Chapter (3) - ခက်ခဲတဲ့မစ်ရှင်

2.1K 410 11
                                    


Chapter (3) - ခက်ခဲတဲ့မစ်ရှင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Chapter (3) - ခက်ခဲတဲ့မစ်ရှင်


"မင်းက ခုထိ ဒီကမ္ဘာပေါ်မှာ သရဲရှိတယ်ဆိုတာ လုံးလုံးမယုံသေးဘူးဆိုတာ ကျွန်ုပ်သိတယ်.. ဒါကြောင့် ဒီ game လေးကို ကစားကြည့်ရင် ဘယ်လိုလဲ..? မင်း မျက်လုံးဖွင့်လိုက်ချိန်မှာ အမှန်တရားကို သိရလိမ့်မယ်.."

အရင်ကဖော်ပြထားသလို ခက်ခဲတဲ့မစ်ရှင်က ဝေဝေဝါးဝါးဖော်ပြထားဆဲဖြစ်သည်။ ဒီအချက်ကပဲ ပိုကြောက်စရာကောင်းတယ်လို့ ခံစားလာရသည်။

"ဒီထဲကဖော်ပြထားသလိုဆိုရင် game တစ်ခုခု ပါမယ့်ပုံပဲ.. ဒီခက်ခဲတဲ့မစ်ရှင်မှာ ဘယ်လို game အမျိုးအစား ပါမှာပါလိမ့်.."

ပုံမှန်မစ်ရှင်ပြီးဖို့တောင် အချိန်အတော်ကြာအောင် အရုပ်အားလုံးပြင်ဖို့ Chen Ge ကြိုးစားလိုက်ရသေးသည်။ ဖုန်းကို ဟိုပွတ်ဒီပွတ်လုပ်ရင်း Chen Ge သိချင်လာသည်။

"ငါ ဒီ mission ကို ကြိုးစားကြည့်ရမလား.. အန္တရာယ်များတဲ့မစ်ရှင်က ဆုလာဘ်ကောင်းကောင်းပေးမှာပဲ.. ငါက အခု လွယ်တဲ့ဟာရော ပုံမှန်မစ်ရှင်ရော မလုပ်နိုင်သေးမှတော့ ကျန်တဲ့ဟာကို ကံစမ်းကြည့်မှထင်တယ်.."

ဒီတစ်ရာသီကို ကောင်းကောင်းမလုပ်နိုင်ရင် သရဲအိမ်က ပိတ်ပစ်ရတော့မှာဖြစ်သည်။ သူ့အနေအထားက ဘယ်လောက်ကျပ်တည်းနေတယ်ဆိုတာ Chen Ge အသိဆုံးဖြစ်သည်။ သူ့မှာမျှော်လင့်စရာ ဒီတစ်ခုတည်းရှိတော့တာဖြစ်လို့ အခွင့်အရေးကို လွယ်လွယ်လက်မလွှတ်နိုင် ဖြစ်နေသည်။

"ဘာပဲဖြစ်ဖြစ် ဒီဟာကိုပဲ လုပ်လိုက်တော့မယ်.. နောက်ဆုံးမှာ လုပ်ရမယ့်အတူတူ ခုလုပ်လိုက်တော့ ဘာဖြစ်မှာမို့လဲ.."

အိပ်ယာထက်မှထထိုင်ရင်း Chen Ge က ပြောလိုက်သည်။ သူက နောက်ဆုံးမစ်ရှင်ကို နှိပ်လိုက်သည်။

"မင်း အန္တရာယ်များတဲ့မစ်ရှင်ကို လုပ်ဖို့ တကယ်ဆန္ဒရှိသလား.. မင်းလုပ်ဖို့ဆန္ဒရှိရင် မမျှော်လင့်တဲ့အခြေအနေတွေ ဖြစ်လာနိုင်တယ်.."

