Chapter (102+103)(Z+U)

1K 239 9
                                    

Chapter (102)_ ဆုလာဘ္ - ေဘာပင္နတ္ကို ဌားရမ္းျခင္း

" မစ္ရွင္ ဆုလာဘ္ - ေဘာပင္ေစာင့္နတ္ကို ေက်နပ္ေအာင္ သူ  ၏ဆႏၵကိုျဖည့္ဆည္းေပးပါ။ ထိုမစ္ရွင္ေအာင္ျမင္လွ်င္ သရဲအိမ္အတြက္ ဝန္ထမ္းတစ္ေယာက္ ဌားရမ္းႏိုင္လိမ့္မယ္"

Chen Ge သည္ ထိုစာေၾကာင္းကိုေတြ႕ေတာ့ တကယ့္တေစၦကို အလုပ္သမားအျဖစ္ငွားရမ္းျခင္းဆိုတဲ့ သူ႔အိပ္မက္ မၾကာမွီျပည့္လာ ေတာ့မည္ဟု  သူမေမွ်ာ္လင့္ခဲ့မိေပ။

သူသည္အနက္ေရာင္ဖုန္းဆီက ပထမဆုံးအႀကိမ္ မတ္ေဆ့ခ်႕္ကို လက္ခံရရွိခ်ိန္မွစၿပီး ဝိဉာဥ္အဖြဲ႕ဝင္မ်ား ဘယ္သူ တိုးလာမလဲလို႔ အာ႐ုံစိုက္ေပမယ့္ ဘာမွ တိုးမလာခဲ့ေပ။   တခ်ိဳကအေၾကာင္းျပခ်က္မ်ားေၾကာင့္ ေရွာင္းေရွာင္ ႏွင့္ က်န္းယာကိုလည္း ဌားလို႔မရခဲ့ေပ။ ဒါေၾကာင့္ သူလည္း ေမွ်ာ္လင့္ခ်က္ကို စြန႔္လႊတ္ထားေတာ့မွ ဖုန္းအနက္က ခုလို စာပို႔လာၿပိး မစ္ရွင္တစ္ခုေပးလာခဲ့သည္။

ေဘာပင္ဝိညာဥ္က လုပ္ႏိုင္စြမ္းအမ်ားႀကီးရွိၿပီး အနာဂါတ္ကို ေဟာေျပာႏိုင္သည့္အျပင္ ဧည့္သည္မ်ားကိုလည္း မိတ္ကပ္မလိုပဲ ေျခာက္လွန႔္ႏိုင္ေသာေၾကာင့္ သူ႔အတြက္ အေကာင္းဆုံး ဝန္ထမ္းျဖစ္သည္။

သူမရဲ႕ဆႏၵျပည့္ဝေအာင္ကူညီၿပီး ေဘာပ္ဝိညာဥ္ကို ငါ ရေအာင္ ယူမယ္။

အနက္ေရာင္ဖုန္းကိုျပန္အိတ္ကပ္ထဲထည့္ၿပီးတဲ့ေနာက္ Chen Ge ဟာ လူအုပ္ထဲကို ၀ င္လိုက္သည္။ ခ်င္ကြမ္းစတူဒီယို မွလူနည္းစုသည္ ပစၥည္းကိရိယာမ်ားႏွင့္လက္ေတာ့ပ္မ်ားကိုထုပ္ပိုးေနၾကသည္။ သူတို႔ထြက္ခြာရန္ အဆင္သင့္ျဖစ္ေနပုံရသည္။

"မင္းတို႔ ဒီအတိုင္း ထြက္သြားလို႔ရတယ္လို႔ ဘယ္သူေျပာတာလဲ။"

Chen Ge သည္ ဖိန႔္ယိုေလ်ာင္ ဆီသို႔လမ္းေလွ်ာက္လာၿပီး   သူ၏အိတ္ကပ္ထဲမွ နာမည္ကတ္ျပားတစ္ခုကို ဆြဲထုတ္ခဲ့သည္။ ဖုန္တက္ေနေသာ နာမည္ကက္ျပားတစ္ခုတြင္ ခ်န္ယာ့လင္ဆိုသည့္   အမ်ိဳးသမီးအမည္ ရွိေနသည္။

"မင္းက သရဲေျခာက္တဲ့အိမ္ကေန နာမည္ကဒ္ျပားကို ခိုးယူမလို႔လား။ ဒီနာမည္ကဒ္ျပားက ဖိန႔္ယို႔ေလ်ာင္ပိုင္တဲ့ဟာလို႔ မေျပာနဲ႔... "

ခ်င္ကြမ္း စတူဒီယိုမွလူမ်ားသည္ တစ္ ဦး ကိုတစ္ ဦး ၾကည့္ၾကသည္။ သူတို႔က ဖိန႔္ယို႔ေလ်ာင္ထံတြင္ ဒီဟာရွိေနတာကို မသိၾကေပ။

"Xiao Chen၊ ဒါကို ဦးေလးကိုင္တြယ္လိုက္ပါ့မယ္"

ဦး ေလး႐ႊီ က ျပသနာတက္မည္စိုးသျဖင့္  Chen Ge ေရွ႕က ပိတ္ကာ ေျပာလိုက္သည္။

" ပထမ ဦး ဆုံးအေနနဲ႔ သူတို႔ရဲ႕လက္ေတာ့ပ္ထဲက ဗီဒီယိုအားလုံးကို ဖ်က္ပစ္ဖို႔ လိုတယ္၊ ဒါမွမဟုတ္ရင္ ဒီေနရာကေန မထြက္ရဘူး။ သရဲေျခာက္တဲ့အိမ္တြင္းရွိ အရာမွန္သမွ်ကို တည္ေဆာက္ဖို႔ ကြၽန္ေတာ္က ေငြကုန္ခံ အခ်ိန္ကုန္ခံၿပီး ႀကိဳးစားခဲ့တယ္။ ဒီလိုမ်ိဳး အလကား အျဖစ္မခံႏိုင္ဘူး။ "

ဗြီဒီယိုကို အမ်ားျပည္သူသိေအာင္ ထုတ္ေပးမယ္ဆိုရင္ သရဲေျခာက္တဲ့အိမ္ဟာ ထိခိုက္နစ္နာမႈမ်ားစြာႀကဳံရမည္ကို ဦး ေလး ႐ႊီ  နားလည္ခဲ့သည္။ သူသည္ ခ်င္ကြမ္း စတူဒီယိုမွလူမ်ားအား အနီးကပ္ေစာင့္ၾကည့္ခဲ့ၿပီး ဗီဒီယိုအားလုံးကို လက္ပ္ေတာ့ပ္မွ ပယ္ဖ်က္ၿပီးေနာက္ ပန္းၿခံမွစီမံခန႔္ခြဲမႈသို႔ပို႔ေဆာင္ခဲ့သည္။ ဒီလူေတြရဲ႕ အျပဳအမူက ပန္းၿခံကိုဆိုးက်ိဳးသက္ေရာက္ေစႏိုင္ၿပီး၊ ပန္းၿခံနာမည္ကို ထိခိုက္ႏိုင္ေသာေၾကာင့္ စည္းကမ္းအတိုင္းအေရးယူဖို႔လိုအပ္သည္။
ဦးေလး႐ႊီက လူအနည္းငယ္ကိုေခၚေဆာင္သြားၿပီးေနာက္ Chen Ge က သူတို႔ကိုစိတ္ထဲမွ ထုတ္ပစ္လိုက္သည္။ တစ္နည္းအားျဖင့္ သူက Pen Spirit ကိုေဒါသ  ထြက္မိေအာင္ လုပ္မိသည့္ ထိုသူတို႔ကိုသနားေနမိခဲ့သည္။

သူတို႔ထြက္ခြာသြားၿပီးေနာက္ Xu Wan သည္ သရဲေျခာက္သည့္အိမ္ထဲမွ ထြက္လာၿပီးေမးလိုက္သည္။

 "သူေဌး  ညေနခင္းပိုင္း ကြၽန္မတို႔ အလုပ္ဆက္လုပ္ၾကဦးမလား "

"ဒါေပါ့။"

Chen Ge သည္ လက္မွတ္ခန္းသို႔ျပန္သြားၿပီးေနာက္ မူလက ၿငိမ္သက္ေနေသာ လူအုပ္က သူ႔ကို႐ုတ္တရက္ ဝိုင္းေမးလိုက္သည္။

"အစ္ကို၊  ဖိုရမ္မွာေက်ာင္းျမင္ကြင္းနဲ႔ပတ္သက္ၿပီး ဘာမွမေျပာထား ပါလား...  ဒီဟာက ေသာက္ရမ္းကို စိတ္ ၀ င္စားစရာေကာင္းတယ္!"

"ေက်ာင္းကိုသြားဖို႔ လက္မွတ္က ေဈးအတူတူပဲလား?"

"တစ္ခ်ိန္တည္းမွာေလးေယာက္ဝင္လို႔ရမလား။ ငါအရမ္းစိတ္လႈပ္ရွားၿပီး တစ္ခ်ိန္တည္းမွာေၾကာက္လန႔္ေနမိတယ္။ တစ္ေယာက္ေယာက္က ငါ့ကိုကိုင္ထားၾကပါဦးဟ!"

