Chapter (201) - ရူးနေတဲ့ အမျိုးသမီး

657 97 10
                                    

Chapter (201) - ရူးနေတဲ့ အမျိုးသမီး

ချန်ကောရဲ့ လည်ချောင်းတွေ ခြောက်အောင် ခေါ်နေပေမယ့်  ကြောင်ဖြူက မလာခဲ့ဘူး။  မိနစ်အနည်းငယ်ကြာပြီးနောက် ချန်ကော လက်လျှော့လိုက်သည်။ ဒီကြောင်က အရမ်းဉာဏ်ကောင်းတယ်။ နေ့လယ်စာ စားချိန်ရောက်မှ သူ့ဘာသာသူ  လာပေမယ့် ချန်နေကာ ထုပ်ပိုးပြီးတာနဲ့ အပြင်ကို ပြေးသွားပြန်တယ်။

သစ်ပင်ကို ကြည့်လိုက်တော့ ချန်ကောက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်တယ်။ သူ့ကျောပိုးအိတ်ကို ကောက်ယူပြီး ပန်းခြံထဲက ထွက်လာခဲ့တယ်။ ဖုန်းဟွာ တိုက်ခန်းကို ရောက်တဲ့အခါ ကောင်းကင်က မှောင်နေပြီ။

ငါ ဒီကိုနောက်ဆုံးရောက်တုန်းက ဒီနေရာအကြောင်း ဒေါက်တာကောင်းက မေးဖို့မေ့သွားတယ်။ ဒီမှာ အဆောက်အဦးတွေက တော်တော်ဟောင်းနေပြီ။ ဒီနေရာမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ကြုံဖူးသလားလို့ တွေးမိနေတယ်။

ချန်ကောက ရဲကပေးတဲ့ အချက်အလက်အတွက် သူ့ဖုန်းကို လှည့်ကြည့်လိုက်တယ်။ လူနာနံပါတ် 2 သည် ဤနေရာတွင် တစ်ကြိမ်တွေ့ဖူးသည်ဟု ဖော်ပြထားသော်လည်း အသေးစိတ်လိပ်စာမရှိပေ။

ဒါက ရှာဖို့ လွယ်မှာမဟုတ်ဘူး။ ရဲတွေက လူနာတစ်ဦးစီအတွက် ကုဒ်ကိုသာ သုံးတဲ့အတွက် သူ့နာမည်တောင် မသိဘူး။ ပုံတစ်ပုံကို အခြေခံပြီး လိုက်မေးရလျှင် ခက်လိမ့်မယ်။

ဖုန်းဟွာ တိုက်ခန်း သည် ကျုတ်ကျန်းမြို့ တွင် အလွန်အဆင့်မြင့်သည်ဟု ယူဆနိုင်သည်။ အရှေ့ဘက်ရှိ အဆောက်အအုံများသည် သက်တမ်းကြာသော အဆောက်အအုံ ခြောက်လုံးရှိကာ သူတို့သည် နောက်ဘက်တွင် ဆောက်ထားသော အဆောက်အအုံအသစ်သုံးလုံးထက် သေးငယ်သည်။ အဆောက်အအုံတစ်ခုစီသည် အထပ်နှစ်ဆယ်ကျော်ရှိပြီး ဝမ့်ရှင်း၏မိသားစုသည် အဆောက်အအုံ အသစ်တစ်ခုတွင်  နေကြသည်။

လုံခြုံရေးအစောင့်တွေကို မေးပြီး စလုပ်သင့်တယ်။

ချန်ကော အခုနေရာတွင် ရှိနေရခြင်း၏ အဓိကအကြောင်းရင်းမှာ Tape သရဲ၏ ဆန္ဒကို ပြီးမြောက် စေရန်ဖြစ်ပြီး သူ့ကို ဝန်ထမ်းအဖြစ် ခန့်အပ်ရန်ဖြစ်သည်။ ဒါက သူ့ရဲ့အဓိကတာဝန်ပါ၊ ဒါပေမယ့် သူ အဲဒီမှာရှိကတည်းက ချန်ကောကလည်း လူနာနံပါတ်နှစ်  အကြောင်းကိုလည်း သိဖို့စိတ်မဝင်စားတော့ဘူး။

လုံခြုံရေးအခန်းသို့ လျှောက်သွားကာ Captain ရန် ပေးထားသည့် ပုံကို ပြရန် ဖုန်းကို ဖွင့်လိုက်သည်။

