သရဲအိမ်ထဲက ဖူးစာရှင် အကျဉ်း

5.8K 618 35
                                    

သရဲအိမ်ထဲက ဖူးစာရှင်  အကျဉ်း





=====================

သရဲအိမ်ထဲက ဖူးစာရှင်

 Chen Ge သည် အရှုံးပေါ်နေသည့် သရဲအိမ်လုပ်ငန်းကို ဦးစီးနေသည့် လူငယ်လေးတစ်ဦးဖြစ်သည်။ မိမိရထားသည့် ဘွဲ့ကို ဘေးချိတ်ပြီး ပျောက်ဆုံးသွားသည့် မိဘနှစ်ပါး အမွေပေးထားသည့် သရဲအိမ်ကို အပန်းဖြေဥယျာဉ်တစ်ခုထဲ ဖွင့်လှစ်ထားရင်း တဖြည်းဖြည်းနှင့် လုပ်ငန်းအရှုံးပေါ်ကာ ပိတ်ပစ်ရတော့မည့်အချိန်တွင် အပေါ်ထပ် စတိုခန်းထဲမှ မိဘနှစ်ပါး ပျောက်သွားသည့် ဆေးရုံပျက်ကြီးထဲမှ ပြန်ရထားသည့် ဖွင့်မရတော့သည့် ဖုန်းက ရုတ်တရက် ပါဝါပွင့်ပြီး သရဲအိမ် ဂိမ်းလို အရာကို ဖုန်းထဲတွင် တွေ့လိုက်ရသည်။

Chen Ge သည် ထိုဂိမ်း application ကို ဖွင့်ကြည့်တော့ နေ့စဉ်လုပ်ရမယ့် mission, daily task များကို တွေ့လိုက်ပြီး အပျင်းပြေဆော့ကြည့်ရာမှ အမှန်တကယ် ဆုလာဘ်များကို ရရှိခဲ့သည်။ လူသေမိတ်ကပ်၊ သရဲတီးလုံးများကို ရပြီးနောက် ဒီ သရဲ ဂိမ်း application ကို ဆော့ရင်း သူ့ သရဲအိမ်က ဘယ်လို ပြန်လည်အောင်မြင်လာမလဲ။ သူ့ရဲ့ပျောက်ဆုံးသွားတဲ့ မိဘတွေကို ပြန်လည်တွေ့နိုင်မလား။

ဒီဖုန်းက ပျောက်သွားတဲ့ မိဘတွေနဲ့ ဘယ်လို ဆက်စပ်နေသလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ဖတ်ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပါ။

မှတ်ချက်၊ ဒီဇာတ်လမ်းကို ညနက်သန်းခေါင် တစ်ဦးတည်းရှိချိန် မဖတ်ရပါ။ ဘာသာပြန်သူကိုယ်တိုင် ထိုအချိန်ဖတ်မိပြီး ကြောက်စိတ်ဝင်မိသော ဇာတ်လမ်းဖြစ်သည်။ ယခင်က ဘာသာပြန်သူရှိသော်လည်း ဆက်လက်ပြန်ဆိုခြင်းမရှိတော့သည့် အပြင် ဇာတ်လမ်းကို ဖျက်လိုက်သောကြောင့် မိမိဖာသာဖတ်ချင်သောကြောင့် ဒီဇာတ်လမ်းကို ဘာသာပြန်ဆိုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

=====================



သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now