Chen  Ge သည္ ဖိန႔္ယို႔ေလ်ာင္ႏွင့္ က်ဳးက်င့္နင္တို႔၏ မေမွ်ာ္လင့္ သည့္ အေျခအေနျဖင့္ ပရိတ္သတ္ အေကာင္းျမင္လိမ့္မည္ဟု ထင္မထားမိေပ။   လူအုပ္ကိုၾကည့္လိုက္ေတာ့ သူတို႔အမ်ားစုသည္ ေက်ာင္းသားမ်ားျဖစ္သည္ကို သေဘာေပါက္လိုက္သည္

"စိတ္မေကာင္းပါဘူး။  မေတာ္တဆမႈအခ်ိဳ႕ေၾကာင့္ ေက်ာင္းျပကြက္ကို ႏွစ္ရက္ေလာက္ျပန္ျပင္ဖို႔အတြက္ ဒီဇာတ္လမ္းကိုေခတၱပိတ္ထားပါတယ္"

ဖိန႔္ယို႔ေလ်ာင္ႏွင့္ က်ဳးက်င့္နင္တို႔သည္ အေကာင္းဆုံးစမ္းသပ္ သားေကာင္ေတြျဖစ္ၿပီး  အေတြ႕အႀကဳံအရ  သူ ဘာမွ လုပ္စရာမလိုပဲ ေက်ာင္းခန္းေတြက ဧည့္သည္ေတြကို အလိုေလ်ာက္ ေျခာက္လွန႔္ႏိုင္သည္။ ဒါေပမယ့္ မေသခ်ာမႈေတြရွိေနေသာေၾကာင့္ မစြန႔္စားခ်င္ေသးေပ။

ဒါဟာအစပိုင္းတြင္ သန္းေခါင္ယံည လူသတ္သမား ျမင္ကြင္းန်င့္ အတူတူပင္ျဖစ္သည္။ ေရွာင္းေရွာင္က အစက ဧည့္သည္ေတြေနာက္ကို လိုက္လံေျခာက္လွန႔္ခဲ့ၿပီး သူက သူတို႔ရင္ထဲက မေက်နပ္မႈကို ေျဖရွင္းေပးႏိုင္ေတာ့မွာ ထိုျပကြက္ထဲက ဝိဉာဥ္ေတြနဲ႔ ရင္းႏွီးလာၿပီး အေျခေနက တိုးတက္လာခဲ့တာျဖစ္သည္။ အခု မုယန္အထက္တန္းေက်ာင္းတြင္လည္း အခဲမေၾကသည့္ ဝိဉာဥ္မ်ား၏ ျပသနာကို ေျဖရွင္းေပးဖို႔လိုသည္။ ဒါမွ ဧည့္သည္မ်ားကို ေဘးကင္းစြာ ဝင္ကစားခြင့္ျပဳႏိုင္မည္ျဖစ္သည္။

သရဲအိမ္က ဧည့္သည္မ်ားကို ဆက္လက္ လက္မွတ္ေရာင္းေပးေနၿပီး ခ်န္ကြမ္းစတူဒီယိုက လူေတြကို ေမ့သြားခဲ့သည္။  ညေန ၄ နာရီတြင္ ပန္းၿခံသို႔လာေရာက္လည္ပတ္သူ ဦး ေရေလ်ာ့က်သြားသည္။ Chen Ge က  ႐ႊီဝမ္ကိုဖုန္းဆက္ၿပီးေစာေစာစီးစီး အလုပ္နားေစခဲ့သည္။ ႐ႊီဝမ္ထြက္ခြာသြားၿပီးေနာက္ သူက မူယန္အထက္တန္းေက်ာင္း ဇာတ္လမ္းထဲသို႔ ဝင္ခဲ့သည္။

ဒါက  Chen Ge ၏ပထမဆုံးေသာၾကယ္ႏွစ္ပြင့္ ဇာတ္လမ္းျဖစ္သည္။ ေက်ာင္း၏ျမင္ကြင္းရွိရာ ိုေျမေအာက္ကားရပ္နားရာေနရာသို႔ ေပါက္သည့္ လွကားထစ္သို ဆင္းလာခဲ့သည္။ Chen Ge ကေျမေအာက္ကားပါကင္ကို မည္သို႔ ခ်ဲ႕ထြင္ခဲ့ပါေစ ၀ င္ေပါက္ကို မေျပာင္းလဲႏိုင္သည့္အတြက္ သူ၏ ဧည့္သည္မ်ားက စစခ်င္း ပထမဆုံးေၾကာက္မက္ဖြယ္ျမင္ကြင္းႏွင့္ အရင္ႀကဳံရမည္ျဖစ္သည္။

သူသည္လက္ႏွိပ္ဓာတ္မီးကိုဖြင့ ္၍ ပိတ္ထားေသာစာသင္ခန္းဆီသို႔ ဦး တည္ခဲ့သည္။ အဆိုပါ ဆရာစားပြဲအေပၚနာမည္ကဒ္ျပားမ်ားတင္ ထားခဲ့ေပမယ့္ နာမည္ကဒ္တစ္ခု  ေပ်ာက္ဆုံးေနခဲ့သည္။

"မင္းတို႔ ၾကားရလား?"

 Chen Ge သည္တံခါးဝ၌ရပ္ကာ အခန္းထဲသို႔ လွမ္းၿပီး စကားေျပာ ခဲ့သည္။ ယူနီေဖာင္းမ်ားသည္ သူတို႔၏ထိုင္ခုံမ်ားေပၚတြင္ ရွိေနေပမယ့္ ဘယ္သူမွ ျပန္မေျဖခဲ့ပါ။

ေခါင္းကိုခါၿပီးေနာက္ Chen Ge သည္ အမ်ိဳးသမီးအေဆာင္ဘက္ သို႔ သြားခဲ့သည္။ သူက က်ိဳးေနေသာေဘာပင္ကိုေကာက္ကိုင္ လိုက္ၿပီး သူ႔အိတ္ကပ္ထဲ ထည့္လိုက္သည္။ ထို႔ေနာက္ သူသည္လမ္းဆုံ၏ အျခားအဆုံး၌ ေရတြင္းဘက္သို႔ဦးတည္လာခဲ့သည္။

ဗီဒီယိုထဲမွာ ဖိန္းယို႔ေလ်ာင္ဟာ ဒီေရတြင္းနားမွာ သူ႔ကိုယ္သူ စကားေျပာေနသည္။

ထိုအခ်ိန္က သူ႔အား မေက်မခ်မ္းျဖစ္ေနေသာ ဝိညာဥ္မ်ားက သူ႔ကို စီးထားသည္။ ထို႔ေၾကာင့္ သူသည္ ဘာသံကိုၾကားၾကား ဘာမွမျဖစ္သလို   Chen Ge သည္ေရတြင္းထဲကိုငုံ႔ၾကည့္လိုက္သည္။ ႏွစ္မီတာ၊ သုံးမီတာနက္သည္။ တစ္ေယာက္ေယာက္က အဲဒီထဲကိုက်ရင္ေတာင္ သူတို႔ ဒဏ္ရာရမွာ မဟုတ္ဘူး။ သူတို႔ က ဖိန္းယို႔ေလ်ာင္ကို ဘာေတြ ေျပာတာလဲ။ ဒီေရတြင္းရဲ႕ေနာက္မွာ ေနာက္ထပ္လွ်ိဳ႕ဝွက္ခ်က္ ရွိေနသလား။

Chen Ge သည္ ညဘက္၌ တစ္မိနစ္သာေပၚေပါက္လာမည့္ ေရခ်ိဳးခန္းမွန္ထဲရွိ တံခါးကို သတိရသြားသည္။ ထို တံခါးႏွင့္ပတ္သတ္ၿပီး အခုထိ သူ အေျဖမရခဲ့ေပ။ အရာအားလုံးကို စစ္ေဆးၿပီးေနာက္ Chen Ge သည္ေျမေအာက္ကားရပ္နားရာေနရာမွ ထြက္ကာသစ္သားဘုတ္မ်ားျဖင့္ ပိတ္ဆို႔ထားလိုက္သည္။

သူကတံခါးေသာ့ခတ္ၿပီးေနာက္ ပန္းၿခံစီမံခန႔္ခြဲမႈ႐ုံး ဆီသို႔ ဦး တည္လာခဲ့ၿပီး သူေခ်းထားသည့္ ပိုက္ဆံ  5000  ျပန္လာေပးၿပီး ခ်င္ကြမ္းစတူဒီယိုကလူေတြနဲ႔ ပတ္သက္တဲ့ေနာက္ဆုံးသတင္းကို ေမးခဲ့သည္။  ဦး ေလး႐ႊီက ကိစၥရပ္ေတြကိုဂ႐ုစိုက္ လုပ္ၿပီးၿပီလို႔ေျပာခဲ့သည္။

 Chen Ge သည္ ပန္းၿခံမွထြက္လာၿပီးေနာက္ စစ္ေဆးေရးမႉးလီ အား ဖုန္းဆက္ခဲ့သည္။ ဖုန္းတဖက္တြင္ အသက္ရႈသံကိုပဲ ၾကားေနရသည္။

"ဦး ေလး စန္းေပါင္းလား?"

"မင္း ဒီတခါ ဘာသိထားျပန္ၿပီလဲ "

"လူတစ္ေယာက္ကို ရွာေတြ႕ဖို႔ ဦးေလးရဲ႕အကူအညီ လိုေနတယ္။"

"လူသတ္တရားခံ မဟုတ္ဘူး မလား"

"မဟုတ္ပါဘူး၊ သာမာန္ေက်ာင္းသားတစ္ေယာက္ပါ"

အတည္ျပဳအေျဖကိုလက္ခံရရွိၿပီးေနာက္, အျခားတဖက္တြင္ ေျခသံကို ၾကားလိုက္ရသည္။လူေတြက  ဖုန္းေျဖေနသံေတြ၊ စာ႐ြက္မ်ား ဖိုင္မ်ားကိုလွန္ေနသံေတြကို ၾကားလိုက္ရသည္။

စစ္ေဆးေရးမႈးလီက  သက္ျပင္းခ်ၿပီးေျပာလိုက္သည္။

"တစ္ပတ္အတြင္း ေလးႀကိမ္ေတာင္။ မင္း ငါ့လူေတြကို ဖိအားေပးတာ အေတာ္မ်ားေနၿပီ...."  

