Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)

1.2K 283 3
                                    

Chapter (63) – အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)

"အန္တီက အန္ကယ့္ကို တကယ္ဂ႐ုစိုက္တာပဲ.."

"ဒါေပါ့.. ေနပါဦး.. မင္းက ဘာေတြးေနတာလဲ.. ငါ့မိန္းမကို အန္တီေခၚၿပီး ငါ့ကို ဦးအန္ကယ္ေခၚေနတာလား.."

ဒါေပမယ့္ Chen Ge က ျပန္မေျပာႏိုင္ေတာ့ဘဲ အိပ္ေမာက်သြားေလၿပီ။ ပန္းၿခံကိုျပန္ေရာက္ေတာ့ အင္စပက္တာလီက Chen Ge ကိုႏိႈးကာ ခ်ေပးလိုက္သည္။ Chen Ge က အိပ္ခ်င္မူးတူးႏွင့္ ေက်ာပိုးအိတ္ယူကာ ဆင္းလိုက္သည္။

"မင္း သတိေလးနဲ႔ေနဦး.. Zhang Peng ရဲ႕ စိတ္အေျခအေနက ႐ႈပ္ေထြးေနတာ.. မင္းကို ကလဲ့စားလာေခ်ႏိုင္တယ္.. သူ ဒီတဝိုက္ျပန္လာႏိုင္လို႔ အစစအရာရာ ဂ႐ုစိုက္ဦး.."

"ကၽြန္ေတာ္ သိပါတယ္ဗ်ာ.."

Zhang Peng ရဲ့ပံုစံေၾကာင့္ Chen Ge ပိုသတိိထားရေတာ့မည္။ Chen Ge က ပန္းၿခံဂိတ္ကို ျဖတ္ဝင္လာခ်ိန္ လံုၿခံဳေရးက အိပ္ေပ်ာ္ေနၿပီး လံုးဝမႏိုးေပ။ ဒီညမစ္ရွင္က ေအာင္ျမင္သြားလို႔ Chen Ge အက်ိဳးအေတာ္ရွိလိုက္သည္။ က်န္းယာ့ဆီကရတဲ့ ဆုလာဘ္က မွန္ထဲကမေကာင္းဆိုးဝါးကို ခုခံကာကြယ္ႏိုင္ပါ့မလား။

Chen Ge က ဖုန္းထုတ္ၿပီး က်န္းယာ့၏ profile ကိုၾကည့္လိုက္ေတာ့ 'မင္းကိုအ႐ူးအမူးစြဲလန္းသူ' ေနရာမွာ 'မင္းအတြက္ထာဝရ' ဆိုသည့္စာသား ေျပာင္းေနတာ ေတြ႕ရသည္။

ဒီအခ်က္ကို ဘယ္လိုအက်ိဳးရွိရွိ သံုးရမလဲဆိုတာ သူေသခ်ာေလ့လာဖို႔ လိုအပ္ေနၿပီ။ သူက သရဲအိမ္ထဲဝင္လာရင္း က်န္းယာ့ရဲ့ page ထဲက အေသးစိတ္သတင္းေတြကို ဖတ္ေနသည္။ ပိုက္ဆံရလာရင္ အျပင္မွာ အခန္းတစ္ခုငွားေနရမည္။ ဝန္ထမ္းနားေနခန္းထဲ အိပ္အိပ္ေနတာ စိတ္႐ႈပ္ဖို႔ေကာင္းသည္။

Chen Ge က မီးမဖြင့္ဘဲ ေကာ္ရစ္ဒါတေလွ်ာက္ ေမွာင္မည္းႀကီးထဲ ဘာကိုမွမတိုက္မိေအာင္ ေလွ်ာက္ဝင္လာခဲ့သည္။ သူ ပထမထပ္ Toilet နားကျဖတ္လာေတာ့ ေလတိုက္လို႔ တံခါးက ဘမ္းခနဲျမည္သြားသည္။ ဒီတံခါးက မူလက ေကာင္းေပမယ့္ Zhang Peng ကို မွန္ထဲကသရဲ ဝင္ပူးသည့္ညက တံခါးကို တူႏွင့္႐ိုက္ဖ်က္ထားလို႔ အခု တံခါးက ေသာ့ခတ္မရျဖစ္ေနသည္။ သူက တံခါးကိုပိတ္ဖို႔လုပ္ခ်ိန္ ျပတင္းေပါက္က တစ္ဝက္ပြင့္ေနတာ ေတြ႕လိုက္ရသည္။ အေစာပိုင္းက သူ ျပတင္းေပါက္ကို ေသခ်ာမပိတ္ထားခဲ့မိလို႔လားဟု ေတြးၿပီး ျပတင္းေပါက္နားကို လာစစ္ေဆးၾကည့္သည္။ ျပတင္းေပါက္ေဘာင္မွာ ဘာေျခရာမွမေတြ႕ရေပ။ ဒါေပမယ့္ ၾကမ္းျပင္မွာေထာင္ထားသည့္ ၾကမ္းတိုက္တုတ္တံက ဘာေၾကာင့္လဲက်ေနတာလဲ။ တစ္ေယာက္ေယာက္ ဝင္တိုက္ထားတာလား။