"ကောင်းပြီ.." ဆိုတဲ့ခလုတ်ကို သူနှိပ်လိုက်သည်။

ဖုန်းမျက်နှာပြင်ကလင်းသွားပြီး တကယ့်မစ်ရှင်ရဲ့ အသေးစိတ်အချက်အလက်တွေ ပေါ်လာခဲ့သည်။

"ဒီမစ်ရှင်မှာ ဖုံးကွယ်ထားတဲ့ လောကတစ်ခုကို မြင်ရဖို့ သတ္တိအများကြီးရယ် မမြင်နိုင်တဲ့ကံတရားနဲ့ အကူအညီ နည်းနည်းလိုအပ်တယ်။ ဒီ game နာမည်က 'မှန်ထဲက အခြားသော မင်း' ဖြစ်တယ်။ ညသန်းခေါင် 2:04 မိနစ်မှာ ရေချိုးခန်းထဲ တစ်ယောက်တည်းဝင်သွားပြီး တံခါးကိုပိတ်ထားပါ။ မီးတွေကို မှိတ်ထားပါ။ မှန်ရှေ့မှာရပ်နေပြီး မင်းနဲ့မှန်ကြားမှာ ဖယောင်းတိုင်ထွန်းထားပါ။ ပြီးတော့ မျက်လုံးမှိတ်ပြီး အာရုံစိုက်ထားပါ။ ပြီးတော့ မင်းရဲ့နာမည်ကို ဖြည်းဖြည်းချင်းရွတ်ပါ။"

"အမှောင်ထဲမှာ ဘာမဆိုဖြစ်လာနိုင်သည်။ မှန်ထဲမှာ မင်းနဲ့မရင်းနှီးတဲ့ မျက်နှာတစ်ခု ပေါ်လာတာမျိုး၊ အခန်းထောင့်ကနေ မျက်လုံးတစ်စုံက မင်းကိုစိုက်ကြည့်နေတာမျိုး၊ မျက်နှာကျက်နဲ့ နံရံကနေ သွေးစက်တွေ စီးကျလာတာမျိုးတွေ ဖြစ်လာနိုင်တယ်။ ဘာပဲဖြစ်လာပါစေ မှန်ရှေ့မှာ မင်းက တိတ်တိတ်ဆိတ်ဆိတ်နဲ့ မတ်တပ်ရပ်နေရမယ်။"

"နာရီဝက်ကြာရင် Mission က အလိုလျောက်ပြီးသွားပြီဖြစ်တယ်။ ဒီနာရီဝက်အတွင်း ဘာကိစ္စကြီးပဲဖြစ်လာပါစေ မင်း လုံးဝ မျက်လုံးကို ဖွင့်မကြည့်ဖို့လိုတယ်။"

ဒီညွှန်ကြားစာကိုဖတ်ပြီး Chen Ge ကြောက်ရွံ့ပြီး ရှုံ့မဲ့သွားသည်။

"သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အခြားလောက ရှိနေတဲ့ပုံပဲ.."

2:04 am မိနစ်ရောက်ဖို့ အချိန်အတော်လိုသေးတဲ့အတွက် ရေချိုးခန်းထဲမသွားဘဲ Chen Ge က online ကနေ သိချင်တာကိုရှာလိုက်သည်။ Chen Ge က ဒီ game နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေရဖို့ သရဲဇာတ်လမ်းတွေကို လျှောက်ရှာဖတ်လိုက်သည်။ တချို့ကတော့ ဒီ game ကိုကစားရင်း သူတို့သူငယ်ချင်းနဲ့ မိသားစုဝင်တွေက မှန်ထဲကနေ ဆွဲယူသွားတာကို ခံလိုက်ရတယ်လို့ ဆိုထားသည်။

"ဒါတွေအားလုံးက တကယ်ခိုင်ခိုင်မာမာ ဆိုထားတာပဲ.."