"ကြၽန္ေတာ္ရွာေနတဲ့သူက  ခ်န္ယာ့လင္ပါ။ လြန္ခဲ့တဲ့သုံးႏွစ္က မုယန္ အထက္တန္းေက်ာင္းက သားေကာင္ျဖစ္ခဲ့ဖူးတယ္"

"သားေကာင္လား။ မင္းက ေသၿပီးသားလူကိုရွာေနတာေပါ့  "

=============================

Chapter (103)_ လြတ္ေျမာက္ခဲ့သူ တစ္ဦး

စစ္ေဆးေရးမႉးလီ က သူ၏အသံကိုေလွ်ာ့ခ်လိုက္သည္။

"တကယ္ဘာေတြျဖစ္ေနတာလဲ။ ငါ့ကို ရွင္းရွင္းလင္းလင္း ရွင္းျပပါ ဦး"

"ဒီတစ္ႀကိမ္ေတာ့ လူသတ္မႈမဟုတ္ဘူး။ ကြၽန္ေတာ္ သူမရဲ႕အခ်က္အလက္ေတြကိုပဲ ၾကည့္ခ်င္လို႔ပါ"

"မင္းက ေနာက္ေနတာလား၊ ငါတို႔ ျပည္သူတစ္ေယာက္ရဲ႕  သတင္း အခ်က္အလက္ေတြကို လြယ္လြယ္ေပးႏိုင္မယ္လို႔ ထင္ေနသ လား။ တျခားဘာမွမရွိဘူးဆိုရင္ ငါဖုန္းခ်လိုက္ေတာ့မယ္"

စစ္ေဆးေရးမႉးလီ ဖုန္းခ်သြားေတာ့   Chen Ge ေမွ်ာ္လင့္ခ်က္ကင္းမဲ့သည္ဟု ခံစားခဲ့ရသည္။ သူ ဘာလုပ္ရမွန္းမသိေအာင္ျဖစ္ေနစဥ္တြ သူ၏ဖုန္းက တုန္ခါလာခဲ့သည္။ ဒါဟာ စစ္ေဆးေရးမႈးလီဆီကေန မက္ေဆ့ခ္်ပို႔လာတာျဖစ္သည္။

"အမႈမွတ္တမ္းေတြကို လူသိရွင္ၾကား မထုတ္ျပန္ႏိုင္ဘူး။ ဒါေပမယ့္ မင္းက ည ၇ နာရီ ည ၈ နာရီဝန္းက်င္ေလာက္ ေရာက္ေအာင္လာႏိုင္ရင္ မင္းကိစၥက အရမ္းေလးနက္တယ္ဆိုရင္ ဖိုင္ေတြကိုၾကည့္ဖို႔ ငါ ကူညီေပးႏိုင္တယ္"

 Chen Ge  က စာကိုဖတ္ၿပီးသည္ႏွင့္ ခ်က္ခ်င္းနားလည္သြားသည္။ ႐ုံးမွာ လူအမ်ားအျပားရွိႏိုင္တယ္၊ သူ႔ေဘးပတ္ပတ္လည္မွာ မ်က္စိမ်ား၊ နားမ်ားရွိေနလို႔ သူက ဘာမွကတိမေပးႏိုင္ဘူး။

"ဦး ေလးလီ၊ ဦးေလးဆီမွာ မုယန္အထက္တန္းေက်ာင္းနဲ႔ပတ္သတ္တဲ့ ဘာမွတ္တမ္း ရွိသလဲ။ ဘာေၾကာင့္ ေက်ာင္းပိတ္လိုက္တာလဲ။ ဘာလို႔ ဒီေလာက္မ်ားတဲ့ သဘာဝလြန္ဇာတ္လမ္းေတြ ဒီေလာက္မ်ားေနရတာလဲ"

အခ်ိန္အၾကာႀကီးေနမွ စစ္ေဆးေရးမႈးလီ၏ျပန္စာ ေရာက္လာသည္။

"ဒီေက်ာင္းကိုမီးသၿဂႋဳဟ္တဲ့ေနရာမွာ တည္ေဆာက္ထားတာျဖစ္လို႔ေျမက အရမ္းေဈးခ်ိဳတယ္။ ဒါေပမယ့္ဒီလို ျပသနာေတြေၾကာင့္ ေနာက္ပိုင္းမွာ ဘယ္သူမွ ၀ ယ္ခ်င္ၾကတာ မဟုတ္ဘူး။ ေနာက္ပိုင္းမွာ ခ်န္ လို႔ေခၚတဲ့  အဘိုးအိုက ၀ ယ္ခဲ့တယ္။ သူက ဒီေနရာမွာ မိဘမဲ့ေဂဟာတစ္ခုကို တည္ေဆာက္ခဲ့တယ္။ ႏွစ္အနည္းငယ္အၾကာမွာ က်ဳတ္က်န္းၿမိဳ႕ရဲ႕ ကေလးေစာင့္ေရွာက္ေရးေဂဟာကို  တည္ေထာင္ခဲ့တယ္။ ဒါေၾကာင့္ အဘိုးအိုဟာ ေနာက္ပိုင္း ႀကီးလာတဲ့ မိဘမဲ့ကေလးေတြကို ပညာသင္ၾကားေပးဖို႔ ေက်ာင္းေတြကို လွည့္ပတ္ၿပီး အပ္ဖို႔လုပ္ေပမယ့္ ဘယ္ေက်ာင္းမွ ဒီကေလးေတြကိုလက္မခံေပးခ်င္ၾကဘူး။  မိဘမဲ့ေဂဟာမွာ က်န္ရစ္ခဲ့တဲ့ကေလးေတြက ပိုမ်ားလာတယ္ ။ ေ႐ြးခ်ယ္စရာမ်ားမရွိေတာ့သည့္အတြက္  ေဂဟာပိုင္ရွင္က ေက်ာင္းဖတ္စာအုပ္ေတြကို ဝယ္ၿပီး ကေလးေတြကို ကိုယ္တိုင္ ပညာသင္ၾကားေပးခဲ့တယ္။ ဒီအျဖစ္အပ်က္ကို ေဒသခံသတင္းေတြက ေဖာ္ျပၿပီးေနာက္ သက္ဆိုင္ရာအစိုးရအဖြဲ႕ေတြကို အသိေပးခဲ့တယ္။ အစိုးရအရာရွိေတြနဲ႔ ေဆြးေႏြးမႈလုပ္ၿပီးေနာက္ မိဘမဲ့ေဂဟာက ကေလးေတြကို မုယန္အထက္တန္းေက်ာင္းကို႔ေျပာင္းၿပီးတက္ေရာက္ ေစခဲ့တယ္။ အဖိုးအိုက ေမြးစားထားတဲ့ ကေလးေတြက မုယန္ေက်ာင္းရဲ႕ ပထမဆုံးေသာ ေက်ာင္းသားေတြျဖစ္လာတယ္။ "

မုယန္အထက္တန္းေက်ာင္းသည္ရႈပ္ေထြးခက္ခဲသည့္သမိုင္းေၾကာင္းရွိလိမ့္မည္ဟု မေမွ်ာ္လင့္ခဲ့မိေပ။

 "စစ္ေဆးေရးမႈး ဦးေလးလီ,  ပထမ ဦး ဆုံး အသုတ္မွာ ေက်ာင္းသားဘယ္ႏွစ္ေယာက္ရွိခဲ့တယ္ဆုိတာကို ဦးေလး ရွာလို႕ရမလား? ဦးေလးတုိ႕ဆီမွာ ဒီလို သတင္းအခ်က္အလက္မ်ိဳးရွိသလား"

မိနစ္ (၂၀) ​​ၾကာၿပီးေနာက္ စစ္ေဆးေရးမႉးက သူ႔ကိုတိုက္႐ိုက္ဖုန္းဆက္ခဲ့သည္။

 "Xiao Chen၊ အခု ငါမွတ္တမ္းဖိုင္သိ္မ္းဆည္းတဲ့ အခန္းထဲမွာရွိေနတယ္။ မုယန္အထက္တန္းေက်ာင္းနဲ႔သက္ဆိုင္တဲ့ဖိုင္ အမ်ားစုကို လူသတ္မႈျပသနာေျဖရွင္းၿပီးကတည္းက ၿမိဳ႕ေတာ္ရံုးခ်ဳပ္ကသိမ္းသြားၿပီ"

"ဦး ေလးလီ ကြ်န္ေတာ္ တခုပဲ အတည္ျပဳခ်င္တယ္။ ပထမဆုံးေက်ာင္းသားအုပ္စုထဲမွာ ခ်န္ယာ့လင္ နဲ႔ ဝမ္ရွင္း ဆိုတဲ့မိန္းကေလးေတြရွိလား။ "

"ငါ ၾကည့္လိုက္ဦးမယ္။ မုယန္အထက္တန္းေက်ာင္းကို စေဆာက္တုန္းက ပထမဆံုး ေက်ာင္းသား  ၂၅ ေယာက္ရွိခဲ့တယ္။ သူတို႔အားလုံးဟာမူလကမိဘမဲ့ေဂဟာကေနပါ"

စစ္ေဆးေရးမႉးလီက  စာမ်က္ႏွာမ်ားကိုလွန္ေလွာၾကည့္လိုက္သည္။  

"ႏွစ္ဆယ့္ငါးေယာက္လား?"