Chen Ge က ၾကမ္းတုိက္တံကို ျပန္ေထာင္လိုက္ၿပီး ေထာင့္ခ်ိဳးေတြတိုင္းမွာ တပ္ထားသည့္ CCTV ကို သတိရလိုက္သည္။ CCTV ကၾကည့္ရင္ သရဲအိမ္ထဲ လူဝင္မဝင္ ေသခ်ာသိႏိုင္သည္။ Chen Ge က Control Room ထဲကကြန္ပ်ဴတာကို ဖြင့္လိုက္သည္။ CCTV မွတ္တမ္းအားလံုးကို ကြန္ပ်ဴတာထဲ တိုက္႐ိုက္သိမ္းထားသည္။ သူက Toilet ကိုခ်ိန္ထားသည့္ CCTV မွတ္တမ္းကို ဖြင့္ၾကည့္လိုက္သည္။ သူက သံသယႀကီးလြန္းတယ္လို႔ ထင္ေနေပမယ့္ Screen ထဲမွာ လူရိပ္တစ္ခုကို ေတြ႕လိုက္ရသည္။ ထိုသူက Toilet မွ စၾကၤန္တေလွ်ာက္ လ်င္ျမန္စြာေျပးလာခဲ့သည္။

ဒီထဲမွာ တစ္ေယာက္ေယာက္ ဝင္ေနတာပဲ။ သူ႔အျပင္ အျခားလူက သရဲအိမ္ထဲပုန္းေနသည္ ဆိုသည့္စိတ္က Chen Ge ကို ႏိုးၾကားလာေစသည္။ ထိုလူက အိမ္သာအခန္းဝမွာ ကင္မရာရွိတယ္ဆိုတာ သိပံုရသည္။ ၿပီး ဒီစႀကၤန္က ဘယ္ကိုေပါက္တယ္ဆိုတာလည္း သိေနပံုရသည္။

Chen Ge က ဒုတိယ CCTV မွတ္တမ္းကိုဖြင့္ၾကည့္ေတာ့ ထိုလူက CCTV မွတ္တမ္းကိုဖ်က္ဖို႔ Control Room ဘက္လာေနသည္ကို ေတြ႕လိုက္ရသည္။ ဒီလူူက သရဲအိမ္၏အျပင္အဆင္အခန္းေတြကို ေသခ်ာသိေနပံုရသည္။ Chen Ge က Control Room ထဲက CCTV Record ကို ဖြင့္လိုက္ေတာ့ သူ႔ကိုယ္သူျပန္ျမင္ရသည္။ သူက ဒီအခန္းထဲဝင္လာစဥ္ လက္ထဲမွာ ဖုန္းအနက္ႏွင့္ ၾကမ္းတိုက္တုတ္တံကို ကိုင္ထားသည္။ သူက ၾကမ္းတိုက္တုတ္တံကိုကိုင္ကာ ေနာက္ကို ႐ုတ္တရက္လွမ္းၾကည့္လိုက္စဥ္ နံရံေထာင့္နားက Locker က ပြင့္သြားၿပီး ေသြးေၾကာေတြႏွင့္ ရဲေနေသာ မ်က္လံုးတစ္စံုႏွင့္ ဓားကိုင္ထားသည့္ Zhang Peng ေျပးထြက္လာတာ ေတြ႕လိုက္ရသည္။

"Zhang Peng.."

