်းထဲက သိမ်းထားတဲ့ ဝတ်စုံထဲမှာတွေ့ခဲ့တာ။ "

"သူက ငါ့အမေရဲ့ပုံကို ဖုံးကွယ်ထားတာပဲ။ င့ါကို ဒီပုံကို ပေးလို့ရမလား "

ကောင်လေးက ခေါင်းကို မြှောက်လိုက်သည် ။

"ရတာပေါ့။"

 ချန်ကောက ဒီပုံကို ကောင်လေးဆီ ပေးလိုက်တယ်။ သူ့အပေါ်ထားတဲ့ ကောင်လေးရဲ့ ရန်လိုမှု လျော့နည်းသွားတယ်လို့ ခံစားလိုက်ရတယ်။ သူသည် ကောင်လေး၏ အနားကို သွားကာ ထိုင်ချလိုက်သည် ။ တခဏတာ တုံ့ဆိုင်းသွားပြီးနောက်၊ သူက မေးလိုက်သည်။

 "အခုလေးတင် အဘိုးအိုက ဒီကမ္ဘာက မင်းရဲ့အိပ်မက်ဆိုးလို့ ပြောတယ်၊ မင်းနိုးပြီးရင် ဒီနေရာနဲ့ လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်ပေးတဲ့ တံခါးက ပိတ်သွားတော့မှာလား။"

"ဒီကမ္ဘာက ငါ့ရှေ့မှာ ရှိနေပြီး ငါက ပထမဆုံး ရှာဖွေတွေ့ရှိသူပဲ"

ကောင်လေးက ဓာတ်ပုံကို အိတ်ထဲထည့်လိုက်ပြီး သူ့မျက်လုံးတွေက ချန်ကောကို စိုက်ကြည့်နေတယ်။

 "ငါ့ကို ဒီကမ္ဘာအကြောင်း ဘာမှ မမေးနဲ့။ မင်းသိလေလေ မင်းထွက်သွားဖို့ ခက်လေပဲ"

ကောင်လေး၏ ဉာဏ်ရည်ဉာဏ်သွေးသည် သူ့အသွင်အပြင်နှင့် မကိုက်ညီပေ။ ချန်ကောက အခုလေးတင် ပြောလိုက်သည့် စကားထဲမှ  ချန်ကောရဲ့ အမြင်ကို သူလည်း ရိပ်မိသွားပြီ။

"မင်း ငါ့ကို ဘာမှ မပြောနိုင်ဘူးလား။'

"ဒီကမ္ဘာက လူသားတွေရဲ့ အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်တွေကို ရောင်ပြန်ဟပ်နေတယ်လို့ပဲ ပြောလို့ရတယ်။ အပြစ်တွေ၊ ကြောက်စရာတွေနဲ့ ပြည့်နေတယ်။ တကယ့်ကမ္ဘာနဲ့ ဆင်တူပေမယ့် နေ့တွေ ညတွေက မတူဘူး၊"

ထို့နောက် ကောင်လေး လမ်းလျှောက်လာသည်။ တံခါးကနေ ထွက်လိုက်စဉ်  ကောင်လေး၏ အင်္ကျီအနီသည် မျက်စိ တမှိတ်အတွင်း သွေးစိမ်းတွေ ရွှဲသွားခဲ့သည်။

"ငါ့မှ နောက်ထပ်မေးခွန်းနှစ်ခုရှိပါသေးတယ်။ မြန်မြန်မထွက်သွားပါနဲ့။"

ချန်ကောက ရှေ့ကို ပြေးသွားသည် ။ သူက ပြန်လည်လှုပ်ရှားလာနိုင်လို့  အစောပိုင်းက သူ၏ လက်များနှင့် ခြေထောက်များထဲသို့ စိမ့်ဝင်နေသည့် သွေးကြောများ ပျောက်ကွယ်သွားပုံရသည်။

ကောင်လေးက ရပ်ပြီး လှည့်ကြည့်ခဲ့တယ်။ သူ့မျက်လုံးတွေက ချန်ကောကို အနီးကပ်လေ့လာနေသည်။

 "မင်း ငါ့ကိုမကြောက်ဘူးလား?"

"ငါကလား...ကြောက်ပေမယ့် ငါ အဖြေရှာရမယ့် မေးခွန်းတွေရှိတယ်။ ငါက လူတစ်ယောက်ယောက်အကြောင်း မေးချင်တယ်။ မင်းရဲ့ ဒုတိယလူက သူ့ကို ဒေါက်တာ ချန် လို့ ရည်ညွှန်းထားတယ်။ "