ဒီနံပါတ္သည္နီးကပ္ေသာ္လည္း ယူနီေဖာင္းအေရအတြက္ႏွင့္ မကိုက္ညီေပ။

 " အမွန္ပါပဲ၊ ဒါေပမယ့္... အသက္ရွင္က်န္ရစ္သူတစ္ ဦး ေတာ့ရွိခဲ့တယ္။ မင္းေျပာခဲ့တဲ့ မိန္းကေလး ဝမ္ရွင္းပဲ"

"က်န္တဲ့သူေတြက မေတာ္တဆမႈတစ္ခုျဖစ္သြားတာလား"

"ကံမေကာင္းအေၾကာင္းမလွစြာနဲ႕ပဲ ဝမ္ရွင္းနဲ႕ တခန္းထဲ အတူတူေနတဲ့   ခ်န္ယာ့လင္ က အိပ္ခန္းထဲမွာ ႀကိဳးဆြဲခ် ေသသြားခဲ့တယ္။ ေနာက္ပိုင္း ေက်ာင္းသားေတြ အေပ်ာ္ခရီးထြက္ႀကတာ.... ကားေမွာက္ျပီး ကားသမားအပါအဝင္ ေက်ာင္းသား ၂၃ ေယာက္ ပြဲခ်င္းျပီးေသ သြားခဲ့တယ္။ ဝမ္ရွင္းတစ္ေယာက္ပဲ လြတ္ခဲ့တယ္။

 "အသက္ရွင္က်န္သူတစ္ ဦး ႏွင့္ အတူ စုစုေပါင္း လူႏွစ္ဆယ္ငါး ဦး ။ "

Chen Ge က ေက်ာင္းဝတ္စုံ ၂၄ ခုကို အမွတ္ရသြားခဲ့ၿပီးေက်ာင္းသား ၂၄ ေယာက္၏စိတ္မ်ားသည္ စာသင္ခန္းသို႔ အဘယ္ေၾကာင့္ ျပန္လာရေၾကာင္း သူ တျဖည္းျဖည္း နားလည္လာ ခဲ့သည္။ ဒါဟာ သူတို႔အတြက္  နက္ရႈိင္းတဲ့အဓိပၸာယ္ရွိလို႕ပဲ။ ဒါက သူတို႔အိမ္ပဲ။

"အျခား သိခ်င္တာေတြရွိေသးလား။  မရရွိရင္ ငါ အလုပ္ျပန္လုပ္ေတာ့မယ္"

"ေနာက္ဆုံးေမးခြန္းတစ္ခုရွိေသးတယ္။ အသက္ရွင္က်န္ရစ္တဲ့ကေလးကို ကြ်န္ေတာ္ ဘယ္လို ဆက္သြယ္လို႕ရမလဲ "

ဝမ္ရွင္းက ဝိညာဥ္ ရွာေဖြေနသူျဖစ္ေၾကာင္းအတည္ျပဳခဲ့သည္။

"ခ်န္ယာ့လင္ရဲ႕ အျဖစ္အပ်က္ေၾကာင့္ စိတ္မေကာင္းျဖစ္ျပီး ဝမ္ရွင္းကို ေဆး႐ုံတင္ခဲ့ရတယ္။ ေနာက္ေတာ့  ၾကင္နာတတ္တဲ့ လင္မယား စုံတြဲတစ္တြဲက သူမကို ေမြးစားခဲ့တယ္လို႕ ငါ ၾကားခဲ့ရတယ္။ ကေလးေမြးစားတဲ့  ဝက္ဘ္ဆိုက္ကေန ရွာရင္ မင္း သိနိုင္လိမ့္မယ္။ ဝမ္ရွင္းရဲ႕  ျဖစ္ရပ္က ထူးျခားတာေၾကာင့္ သူမရဲ႕ မွတ္တမ္းေတြရွိိနိုင္တယ္။ "

ဖုန္းဆက္ၿပီးသည့္ေနာက္ Chen Ge သည္ Inspector Lee ၏ အႀကံျပဳခ်က္ကို လိုက္နာၿပီး ဝက္ဘ္ဆိုက္ေပၚသို႔ဝ င္ေရာက္ခဲ့သည္။ ဝမ္ရွင္းရဲ႕နာမည္ကိုမေတြ႕ခင္ နာရီဝက္ေလာက္ သူ ရွာေဖြေနခဲ့တယ္။ သူမကိုေမြးစားခဲ့ေသာသူမွာ မဒမ္ကု ဆိုသူ ျဖစ္သည္။

မဒမ္ကု ၏ profile ကိုႏွိ ပ္ၿပီးေနာက္ သူသည္ အကူအညီေတာင္းခံရန္ ဖိုရမ္၌အေၾကာင္းအရာမ်ားစြာ တင္ထားသည္ကို သိလိုက္ကာ ဘာျဖစ္သလဲဆိုတာ သေဘာေပါက္ခဲ့သည္။ Chen Ge ကဒီ Madam Gu အေၾကာင္း ေတြကိုေလ့လာရင္း ဝမ္ရွင္းက  စိတ္ပိုင္းဆိုင္ရာ ေရာဂါျဖစ္ခဲ့ပုံရၿပီး Madam Gu သည္ ပေရာ္ဖက္ရွင္နယ္မ်ားထံ အကူအညီေတာင္းခံရန္ႀကိဳးစားေနပံုရ သည္။ ေနာက္ဆုံးတြင္  သူမကို အကူအညီေပးရန္ ေကာင္း အမည္ရွိဆရာဝန္တစ္ ဦးေပၚလာသည္။

ထိုဆရာဝန္ေကာင္း၏ကိုယ္ေရးမွတ္တမ္းကို ႀကည့္လိုက္ေတာ့  အႀကီးတန္းစိတ္ပညာရွင္၊ Jiujiang Medical University မွ ဝါရင့္ ကထိကတစ္ဦးျဖစ္ေနသည္။

ဒီလိုတိုက္ဆိုင္မႈ တကယ္ရွိႏိုင္မလား။ Chen Ge သည္ ေကာင္းလုရႊယ္ ၏ဖခင္အားဖု န္းမေခၚမီ ခဏတြန႔္ဆုတ္ခဲ့သည္။

"ဟယ္လို?"

"Doctor Gao၊ ကြ်န္ေတာ္ ေကာင္းလုရႊယ္ ရဲ႕သူငယ္ခ်င္းပါ။ မေန႔ညကေကာင္ေလးတစ္ေယာက္ရဲ႕ အေျခအေနကို ကြ်န္ေတာ္တို႕ ေဆြးေႏြးခဲ့ၾကတယ္"

"ေကာင္ေလးရဲ႕ အေျခအေန တည္ၿငိမ္လာၿပီလား။"

"ဒီကိစၥနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္ မေသခ်ာေပမယ့္ ဒီကိစၥအတြက္ ေနာက္တစ္ေခါက္ဖုန္းေခၚလိုက္တာပါ"

ခ်န္ေကာက ဒီအခ်က္ကိုစဥ္းစားၿပီး ႐ိုးသားစြာေျပာရန္ ဆုံးျဖတ္ခဲ့သည္။
" ဝမ့္ရွင္းလို႕ ေခၚတဲ့  မိန္းကေလးတစ္ေယာက္ကို ေဒါက္တာ သိဖူးလား ခင္ဗ်ား "

ေဒါက္တာေကာင္း ကအံ့ၾသသြားတယ္။

"မင္း ဒါကို ဘယ္လိုသိသလဲ"

"ဝမ္ရွင့္းရဲ႕စိတ္ပိုင္းဆိုင္ရာျပသနာရဲ႕ေနာက္ကြယ္ အေၾကာင္းရင္းကို ကြ်န္ေတာ္ သိတယ္။ ကြ်န္တာ္ သူ႔ကိုကယ္ႏိုင္ၿပီ။ ကြ်န္ေတာ့္ကို သူမ လိပ္စာေပးနိူင္မလားခင္ဗ်ာ "

"မင္းက သူမ၏ကယ္တင္ႏိုင္တယ္ ဟုတ္လား ။စိတ္မေကာင္းပါဘူး၊ ဒါေပမယ့္လူနာရဲ႕အခ်က္အလက္ေတြကိုငါမေပးႏိုင္ဘူး"

ေဒါက္တာေကာင္းက သူ႔ေတာင္းဆိုမႈကိုခ်က္ခ်င္းျငင္းခဲ့တယ္ ။

"ေဒါက္တာ ဝမ့္ရွင္းက အရမ္းနာက်င္ေနတယ္။ သူမေဆးရံုတက္ခ်ိန္မွာ  သူမမွာဘယ္ေလာက္ ဒုကၡေရာက္ေနတယ္ဆိုတာကို သိဖို႔လိုတယ္။ သူမဟာေၾကာက္စိတ္နဲ႔ အိပ္မက္ဆိုးေတြေၾကာင့္ စိတ္ေသာကေရာက္ေနတာ။ ဒါေႀကာင့္ သူမကို ကူညီေပးဖို႕ ကြ်န္ေတာ့္ကို အခြင့္အေရး မေပးႏိုင္ဘူးလား။ "

ေဒါက္တာ ေကာင္း သည္ အခ်ိန္အၾကာႀကီးတိတ္ဆိတ္ေနခဲ့သည္။

" ဒါနဲ႔ ပတ္သက္ၿပီး ငါ မင္းနဲ႔အတူလိုက္ပါရလိမ့္မယ္။ ငါတုိ႕ လူေနအိမ္နားမွာ ဆံုႀကမယ္ "

"အိုေက အဲ့ဒီမွာေတြ႕ႀကမယ္!"