ပိုဖတ်မိလေ Chen Ge က ပိုစိတ်ဝင်စားလာလေဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက သရဲအိမ်ကို လည်ပတ်နေရသူဖြစ်လို့ သူ့နေ့စဉ်အလုပ်တွေက လုံခြုံတဲ့ပတ်ဝန်းကျင်မှာ လူတွေကို ကြောက်အောင်ခြောက်လှန့်ရတဲ့ နည်းသစ်တွေကို ရှာဖွေလုပ်ကိုင်နေရတာဖြစ်သည်။ ဒီသတင်းတွေဖတ်ပြီးနောက် သူ့မျက်စိရှေ့မှာ ကမ္ဘာသစ်တစ်ခုကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

"သရဲအိမ်မှာ ညနက်သန်းခေါင်ကြီး game ကစားရတာ တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ.."

သူက ဖုန်းရဲ့ဘက္ထရီကို စစ်ဆေးလိုက်သည်။ သူက ကြုံတောင့်ကြုံခဲအခြေအနေကို မှတ်တမ်းတင်နေရသလို ခံစားနေရသည်။

"နောက်ဆိုရင် ငါကြုံရသမျှကို မှတ်တမ်းတင်ထားရမယ်.. ဒီကိစ္စက သူတို့ပြောသလို တကယ်ကြောက်စရာကောင်းတယ်ဆိုရင်တော့ ငါ့ရဲ့သရဲအိမ်အတွက် ခြောက်လှန့်စရာအကွက်လေးတွေ ထပ်ထည့်နိုင်တာပေါ့.."

သူက အခန်းထဲမှာ ဖယောင်းတိုင်နဲ့ မီးခြစ်ကို လိုက်ရှာထားသည်။ ညသန်းခေါင် 2:00 am ရောက်တော့ ဒီဟာတွေယူပြီး သရဲအိမ်ပထမထပ်က ရေချိုးခန်းထဲကို ယူလာခဲ့သည်။ ဒီ game ကို ပထမထပ်က အိမ်သာထဲမှာလုပ်ဖို့ ဆုံးဖြတ်ရတာက တကယ်လို့ သူ အန္တရာယ်တစ်ခုခု ကြုံလာရရင် ပြတင်းပေါက်ကနေ အောက်ကိုခုန်ချပြီး အသက်ဘေးကလွတ်အောင် လုပ်နိုင်ဖို့ဖြစ်သည်။

ညအချိန်တွင် သရဲအိမ်တစ်ခုလုံး ငြိမ်သက်လို့နေသည်။ မီတာခချွေတာချင်သည့် လူငယ်လေးက ဖယောင်းတိုင်နဲ့ဓာတ်မီးကိုယူပြီး ကျဉ်းကျုတ်တဲ့အိမ်သာလေးထဲကို ဝင်လာခဲ့သည်။

"မှောင်မိုက်ပြီး သေးငယ်ကျဉ်းမြောင်းတဲ့နေရာက လူတစ်ယောက်ရဲ့နှလုံးအိမ်ထဲက ကြောက်ရွံ့စိတ်ကို အကောင်းဆုံးနှိုးဆွပေးနိုင်တယ်.. အိမ်သာဆိုတာ အဆောင်အအုံတစ်ခုမှာ ယင်ဓာတ်အများဆုံး နေရာဖြစ်တယ်.. မှန်နဲ့ဘေစင်က မထူးခြားပေမယ့် ဒီနေ့စဉ်သုံးပစ္စည်းက လူရဲ့စိတ်ဖိအားကို အလွယ်တကူမြင့်တက်စေနိုင်တယ်.. ဒီ game ရဲ့နောက်ကွယ်မှာ ရှိတဲ့လူက တကယ်ကို ဥာဏ်ကောင်းလွန်းလှတယ်.. သူက လူတွေရဲ့နှလုံးသားထဲက အားနည်းချက်ကို ဘယ်လိုအသုံးချရမယ်ဆိုတာ ကောင်းကောင်းသိတယ်.. ပြီးတော့ ရိုးရှင်းတဲ့အခြေအနေနဲ့ အရာဝတ္ထုကိုသုံးပြီး ခြောက်ခြားဖွယ်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်တယ်.."