"တစ်စိတ်လောက်ပါ....ခင်ဗျား  ဒီအမျိုးသမီးကို  အရင်က တွေ့ဖူးလား။"

လူနာနံပါတ်နှစ်  ၏ မျက်နှာတစ်ခုချင်းစီ၏ အသွင်အပြင်များသည် အပြစ်အနာအဆာ ကင်းစင်သော်လည်း မျက်နှာ အစိတ်ပိုင်း အားလုံးကို ပေါင်းစပ်လိုက်သောအခါတွင် မူမမှန်သော  ခံစားချက်တစ်ခုသာ ရှိသည်။  လုံခြုံရေးအစောင့်သည် ချန်ကော၏မေးခွန်းကို မဖြေရုံသာ။ သူက ချန်ကောကို သံသယဖြစ်ဖွယ် တစ်စုံတစ်ယောက်လို  ကြည့်နေသည်။

 "မင်းက ဒီမှာ အိမ်ငှားနေတာ မဟုတ်ဘူးလား။"

"မဟုတ်ဘူး" ချန်ကောက ရိုးရိုးသားသားဖြေလိုက်တယ်။

"ဒါဆို မင်းမေးခွန်းကို ငါဖြေစရာ မလိုဘူး" ထိုလူက အခန်းထဲမှ ထွက်လာရင်း ပြောလိုက်သည်။

"ဒီမိန်းမက ငါတို့ တိုက်ခန်းမှာ အိမ်ငှားနေတယ်ဆိုရင် ငါတို့က သူ့အကြောင်းအချက်အလက်ကို ထုတ်ပြောမှာမဟုတ်ဘူး၊ ပြီးတော့  ငါက သူ့အကြောင်း ဘာမှ မသိဘူး။"


ချန်ကောသည် လုံခြုံရေးအစောင့်၏အပြုမှုကြောင့် ထိတ်လန့်သွားသည်။ ဒီလိုရန်ငြိုးတကြီးဖြစ်မယ်လို့ သူ   မမျှော်လင့်ခဲ့ပေ။

"ရှောင်ကု၊ ဒီလို အရူးအမူး မလုပ်စမ်းနဲ့ "

အခန်းထဲမှာ အစောင့် နောက်တစ်ယောက်ရှိနေပြီး  သူက ချန်ကောနဲ့ စကားပြောတဲ့ သူထက် အများကြီး အသက်ကြီးသည်။ ထိုလူက အသက်ခြောက်ဆယ်ခန့်ရှိပြီဖြစ်ပြီး ပေါ့ပေါ့ပါးပါးအဝတ်အစားသို့ပြောင်းရန် သူ၏ လုံခြုံရေးအ စောင့် ဝတ်စုံကို ချွတ်နေသည်။ သူက ရယ်ရင်း အခန်းထဲက ထွက်လာသည် ။

"သူ့ကို ခွင့်လွှတ်ပေးပါ။  ဒီလိုဖြစ်တာ သူ့အမှားမဟုတ်တဲ့ တစ်ခုခုကြောင့် ဒီမနက်မှာ ကြိမ်းမောင်းခံရပြီး အရမ်းစိတ်မကြည် ဖြစ်နေလို့ပါ "

"ကျွန်တော့် ရဲ့ခံစားချက်က အရမ်းကောင်းပါတယ်။ လောင်ဝမ် ခင်ဗျားသာ  အိမ်အမြန်ပြန်ပါ။ ခင်ဗျား မိသားစုက ခင်ဗျားကို စောင့်နေတယ်။ ကျွန်တော့်ကို ထားခဲ့ပါ" ဟု လုံခြုံရေးအစောင့်လူငယ်က စိတ်မရှည်စွာပြောလိုက်သည်။

"ဒါကို မင်းကို ငါ ထားခဲ့လိုက်ရင် မနက်ဖြန် မင်း ထပ် အဆူခံရလိမ့်မယ်။ မင်းဘယ်တော့မှ သေချာ မလေ့လာဘူး။ ငါတို့ ဧည့်သည်တွေကို ပိုကောင်းကောင်း ဆက်ဆံရင် မင်း အသတ်ခံရမှာမို့လား "

လောင်ဝမ် က သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

 "မင်းကို ငါဘယ်နှစ်ခါပြောပြီးပြီလဲ။ ငါတို့က လုံခြုံရေးဝန်ထမ်းပဲ၊ မင်းရဲ့နှုတ် အပြောအဆို က  ကောင်းမွန်ဖို့လိုတယ်။  မှန်သလား မှားသလားဆိုတာ စ ငါတို့က ဆုံးဖြတ်ရမယ့်နေရာမဟုတ်ဘူး။"