မိနစ္ ၄၀ အၾကာတြင္ Chen Ge သည္ ေကာင္းလုရႊယ္၏ ဖခင္ႏွင့္ေတြ႕ဆုံခဲ့သည္။ သူဟာ  သန္စြမ္းတဲ့ခႏၶာကိုယ္ပို္င္ရွင္ျဖစ္ျပိး  က်က္သေရရွိတဲ့လူလတ္ပိုင္းအ႐ြယ္လူတစ္ေယာက္ပါ။ ႐ိုး႐ိုးရွင္းရွင္း မိတ္ဆက္ႀကျပီးေနာက္ ေဒါက္တာေကာင္းက  သူ႔ကိုႀကီးမားတဲ့အေဆာက္အ ဦး တစ္ခုဆီေခၚသြားသည္။

"ဝမ့္ရွင္းရဲ႕ျသနာေတြကို မင္း တကယ္ေျဖရွင္းႏိုင္မလား။"
 
ဒီကိစၥကိုဆရာဝန္ကစိုးရိမ္ေနခဲ့သည္။

"သူမ ဖ်ားနာရတဲ့အေၾကာင္းရင္းကို ကြ်န္ေတာ္ သိတယ္။ ဒါေၾကာင့္ ဒါကို ငါးဆယ္ရာခိုင္ႏႈန္း ေျဖရွင္းႏိုင္လိမ့္မယ္လို႔ ယုံၾကည္မႈ ရွိပါတယ္။"

"ဒါက မလုံေလာက္ေသးဘူး။ သူမက အထူး လူနာတစ္ေယာက္ပါ။ စိတ္က်ေရာဂါတိုက္ဖ်က္ေရးေဆးေတြနဲ႕ အျခား ႔ေဆးဝါးေတြ ေပးထားေပမယ့္ အေျခေနက သိပ္မေကာင္းဘူး။ ဒါေပမယ့္ သူမမွာ တျခားေရာဂါလကၡဏာေတြ မေတြ႕ရဘူး"

သူတုိ႕နွစ္ေယာက္သည္ 14 ထပ္တိုင္ေအာင္ဓာတ္ေလွကားစီးခဲ့ျပီးေနာက္ ကြန္ဒိုခန္းတစ္ခုတံခါးကို ေခါက္လိုက္သည္။ ေဒါက္တာက လူနာမိသားစုကို သူတို႕မေရာက္ခင္ ႀကိဳတင္ဖုန္းလိုက္သည္။

============================








Chapter (102)_ ဆုလာဘ် - ဘောပင်နတ်ကို ဌားရမ်းခြင်း

" မစ်ရှင် ဆုလာဘ် - ဘောပင်စောင့်နတ်ကို ကျေနပ်အောင် သူ  ၏ဆန္ဒကိုဖြည့်ဆည်းပေးပါ။ ထိုမစ်ရှင်အောင်မြင်လျှင် သရဲအိမ်အတွက် ဝန်ထမ်းတစ်ယောက် ဌားရမ်းနိုင်လိမ့်မယ်"

Chen Ge သည် ထိုစာကြောင်းကိုတွေ့တော့ တကယ့်တစ္ဆေကို အလုပ်သမားအဖြစ်ငှားရမ်းခြင်းဆိုတဲ့ သူ့အိပ်မက် မကြာမှီပြည့်လာ တော့မည်ဟု  သူမမျှော်လင့်ခဲ့မိပေ။

သူသည်အနက်ရောင်ဖုန်းဆီက ပထမဆုံးအကြိမ် မတ်ဆေ့ချ့်ကို လက်ခံရရှိချိန်မှစပြီး ဝိဉာဉ်အဖွဲ့ဝင်များ ဘယ်သူ တိုးလာမလဲလို့ အာရုံစိုက်ပေမယ့် ဘာမှ တိုးမလာခဲ့ပေ။   တချိုကအကြောင်းပြချက်များကြောင့် ရှောင်းရှောင် နှင့် ကျန်းယာကိုလည်း ဌားလို့မရခဲ့ပေ။ ဒါကြောင့် သူလည်း မျှော်လင့်ချက်ကို စွန့်လွှတ်ထားတော့မှ ဖုန်းအနက်က ခုလို စာပို့လာပြိး မစ်ရှင်တစ်ခုပေးလာခဲ့သည်။

ဘောပင်ဝိညာဉ်က လုပ်နိုင်စွမ်းအများကြီးရှိပြီး အနာဂါတ်ကို ဟောပြောနိုင်သည့်အပြင် ဧည့်သည်များကိုလည်း မိတ်ကပ်မလိုပဲ ခြောက်လှန့်နိုင်သောကြောင့် သူ့အတွက် အကောင်းဆုံး ဝန်ထမ်းဖြစ်သည်။

သူမရဲ့ဆန္ဒပြည့်ဝအောင်ကူညီပြီး ဘောပ်ဝိညာဉ်ကို ငါ ရအောင် ယူမယ်။

အနက်ရောင်ဖုန်းကိုပြန်အိတ်ကပ်ထဲထည့်ပြီးတဲ့နောက် Chen Ge ဟာ လူအုပ်ထဲကို ၀ င်လိုက်သည်။ ချင်ကွမ်းစတူဒီယို မှလူနည်းစုသည် ပစ္စည်းကိရိယာများနှင့်လက်တော့ပ်များကိုထုပ်ပိုးနေကြသည်။ သူတို့ထွက်ခွာရန် အဆင်သင့်ဖြစ်နေပုံရသည်။

"မင်းတို့ ဒီအတိုင်း ထွက်သွားလို့ရတယ်လို့ ဘယ်သူပြောတာလဲ။"

Chen Ge သည် ဖိန့်ယိုလျောင် ဆီသို့လမ်းလျှောက်လာပြီး   သူ၏အိတ်ကပ်ထဲမှ နာမည်ကတ်ပြားတစ်ခုကို ဆွဲထုတ်ခဲ့သည်။ ဖုန်တက်နေသော နာမည်ကက်ပြားတစ်ခုတွင် ချန်ယာ့လင်ဆိုသည့်   အမျိုးသမီးအမည် ရှိနေသည်။

"မင်းက သရဲခြောက်တဲ့အိမ်ကနေ နာမည်ကဒ်ပြားကို ခိုးယူမလို့လား။ ဒီနာမည်ကဒ်ပြားက ဖိန့်ယို့လျောင်ပိုင်တဲ့ဟာလို့ မပြောနဲ့... "

ချင်ကွမ်း စတူဒီယိုမှလူများသည် တစ် ဦး ကိုတစ် ဦး ကြည့်ကြသည်။ သူတို့က ဖိန့်ယို့လျောင်ထံတွင် ဒီဟာရှိနေတာကို မသိကြပေ။

"Xiao Chen၊ ဒါကို ဦးလေးကိုင်တွယ်လိုက်ပါ့မယ်"

ဦး လေးရွှီ က ပြသနာတက်မည်စိုးသဖြင့်  Chen Ge ရှေ့က ပိတ်ကာ ပြောလိုက်သည်။

" ပထမ ဦး ဆုံးအနေနဲ့ သူတို့ရဲ့လက်တော့ပ်ထဲက ဗီဒီယိုအားလုံးကို ဖျက်ပစ်ဖို့ လိုတယ်၊ ဒါမှမဟုတ်ရင် ဒီနေရာကနေ မထွက်ရဘူး။ သရဲခြောက်တဲ့အိမ်တွင်းရှိ အရာမှန်သမျှကို တည်ဆောက်ဖို့ ကျွန်တော်က ငွေကုန်ခံ အချိန်ကုန်ခံပြီး ကြိုးစားခဲ့တယ်။ ဒီလိုမျိုး အလကား အဖြစ်မခံနိုင်ဘူး။ "

ဗွီဒီယိုကို အများပြည်သူသိအောင် ထုတ်ပေးမယ်ဆိုရင် သရဲခြောက်တဲ့အိမ်ဟာ ထိခိုက်နစ်နာမှုများစွာကြုံရမည်ကို ဦး လေး ရွှီ  နားလည်ခဲ့သည်။ သူသည် ချင်ကွမ်း စတူဒီယိုမှလူများအား အနီးကပ်စောင့်ကြည့်ခဲ့ပြီး ဗီဒီယိုအားလုံးကို လက်ပ်တော့ပ်မှ ပယ်ဖျက်ပြီးနောက် ပန်းခြံမှစီမံခန့်ခွဲမှုသို့ပို့ဆောင်ခဲ့သည်။ ဒီလူတွေရဲ့ အပြုအမူက ပန်းခြံကိုဆိုးကျိုးသက်ရောက်စေနိုင်ပြီး၊ ပန်းခြံနာမည်ကို ထိခိုက်နိုင်သောကြောင့် စည်းကမ်းအတိုင်းအရေးယူဖို့လိုအပ်သည်။
ဦးလေးရွှီက လူအနည်းငယ်ကိုခေါ်ဆောင်သွားပြီးနောက် Chen Ge က သူတို့ကိုစိတ်ထဲမှ ထုတ်ပစ်လိုက်သည်။ တစ်နည်းအားဖြင့် သူက Pen Spirit ကိုဒေါသ  ထွက်မိအောင် လုပ်မိသည့် ထိုသူတို့ကိုသနားနေမိခဲ့သည်။

သူတို့ထွက်ခွာသွားပြီးနောက် Xu Wan သည် သရဲခြောက်သည့်အိမ်ထဲမှ ထွက်လာပြီးမေးလိုက်သည်။

 "သူဌေး  ညနေခင်းပိုင်း ကျွန်မတို့ အလုပ်ဆက်လုပ်ကြဦးမလား "

"ဒါပေါ့။"

Chen Ge သည် လက်မှတ်ခန်းသို့ပြန်သွားပြီးနောက် မူလက ငြိမ်သက်နေသော လူအုပ်က သူ့ကိုရုတ်တရက် ဝိုင်းမေးလိုက်သည်။

"အစ်ကို၊  ဖိုရမ်မှာကျောင်းမြင်ကွင်းနဲ့ပတ်သက်ပြီး ဘာမှမပြောထား ပါလား...  ဒီဟာက သောက်ရမ်းကို စိတ် ၀ င်စားစရာကောင်းတယ်!"