Chen Ge ၏လွမ္းေအာ္သံေၾကာင့္ Zhang Peng လွမ္းထိုးလိုက္သည့္ ဓားကိုင္လက္က ခဏတုန္သြားသည္။ Chen Ge က တံခါးရြက္ကိုဖြင့္ကာ ထိုးလာသည့္ဓားခ်က္ကို ကာလိုက္သည္။ စိတ္လႈပ္ရွားမႈက ခ်က္ခ်င္းၿငိမ္သြားၿပီး Zhang Peng ၏ဓားခ်က္မမိေအာင္ အျမန္ေနာက္ဆုတ္လိုက္သည္။ Zhang Peng က လက္တစ္ဖက္ မလႈပ္ရွားႏိုင္ေပမယ့္ လူသတ္ခ်င္စိတ္ျပင္းျပေနလို႔ က်န္လက္တစ္ဖက္ႏွင့္ ဓားကိုဆုပ္ကိုင္ကာ အတင္းတိုက္ခိုက္ေနသည္။ သူ႔ျပစ္မႈအားလံုးေပၚၿပီး ရဲေတြကလည္း ေတာက္ေလွ်ာက္လိုက္ေနသည္။ သူ႔ဘဝ လမ္းဆံုးေနၿပီဆိုတာ သိလို႔ သူႏွင့္တစ္ပါတည္း Chen Ge ကို ေသရြာေခၚသြားဖို႔ ဆံုးျဖတ္ထားပံုရသည္။

Chen Ge က ဓားခ်က္ကိုေရွာင္ရင္း အပိုပစၥည္းထားသည့္အခန္းထဲက ဗီ႐ိုထဲသိမ္းထားသည့္ သံဆူးတင္းပုတ္ကို သြားယူရန္ ေျပးထြက္လာသည္။ Chen Ge က လက္ထဲကကိုင္ထားသည့္ သစ္သားၾကမ္းတိုက္တံႏွင့္ Zhang Peng ကို ႐ိုက္ႏွက္ေပမယ့္ ဒီ႐ိုက္ခ်က္ကို Zhang Peng က မၿဖံဳေပ။ ဒီပံုစံတိုက္ခိုက္ရင္ သူ ေခ်ာင္ပိတ္မိၿပီး ဓားႏွင့္ထိုးခံရႏိုင္သည္။ ဒါေၾကာင့္ ရဲေတြလာစစ္စဥ္က အထင္မလြဲေစရန္ ဗီ႐ိုထဲဝွက္ထားသည့္ သံဆူးတင္းပုတ္ကိုယူဖို႔ တရၾကမ္း လွည့္ေျပးရေတာ့သည္။

ဒီရည္ရြယ္ခ်က္ကို Zhang Peng လည္း သိပံုရသည္။ ဒါေၾကာင့္ သူက ၾကမ္းတိုက္တုတ္တံႏွင့္ ႐ိုက္ႏွက္တာခံၿပီး ေရွ႕ကိုအတင္းတိုးကာ လူခ်င္းပူးမိေအာင္ ႀကိဳးစားေနသည္။ Chen Ge က ေနာက္ဆုတ္ရင္း ပစၥည္းထားသည့္အခန္းဝကို ေရာက္လာသည္။ တံခါးကိုဖြင့္ၿပီး အခန္းထဲဝင္ႏိုင္ဖို႔ သူႀကိဳးစားေနစဥ္ ႐ုတ္တရက္ သူ႔ကိုယ္ေပၚက ေလးလံသြားတာကို ခံစားလိုက္ရသည္။

"မင္း ဒီေန႔ေသရမယ္.."

Zhang Peng ၏မ်က္လံုးထဲ အသိျပန္ဝင္လာပံုရၿပီး ဓားခ်က္က ပိုသြက္ကာ အားပါလာခဲ့သည္။ ဘာျဖစ္သြားတာလဲ။ အေစာပိုင္းက မွန္ထဲကမေကာင္းဆိုးဝါးက သူ႔ကိုစီးေနတာလား။ အခု မေကာင္းဆိုးဝါး ဘယ္ေရာက္သြားတာလဲ။ Chen Ge က သူ႔လက္ျဖင့္ ေက်ာေပၚကို စမ္းၾကည့္ေပမယ့္ ဘာမွမစမ္းမိေပ။ သူ႔ပုခံုးေပၚ၊ ေက်ာေပၚက ဖိအားက ပိုႀကီးလာသည္။ Chen Ge က အတင္းေနာက္လွည့္ၾကည့္ေတာ့ သူ႔ေက်ာေပၚမွာ လူတစ္ေယာက္ကိုယ္ခႏၶာေလာက္ရွိသည့္ အမည္းရိပ္ႀကီးစီးေနတာ ေတြ႕လိုက္ရသည္။

"မွန္ထဲကမေကာင္းဆိုးဝါးလား.."