Chen Ge က သူ့လုပ်ငန်းကိုတိုးချဲ့ဖို့ နည်းလမ်းကို တွေးမိသွားသည်။

"တကယ်ကြောက်စရာကောင်းအောင်လုပ်ဖို့ ဈေးကြီးတဲ့အစီအစဉ်တွေ မလိုအပ်ဘူး.. လူတွေရဲ့ရင်ထဲက အကြောက်တရားကို တိုးမြှင့်ပေးနိုင်ဖို့ပဲ လိုအပ်တယ်.."

Chen Ge က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့ဖုန်းနဲ့ မှတ်တမ်းတင်ထားလိုက်သည်။

"ဒီ game ကနေ ဘာတွေဖြစ်လာမလဲဆိုတာ ငါမသိဘူး.. တကယ်လို့ ငါ တစ်ခုခုဖြစ်သွားတယ်ဆိုရင် ဒီဖုန်းကိုရှာတွေ့သွားတဲ့လူက ဒီအဖြစ်အပျက်ကို သေသေချာချာလေ့လာဖို့ မျှော်လင့်ပါတယ်.. ဒီဟာက လှည့်စားမှုတွေကို ဖော်ထုတ်နိုင်တဲ့ တန်ဖိုးရှိတဲ့ သော့ချက်ဖြစ်နိုင်တယ်.."

ပြီးတော့ Chen Ge က ဖုန်းကို ဘေစင်ဘေးနားမှာ ထောင်ထားလိုက်သည်။ သူက ဖုန်းထဲကမြင်ကွင်းကို မှန်ရှေ့ကသူ့ပုံနဲ့ မှန်ထဲကပုံရိပ်ကို သေချာပေါ်အောင် ညှိလိုက်သည်။

"2:01 am ရှိသွားပြီ.. နောက်ထပ် ၃မိနစ်ပဲကျန်တော့တယ်.."

သေခြင်းကို စောင့်မျှော်ရခြင်းက တကယ့်သေခြင်းတရားထက် ကြောက်ရွံ့ဖို့ကောင်းသည်။ အိမ်သာခန်းထဲက တိတ်ဆိတ်ခြင်းက ဆူညံသံနဲ့ ပဲ့တင်ထပ်သံများကို ပိုမိုကျယ်လောင်လာစေသည်။ စက္ကန့်အနည်းငယ်ကြာတော့ Chen Ge ရဲ့နှလုံးသားက စတင်ခုန်ပေါက်လာတော့သည်။

သူက ဖုန်းထဲကနာရီကို လှမ်းကြည့်လိုက်သည်။ အချိန်က 4 ဆိုတာကို ပြသလိုက်သည်နှင့် သူက ဓာတ်မီးကိုပိတ်ပြီး ဖယောင်းတိုင်ကို ထွန်းညှိလိုက်သည်။ သူက ညွှန်ကြားချက်အတိုင်း သူနဲ့မှန်ချပ်ကြား ဖယောင်းတိုင်ကို ထွန်းလိုက်သည်။

ကခုန်နေသည့်မီးရောင်တစ်ခုကသာလျှင် အမှောင်ထဲမှာ အလင်းရောင်ပေးနေသည်။ ဒီမီးရောင်က တကယ့်လောကနှင့် မှန်ထဲကလောကကြားမှာ တောက်ပလို့နေသည်။ ဒီမီးရောင်က တစ်စုံတစ်ခုကို လမ်းညွှန်ပေးနေတဲ့ အလင်းရောင်နဲ့တူပြီး မှန်ထဲကတစ်စုံတစ်ခုကို ညွှန်ပြပေးနေသလိုထင်ရသည်။

Chen Ge က မှန်ထဲထင်ဟပ်ပြနေသည့် ပုံရိပ်ကိုကြည့်ပြီး ထူးဆန်းလာသည်ဟု ခံစားလာရသည်။

"Game စတင်ပြီ.."