"ကျောင်းကိုသွားဖို့ လက်မှတ်က ဈေးအတူတူပဲလား?"

"တစ်ချိန်တည်းမှာလေးယောက်ဝင်လို့ရမလား။ ငါအရမ်းစိတ်လှုပ်ရှားပြီး တစ်ချိန်တည်းမှာကြောက်လန့်နေမိတယ်။ တစ်ယောက်ယောက်က ငါ့ကိုကိုင်ထားကြပါဦးဟ!"

Chen  Ge သည် ဖိန့်ယို့လျောင်နှင့် ကျုးကျင့်နင်တို့၏ မမျှော်လင့် သည့် အခြေအနေဖြင့် ပရိတ်သတ် အကောင်းမြင်လိမ့်မည်ဟု ထင်မထားမိပေ။   လူအုပ်ကိုကြည့်လိုက်တော့ သူတို့အများစုသည် ကျောင်းသားများဖြစ်သည်ကို သဘောပေါက်လိုက်သည်

"စိတ်မကောင်းပါဘူး။  မတော်တဆမှုအချို့ကြောင့် ကျောင်းပြကွက်ကို နှစ်ရက်လောက်ပြန်ပြင်ဖို့အတွက် ဒီဇာတ်လမ်းကိုခေတ္တပိတ်ထားပါတယ်"

ဖိန့်ယို့လျောင်နှင့် ကျုးကျင့်နင်တို့သည် အကောင်းဆုံးစမ်းသပ် သားကောင်တွေဖြစ်ပြီး  အတွေ့အကြုံအရ  သူ ဘာမှ လုပ်စရာမလိုပဲ ကျောင်းခန်းတွေက ဧည့်သည်တွေကို အလိုလျောက် ခြောက်လှန့်နိုင်သည်။ ဒါပေမယ့် မသေချာမှုတွေရှိနေသောကြောင့် မစွန့်စားချင်သေးပေ။

ဒါဟာအစပိုင်းတွင် သန်းခေါင်ယံည လူသတ်သမား မြင်ကွင်းနျင့် အတူတူပင်ဖြစ်သည်။ ရှောင်းရှောင်က အစက ဧည့်သည်တွေနောက်ကို လိုက်လံခြောက်လှန့်ခဲ့ပြီး သူက သူတို့ရင်ထဲက မကျေနပ်မှုကို ဖြေရှင်းပေးနိုင်တော့မှာ ထိုပြကွက်ထဲက ဝိဉာဉ်တွေနဲ့ ရင်းနှီးလာပြီး အခြေနေက တိုးတက်လာခဲ့တာဖြစ်သည်။ အခု မုယန်အထက်တန်းကျောင်းတွင်လည်း အခဲမကြေသည့် ဝိဉာဉ်များ၏ ပြသနာကို ဖြေရှင်းပေးဖို့လိုသည်။ ဒါမှ ဧည့်သည်များကို ဘေးကင်းစွာ ဝင်ကစားခွင့်ပြုနိုင်မည်ဖြစ်သည်။

သရဲအိမ်က ဧည့်သည်များကို ဆက်လက် လက်မှတ်ရောင်းပေးနေပြီး ချန်ကွမ်းစတူဒီယိုက လူတွေကို မေ့သွားခဲ့သည်။  ညနေ ၄ နာရီတွင် ပန်းခြံသို့လာရောက်လည်ပတ်သူ ဦး ရေလျော့ကျသွားသည်။ Chen Ge က  ရွှီဝမ်ကိုဖုန်းဆက်ပြီးစောစောစီးစီး အလုပ်နားစေခဲ့သည်။ ရွှီဝမ်ထွက်ခွာသွားပြီးနောက် သူက မူယန်အထက်တန်းကျောင်း ဇာတ်လမ်းထဲသို့ ဝင်ခဲ့သည်။

ဒါက  Chen Ge ၏ပထမဆုံးသောကြယ်နှစ်ပွင့် ဇာတ်လမ်းဖြစ်သည်။ ကျောင်း၏မြင်ကွင်းရှိရာ ိုမြေအောက်ကားရပ်နားရာနေရာသို့ ပေါက်သည့် လှကားထစ်သို ဆင်းလာခဲ့သည်။ Chen Ge ကမြေအောက်ကားပါကင်ကို မည်သို့ ချဲ့ထွင်ခဲ့ပါစေ ၀ င်ပေါက်ကို မပြောင်းလဲနိုင်သည့်အတွက် သူ၏ ဧည့်သည်များက စစချင်း ပထမဆုံးကြောက်မက်ဖွယ်မြင်ကွင်းနှင့် အရင်ကြုံရမည်ဖြစ်သည်။

သူသည်လက်နှိပ်ဓာတ်မီးကိုဖွင့ ်၍ ပိတ်ထားသောစာသင်ခန်းဆီသို့ ဦး တည်ခဲ့သည်။ အဆိုပါ ဆရာစားပွဲအပေါ်နာမည်ကဒ်ပြားများတင် ထားခဲ့ပေမယ့် နာမည်ကဒ်တစ်ခု  ပျောက်ဆုံးနေခဲ့သည်။

"မင်းတို့ ကြားရလား?"

 Chen Ge သည်တံခါးဝ၌ရပ်ကာ အခန်းထဲသို့ လှမ်းပြီး စကားပြော ခဲ့သည်။ ယူနီဖောင်းများသည် သူတို့၏ထိုင်ခုံများပေါ်တွင် ရှိနေပေမယ့် ဘယ်သူမှ ပြန်မဖြေခဲ့ပါ။

ခေါင်းကိုခါပြီးနောက် Chen Ge သည် အမျိုးသမီးအဆောင်ဘက် သို့ သွားခဲ့သည်။ သူက ကျိုးနေသောဘောပင်ကိုကောက်ကိုင် လိုက်ပြီး သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်။ ထို့နောက် သူသည်လမ်းဆုံ၏ အခြားအဆုံး၌ ရေတွင်းဘက်သို့ဦးတည်လာခဲ့သည်။

ဗီဒီယိုထဲမှာ ဖိန်းယို့လျောင်ဟာ ဒီရေတွင်းနားမှာ သူ့ကိုယ်သူ စကားပြောနေသည်။

ထိုအချိန်က သူ့အား မကျေမချမ်းဖြစ်နေသော ဝိညာဉ်များက သူ့ကို စီးထားသည်။ ထို့ကြောင့် သူသည် ဘာသံကိုကြားကြား ဘာမှမဖြစ်သလို   Chen Ge သည်ရေတွင်းထဲကိုငုံ့ကြည့်လိုက်သည်။ နှစ်မီတာ၊ သုံးမီတာနက်သည်။ တစ်ယောက်ယောက်က အဲဒီထဲကိုကျရင်တောင် သူတို့ ဒဏ်ရာရမှာ မဟုတ်ဘူး။ သူတို့ က ဖိန်းယို့လျောင်ကို ဘာတွေ ပြောတာလဲ။ ဒီရေတွင်းရဲ့နောက်မှာ နောက်ထပ်လျှို့ဝှက်ချက် ရှိနေသလား။

Chen Ge သည် ညဘက်၌ တစ်မိနစ်သာပေါ်ပေါက်လာမည့် ရေချိုးခန်းမှန်ထဲရှိ တံခါးကို သတိရသွားသည်။ ထို တံခါးနှင့်ပတ်သတ်ပြီး အခုထိ သူ အဖြေမရခဲ့ပေ။ အရာအားလုံးကို စစ်ဆေးပြီးနောက် Chen Ge သည်မြေအောက်ကားရပ်နားရာနေရာမှ ထွက်ကာသစ်သားဘုတ်များဖြင့် ပိတ်ဆို့ထားလိုက်သည်။

သူကတံခါးသော့ခတ်ပြီးနောက် ပန်းခြံစီမံခန့်ခွဲမှုရုံး ဆီသို့ ဦး တည်လာခဲ့ပြီး သူချေးထားသည့် ပိုက်ဆံ  5000  ပြန်လာပေးပြီး ချင်ကွမ်းစတူဒီယိုကလူတွေနဲ့ ပတ်သက်တဲ့နောက်ဆုံးသတင်းကို မေးခဲ့သည်။  ဦး လေးရွှီက ကိစ္စရပ်တွေကိုဂရုစိုက် လုပ်ပြီးပြီလို့ပြောခဲ့သည်။

 Chen Ge သည် ပန်းခြံမှထွက်လာပြီးနောက် စစ်ဆေးရေးမှူးလီ အား ဖုန်းဆက်ခဲ့သည်။ ဖုန်းတဖက်တွင် အသက်ရှုသံကိုပဲ ကြားနေရသည်။

"ဦး လေး စန်းပေါင်းလား?"

"မင်း ဒီတခါ ဘာသိထားပြန်ပြီလဲ "

"လူတစ်ယောက်ကို ရှာတွေ့ဖို့ ဦးလေးရဲ့အကူအညီ လိုနေတယ်။"

"လူသတ်တရားခံ မဟုတ်ဘူး မလား"

"မဟုတ်ပါဘူး၊ သာမာန်ကျောင်းသားတစ်ယောက်ပါ"

အတည်ပြုအဖြေကိုလက်ခံရရှိပြီးနောက်, အခြားတဖက်တွင် ခြေသံကို ကြားလိုက်ရသည်။လူတွေက  ဖုန်းဖြေနေသံတွေ၊ စာရွက်များ ဖိုင်များကိုလှန်နေသံတွေကို ကြားလိုက်ရသည်။

စစ်ဆေးရေးမှုးလီက  သက်ပြင်းချပြီးပြောလိုက်သည်။

"တစ်ပတ်အတွင်း လေးကြိမ်တောင်။ မင်း ငါ့လူတွေကို ဖိအားပေးတာ အတော်များနေပြီ...."  