ထိတ္လန္႔မႈေၾကာင့္ Chen Ge မ်က္လံုးျပဴးသြားသည္။ Chen Ge က သူ႔လည္ပင္းဆီ ထိုးစိုက္လာသည့္ Zhang Peng ၏ဓားခ်က္ကိုေရွာင္ကာ အပိုပစၥည္းသိမ္းထားသည့္ ဗီ႐ိုဆီ အတင္းေျပးလာခဲ့သည္။

သူ လံုးဝအ႐ံႈးမေပးႏိုင္ပါ။ Zhang Peng ႏွင့္သရဲက ခႏၶာကိုယ္တစ္ခုကို ေပါင္းသံုးေနရသည္။ တကယ္လို႔ သူက တူနဲ႔ Zhang Peng ကိုယ္ကို႐ိုက္ႏွက္ႏိုင္ရင္ ဒီမေကာင္းဆိုးဝါးကို တားႏိုင္ေလာက္သည္။

Chen Ge ၏ကိုယ္ေပၚက အေလးခ်ိန္က ေတာင္တစ္လံုးေလာက္ေလးသည္ဟု ခံစားရသည္။ သူက ဗီ႐ိုကိုဖြင့္ဖို႔ မနည္းႀကိဳးစားေနရသည္။ မေကာင္းဆိုးဝါးေကာင္ကို သူ ေလွ်ာ့တြက္မိသြားသည္။ ဒီေကာင္က သူပထမဆံုးစေတြ႕စဥ္ကထက္ အားပိုႀကီးလာၿပီး ကိုင္တြယ္ရပိုခက္လာသည္။

Chen Ge ၏လက္က ဗီ႐ိုကိုဖြင့္ရဖို႔ ေျမႇာက္မရေအာင္ ေလးလံလာသလို ေက်ာေပၚကဖိအားေၾကာင့္ အသက္႐ွဴရၾကပ္လာသည္။ ထိုစဥ္ အျပင္ဘက္က ဆူညံသံအရ Zhang Peng က ဓားျဖင့္ တံခါးကိုတိုက္ခိုက္ကာ သူ႔ဆီဝင္လာဖို႔ ႀကိဳးစားေနပံုရသည္။

အခက္ႀကံဳေနစဥ္ Chen Ge ၏အိတ္ထဲကဖုန္းက ၾကမ္းေပၚျပဳတ္က်သြားၿပီး ထိုဖုန္းထဲ က်န္းယာ့၏စာမ်က္ႏွာက ပြင့္ေနဆဲျဖစ္သည္။

====================

Chapter (63) – အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ် (Zawgyi + Unicode)

"အန်တီက အန်ကယ့်ကို တကယ်ဂရုစိုက်တာပဲ.."

"ဒါပေါ့.. နေပါဦး.. မင်းက ဘာတွေးနေတာလဲ.. ငါ့မိန်းမကို အန်တီခေါ်ပြီး ငါ့ကို ဦးအန်ကယ်ခေါ်နေတာလား.."

ဒါပေမယ့် Chen Ge က ပြန်မပြောနိုင်တော့ဘဲ အိပ်မောကျသွားလေပြီ။ ပန်းခြံကိုပြန်ရောက်တော့ အင်စပက်တာလီက Chen Ge ကိုနှိုးကာ ချပေးလိုက်သည်။ Chen Ge က အိပ်ချင်မူးတူးနှင့် ကျောပိုးအိတ်ယူကာ ဆင်းလိုက်သည်။

"မင်း သတိလေးနဲ့နေဦး.. Zhang Peng ရဲ့ စိတ်အခြေအနေက ရှုပ်ထွေးနေတာ.. မင်းကို ကလဲ့စားလာချေနိုင်တယ်.. သူ ဒီတဝိုက်ပြန်လာနိုင်လို့ အစစအရာရာ ဂရုစိုက်ဦး.."

"ကျွန်တော် သိပါတယ်ဗျာ.."

