Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ

485 115 3
                                    

Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ


အခန်းထဲက အဝတ်အစားထဲမှာ ဘာမှ ထူးခြားတာ မရှိဘူး။ တံခါးပိတ်ပြီးနောက် ချန်ကော သည် အဝတ်စားတွေကို ယတ်ထားသူရဲ့ ဓာတ်ပုံအချို့ကို ရိုက်ယူခဲ့သည်။

"ဝတ်စုံရဲ့ လေးထောင့်တွေတိုင်းမှာ သွေးနီရောင်စွန်းထင်းနေတဲ့ လက်သည်းလေးစလေးတွေ ရှိပြီး ကြည်လင်တဲ့ အိတ်အကြည် နဲ့ ဖုံးအုပ်ထားတယ်။ ဒီအဝတ်စားကို တတိယ နာမကျန်းခန်းမ ရဲ့ဗီရို မှာ အချိန်အကြာကြီး ထိန်းသိမ်းထားတယ်ဆိုကတည်းက ဒါက ထူးခြားတယ်လို့ ဆိုနိုင်တယ် "

ချန်ကော သည် လက်သည်းကို ဖြုတ်ကြည့်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ လက်သည်းလေးချောင်းသည် ထောင့်များထဲသို့ နက်နက်ရှိုင်းရှိုင်း ကပ်နေသဖြင့်၊ ထိုအရာတို့သည် ဝတ်စားဆင်ယင်သူနှင့် ချိတ်တွယ်ထားပြီးသား ဖြစ်နေသည်။

"ဒီလက်သည်းလို ချိန်လေးမျိုးနဲ့ ပတ်သတ်ပြီး ထူးခြားတာတစ်ခုရှိတယ်။ ငါ မနက်ကျမှ ဆွဲထုတ်ပြီး သေချာ ကြည့်သင့်တယ်။"

ချန်ကော ဟာ ဒါရိုက်တာရုံးခန်းထဲမှာ အကြာကြီးနေခဲ့ပြီး အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သူ မသိခဲ့ပေ။ သူက ထိုနေရာမှ ထွက်သွားသောအခါ ကြောင်ဖြူသည် သူ့ပခုံးပေါ်သို့ ခုန်တက်ကာ ဘာပဲဖြစ်ဖြစ် ဆင်းရန် ငြင်းဆန်ခဲ့သည်။ ချန်ကော ရုံးခန်းတံခါးဆီသို့ လာပြီး အပြင်ကို ဂရုတစိုက် လှမ်းကြည့်လိုက်သည်။ သူနာပြုဆရာမ သို့မဟုတ် မီးလောင်လို့ တွန့်လိမ်နေသော မျက်နှာသည် သူ့ကို ချောင်းကြည့်ရန် ထောင့်တွင် ပုန်းနေမည်စိုးလို့ သူက အပြင်ကို တိုက်ရိုက် မထွက်ဝံ့ပေ။

တူကို မြှောက်လိုက်ပြီး ချန်ကော သည် အပြင်ဘက်မှ ထူးထူးခြားခြား ထွက်ပေါ်လာသော အသံများကို နားထောင်ရန် တံခါးကို မှီလိုက်သည်။ ဆယ်စက္ကန့်ကြာတော့ ထူးထူးခြားခြား တစ်ခုခုကို ကြားလိုက်ရသည်။ တံခါးအဖွင့်အပိတ်သံက အခန်းတွေကို တစ်ယောက်ယောက် က လိုက်လံ စစ်ဆေးနေသလိုမျိုး ထွက်ပေါ်လာကာ စင်္ကြံအောက်က ကြမ်းပြင်ကို တုန်ခါသွားစေတယ်။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now