"ကျွန်တော်ရှာနေတဲ့သူက  ချန်ယာ့လင်ပါ။ လွန်ခဲ့တဲ့သုံးနှစ်က မုယန် အထက်တန်းကျောင်းက သားကောင်ဖြစ်ခဲ့ဖူးတယ်"

"သားကောင်လား။ မင်းက သေပြီးသားလူကိုရှာနေတာပေါ့  "

=============================

Chapter (103)_ လွတ်မြောက်ခဲ့သူ တစ်ဦး

စစ်ဆေးရေးမှူးလီ က သူ၏အသံကိုလျှော့ချလိုက်သည်။

"တကယ်ဘာတွေဖြစ်နေတာလဲ။ ငါ့ကို ရှင်းရှင်းလင်းလင်း ရှင်းပြပါ ဦး"

"ဒီတစ်ကြိမ်တော့ လူသတ်မှုမဟုတ်ဘူး။ ကျွန်တော် သူမရဲ့အချက်အလက်တွေကိုပဲ ကြည့်ချင်လို့ပါ"

"မင်းက နောက်နေတာလား၊ ငါတို့ ပြည်သူတစ်ယောက်ရဲ့  သတင်း အချက်အလက်တွေကို လွယ်လွယ်ပေးနိုင်မယ်လို့ ထင်နေသ လား။ တခြားဘာမှမရှိဘူးဆိုရင် ငါဖုန်းချလိုက်တော့မယ်"

စစ်ဆေးရေးမှူးလီ ဖုန်းချသွားတော့   Chen Ge မျှော်လင့်ချက်ကင်းမဲ့သည်ဟု ခံစားခဲ့ရသည်။ သူ ဘာလုပ်ရမှန်းမသိအောင်ဖြစ်နေစဉ်တွ သူ၏ဖုန်းက တုန်ခါလာခဲ့သည်။ ဒါဟာ စစ်ဆေးရေးမှုးလီဆီကနေ မက်ဆေ့ခ်ျပို့လာတာဖြစ်သည်။

"အမှုမှတ်တမ်းတွေကို လူသိရှင်ကြား မထုတ်ပြန်နိုင်ဘူး။ ဒါပေမယ့် မင်းက ည ၇ နာရီ ည ၈ နာရီဝန်းကျင်လောက် ရောက်အောင်လာနိုင်ရင် မင်းကိစ္စက အရမ်းလေးနက်တယ်ဆိုရင် ဖိုင်တွေကိုကြည့်ဖို့ ငါ ကူညီပေးနိုင်တယ်"

 Chen Ge  က စာကိုဖတ်ပြီးသည်နှင့် ချက်ချင်းနားလည်သွားသည်။ ရုံးမှာ လူအများအပြားရှိနိုင်တယ်၊ သူ့ဘေးပတ်ပတ်လည်မှာ မျက်စိများ၊ နားများရှိနေလို့ သူက ဘာမှကတိမပေးနိုင်ဘူး။

"ဦး လေးလီ၊ ဦးလေးဆီမှာ မုယန်အထက်တန်းကျောင်းနဲ့ပတ်သတ်တဲ့ ဘာမှတ်တမ်း ရှိသလဲ။ ဘာကြောင့် ကျောင်းပိတ်လိုက်တာလဲ။ ဘာလို့ ဒီလောက်များတဲ့ သဘာဝလွန်ဇာတ်လမ်းတွေ ဒီလောက်များနေရတာလဲ"

အချိန်အကြာကြီးနေမှ စစ်ဆေးရေးမှုးလီ၏ပြန်စာ ရောက်လာသည်။

"ဒီကျောင်းကိုမီးသင်္ဂြိုဟ်တဲ့နေရာမှာ တည်ဆောက်ထားတာဖြစ်လို့မြေက အရမ်းဈေးချိုတယ်။ ဒါပေမယ့်ဒီလို ပြသနာတွေကြောင့် နောက်ပိုင်းမှာ ဘယ်သူမှ ၀ ယ်ချင်ကြတာ မဟုတ်ဘူး။ နောက်ပိုင်းမှာ ချန် လို့ခေါ်တဲ့  အဘိုးအိုက ၀ ယ်ခဲ့တယ်။ သူက ဒီနေရာမှာ မိဘမဲ့ဂေဟာတစ်ခုကို တည်ဆောက်ခဲ့တယ်။ နှစ်အနည်းငယ်အကြာမှာ ကျုတ်ကျန်းမြို့ရဲ့ ကလေးစောင့်ရှောက်ရေးဂေဟာကို  တည်ထောင်ခဲ့တယ်။ ဒါကြောင့် အဘိုးအိုဟာ နောက်ပိုင်း ကြီးလာတဲ့ မိဘမဲ့ကလေးတွေကို ပညာသင်ကြားပေးဖို့ ကျောင်းတွေကို လှည့်ပတ်ပြီး အပ်ဖို့လုပ်ပေမယ့် ဘယ်ကျောင်းမှ ဒီကလေးတွေကိုလက်မခံပေးချင်ကြဘူး။  မိဘမဲ့ဂေဟာမှာ ကျန်ရစ်ခဲ့တဲ့ကလေးတွေက ပိုများလာတယ် ။ ရွေးချယ်စရာများမရှိတော့သည့်အတွက်  ဂေဟာပိုင်ရှင်က ကျောင်းဖတ်စာအုပ်တွေကို ဝယ်ပြီး ကလေးတွေကို ကိုယ်တိုင် ပညာသင်ကြားပေးခဲ့တယ်။ ဒီအဖြစ်အပျက်ကို ဒေသခံသတင်းတွေက ဖော်ပြပြီးနောက် သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို အသိပေးခဲ့တယ်။ အစိုးရအရာရှိတွေနဲ့ ဆွေးနွေးမှုလုပ်ပြီးနောက် မိဘမဲ့ဂေဟာက ကလေးတွေကို မုယန်အထက်တန်းကျောင်းကို့ပြောင်းပြီးတက်ရောက် စေခဲ့တယ်။ အဖိုးအိုက မွေးစားထားတဲ့ ကလေးတွေက မုယန်ကျောင်းရဲ့ ပထမဆုံးသော ကျောင်းသားတွေဖြစ်လာတယ်။ "

မုယန်အထက်တန်းကျောင်းသည်ရှုပ်ထွေးခက်ခဲသည့်သမိုင်းကြောင်းရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

 "စစ်ဆေးရေးမှုး ဦးလေးလီ,  ပထမ ဦး ဆုံး အသုတ်မှာ ကျောင်းသားဘယ်နှစ်ယောက်ရှိခဲ့တယ်ဆိုတာကို ဦးလေး ရှာလို့ရမလား? ဦးလေးတို့ဆီမှာ ဒီလို သတင်းအချက်အလက်မျိုးရှိသလား"

မိနစ် (၂၀) ကြာပြီးနောက် စစ်ဆေးရေးမှူးက သူ့ကိုတိုက်ရိုက်ဖုန်းဆက်ခဲ့သည်။

 "Xiao Chen၊ အခု ငါမှတ်တမ်းဖိုင်သိမ်းဆည်းတဲ့ အခန်းထဲမှာရှိနေတယ်။ မုယန်အထက်တန်းကျောင်းနဲ့သက်ဆိုင်တဲ့ဖိုင် အများစုကို လူသတ်မှုပြသနာဖြေရှင်းပြီးကတည်းက မြို့တော်ရုံးချုပ်ကသိမ်းသွားပြီ"

"ဦး လေးလီ ကျွန်တော် တခုပဲ အတည်ပြုချင်တယ်။ ပထမဆုံးကျောင်းသားအုပ်စုထဲမှာ ချန်ယာ့လင် နဲ့ ဝမ်ရှင်း ဆိုတဲ့မိန်းကလေးတွေရှိလား။ "

"ငါ ကြည့်လိုက်ဦးမယ်။ မုယန်အထက်တန်းကျောင်းကို စဆောက်တုန်းက ပထမဆုံး ကျောင်းသား  ၂၅ ယောက်ရှိခဲ့တယ်။ သူတို့အားလုံးဟာမူလကမိဘမဲ့ဂေဟာကနေပါ"

စစ်ဆေးရေးမှူးလီက  စာမျက်နှာများကိုလှန်လှောကြည့်လိုက်သည်။  

"နှစ်ဆယ့်ငါးယောက်လား?"