Zhang Peng ရဲ့ပုံစံကြောင့် Chen Ge ပိုသတိထားရတော့မည်။ Chen Ge က ပန်းခြံဂိတ်ကို ဖြတ်ဝင်လာချိန် လုံခြုံရေးက အိပ်ပျော်နေပြီး လုံးဝမနိုးပေ။ ဒီညမစ်ရှင်က အောင်မြင်သွားလို့ Chen Ge အကျိုးအတော်ရှိလိုက်သည်။ ကျန်းယာ့ဆီကရတဲ့ ဆုလာဘ်က မှန်ထဲကမကောင်းဆိုးဝါးကို ခုခံကာကွယ်နိုင်ပါ့မလား။

Chen Ge က ဖုန်းထုတ်ပြီး ကျန်းယာ့၏ profile ကိုကြည့်လိုက်တော့ 'မင်းကိုအရူးအမူးစွဲလန်းသူ' နေရာမှာ 'မင်းအတွက်ထာဝရ' ဆိုသည့်စာသား ပြောင်းနေတာ တွေ့ရသည်။

ဒီအချက်ကို ဘယ်လိုအကျိုးရှိရှိ သုံးရမလဲဆိုတာ သူသေချာလေ့လာဖို့ လိုအပ်နေပြီ။ သူက သရဲအိမ်ထဲဝင်လာရင်း ကျန်းယာ့ရဲ့ page ထဲက အသေးစိတ်သတင်းတွေကို ဖတ်နေသည်။ ပိုက်ဆံရလာရင် အပြင်မှာ အခန်းတစ်ခုငှားနေရမည်။ ဝန်ထမ်းနားနေခန်းထဲ အိပ်အိပ်နေတာ စိတ်ရှုပ်ဖို့ကောင်းသည်။

Chen Ge က မီးမဖွင့်ဘဲ ကော်ရစ်ဒါတလျှောက် မှောင်မည်းကြီးထဲ ဘာကိုမှမတိုက်မိအောင် လျှောက်ဝင်လာခဲ့သည်။ သူ ပထမထပ် Toilet နားကဖြတ်လာတော့ လေတိုက်လို့ တံခါးက ဘမ်းခနဲမြည်သွားသည်။ ဒီတံခါးက မူလက ကောင်းပေမယ့် Zhang Peng ကို မှန်ထဲကသရဲ ဝင်ပူးသည့်ညက တံခါးကို တူနှင့်ရိုက်ဖျက်ထားလို့ အခု တံခါးက သော့ခတ်မရဖြစ်နေသည်။ သူက တံခါးကိုပိတ်ဖို့လုပ်ချိန် ပြတင်းပေါက်က တစ်ဝက်ပွင့်နေတာ တွေ့လိုက်ရသည်။ အစောပိုင်းက သူ ပြတင်းပေါက်ကို သေချာမပိတ်ထားခဲ့မိလို့လားဟု တွေးပြီး ပြတင်းပေါက်နားကို လာစစ်ဆေးကြည့်သည်။ ပြတင်းပေါက်ဘောင်မှာ ဘာခြေရာမှမတွေ့ရပေ။ ဒါပေမယ့် ကြမ်းပြင်မှာထောင်ထားသည့် ကြမ်းတိုက်တုတ်တံက ဘာကြောင့်လဲကျနေတာလဲ။ တစ်ယောက်ယောက် ဝင်တိုက်ထားတာလား။

Chen Ge က ကြမ်းတိုက်တံကို ပြန်ထောင်လိုက်ပြီး ထောင့်ချိုးတွေတိုင်းမှာ တပ်ထားသည့် CCTV ကို သတိရလိုက်သည်။ CCTV ကကြည့်ရင် သရဲအိမ်ထဲ လူဝင်မဝင် သေချာသိနိုင်သည်။ Chen Ge က Control Room ထဲကကွန်ပျူတာကို ဖွင့်လိုက်သည်။ CCTV မှတ်တမ်းအားလုံးကို ကွန်ပျူတာထဲ တိုက်ရိုက်သိမ်းထားသည်။ သူက Toilet ကိုချိန်ထားသည့် CCTV မှတ်တမ်းကို ဖွင့်ကြည့်လိုက်သည်။ သူက သံသယကြီးလွန်းတယ်လို့ ထင်နေပေမယ့် Screen ထဲမှာ လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူက Toilet မှ စင်္ကြန်တလျှောက် လျင်မြန်စွာပြေးလာခဲ့သည်။