"ဟုတ်ကဲ့ပါ။ ဟန်ဆောင်မှုမပါပဲ တဲ့တိုးပြောတတ်တဲ့ သူကို ကျွန်တော်  လေးစားမိပါတယ်" လို့ ချန်ကောက ပြောလိုက်တယ်။ ဤလူငယ်လုံခြုံရေးသည် အလွန်စိတ်ဝင်စားစရာကောင်းသောသူ ဖြစ်သည်ကို သူ အလိုလိုခံစားမိခဲ့သည်။

 "ပြီးတော့ မင်းကို ငါ ဘယ်လိုခေါ်ရမလဲ "

"ကုဖေးယွီ၊ သူ့ကို ရှောင်ကုလို့ ခေါ်လို့ရတယ်။ သူက ငါတို့ရဲ့ ညစောင့်၊ အရမ်း သတ္တိရှိပြီး ကြင်နာတတ်တဲ့ သူပါ။ ဒါပေမယ့် သူက အပြောဆိုမတတ်ဘူး။ "

 လောင်ဝမ် သည် ကုဖေးယွီ ကို အလွန်ကာကွယ်ပေးနေသည်မှာ ထင်ရှားသည်။

"ညစောင့်လေး... မင်း ဒီနေရာကို ညဘက်လှည့်ပတ် စစ်ဆေးဖို့ လိုသလား"

ချန်ကော၏အာရုံမှာ ကုဖေးယွီ မဟုတ်ပေ။ သူသည် စကားဝိုင်း၏ အကြောင်းအရာကို ဖြည်းညှင်းစွာ ပြောင်း လိုက်သည်။

"ကျွန်တော်တို့ရဲ့ အိမ်ငှားတွေရဲ့ လုံခြုံမှုကို နေ့စဉ်နာရီတိုင်း အာမခံပေးနိုင်ဖို့ ကင်းလှည့်ရတယ်။"
လောင်ဝမ်သည် သူ့ဘောင်းဘီပေါ်မှ ဖုန်မှုန့်များကို ပွတ်သပ်လိုက်သည်။

"စကားမစပ်၊ မင်းတစ်ယောက်ယောက်ကို ရှာနေတာ ဟုတ်တယ်မဟုတ်လား နာမည်ကိုပြောပါဦး၊ ငါဒီမှာ အလုပ်လုပ်နေတာ ဆယ်စုနှစ်တစ်ခုရှိနေပြီ၊ ဒါကြောင့် လူတိုင်းကို   သိလောက်တယ်။"

"သူ့နာမည်မသိပေမယ့် ကျွန်တော့်မှာ သူ့ပုံရှိတယ်။" ချန်ကောက   သူ့ဖုန်းထဲက  ပုံကို ဖွင့်ကာ ကြင်နာတတ်တဲ့ လူကြီးမင်းဆီ ပေးလိုက်သည်။

"ပုံနဲ့ဆို ပိုလွယ်လိမ့်မယ်။"

လောင်ဝမ်က ဖုန်းကို လက်ခံလိုက်ပြီး ခေါင်းငုံ့ကာ ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက စခရင်ပေါ်ကို ရောက်လာတဲ့အခါ  သူ့မျက်နှာက သွေးတွေ စီးကျလာသလို နီရဲလာပြီး  ချန်ကောရဲ့ ဖုန်းက သူ့လက်ချောင်းကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။


"ခင်ဗျား  သူမကိုသိလား?"
ချန်ကောသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ လောင်ဝမ် က ဖုန်းကို အန္တရာယ်ရှိသော အရာတစ်ခုကဲ့သို့ ချန်ကောဘက်သို့ ပြန်ပေး လိုက်သည်။

"ဒီအမျိုးသမီးက အရမ်းအရေးကြီးတယ်။ ကိစ္စတော်တော်များများမှာ သူမ ပါဝင်ပတ်သက်နေတယ်။"
ချန်ကောက Captain ရန် ရဲ့ နာမည်ကို ပြောဖို့ သင့်မသင့်  စဉ်းစားနေတယ်။

"ဒီမိန်းမ ထပ်တွေ့ပြီလား၊ မနေ့က ရဲက သူ့အကြောင်း မေးနေသေးတယ်။" ကုဖေးယွီ သည် တည့်တိုးသမား ဖြစ်လို့ ပွင့်လင်းစွာပြောလိုက်သည်။