 မန်နန်၏ တကယ့်ကိုယ်ရည်ကိုယ်သွေးသည် ချန်ကောအတွက် အဓိပ္ပါယ်ရှိလှသည်။

"သူ့အကြောင်းမကြားဖူးဘူးလား။ မင်းရဲ့ ဒုတိယပုဂ္ဂိုလ်က မင်းကိုကုသဖို့ လူနှစ်ယောက်ကို ဖိတ်ကြားထားလို့ တတိယ နာမကျန်းခန်းမဆောင် ကို ဒေါက်တာချန်က ပြန်လာခဲ့တယ်လို့ ပြောဖူးတယ်။ အဲဒီထဲက တစ်ယောက်က ဒါရိုက်တာဟောင်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဒေါက်တာ ချန်ဖြစ်တယ်တဲ့။ဒီလူက ငါ့အတွက် အရမ်းအရေးကြီးတယ်၊ သူက ငါ့ပျောက်ဆုံးနေတဲ့ မိသားစုဖြစ်နိုင်တယ် "
ချန်ကောက ရိုးရိုးသားသားပြောလိုက်သည်။

မိသားစုဆိုတဲ့ စကားလုံးက ကောင်လေးကို ထိမိသွားတာ ဖြစ်နိုင်ပါတယ်။ ဗလာဖြစ်နေသော မျက်လုံးများကို ချန်ကောကို စိုက်ကြည့်နေရာကနေ ဖယ်လိုက်သည်။

"ဒီဒေါက်တာ ချန် က အရမ်းကြည့်ကောင်းပေမယ့် ထူးထူးခြားခြား မျက်လုံးတစ်စုံရှိတယ်။ သူက မင်းနဲ့တူတယ်၊ ငါ မုန်းတဲ့လူအမျိုးအစားအတိအကျပဲ။ "

"ဒါပဲလား?"
ချန်ကောသည် သူ၏ဒုတိယမေးခွန်းကို မမေးမီ စကားမပြောဘဲနေခဲ့သည်။

 "ကမ္ဘာနှစ်ခုကို ချိတ်ဆက်ပေးတဲ့ ဒီတံခါးကို ငါ ဘယ်လိုပိတ်ရမလဲ"

"အရမ်းရိုးရှင်းပါတယ်။" ကောင်လေးက ပြုံးလိုက်တယ်။ "အသက်ရှင်သူ တစ်ယောက်ကို တံခါးနောက်မှာ ထားပြီး မင်းအတွက် တံခါးကိုစောင့်ခိုင်းလိုက်ရုံပဲ။"

"ဒါက ဘယ်လိုဖြေရှင်းချက်လဲ။"
ချန်ကောက တံခါးပေါက်ရဲ့ အသွင်အပြင်ရဲ့ အကြောင်းအရင်းကို မေးချင်ပေမယ့် မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ကောင်လေး ပျောက်သွားတယ်။

 "သူ ငါ့ဆီက အရေးကြီးတဲ့ အချက်အလက်တွေကို ဖုံးကွယ်ထားသလား"

ချန်ကောက ကောင်လေး ကျန်းယာ့ နဲ့ ရန်ဖြစ်မှာကို ကြောက်တဲ့အတွက် ကောင်လေးနောက်ကို အမြန်လိုက်သွားခဲ့တယ်။

အခန်းထဲမှ ထွက်သွားပြီးနောက် ကောင်လေးသည် အဝေးသို့ မပြေးသွားကြောင်း ချန်ကောက သိလိုက်သည်။ ကောင်လေး၏ နက်မှောင်သော မျက်လုံးများက တနေရာကို  စောင့်မျှော်ကြည့်နေသည်။

အဘိုးအို၏ အင်္ကျီပေါ်ရှိ အနီရောင်သည် မှိန်ဖျော့သွားကာ လူပုံသဏ္ဍာန်မျှသာ ကျန်တော့သည်။ ကျန်ရှိသော သူ၏ခန္ဓာကိုယ်သည် ကျန်းယာ့ ၏ အနက်ရောင်ဆံပင်များဖြင့် ဝိုင်းရံထားပြီး စက္ကန့်အနည်းငယ်အတွင်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

"အဘိုးကြီးအလောင်းကို ထားလိုက်ပါ၊ မင်းကို လွှတ်လိုက်မယ်။"
 ကောင်လေးက ငယ်ပေမယ့် ချန်ကောက သူ့စကားကြောင့် ခြိမ်းခြောက်မှုကို ခံစားရတယ်။

သူမ၏လက်ချောင်းများက သွေးကဲ့သို့တောက်ပနေသော သူမ၏နှုတ်ခမ်းများပေါ်တွင် ကခုန်နေသည်။ ကျန်းယာ့ က ကောင်လေးပြောတာကို ဂရုမစိုက်ဘူး။ ဒါရိုက်တာရဲ့ ခန္ဓာကိုယ်နဲ့ ကျိုးနေတဲ့ ခြေထောက်တစ်ဖက်ကို သူမရဲ့ ညစာအတွက် သတ်မှတ်လိုက်သလိုပင်။ သူမက ညစာအတွက် အစားစာ အသစ်ကို တွေ့လိုက်ရသလိုပဲ ကောင်လေးကို လှည့်ကြည့်လိုက်တယ်။

******-**********

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now