ဒီထဲမှာ တစ်ယောက်ယောက် ဝင်နေတာပဲ။ သူ့အပြင် အခြားလူက သရဲအိမ်ထဲပုန်းနေသည် ဆိုသည့်စိတ်က Chen Ge ကို နိုးကြားလာစေသည်။ ထိုလူက အိမ်သာအခန်းဝမှာ ကင်မရာရှိတယ်ဆိုတာ သိပုံရသည်။ ပြီး ဒီစင်္ကြန်က ဘယ်ကိုပေါက်တယ်ဆိုတာလည်း သိနေပုံရသည်။

Chen Ge က ဒုတိယ CCTV မှတ်တမ်းကိုဖွင့်ကြည့်တော့ ထိုလူက CCTV မှတ်တမ်းကိုဖျက်ဖို့ Control Room ဘက်လာနေသည်ကို တွေ့လိုက်ရသည်။ ဒီလူူက သရဲအိမ်၏အပြင်အဆင်အခန်းတွေကို သေချာသိနေပုံရသည်။ Chen Ge က Control Room ထဲက CCTV Record ကို ဖွင့်လိုက်တော့ သူ့ကိုယ်သူပြန်မြင်ရသည်။ သူက ဒီအခန်းထဲဝင်လာစဉ် လက်ထဲမှာ ဖုန်းအနက်နှင့် ကြမ်းတိုက်တုတ်တံကို ကိုင်ထားသည်။ သူက ကြမ်းတိုက်တုတ်တံကိုကိုင်ကာ နောက်ကို ရုတ်တရက်လှမ်းကြည့်လိုက်စဉ် နံရံထောင့်နားက Locker က ပွင့်သွားပြီး သွေးကြောတွေနှင့် ရဲနေသော မျက်လုံးတစ်စုံနှင့် ဓားကိုင်ထားသည့် Zhang Peng ပြေးထွက်လာတာ တွေ့လိုက်ရသည်။

"Zhang Peng.."

Chen Ge ၏လှမ်းအော်သံကြောင့် Zhang Peng လှမ်းထိုးလိုက်သည့် ဓားကိုင်လက်က ခဏတုန်သွားသည်။ Chen Ge က တံခါးရွက်ကိုဖွင့်ကာ ထိုးလာသည့်ဓားချက်ကို ကာလိုက်သည်။ စိတ်လှုပ်ရှားမှုက ချက်ချင်းငြိမ်သွားပြီး Zhang Peng ၏ဓားချက်မမိအောင် အမြန်နောက်ဆုတ်လိုက်သည်။ Zhang Peng က လက်တစ်ဖက် မလှုပ်ရှားနိုင်ပေမယ့် လူသတ်ချင်စိတ်ပြင်းပြနေလို့ ကျန်လက်တစ်ဖက်နှင့် ဓားကိုဆုပ်ကိုင်ကာ အတင်းတိုက်ခိုက်နေသည်။ သူ့ပြစ်မှုအားလုံးပေါ်ပြီး ရဲတွေကလည်း တောက်လျှောက်လိုက်နေသည်။ သူ့ဘဝ လမ်းဆုံးနေပြီဆိုတာ သိလို့ သူနှင့်တစ်ပါတည်း Chen Ge ကို သေရွာခေါ်သွားဖို့ ဆုံးဖြတ်ထားပုံရသည်။

Chen Ge က ဓားချက်ကိုရှောင်ရင်း အပိုပစ္စည်းထားသည့်အခန်းထဲက ဗီရိုထဲသိမ်းထားသည့် သံဆူးတင်းပုတ်ကို သွားယူရန် ပြေးထွက်လာသည်။ Chen Ge က လက်ထဲကကိုင်ထားသည့် သစ်သားကြမ်းတိုက်တံနှင့် Zhang Peng ကို ရိုက်နှက်ပေမယ့် ဒီရိုက်ချက်ကို Zhang Peng က မဖြုံပေ။ ဒီပုံစံတိုက်ခိုက်ရင် သူ ချောင်ပိတ်မိပြီး ဓားနှင့်ထိုးခံရနိုင်သည်။ ဒါကြောင့် ရဲတွေလာစစ်စဉ်က အထင်မလွဲစေရန် ဗီရိုထဲဝှက်ထားသည့် သံဆူးတင်းပုတ်ကိုယူဖို့ တရကြမ်း လှည့်ပြေးရတော့သည်။