"ဒါဆို မင်းက ရဲကို ဘာပြောလိုက်တာလဲ။" ချန်ကောက ပိုလို့တောင် စိတ်ဝင်စားသွားတယ်။

လောင်ဝမ်က ကုဖေးယွီ ကို တားဖို့ လက်လှမ်းလိုက်သည် ။ ရှုပ်ထွေးသောအကြည့်ဖြင့် သူက ပြောလိုက်သည်။

"ဒီအမျိုးသမီးက ရူးနေတာပဲ၊ မနေ့က ရဲကို အဲ့လိုပဲ ပြောခဲ့တယ်"

"အရူးမလား?" ချန်ကောသည် လောင်ဝမ်ရှေ့မှာ ရပ်လိုက်သည်။

 "ခင်ဗျား ရဲ့ မသိသာတဲ့ တုံ့ပြန်မှုအရ ခင်ဗျား  ဒီမိန်းမကို လေးလေးနက်နက် စွဲလန်းနေပုံရတယ်။"

"ဘာမှမဟုတ်ပါဘူး။"

လောင်ဝမ် သည် လူများနှင့်ဆက်ဆံရာတွင် အတွေ့အကြုံပိုရှိခဲ့ပြီး သတင်းအချက်အလက်၏ တစ်ဝက်ကိုသာ ဖော်ပြခဲ့သည်။

"ပုံထဲက အမျိုးသမီးက  ပိုင် ဆိုတဲ့ အမည်ရှိပြီး အဲ့ဒါက နာမည်တုလို့ ငါတို့   သံသယဖြစ်မိတယ်။ ပုံမှာပါတဲ့ အမျိုးသမီးက သူ့ပုံစံနဲ့သူနဲ့ လုံးဝ မတူပါဘူး။"

လောင်ဝမ်၏ မျက်လုံးအောက်ခြေတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေသည်။ သူက အဖြစ်ပျက်ကို ပြန်လည်ပြောပြခဲ့သည်။

"သူမကို ရှင်းရှင်းလင်းလင်း မှတ်မိတာက လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်က ဖုန်းဟွာ တိုက်ခန်း မှာ သူမ ပထမဆုံး ပြောင်းရွှေ့တုန်းက သူ့အခန်းက ညဘက်မှာ ထူးဆန်းတဲ့ အနံ့တစ်ခု ထွက်လာတယ် လို့ အိမ်နီးနားချင်းတွေက  တိုင်တန်းလို့  မှတ်မိနေတာပဲ။"

"ဒါကြောင့်ပဲလား?"

"အစကတော့ အဆင်ပြေပါသေးတယ်။ မြေပိုင်ရှင်က အမျိုးသမီးကို သွားရောက်တွေ့ဆုံပြီး ဆက်သွယ်မှု အချို့ ပြုလုပ်ပြီးနောက် အမျိုးသမီးက သူမရဲ့အမှားကို ဝန်ခံခဲ့တယ်။ သူမ တောင်းပန်ရုံသာမက ငွေကြေးပြန်လျော်ပေး အတွက်လည်း စေတနာအလျောက် ဆောင်ရွက်ပေးခဲ့သေးတယ်။"

"ဒါနဲ့  သူမကို  အရူးလို့ ပြောလို့ မရသေးဘူး မဟုတ်လား?"

ချန်ကောသည် အချက်အလက်များကို စိတ်ထဲကနေ ဆန်းစစ်နေသည်။
  အမျိုးသမီးသည် လွန်ခဲ့သည့် လေးနှစ်က တတိယဖျားနာဆောင်ခန်းမမှ ထွက်ခွာလာခဲ့သည်။ သူမသည် လွန်ခဲ့သော သုံးနှစ်က ဖုန်းဟွာ တိုက်ခန်းသို့ ပြောင်းရွှေ့ခဲ့ပြီး လွန်ခဲ့သော နှစ်နှစ်ခန့်က ဤနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