သူက သူ့နာမည်မရွတ်ခင် ခေါင်းငုံ့ကာ မျက်လုံးမှိတ်လိုက်သည်။

"Chen Ge.. Chen Ge.. Chen Ge.."

ကိုယ့်နာမည်ကို ထပ်တလဲလဲရွတ်ဆိုနေခြင်းက ကိုယ်နဲ့တစ်စုံတစ်ခုကြား အကွာအဝေးတစ်ခုကို ဖြစ်ပေါ်လာစေသည်။ တဖြည်းဖြည်းနဲ့ ဒီနာမည်က ကိုယ့်နားထဲ မရင်းနှီးသလို ခံစားလာရသည်။ ဒီသီအိုရီက စာလုံးတစ်ခုကို ထပ်တလဲလဲကြည့်ခိုင်းပြီးတဲ့နောက် ဒီလူက ဒီစာလုံးကို ဘယ်လိုချရေးရမယ်ဆိုတာ မသိတော့သလိုဖြစ်လာတာနဲ့ ဆင်တူသည်။ ဒီလိုစိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို ကာကွယ်ဖို့ Chen Ge က သူ့နာမည်တစ်ခုနဲ့တစ်ခုကြား သုံးစက္ကန့်ခြားပြီးမှ ခေါ်ခဲ့သည်။ ဒီနည်းလမ်းက အချိန်ကိုရေတွက်တဲ့ နည်းလမ်းလည်းဖြစ်သည်။

ဒီဟာက နာရီဝက်လုံးလုံး မျက်စိမှိတ်ထားရတဲ့အတွက် စိတ်အာရုံပျံ့လွင့်မှုကို တားဆီးနိုင်ပြီး ဒီ mission အောင်မြင်အောင် လုပ်နိုင်ဖို့လည်းဖြစ်သည်။

သရဲအိမ်ထဲ ည 2 နာရီမှာ မှန်ရှေ့ တစ်ယောက်တည်းရပ်ပြီး game ကစားနေခြင်း။ ဒီဟာကို ကိုယ်တိုင်လုပ်နေတာမဟုတ်ရင် တစ်ယောက်ယောက်က ဒီလိုငတုံးအလုပ်ကို လုပ်ချင်ပါတယ်ဆိုတာ ဘယ်လိုမှ ယုံကြည်နိုင်မှာမဟုတ်ပေ။

Chen Ge က သူ့နာမည်ကိုရွတ်နေရင်း သူ့ခေါင်းထဲ အတွေးပေါင်းစုံဝင်လာသည်။ ဒီ game က စိတ်ပိုင်းဆိုင်ရာခြောက်လှန့်မှုတွေနှင့် ပြည့်နှက်နေသည်။ အခက်ခဲဆုံးအပိုင်းက သရဲတွေ၊ ဒဏ္ဍာရီပုံပြင်တွေနဲ့မဆိုင်ဘဲ ကိုယ့်စိတ်ကိုခြောက်လှန့်စေတဲ့ အတွေးတွေနဲ့ ပုံတွေကို မျက်လုံးထဲမြင်ယောင်မလာအောင် တားဆီးနိုင်ဖို့ပဲဖြစ်သည်။ မင်းရဲ့မျက်လုံးကို မဖွင့်သရွေ့တော့ အရာအားလုံး အဆင်ပြေနိုင်ပါသည်။

ဒါပေမယ့် တကယ်ဖြစ်နေတာထက် ပြောရတာက ပိုလွယ်နေသည်။ ဘာကြောင့်လဲဆိုတော့ game စတင်ပြီး 10 မိနစ်အကြာမှာပဲ တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့သည်။

======================

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now