ဒီရည်ရွယ်ချက်ကို Zhang Peng လည်း သိပုံရသည်။ ဒါကြောင့် သူက ကြမ်းတိုက်တုတ်တံနှင့် ရိုက်နှက်တာခံပြီး ရှေ့ကိုအတင်းတိုးကာ လူချင်းပူးမိအောင် ကြိုးစားနေသည်။ Chen Ge က နောက်ဆုတ်ရင်း ပစ္စည်းထားသည့်အခန်းဝကို ရောက်လာသည်။ တံခါးကိုဖွင့်ပြီး အခန်းထဲဝင်နိုင်ဖို့ သူကြိုးစားနေစဉ် ရုတ်တရက် သူ့ကိုယ်ပေါ်က လေးလံသွားတာကို ခံစားလိုက်ရသည်။

"မင်း ဒီနေ့သေရမယ်.."

Zhang Peng ၏မျက်လုံးထဲ အသိပြန်ဝင်လာပုံရပြီး ဓားချက်က ပိုသွက်ကာ အားပါလာခဲ့သည်။ ဘာဖြစ်သွားတာလဲ။ အစောပိုင်းက မှန်ထဲကမကောင်းဆိုးဝါးက သူ့ကိုစီးနေတာလား။ အခု မကောင်းဆိုးဝါး ဘယ်ရောက်သွားတာလဲ။ Chen Ge က သူ့လက်ဖြင့် ကျောပေါ်ကို စမ်းကြည့်ပေမယ့် ဘာမှမစမ်းမိပေ။ သူ့ပုခုံးပေါ်၊ ကျောပေါ်က ဖိအားက ပိုကြီးလာသည်။ Chen Ge က အတင်းနောက်လှည့်ကြည့်တော့ သူ့ကျောပေါ်မှာ လူတစ်ယောက်ကိုယ်ခန္ဓာလောက်ရှိသည့် အမည်းရိပ်ကြီးစီးနေတာ တွေ့လိုက်ရသည်။

"မှန်ထဲကမကောင်းဆိုးဝါးလား.."

ထိတ်လန့်မှုကြောင့် Chen Ge မျက်လုံးပြူးသွားသည်။ Chen Ge က သူ့လည်ပင်းဆီ ထိုးစိုက်လာသည့် Zhang Peng ၏ဓားချက်ကိုရှောင်ကာ အပိုပစ္စည်းသိမ်းထားသည့် ဗီရိုဆီ အတင်းပြေးလာခဲ့သည်။

သူ လုံးဝအရှုံးမပေးနိုင်ပါ။ Zhang Peng နှင့်သရဲက ခန္ဓာကိုယ်တစ်ခုကို ပေါင်းသုံးနေရသည်။ တကယ်လို့ သူက တူနဲ့ Zhang Peng ကိုယ်ကိုရိုက်နှက်နိုင်ရင် ဒီမကောင်းဆိုးဝါးကို တားနိုင်လောက်သည်။

Chen Ge ၏ကိုယ်ပေါ်က အလေးချိန်က တောင်တစ်လုံးလောက်လေးသည်ဟု ခံစားရသည်။ သူက ဗီရိုကိုဖွင့်ဖို့ မနည်းကြိုးစားနေရသည်။ မကောင်းဆိုးဝါးကောင်ကို သူ လျှော့တွက်မိသွားသည်။ ဒီကောင်က သူပထမဆုံးစတွေ့စဉ်ကထက် အားပိုကြီးလာပြီး ကိုင်တွယ်ရပိုခက်လာသည်။

Chen Ge ၏လက်က ဗီရိုကိုဖွင့်ရဖို့ မြှောက်မရအောင် လေးလံလာသလို ကျောပေါ်ကဖိအားကြောင့် အသက်ရှူရကြပ်လာသည်။ ထိုစဉ် အပြင်ဘက်က ဆူညံသံအရ Zhang Peng က ဓားဖြင့် တံခါးကိုတိုက်ခိုက်ကာ သူ့ဆီဝင်လာဖို့ ကြိုးစားနေပုံရသည်။

အခက်ကြုံနေစဉ် Chen Ge ၏အိတ်ထဲကဖုန်းက ကြမ်းပေါ်ပြုတ်ကျသွားပြီး ထိုဖုန်းထဲ ကျန်းယာ့၏စာမျက်နှာက ပွင့်နေဆဲဖြစ်သည်။

====================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now