"နှစ်လ သုံးလလောက်ကြာတော့ သူမရဲ့ အဆောက်အဦးဟာ သရဲခြောက်တယ်လို့ ကောလဟာလတွေ ထွက်လာတယ်။ တစ်စုံတစ်ယောက်က စင်္ကြံမှာ သန်းခေါင်ယံအချိန်မှာ အဖြူရောင် အရိပ်တစ်ခုတွေ့ရတယ်လို့ ပြောလာတယ်။ အိမ်ငှားသူတချို့က ညသန်းခေါင်မှာ တံခါးအပြင်ဘက်မှာ ကုတ်ခြစ်သံကြားရပြီး 'အိမ်မှာ တစ်ယောက်ယောက်ရှိလား' လို့ မေးတဲ့ အမျိုးသမီးရဲ့ စကားသံ တိုးတိုးလေးနဲ့ အိမ်မှာ ဘယ်သူမှ မရှိရင် ငါဝင်မယ်' လို့ပြောသံကို ကြားလိုက်ရသေးတယ်လို့ ပြောတယ်။"

"ဒါက နောက်ပြောင်မှုထက် ပိုဆိုးတယ်၊ ဒါကြောင့် လုံခြုံရေးအဖွဲ့က အဲ့လူနဲ့အတူ ငါတို့ကို အဆောက်အဦးထဲမှာ ရပ်စောင့်ခိုင်းတယ်။ ဒါပေမယ့် ထူးဆန်းတာက ငါတို့ တာဝန်ကျတိုင်း အဖြူရောင်အရိပ်နဲ့ အမျိုးသမီးရဲ့ အသံက ပေါ်လာမှာမဟုတ်ဘူး။ ငါတို့နှင့်အတူတူ လိုက်ရှာကြသေးတယ်။ ဒါပေမယ့် ငါတို့က  သံမဏိနဲ့လုပ်ထားတာ မဟုတ်ဘူး။ နှစ်ပတ်ကြာအောင် လောင်းကြေးထပ်ပြီး ဆက်တိုက်စောင့်ပေမယ့် မတွေ့လို့ တော်တော်များများက လက်လျှော့လိုက်ကြတယ်။ အဲဒီနောက် တစ်လလုံးလုံး အဖြူရောင်အရိပ်နဲ့ အမျိုးသမီးရဲ့အသံက မပေါ်တော့ဘဲ သရဲခြောက်တဲ့ ကိစ္စပြီးသွားပြီလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့်လည်း အဆောက်အဦးကို ညတိုင်း ကင်းလှည့်ဖို့ လုံခြုံရေး အစောင့်နှစ်ယောက်ကို ထားဖို့ ငါတို့ကို အထက်က အမိန့်ပေးနေတုန်းပါပဲ။"

"ဒုတိယလမှာ ကျွန်တော်နဲ့အတူ အဆောက်အဦးကို ကင်းလှည့်ရမယ့် လုပ်ဖော်ကိုင်ဖက်က အရေးပေါ် ဖြစ်လို့ အလုပ်ထဲက ထွက်ခွာခဲ့ပြီး အဲဒီနေရာကို ကျွန်တော်တစ်ယောက်တည်း စောင့်နေရလို့  လှည့်မကြည့်ရဲ ခဲ့ဘူး။ စိတ်မကောင်းစွာနဲ့ပဲ အိမ်ငှားတစ်ယောက်ဆီက ဖုန်းပြန်ဝင်လာတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က နံပါတ်တုတ်ကို ကိုင်ပြီး အဲဒီအိမ်ငှားနေတဲ့ အထပ်ကို  ဓာတ်လှေကားနဲ့ တက်သွားခဲ့တယ်။ တံခါးဖွင့်လိုက်တာနဲ့ မနီးမဝေးက တံခါးတစ်ဖက်မှာ အရိပ်အဖြူတစ်ခု လဲနေတာကို တွေ့လိုက်ရတယ်၊ သူမရဲ့ နှုတ်ခမ်းတွေက 'အိမ်မှာ တစ်ယောက်ရှိလား? အိမ်မှာ ဘယ်သူမှ မရှိရင် ငါ ဝင်လာမယ်' လို့ပြောလိုက်သံကို ကြားလိုက်ရတယ်"

လောင်ဝမ် ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ထိုစကားကို ပြောပြီးသည်နှင့် တုန်ယင်သွားသည်။   အခုချိန်ထိ အဲဒီ့အမှတ်တရအကြောင်းကို တွေးကြည့်မိတိုင်း ကြောက်လန့်တကြားဖြစ်နေတုန်းပါပဲ။

"အဲဒီအဖြူရောင်အရိပ်က ရူးနေတဲ့ မိန်းမလား?"

 ချန်ကောသည် ထိုအချိန်တွင် လောင်ဝမ်မည်ကဲ့သို့ ခံစားရမည်ကို စိတ်ကူးကြည့်နိုင်သည်။

***********-***************

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now