ဒီနံပါတ်သည်နီးကပ်သော်လည်း ယူနီဖောင်းအရေအတွက်နှင့် မကိုက်ညီပေ။

 " အမှန်ပါပဲ၊ ဒါပေမယ့်... အသက်ရှင်ကျန်ရစ်သူတစ် ဦး တော့ရှိခဲ့တယ်။ မင်းပြောခဲ့တဲ့ မိန်းကလေး ဝမ်ရှင်းပဲ"

"ကျန်တဲ့သူတွေက မတော်တဆမှုတစ်ခုဖြစ်သွားတာလား"

"ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဝမ်ရှင်းနဲ့ တခန်းထဲ အတူတူနေတဲ့   ချန်ယာ့လင် က အိပ်ခန်းထဲမှာ ကြိုးဆွဲချ သေသွားခဲ့တယ်။ နောက်ပိုင်း ကျောင်းသားတွေ အပျော်ခရီးထွက်ကြတာ.... ကားမှောက်ပြီး ကားသမားအပါအဝင် ကျောင်းသား ၂၃ ယောက် ပွဲချင်းပြီးသေ သွားခဲ့တယ်။ ဝမ်ရှင်းတစ်ယောက်ပဲ လွတ်ခဲ့တယ်။

 "အသက်ရှင်ကျန်သူတစ် ဦး နှင့် အတူ စုစုပေါင်း လူနှစ်ဆယ်ငါး ဦး ။ "

Chen Ge က ကျောင်းဝတ်စုံ ၂၄ ခုကို အမှတ်ရသွားခဲ့ပြီးကျောင်းသား ၂၄ ယောက်၏စိတ်များသည် စာသင်ခန်းသို့ အဘယ်ကြောင့် ပြန်လာရကြောင်း သူ တဖြည်းဖြည်း နားလည်လာ ခဲ့သည်။ ဒါဟာ သူတို့အတွက်  နက်ရှိုင်းတဲ့အဓိပ္ပာယ်ရှိလို့ပဲ။ ဒါက သူတို့အိမ်ပဲ။

"အခြား သိချင်တာတွေရှိသေးလား။  မရရှိရင် ငါ အလုပ်ပြန်လုပ်တော့မယ်"

"နောက်ဆုံးမေးခွန်းတစ်ခုရှိသေးတယ်။ အသက်ရှင်ကျန်ရစ်တဲ့ကလေးကို ကျွန်တော် ဘယ်လို ဆက်သွယ်လို့ရမလဲ "

ဝမ်ရှင်းက ဝိညာဉ် ရှာဖွေနေသူဖြစ်ကြောင်းအတည်ပြုခဲ့သည်။

"ချန်ယာ့လင်ရဲ့ အဖြစ်အပျက်ကြောင့် စိတ်မကောင်းဖြစ်ပြီး ဝမ်ရှင်းကို ဆေးရုံတင်ခဲ့ရတယ်။ နောက်တော့  ကြင်နာတတ်တဲ့ လင်မယား စုံတွဲတစ်တွဲက သူမကို မွေးစားခဲ့တယ်လို့ ငါ ကြားခဲ့ရတယ်။ ကလေးမွေးစားတဲ့  ဝက်ဘ်ဆိုက်ကနေ ရှာရင် မင်း သိနိုင်လိမ့်မယ်။ ဝမ်ရှင်းရဲ့  ဖြစ်ရပ်က ထူးခြားတာကြောင့် သူမရဲ့ မှတ်တမ်းတွေရှိနိုင်တယ်။ "

ဖုန်းဆက်ပြီးသည့်နောက် Chen Ge သည် Inspector Lee ၏ အကြံပြုချက်ကို လိုက်နာပြီး ဝက်ဘ်ဆိုက်ပေါ်သို့ဝ င်ရောက်ခဲ့သည်။ ဝမ်ရှင်းရဲ့နာမည်ကိုမတွေ့ခင် နာရီဝက်လောက် သူ ရှာဖွေနေခဲ့တယ်။ သူမကိုမွေးစားခဲ့သောသူမှာ မဒမ်ကု ဆိုသူ ဖြစ်သည်။

မဒမ်ကု ၏ profile ကိုနှိ ပ်ပြီးနောက် သူသည် အကူအညီတောင်းခံရန် ဖိုရမ်၌အကြောင်းအရာများစွာ တင်ထားသည်ကို သိလိုက်ကာ ဘာဖြစ်သလဲဆိုတာ သဘောပေါက်ခဲ့သည်။ Chen Ge ကဒီ Madam Gu အကြောင်း တွေကိုလေ့လာရင်း ဝမ်ရှင်းက  စိတ်ပိုင်းဆိုင်ရာ ရောဂါဖြစ်ခဲ့ပုံရပြီး Madam Gu သည် ပရော်ဖက်ရှင်နယ်များထံ အကူအညီတောင်းခံရန်ကြိုးစားနေပုံရ သည်။ နောက်ဆုံးတွင်  သူမကို အကူအညီပေးရန် ကောင်း အမည်ရှိဆရာဝန်တစ် ဦးပေါ်လာသည်။

ထိုဆရာဝန်ကောင်း၏ကိုယ်ရေးမှတ်တမ်းကို ကြည့်လိုက်တော့  အကြီးတန်းစိတ်ပညာရှင်၊ Jiujiang Medical University မှ ဝါရင့် ကထိကတစ်ဦးဖြစ်နေသည်။

ဒီလိုတိုက်ဆိုင်မှု တကယ်ရှိနိုင်မလား။ Chen Ge သည် ကောင်းလုရွှယ် ၏ဖခင်အားဖု န်းမခေါ်မီ ခဏတွန့်ဆုတ်ခဲ့သည်။

"ဟယ်လို?"

"Doctor Gao၊ ကျွန်တော် ကောင်းလုရွှယ် ရဲ့သူငယ်ချင်းပါ။ မနေ့ညကကောင်လေးတစ်ယောက်ရဲ့ အခြေအနေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်"

"ကောင်လေးရဲ့ အခြေအနေ တည်ငြိမ်လာပြီလား။"

"ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော် မသေချာပေမယ့် ဒီကိစ္စအတွက် နောက်တစ်ခေါက်ဖုန်းခေါ်လိုက်တာပါ"

ချန်ကောက ဒီအချက်ကိုစဉ်းစားပြီး ရိုးသားစွာပြောရန် ဆုံးဖြတ်ခဲ့သည်။
" ဝမ့်ရှင်းလို့ ခေါ်တဲ့  မိန်းကလေးတစ်ယောက်ကို ဒေါက်တာ သိဖူးလား ခင်ဗျား "

ဒေါက်တာကောင်း ကအံ့သြသွားတယ်။

"မင်း ဒါကို ဘယ်လိုသိသလဲ"

"ဝမ်ရှင့်းရဲ့စိတ်ပိုင်းဆိုင်ရာပြသနာရဲ့နောက်ကွယ် အကြောင်းရင်းကို ကျွန်တော် သိတယ်။ ကျွန်တာ် သူ့ကိုကယ်နိုင်ပြီ။ ကျွန်တော့်ကို သူမ လိပ်စာပေးနိူင်မလားခင်ဗျာ "

"မင်းက သူမ၏ကယ်တင်နိုင်တယ် ဟုတ်လား ။စိတ်မကောင်းပါဘူး၊ ဒါပေမယ့်လူနာရဲ့အချက်အလက်တွေကိုငါမပေးနိုင်ဘူး"

ဒေါက်တာကောင်းက သူ့တောင်းဆိုမှုကိုချက်ချင်းငြင်းခဲ့တယ် ။

"ဒေါက်တာ ဝမ့်ရှင်းက အရမ်းနာကျင်နေတယ်။ သူမဆေးရုံတက်ချိန်မှာ  သူမမှာဘယ်လောက် ဒုက္ခရောက်နေတယ်ဆိုတာကို သိဖို့လိုတယ်။ သူမဟာကြောက်စိတ်နဲ့ အိပ်မက်ဆိုးတွေကြောင့် စိတ်သောကရောက်နေတာ။ ဒါကြောင့် သူမကို ကူညီပေးဖို့ ကျွန်တော့်ကို အခွင့်အရေး မပေးနိုင်ဘူးလား။ "

ဒေါက်တာ ကောင်း သည် အချိန်အကြာကြီးတိတ်ဆိတ်နေခဲ့သည်။

" ဒါနဲ့ ပတ်သက်ပြီး ငါ မင်းနဲ့အတူလိုက်ပါရလိမ့်မယ်။ ငါတို့ လူနေအိမ်နားမှာ ဆုံကြမယ် "

"အိုကေ အဲ့ဒီမှာတွေ့ကြမယ်!"

မိနစ် ၄၀ အကြာတွင် Chen Ge သည် ကောင်းလုရွှယ်၏ ဖခင်နှင့်တွေ့ဆုံခဲ့သည်။ သူဟာ  သန်စွမ်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပြိး  ကျက်သရေရှိတဲ့လူလတ်ပိုင်းအရွယ်လူတစ်ယောက်ပါ။ ရိုးရိုးရှင်းရှင်း မိတ်ဆက်ကြပြီးနောက် ဒေါက်တာကောင်းက  သူ့ကိုကြီးမားတဲ့အဆောက်အ ဦး တစ်ခုဆီခေါ်သွားသည်။

"ဝမ့်ရှင်းရဲ့သြနာတွေကို မင်း တကယ်ဖြေရှင်းနိုင်မလား။"
 
ဒီကိစ္စကိုဆရာဝန်ကစိုးရိမ်နေခဲ့သည်။

"သူမ ဖျားနာရတဲ့အကြောင်းရင်းကို ကျွန်တော် သိတယ်။ ဒါကြောင့် ဒါကို ငါးဆယ်ရာခိုင်နှုန်း ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိပါတယ်။"

"ဒါက မလုံလောက်သေးဘူး။ သူမက အထူး လူနာတစ်ယောက်ပါ။ စိတ်ကျရောဂါတိုက်ဖျက်ရေးဆေးတွေနဲ့ အခြား့ဆေးဝါးတွေ ပေးထားပေမယ့် အခြေနေက သိပ်မကောင်းဘူး။ ဒါပေမယ့် သူမမှာ တခြားရောဂါလက္ခဏာတွေ မတွေ့ရဘူး"

သူတို့နှစ်ယောက်သည် 14 ထပ်တိုင်အောင်ဓာတ်လှေကားစီးခဲ့ပြီးနောက် ကွန်ဒိုခန်းတစ်ခုတံခါးကို ခေါက်လိုက်သည်။ ဒေါက်တာက လူနာမိသားစုကို သူတို့မရောက်ခင် ကြိုတင်ဖုန်းလိုက်သည်။

============================





















သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now